top of page
Search

အားလုံးသတိ

Writer's picture: Myat Tun OoMyat Tun Oo

အားလုံးသတိ

ယခုအချိန်ကစလို့ သူ့လူကိုယ့်လူဆွဲပါမယ်။ ကိုယ့်လူပါလဲ အဆွဲခံလိုက်ပါ။ သိပ်ဒေါသမထွက်ပါနဲ့။ မိမိလူက အမှုပြီးရင်ပြန်လွှတ်လို့ရပါတယ်။ သူ့လူကိုတော့ ဆွဲထည့်ထားလိုက်ရင် ၂၀၂၀မှ ၂၀၂၅ လောက်အထိ ထောင်ထဲမှာ ထားထားလို့ရပါတယ်။ မိမိလူက ထောင်မကြောက်ပါ။ သူ့လူကိုဆွဲစိနိုင်ရင် ထောင်ကြောက်သူတွေ အချိုးပြောင်းပါမယ်။ နောက်ကွယ်မှာ ဘယ်သူ့ကို ဘယ်လို ဘယ်သူ့အမိန့်နဲ့ လွှတ်သလဲဆိုတာတွေ၊ ထောင်ဆူကိစ္စတွေနဲ့ အမေးအဖြေရှုပ်နေပါတယ်။ အားလုံးပြီးသွားရင် အဖြေထွက်လာမှာပါ။ လပိုင်းလောက်တော့ စောင့်ပါ။

အချို့သူတွေ လာဘ်စားပေမယ့် အရပ်သားလာဘ်စားတာက မိမိတပ်ကို သတ်နေသူကို သေနတ်ရောင်းတာလောက်မဆိုးသေးပါ။ ဒါဟာ ဇာတ်တူသားစားဖို့ ဝင်မလေးတာကို ပြတာပါ။ ယခင်က ဘင်္ဂါလီကို အဖြူရောင်ကဒ်အဘတို့ထုုတ်ပေးခဲ့တာကို နောက်က အဘငယ်တို့က ရန်သူကိုလက်နက်ရောင်းပြီး ကျော်တက်သွားပါပြီ။ ပိုက်ဆံရဖို့ဆို ဇာတ်တူသားစားဖို့ ဝင်မလေးသူတွေ ပေါ်နေပါပြီ။ တပ်ရဲ့သမိုင်းအသစ်ပါ။

လွှတ်တော်ကို အကြံပေးချင်တာက ကြံ့ဖွတ်ကခြေဥပြင်ဖို့ ဥပဒေတင်သလို မိမိတို့ကလဲ ခြေဥပြင်ဖို့ကြိုးစားစဉ် ကြားကာလမှာ ခြေဥနဲ့မဆိုင်တဲ့ နိုင်ငံ့ဝန်ထမ်း ရဲမှူးကြီးအဆင့်၊ ပြည်နယ်တိုင်းရာထူးအဆင့်တွေကို တိုင်းပြည်နယ် ဝကခတွေက ထုတ်နိုင်အောင် နိုင်ငံ့ဝန်ထမ်းဥပဒေကိုပြင်ဖို့ကြိုးစားကြပါ။ အောက်အဆင့်ကတော့ ခုံရုံးဖွဲ့ပေါ့။ အဲ့ဒီ့ရဲမှူးကြီးအဆင့်၊ ညွှန်မှူးအဆင့်၊ တိုင်ပြည်နယ်မှူးတွေကိုတော့ တိုင်းပြည်နယ်ဝကခတွေက ခုံရုံးမဖွဲ့ဘဲ ကိုင်နိုင်ဖြုတ်နိုင်အောင်လုပ်ပါ။ ဒါဆို အချိုးတွေပြောင်းသွားပါမယ်။ လက်တွေ့အကြံဉာဏ်ပါ။ ဒါက ရ၅%ကျော်ဖို့မလိုပါပြီ။ ပြောတဲ့အတိုင်းလုပ်လို့ အချိုးမပြောင်းရင်ကြိုက်သလိုပြောပါ။ လောလောဆယ်ဒီမိုမဆန်ပေမယ့် မိမိလုပ်လို့ရနိုင်တယ့်နေရာကနေ သူ့လူတွေကို ကိုင်ပါ။ ဒါဟာငြိမ်းချမ်းစွာနဲ့ ဥပဒေဘောင်အတွင်းက အချိုးမပြေသူတွေကို ရှင်းနည်းပါ။

