top of page
Search

“ပ” သုံးလုံးနဲ့ တပ်တော်တွေ ဘယ်အရာက အရေးကြီးလဲ?

Writer: Myat Tun OoMyat Tun Oo

ယခုရက်ပိုင်းမှာ အသံကျယ်လာတာက “ပ”သုံးလုံးတွေ မကောင်းကြောင်း စနစ်တကျ အပုတ်ချလာတာပါ။ NUG ဟာ ဘောမတွေ၊ စစ်ခွေးတွေ၊ တတိယအုပ်စုခွေးတွေ မနိုင်ဘူးပြောတဲ့ကြားက အုပ်ချုပ်နယ်မြေ များလာလို့ ဒီအသံတွေထွက်လာတာပါ။

ဒီနေရာမှာ ပြည်သူတွေအနေနဲ့ ဘယ်အရာက ပြဿနာလဲ ဘယ်အရာက တော်လှန်ရေးကို ထိခိုက်စေမလဲဆိုတာကိုသိအောင် ရှင်းပြသွားမှာပါ။

တိုင်းပြည်တစ်ခုမှာ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့တွေရှိရပါတယ်။ ဒေသကာကွယ်ရေးအတွက်ဆိုပြီး NUG က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆိုပြီး ယခုတော်လှန်ရေးမှာ ဖွဲ့ရပါတယ်။ ဒီနေရာမှာ သတင်းသမားတွေကို အပြစ်မတင်ပါ။ သူကသတင်းသမားမိုလို့ သတင်းရေးစရာရှိရင်ရေးမှာပါ။ ပထမဆုံးက “ပ” သုံးလုံး ပြဿနာရှိလားဆိုတာပါ။ ပြဿနာက နေရာတိုင်းမှာရှိပါတယ်။ အမေရိကန်၊ အင်္ဂလန်နဲ့ အနောက်အုပ်စုတွေက ရဲတပ်ဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေမှာ နေ့တိုင်းပြဿနာတွေရှိပါတယ်။ ဒါက ဒီမိုဘိုးအေနိုင်ငံတွေပါ။ ရဲတွေဟာ ရဲ အလုပ် မလုပ်၊ လူသတ်သမား မဖမ်း၊ ဓားမြမဖမ်းဘဲ Facebook ပေါ်က လူမျိုးရေးဆဲတာလောက်သာ အခြောက်ကို အခြောက်ခေါ်တာလောက်သာ လိုက်ဖမ်းနေလို့ ဝိုင်းအော်နေကြပါတယ်။ နောက် အချို့ရဲက လူသတ်၊ မုဒိမ်းကျင့်လို့ အဖမ်းခံရပါတယ်။ ယခုအစ္စရေးကို ဆန္ဒပြသူတွေကို မနှိမ်နင်းလို့လဲ ရဲတွေနဲ့ အနောက်အုပ်စုက နိုင်ငံရေးသမားတွေ ပြဿနာတက်နေပါတယ်။ စာရေးသူရေးတာကိုမယုံရင် ဒေါက်တာတေဇာဆန်းနဲ့ Myanmar Now က သတင်းစာဆရာကြီးများ ကမ္ဘာ့ သတင်းစာဖတ်ပြီး လေ့လာနိုင်ပါတယ်။ Myanmar Now က ကိုဆွေဝင်းက စာရေးသူ လေးစားပါတယ်။

မြန်မာပြည်ရဲ့ ဒီအုပ်ကြီးပြဿနာတွေက ဒီမို ဦးနုလက်ထက်မှသည် နေဝင်း၊ ဘရွှေ၊ ဘစိန်၊ DASSK လက်ထက်အထိ ရှိခဲ့ပါတယ်။ ထိုစဉ်က ယခုထက်တောင်ပိုဆိုးပါတယ်။ ယခုလဲရှိသလို နောင်လဲ ရှိနေမှာပါ။ တရုတ်ပြည်ကွန်မြူနစ်ပါတီထဲမှာတောင် ပြဿနာရှိပါတယ်။

