top of page
Search

စရဖနှင့် တတိယအုပ်စုအား ဂျင်းထည့်သွားသော ဝန်ကြီး

Writer's picture: Myat Tun OoMyat Tun Oo

၁၀၂၇ စဖြစ်ချိန်မှာ အချို့ကပြောတာက တရုတ်ကမီးစိမ်းပြလိုက်တယ်ဆိုတာပါ။ သက္ကမိုးညိုကလဲ NUG က မစ်ရှင်ဝယ်တယ်ပေါ့။ သူပြောတာက NUG ကဘာမှမလုပ်ဘဲ ညီနောင်သုံးဖွဲ့ကို ပဏ္ဍာဝင်ယူတယ် ဘာညာပေါ့။ ကျော်မျိုးမင်းတို့ကလဲ ညီနောင်သုံးဖွဲ့က သူ့နယ်ကိုပြန်ရဖို့လုပ်တာ အဘကိုဖြုတ်ချဖို့မဟုတ်ဘူး နီပေါတွေစိတ်ကူးမယဉ်နဲ့ပေါ့။

ဒီနေရာမှာ NUG က ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဦးတင်ထွန်းနိုင်တို့ဟာ စရဖရဲ့ စောင့်အကြည့်ခံရဆုံးသူများပါ။ ယခင်က ဆရာဇော်ဝေစိုးနဲ့ ဒေါက်တာဆာဆာပါခဲ့ပေမယ့် သူတို့က ထိုင်းနယ်စပ်မှာမဟုတ်လို့ ဒုက္ခမပေးနိုင်လို့သုံးသပ်ခဲ့ပါတယ်။ ဦးရည်မွန်ဟာ ကာကွယ်ရေးဝန်ကြီးဖြစ်လို့ မအလရဲ့ ဆိုက်ဝါးများ၊ တတိယအုပ်စုတို့ရဲ့ အာရုံစိုက်ခြင်းကိုခံရသူပါ။

ဒီနေရာမှာ စရဖက NUG ကို ထောက်လှမ်းပုံကို အကြမ်းဖျင်းပြောပါ့မယ်။ ပထမက တော်လှန်ရေးထဲက တတိယအင်အားစုနဲ့ သတင်းပေးများထံကပါ။ အိုင်ရင်း၊ သက္ကမိုးညိုတို့ကတဆင့် သတင်းရတာပါ။ သက္ကမိုးညိုဟာ မြတ်အောင်တို့ကတဆင့် ယခင်က ဦးရည်မွန်နေတာ သွားလာတာကို သတင်းရခဲ့ပါတယ်။ နောက်ပိုင်း ဦးရည်မွန်တို့က သတိနဲ့ သူနဲ့အတူနေသူကိုပြောင်းတာ နေရာပြောင်းတာလုပ်အပြီးမှာ ထင်သလောက်အဆင်မပြေခဲ့ပါ။ သက္ကမိုးညိုက စရဖကို ကျမ်းဦးစီးက လက်ရှိနန်းညွှန်မှူးထံကနေ စရဖကို သတင်းပို့တာပါ။ အိုင်းရင်းက ရေသည်ကနေ စရဖကိုပါ။ ဒုတိယသတင်းပေးတာက ကရင်နယ်မြေထဲရောက်ရင် ကရင်နယ်ခြားစောင့်တပ်က အချို့လူများက သူတို့နဲ့သိသူ KNU လူအချို့ထံကပါ။ တတိယက ထိုင်းမှာရှိတဲ့ သံရုံးမှာ အခြေစိုက်တဲ့ တပ်ရင်းတစ်ခုစာရှိတဲ့ စရဖတွေထံကပါ။ အချို့စရဖက ဘုန်းကြီးကျောင်းတွေ၊ လူမှုကယ်ဆယ်ရေးတွေကနေပါ။ ဒါက ဦးရည်မွန်ကို ဘယ်လောက်စောင့်ကြည့်နေသလဲဆိုတာကိုပါ။ သူမဟုတ်တာလုပ်ရင် ပေါ်မှာပါ။ သူ့ကို အမြဲပြောလေ့ရှိတာက အရက်သောက်တယ်ဆိုပြီးပါ။ ဖွသူကဖွ ယုံသူက ယုံကြပါတယ်။ အရက်သောက်တယ်ဆိုတဲ့နေရာမှာ ယောင်္ကျားအများစုက မြန်မာပြည်မှာသောက်ပါတယ်။ မအလလဲသောက်သလို မိုးမြင့်ထွန်းဆို လူဝီ ၁၆ လေးပါသောက်ပါတယ်။ အောင်သောင်းလဲသောက် မောင်အေးလဲသောက်ပါတယ်။ မေးခွန်းက သူကဘာလုပ်နိုင်လဲဆိုတာပါ။