အချို့ကိစ္စတွေက ညွှန်ချုပ်လူယုတ်မာကို ဘုရားထင်နေသူတွေရှိလို့ပါ။ အရပ်ဖက်ဝန်ထမ်းနဲ့ ပြည်ထဲရေးကို အထက်ကပြောတဲ့ တိုင်းနှင့်ပြည်နယ်အဆင့်ဝန်ထမ်းမှူးကြီးတွေ၊ ရဲမှူးကြီးတွေကို ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ ပြည်ထောင်စုဝန်ကြီးတွေက ခုံရုံးမလိုဘဲ အနားပေး (သို့) ဖြုတ်ခွင့်ဥပဒေလုပ်လိုက်ရင် အဆင်ပြေသွားပါမယ်။ ဒါဟာ နောက်ကြောင်းပြန်တာမဟုတ်လို့ ရင်ကြားစေ့နဲ့မထိခိုက်သလို မြန်မာ့နည်းမြန်မာ့ဟန်လေးနဲ့ ငြိမ်းချမ်းစွာရှင်းပြီးသားဖြစ်သွားပါမယ်။ ပြည်သူလဲမနာပါ။ အဘသာနာပါမယ်။

Zawgyi

အားလံုးသတိ

ယခုအခ်ိန္ကစလို႔ သူ႔လူကိုယ့္လူဆြဲပါမယ္။ ကိုယ့္လူပါလဲ အဆြဲခံလိုက္ပါ။ သိပ္ေဒါသမထြက္ပါနဲ႔။ မိမိလူက အမႈၿပီးရင္ျပန္လႊတ္လို႔ရပါတယ္။ သူ႔လူကိုေတာ့ ဆြဲထည့္ထားလိုက္ရင္ ၂၀၂၀မွ ၂၀၂၅ ေလာက္အထိ ေထာင္ထဲမွာ ထားထားလို႔ရပါတယ္။ မိမိလူက ေထာင္မေၾကာက္ပါ။ သူ႔လူကိုဆြဲစိႏိုင္ရင္ ေထာင္ေၾကာက္သူေတြ အခ်ိဳးေျပာင္းပါမယ္။ ေနာက္ကြယ္မွာ ဘယ္သူ႔ကို ဘယ္လို ဘယ္သူ႔အမိန္႔နဲ႔ လႊတ္သလဲဆိုတာေတြ၊ ေထာင္ဆူကိစၥေတြနဲ႔ အေမးအေျဖ႐ႈပ္ေနပါတယ္။ အားလံုးၿပီးသြားရင္ အေျဖထြက္လာမွာပါ။ လပိုင္းေလာက္ေတာ့ ေစာင့္ပါ။

အခ်ိဳ႕သူေတြ လာဘ္စားေပမယ့္ အရပ္သားလာဘ္စားတာက မိမိတပ္ကို သတ္ေနသူကို ေသနတ္ေရာင္းတာေလာက္မဆိုးေသးပါ။ ဒါဟာ ဇာတ္တူသားစားဖို႔ ဝင္မေလးတာကို ျပတာပါ။ ယခင္က ဘဂၤါလီကို အျဖဴေရာင္ကဒ္အဘတို႔ထုုတ္ေပးခဲ့တာကို ေနာက္က အဘငယ္တို႔က ရန္သူကိုလက္နက္ေရာင္းၿပီး ေက်ာ္တက္သြားပါၿပီ။ ပိုက္ဆံရဖို႔ဆို ဇာတ္တူသားစားဖို႔ ဝင္မေလးသူေတြ ေပၚေနပါၿပီ။ တပ္ရဲ႕သမိုင္းအသစ္ပါ။