ပအဖကို ဆန္ဒပြတာကို လေ့လာရာမှာ ပထမက ယောဒေသမှာ NUG အောက်မရှိတဲ့ YDF က NUG ခန့်သူကို ဖြုတ်ချလိုလို့ ဇေယာလွင်ရောက်ချိန်လုပ်တာကို ဧရာဝတီမှာပါတာပါ။ နောက်ဆားလင်းကြီးကိစ္စက သူခိုးလူပြန်ဟစ်တာပါ။ ကောလင်းမှာ မီးမလာလို့ ဆန္ဒပြတဲ့သတင်းက ရန်ကုန်ကမီးပျက်နေတဲ့ လူထုကြီးက ငိုရ၊ ရယ်ရမလိုပါ။ စစ်ရေးအရ ဝန်သိုကိုမီးဖြတ်လို့ စစ်ခွေးက ကောလင်းမီးပြန်ဖြတ်တာကို ဆန္ဒထွက်ပြတာပါ။ မီးမဖြတ်နဲ့ ရန်ကုန်မှာတောင် မီးမလာပါ။ ကောလင်းက မအလလက်အောက်မှာပါ။ နောက် မြဝတီကို စစ်မဲ့ဇုံလုပ်ပေးဖို့ မျက်နှာဖုံးဝတ်ဆန္ဒပြတာတွေကလဲ မှတ်သားစရာတွေပါ။ ဝမ်းသာစရာကောင်းတာက မြန်မာပြည်မှာ စစ်ဖြစ်နေတဲ့ကြားက ဒီမိုကရေစီ ဓလေ့လေးတွေ တွေ့ရတာပါ။

စာရေးသူပြောလိုတာက အုပ်ချုပ်ရေးဖွဲ့ရင် ကြိုက်သူ မကြိုက်သူရှိနိုင်ပြီး ဆန္ဒပြသူလဲ ရှိမှာပါ။ အထူးသဖြင့် နှစ်ယောက်တစ်ဖွဲ့ မြန်မာပြည်မှာပါ။ စည်းကမ်းဖောက်သူကို အရေးယူရမှာဖြစ်ပေမယ့် ဒီ “ပ” သုံးလုံး ကိစ္စက တော်လှန်ရေးပျက်အောင်အထိ အရေးမကြီးပါ။ ဒါဆို ဘာကအရေးကြီးလဲ?


စာရေးသူခဏခဏ ပြောလေ့ရှိတာက လက်နက်ကိုင်အဖွဲ့တွေကွဲရင် တော်လှန်ရေးမအောင်မြင်နိုင် ကျဆုံးနိုင်တယ်ဆိုတာပါ။ စာရေးသူက “ပ” သုံးလုံးကိစ္စထက် အဆိုပါကိစ္စက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ကမ္ဘာမှာ ဆီးရီးယားတော်လှန်ရေး ကျဆုံးခဲ့တာဟာ လက်နက်ကိုင်အဖွဲ့များစွာကွဲပြီး NUG လို ပြည်သူတင်တဲ့ ဦးဆောင်အဖွဲ့ မရှိခဲ့လို့ပါ။ သူတို့မှာ မိမိဖာသာ အမေရိကန်ထံက ဆုရသူတွေ၊ လူ့အခွင့်အရေးသမားတွေ၊ CSO တွေ၊ ဆန္ဒပြခေါင်းဆောင်တွေ၊ မြေပြင်က လက်နက်ကိုင်ခေါင်းဆောင် တပ်ချုပ်တွေနဲ့ ဖွဲ့ခဲ့တာပါ။ သူတို့အချင်းချင်းကွဲလို့ လက်နက်ထောက်ပံ့တာတွေ၊ အမေရိကန်အကူအညီတွေ ရခဲ့တာတောင် မအောင်မြင်ခဲ့ပါ။ ဆီးရီးယားထဲက ကာဒ်လူမျိုးကလဲ သူနဲ့မဆိုင်ဆိုပြီး ဝင်မပါခဲ့တာ ယခုအာဆတ်နဲ့ တူရကီက သူ့ကို ပြန်တိုက်တာ ခံနေရပါပြီ။ လစ်ဗျားမှာလဲ ကဒါဖီကို အရင်တိုက်၊ အဖွဲ့ကွဲလဲရတယ်ဆိုပြီး တော်လှန်ရေးစခဲ့ပါတယ်။ ကဒါဖီပြုတ်ပြီး ဆယ်နှစ်တိုင် ပြည်တွင်းစစ်ဖြစ်နေဆဲပါ။ ယီမင်ကလဲ ထို့အတူပါဘဲ။

ဟာ မင်းကနိုင်ငံခြားအကြောင်းတွေပြောနေတာ ပြည်တွင်းကဥပမာပေးဆိုသူတွေလဲ ရှိပါတယ်။ ယခု ရခိုင်မှာ AA ကို ကြည့်ပါ။ AA တပ်တစ်ခုထဲသာရှိလို့ ရခိုင်မှာ AA က စစ်နိုင်ရင် ဘူးသီးတောင်၊ မောင်းတောကလွဲလို့ တည်ငြိမ်မှာပါ။ ထိုဒေသတွေက မအလက လက်နက်ပေးခဲ့လို့ ARSA က အားကောင်းလို့  ဘာဖြစ်မလဲ မပြောတတ်ပါ။ နောက် MNDAA, TNLA ဒေသကိုကြည့်ပါ။ သူတို့ထဲမှာ အဖွဲ့မကွဲနေလို့ စစ်တိုက်ရတာ မြန်ပါတယ်။ အောင်မြင်မှုရတာ ပိုမြန်ပါတယ်။ ဒါပေမယ့် သူတို့စစ်နိုင်တဲ့ဒေသမှာ စစ်တိုက်ချိန်မပါဘဲ အခွန်ကောက်ချိန်ပါလာတဲ့ SSPP ကြောင့် ပြဿနာအချို့ရှိနေပါတယ်။ ဒါမျိုးက စစ်ကိုင်းမှာ စစ်တိုက်ချိန်မပါဘဲ နိုင်ချိန်မှာ တပ်ချုပ်လုပ်မယ့် အခွန်ကောက်မယ့် NUG ဩဇာမခံတဲ့ အဖွဲ့တွေက များစွာရှိနေလို့ သူတို့ဟာ “ပ” သုံးလုံးထက် ပိုကြီးတဲ့ ပြဿနာပါ။

