စာရေးသူသဘောထား ရှင်းအောင်ပြောပါမယ်။ စာရေးသူကားထဲမှာ စာရေးသူမိန်းမ CDM နဲ့ ကလေးပါနေမယ်။ PDF ကစာရေးသူကို တပ်ကယူနီဖောင်းနဲ့မို့ လမ်းမှာ မိုင်းဆွဲဖို့ပြင်ထားတယ်ဆိုပါစို့။ ဒီမိုထောက်ခံသူမှန်း သိသိ မသိသိ ဆွဲစရာရှိတာဆွဲလိုက်ပါ။ စာရေးသူနဲ့ မိသားစု သေပေမယ့်လဲ စစ်ခွေးတစ်ယောက်သေသွားတယ်ဆိုတာ မင်္ဂလာရှိမှာပါ။ ဘာလို့လဲဆိုတော့ မအလတပ်သားဆိုရင် ဒီမိုဖြစ်နိုင်ချေက ၂၀% သာရှိပြီးစစ်ခွေးဖြစ်နိုင်ချေက ၈၀% မိုလို့ပါ။ PDF က ထိုအချိန်မှာကလေးပါလို့ မဆွဲခဲ့ရင် အဲဒီစစ်ခွေးက တပ်တွေကို စီမံခန့်ခွဲပြီး ရွာတွေကို မီးရှို့ပါလိမ့်မယ်။ လေယာဉ်ပေါ်တက်ပြီးဗုံးကြဲပါလိမ့်မယ်။ ထိုအချိန်မှာ လက်နက်ချင်း ယှဉ်ပစ်ရတာခက်သွားမှာပါ။ ထိုအချိန်မှာ သတင်းသမား၊ လူ့အခွင့်အရေးသမား၊ ကုလနဲ့ အမေရိကန်က ဗုံးမကြဲအောင် ကာကွယ်ပေးမှာမဟုတ်ပါ။ ဝမ်းနည်းကြောင်းသာ ပြောမှာပါ။ သတင်းသမားက သူ့အလုပ်သူလုပ်သလို၊ လူ့အခွင့်အရေးသမား၊ ကုလနဲ့ အမေရိကန်က သူ့အလုပ်သူလုပ် ဝမ်းနည်းသလို စာရေးသူတို့ကတော်လှန်ရာမှာ လက်တွေ့ကျကျ မိမိအလုပ် မိမိလုပ်ရမှာပါ။တူမီးကို F16 စံနှုန်းနဲ့ ပစ်နေရင်တော့ ကြာသွားပါမယ်။
top of page
bottom of page
コメント