လႊတ္ေတာ္ကို အၾကံေပးခ်င္တာက ၾကံ့ဖြတ္ကေျခဥျပင္ဖို႔ ဥပေဒတင္သလို မိမိတို႔ကလဲ ေျခဥျပင္ဖို႔ႀကိဳးစားစဥ္ ၾကားကာလမွာ ေျခဥနဲ႔မဆိုင္တဲ့ ႏိုင္ငံ့ဝန္ထမ္း ရဲမႉးႀကီးအဆင့္၊ ျပည္နယ္တိုင္းရာထူးအဆင့္ေတြကို တိုင္းျပည္နယ္ ဝကခေတြက ထုတ္ႏိုင္ေအာင္ ႏိုင္ငံ့ဝန္ထမ္းဥပေဒကိုျပင္ဖို႔ႀကိဳးစားၾကပါ။ ေအာက္အဆင့္ကေတာ့ ခံု႐ံုးဖြဲ႕ေပါ့။ အဲ့ဒီ့ရဲမႉးႀကီးအဆင့္၊ ၫႊန္မႉးအဆင့္၊ တိုင္ျပည္နယ္မႉးေတြကိုေတာ့ တိုင္းျပည္နယ္ဝကခေတြက ခံု႐ံုးမဖြဲ႕ဘဲ ကိုင္ႏိုင္ျဖဳတ္ႏိုင္ေအာင္လုပ္ပါ။ ဒါဆို အခ်ိဳးေတြေျပာင္းသြားပါမယ္။ လက္ေတြ႕အၾကံဉာဏ္ပါ။ ဒါက ၇၅%ေက်ာ္ဖို႔မလိုပါၿပီ။ ေျပာတဲ့အတိုင္းလုပ္လို႔ အခ်ိဳးမေျပာင္းရင္ႀကိဳက္သလိုေျပာပါ။ ေလာေလာဆယ္ဒီမိုမဆန္ေပမယ့္ မိမိလုပ္လို႔ရႏိုင္တယ့္ေနရာကေန သူ႔လူေတြကို ကိုင္ပါ။ ဒါဟာၿငိမ္းခ်မ္းစြာနဲ႔ ဥပေဒေဘာင္အတြင္းက အခ်ိဳးမေျပသူေတြကို ရွင္းနည္းပါ။

အခ်ိဳ႕ကိစၥေတြက ၫႊန္ခ်ဳပ္လူယုတ္မာကို ဘုရားထင္ေနသူေတြရွိလို႔ပါ။ အရပ္ဖက္ဝန္ထမ္းနဲ႔ ျပည္ထဲေရးကို အထက္ကေျပာတဲ့ တိုင္းႏွင့္ျပည္နယ္အဆင့္ဝန္ထမ္းမႉးႀကီးေတြ၊ ရဲမႉးႀကီးေတြကို ျပည္နယ္တိုင္းဝန္ႀကီးခ်ဳပ္ေတြ ျပည္ေထာင္စုဝန္ႀကီးေတြက ခံု႐ံုးမလိုဘဲ အနားေပး (သို႔) ျဖဳတ္ခြင့္ဥပေဒလုပ္လိုက္ရင္ အဆင္ေျပသြားပါမယ္။ ဒါဟာ ေနာက္ေၾကာင္းျပန္တာမဟုတ္လို႔ ရင္ၾကားေစ့နဲ႔မထိခိုက္သလို ျမန္မာ့နည္းျမန္မာ့ဟန္ေလးနဲ႔ ၿငိမ္းခ်မ္းစြာရွင္းၿပီးသားျဖစ္သြားပါမယ္။ ျပည္သူလဲမနာပါ။ အဘသာနာပါမယ္။

28 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page