နောက် ကချင်ဒေသကို လေ့လာပါ။ KIA ကြီးစိုးဒေသမှာ စစ်တိုက်ရတာ လွယ်ပါတယ်။ အခြားပြည်သူ့စစ်လက်နက်ကိုင်ဘောမတွေရှိတဲ့ဒေသမှာက ကြာတာ အားလုံးသိမှာပါ။ အထူးသဖြင့် ရှမ်းနီ၊ ရဝမ်ဒေသတွေမှာပါ။ စစ်နိုင်ခဲ့ရင်တောင် KIA အနေနဲ့ မအလမွှေးခဲ့တဲ့မီးကို ရှင်းရမှာပါ။

နောက်ထင်ရှားတဲ့ ဥပမာက ချင်းပါ။ မင်းတပ်ဟာ မအလကို ပထမဆုံး တော်လှန်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ သူတို့ လွတ်လပ်သွားပါပြီလား? ချင်းဟာ အဖွဲ့ပေါင်းစုံကွဲနေလို့ ဘာကိုမှ မနိုင်သေးတာ အားလုံးသတိထားမိမှာပါ။ မင်းတပ်ထဲမှာတောင် ကွဲနေလို့ မင်းတပ်မြို့ကို ယခုအထိ မသိမ်းနိုင်သေးပါ။ ကရင်မှာဖြစ်နေတာက လူတိုင်းသိပြီးသားမိုလို့ ထပ်မရေးတော့ပါ။

အကျဉ်းချုပ်ရရင် ရဲနဲ့ အုပ်ချုပ်ရေးပြဿနာက အမေရိကန်မှသည် မြန်မာပြည်အထိ ရှိနေမှာပါ။ ဒါပေမယ့် “ပ” သုံးလုံးကြောင့် တော်လှန်ရေး ပျက်သွားစရာမရှိပါ။ ဦးနုမှသည် နေဝင်း၊ ဘစိန်အထိရှိခဲ့တဲ့ပြဿနာ လူ့စရိုက်ကို NUG ကချက်ခြင်း ပြုပြင်ပြောင်းလဲဖို့ တော်လှန်ရေးကာလမှာ မလွယ်ပါ။ ဒါပေမယ့် တော်လှန်ရေးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေများပြားပြီး သူတစ်လူ ငါတစ်မင်းဆိုရင်တော့ ပြည်သူက လစ်ဗျားနဲ့ ဆီးရီးယားမှာလို စိတ်ပျက်သွားမှာပါ။ တော်လှန်ရေးမှာ ဆန္ဒပြတာက လွယ်ပါတယ်။ DASSK ကို ဝေဖန်တာက လွယ်ပါတယ်။ အမေရိကန်က ဆုရအောင်လုပ်ရတာက လွယ်ပါတယ်။ တကယ် တော်လှန်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရတာကသာ ခက်တာပါ။ Greta Thunberg လို သဘာဝပတ်ဝန်းကျင်အတွက် ဆန္ဒပြတာ ရဲထံအဖမ်းခံရတာလွယ်ပါတယ်။ သတင်းစာထဲမှာ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် Elon Musk လို လျှပ်စစ်ကား လက်တွေ့ထုတ်ပြပြီး သဘာဝပတ်ဝန်းကျင်ထိန်းပြရတာကသာ ခက်တာပါ။ NUG က Elon Musk လို အလုပ်လုပ်နေတာပါ။ ပြည်သူက မြင်အောင်ကြည့်ပါ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All

Pls copy and paste on X

Please write something on ‘X’. The epicenter of the earthquake in Myanmar is located in Sagaing, a region that has already been...

အခြေအနေ

အခြေအနေမကောင်းဘူး။ အပျက်အစီး အသေအပျောက်ရှိပါတယ်။ ဘုရားရိုက်တာလို့ ပြောရမလား? စစ်ရုံးဟာ ပြည်သူကို ဗုံးကြဲတာ ပြန်ခံရတာပေါ့။

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page