အစပိုင်းမှာ စစ်ခွေနိဂုံး ၂၀၂၃ ဆိုတော့ အားလုံးက ဝိုင်းလှောင်ကြပါတယ်။ တတိယအုပ်စုကလှောင်သလို ကျော်မျိုးမင်း၊ ကျော်စိုးဝင်း၊ ဘောမများ၊ ရေသည်များကလဲလှောင်ပါတယ်။ နောက် ဦးရည်မွန်ကို အရက်ထွက်ဝယ်တာ ထိုင်းရဲကမိတယ် ဘာညာဂျင်းမျိုးစုံပါ။ ဒီနေရာမှာ ထိုင်းရဲကို စရဖက ဦးရည်မွန်၊ ဦးလွင်ကိုလတ်တို့ရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံကိုပေးထားပါတယ်။ မိခဲ့ရင် တရားဝင်မကြေငြာဘဲ ပြန်ပို့မှာပါ။ ထို့အတူ စရဖက ဗဒိုမန်းရှာကို လုပ်ကြံခဲ့သလို သူတို့ကိုလုပ်ကြံဖို့လဲ KNU ထဲကသတင်းပေးအချို့ကနေ အမြဲစုံစမ်းနေတာပါ။ ဒါက NUG ဝန်ကြီးအချို့ကို စရဖက နည်းမျိုးစုံနဲ့ လုပ်ကြံဖို့၊ ဖမ်းဖို့ကြိုးစားတာတွေထဲက အချို့ကို ရေးပြတာပါ။

ထူးဆန်းတာက အဆိုပါလူများစွာရဲ့ စောင့်ကြည့်ခံရတဲ့ကြားက ဦးရည်မွန်ဟာ ရှမ်းမြောက်တစ်နေရာကို ရောက်သွားခဲ့တာပါ။ ပြီးတော့ သက်ဆိုင်သူတွေနဲ့တွေ့ပြီး NUG PDF အတွက် လိုအပ်တာတွေကို ပြင်ဆင်နိုင်ခဲ့တာပါ။ အရက်သောက်တတ်တာရဲ့အားသာချက်က မိမိထံလက်နက်ထောက်ပံ့လိုသူများနဲ့  စားပွဲဝိုင်းမှာ ပိုမိုရင်းနှီးစေခဲ့တယ်ဆိုရင် မမှားပါဘူး။ ဒီနေရာမှာ ဦးရည်မွန်က ထိုင်း၊ KNU၊ မအလထိန်းချုပ်တဲ့ ရှမ်းပြည်ကိုဖြတ်ပြီး သွားခဲ့တာကို စရဖက မသိခဲ့တာပါ။ ပုံမှန်မှာ ဒီမိုသဘောအရလူစုံလို့ သတင်းပေါက်တတ်ပါတယ်။ ဒီနေရာမှာတော့ မပေါက်ခဲ့ပါ။ BPLA က မောင်ဆောင်းခသွားတာကို စရဖကသိခဲ့သလို နဂါးတပ်လွှတ်တာကို ဟိုရောက်ချိန်မှာ သိခဲ့ပေမယ့် ဦးရည်မွန်ကိစ္စက လုံးဝမသိခဲ့ပါ။ ဒါ့အပြင် ယခုလို ၁၀၂၇အတွက် တပ်ရွှေ့တာ၊ လူသောင်းချီပြီး လူတွေရွှေ့ပြောင်းတာကိုလဲ စရဖက မသိခဲ့ပါ။ ကြံဖန်တွေးရင်တော့ ဦးရည်မွန်က ဧည့်စာရင်းမတိုင်သွားလို့လဲ ဖြစ်နိုင်ပါတယ်။ မန္တလေး PDF နဲ့ TNLA က နောင်ချိုထဲ ဖြတ်တိုက်တာကိုလဲ စရဖကြိုမသိခဲ့ပါ။ သူတို့က ဧည့်စာရင်းတိုင်ဖို့ မေ့သွားလို့နေမှာပါ။

ဒီပွဲမှာ တရုတ်က မီးစိမ်းပြတာလို့ စာရေးသူမယုံကြည်ပါ။ အနီကတ်မပြတာတော့ သေချာပါတယ်။ ယခုအချိန်မှာ တရုတ်အနေနဲ့က မအလတပ်တွေ အကျများလို့ ထုံးစံအတိုင်းစောင့်ကြည့်နေမှာပါ။  သေချာတာက လူတိုင်း(အိန္ဒိယ၊ ထိုင်း၊ တရုတ်၊  အနောက်အုပ်စု၊ အာဆီယံ)က မအလတပ်ကို အထင်ကြီးခဲ့ပြီး ဒီလောက်ကြီး ရှုံးမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါ။ နောက်ညီနောင်သုံးဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ NUG ရဲ့ အခြားအဖွဲ့များရဲ့ ပြိုင်တူတိုက်ပုံအရ အတိုင်းအတာတစ်ခါအထိ ထိပ်ပိုင်းမှာ ချိတ်ဆက်မှုရှိနေတယ်ဆိုတာပါ။ ဒီလောက်အောင်မြင်မယ်လို့ သူတို့ကိုယ်တိုင်ထင်ထားမထားကတော့ သူတို့သာသိမှာပါ။

NUG ရဲ့အားသာချက်က ဝေဖန်လို့ရနေတာနဲ့ အောက်ကပြောတာကို နားထောင်တာပါ။ လိုအပ်ရင် ခြေရာဖျောက်တော်တာပါ။ ဒီကိစ္စက ယခုအချိန်မှာ နေပြည်တော်မှာ နာသာခံခက်ဖြစ်နေကြပါပြီ။ တရုတ်က အာမခံတာကို ဟုတ်မယ်လို့ ယုံကြည်ပြီး ရှမ်းက မအလတပ်တွေကို ကယား၊ စစ်ကိုင်း၊ ကရင်နဲ့ ကချင်ကိုရွှေ့မိလို့လဲ ယခုလိုပိုရှုံးတာဆိုပြီး တရုတ်ကို အပြစ်ပုံချဖို့ ကြိုးစားလာတာပါ။

ဒီနေရာမှာ NUG အနေနဲ့ လိုအပ်တာတွေ ရှိမှာပါ။ ဒါပေမယ့်လွန်ခဲ့တဲ့ သုံးနှစ်က ကဗျာစပ်နေသူက ယခုအချိန်မှာ တိုက်ပွဲဝင်နိုင်တဲ့အဆင့်ရှိတဲ့ တပ်တွေရှိတဲ့ အစိုးရဝန်ကြီးဖြစ်မယ်လို့ ဘယ်သူမှထင်ခဲ့မှာမဟုတ်ပါ။ အများစုက မြေပြင်မဆင်းဘူးဆိုပြီး ဖောင်းထုချိန်မှာ ခြေရာဖျောက်ပြီး ရန်သူ့နယ်မြေကိုဖြတ်ပြီး အခြားမိတ်ဖက်တော်လှန်ရေးသမားတွေရဲ့ ယုံကြည်မှုရအောင် တည်ဆောက်နိုင်ခဲ့တာကလဲ လေးစားဖွယ်ပါ။ သူက အခမသင့်ရင် မအလတပ်ရဲ့ အဖမ်းခံသွားရနိုင်တာ မမေ့ပါနဲ့။ မအလကတော့ စရဖညွှန်ချုပ် ရဲဝင်းဦးကိုလဲ ဒီလို သတင်းထောက်လှမ်းရေးပေါ့လို့လဲ ဖြုတ်ရဲမယ်မထင်ပါ။ သူက ရဲဝင်းဦးကို တပ်ထဲက ပုန်ကန်သူတွေကိုထိန်းဖို့ အားကိုးထားရတာပါ။ ယခုမေးခွန်းက မအလဟာ နောက်ဆုံးအချိန်အထိ ခံတိုက်မှာလား သူ့ကိုဖမ်းပြီး ဒီမိုတွေနဲ့ ညှိမှာလားဆိုတာပါ။ နောက်တရုတ်အနေနဲ့ကလဲ သူတို့မထင်ထားဘဲ အရှုံးများနေတဲ့ မအလကို ဘာဆက်လုပ်မှာလဲဆိုတာပါ။  သူဘာလုပ်လုပ် ပြည်သူတွေက ရလာတဲ့အခွင့်အရေးကိုသုံးပြီး မအလနဲ့ အာဏာရှင်စနစ်ကို အပြုတ်ဖြုတ်ဖို့ပါ။ နောက်ဆုံးမှာတော့ ပြည်သူကသာ ဆုံးဖြတ်မှာပါ။

3,674 views2 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

2 Comments


Scarlet Scarlet
Scarlet Scarlet
Dec 04, 2023

အ​သေးစိတ်ရှင်းပြလို့...

​ကျေးဇူးပါ ဆရာမြတ်...

ဒီကိစ္စ ​ပြောသင့်​နေတာ ကြာပါပြီ...

ခုချိန်မှာ ခက်​နေတာက...

⚽️ မ ​တွေ မဟုတ်တဲ့...

ဒီဘက်က နီပိန်း​တွေပါ...

မအလ ကို ​တော်လှန်မှာလား?

NUG ကို​တော်လှန်မှာလား?

မသဲကွဲပါ... မြင်​နေရ တာက...

NUG က, လူကြီး​တွေ အားလုံး

မ​ကောင်း​ကြောင်း တချိန်လုံး

ဖွ ​နေတာပါ...

​တော်လှန်​ရေး ​အောင်မြင်သွားရင်...

သူတို့ဘယ်မှာ သွား​နေမှာပါလိမ့် !

မ​တွေးတတ်​အောင်ပါ...

တခု အပူကပ်ပါအုံးမယ် ဆရာမြတ်​ရေ...

ဒီရက်ပိုင်း...

စကစ မဟုတ်တဲ့...

မအလ လူလား, အ​မေ စု လူလား

​တောင် မကွဲပြားတဲ့...

(နဂါးကို ​တော့ အ​သေအလဲ​ထောက်ခံတဲ့)

အုပ်စုက...

​ဒေါ်ဇင်မာ​အောင်ကို အပုတ်ချပြန်ဘီ...

အာဆီယံမှာ ​ပြော​တော့...

စကစ နဲ့​တွေ့မယ် ​ပြောပြီး...

ပြည်သူကို​တော့...

တွေ့မယ် မ​ပြောပါဘူး...လို့...

"လိမ်တယ်, ညာတယ် ဇင်မာ​လေးရယ်"

အစ , ချီ ပို့စ်​တွေနဲ့...

ပုံဖျက်​နေပြန်ပါ ဘီ...

ဆရာမြတ် ရှင်း​ပေးဘို့ ​တောင်းဆိုပါတယ်...

​လေးစား လျက်ပါ...

Like

Maung Chit Khaing
Maung Chit Khaing
Dec 04, 2023

ဦးရည်မွန်က နောက်ပိုင်း ထိုင်းနယ်စပ်မှာ အမြဲမနေပါဘူး။ သူဘယ်မှာနေတယ်ဆိုတာတော့ သတင်း မပေါက်ခဲ့ပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page