top of page
Search
Writer's pictureMyat Tun Oo

AA မှ ရိုက်ခတ်လာသော တပ်တွင်းဂယက်များ


AA မှ ရိုက်ခတ်လာသော တပ်တွင်းဂယက်များ

အားလုံးသိတဲ့အတိုင်း အနောက်ပိုင်းတိုင်းအမ်းစစ်ဌာနချုပ် ကျ မကျက အစပိုင်းမှာ ဇဝေဇဝါဖြစ်နေခဲ့ပါတယ်။ အများစုက အမ်းစစ်ဌာနချုပ်ကျသွားပြီဆိုတာ လက်ခံပေမယ့် ဘောမတွေကတော့ မကျသေးပါဘူး။ ကျော်မျိုးမင်းတို့လို ဘောမတွေကတော့ ပြန်ပြီးထိုးစစ်ဆင်နေပြီဆိုပြီး ပြောထားပါတယ်။

ဒီအချိန်မှာပဲ AA က ဗိုလ်မှူးချုပ်နှစ်ယောက်ရဲ့ပုံတွေကို ထုတ်ပြန်လာပြီး တိုင်းဦးစီးမှုး ဗိုလ်မှူးချုပ်ကျော်ကျော်သန်းရဲ့ အသံဗီဒီယိုဖိုင်ကို ထုတ်ဖော်ပြသလိုက်ချိန်မှာ တပ်တွင်းမှာ ဂယက်ထလာတာ တွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ မအလတပ်မတော်ဟာ ဘယ်လိုလူများနဲ့ဖွဲ့စည်းထားတယ်ဆိုတာကို လေ့လာကြည့်ရအောင်။ ဒီဟာကို အချို့သိထားပေးမယ်ထပ်ပြောဖို့လိုအပ်တယ်ထင်လို့ ထပ်ပြောပါမယ်။ မအလတပ်ထဲကို ၁၉၈၈နောက်ပိုင်း ဝင်လာသူများက စစ်တပ်ထဲဝင်ရင် ခိုးလို့ရမယ် ခိုးလို့ရရင်ချမ်းသာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဝင်လာသူက ၉၀ရာခိုင်နှုန်းပါ။ တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီး ရန်ကုန်မှာ ခြံနဲ့ကားနဲ့နေနိုင်ပြီး သူဌေးထဲက မအလတပ်ထဲဝင်သူဆိုတာ တစ်ရာခိုင်နှုန်း % တောင်မရှိပါ။ မဲလုံးလိုတောက ပိုက်ဆံမတတ်နိုင်သူတွေ ကျော်စွာလင်းလို လူတွေများပါတယ်။ လူဆိုတာက ငါးပါးသီလ၁၀ပါးသီလမျိုးစုံစောင့်ပြီး နိဗ္ဗာန်ရောက်ချင်သူတွေက ဘုန်းကြီးဝတ်သလို ခိုးချင်သူတွေကလည်းစစ်တပ်ထဲဝင်တယ်ဆိုရင် မမှားပါဘူး။ နောက်ပြီးရင်အခြေခံကိုပြန်လေ့လာကြည့်ရအောင်။ နေဝင်းလက်ထက်မှာ အပြစ်မဲ့ပြည်သူတွေ ကျောင်းသားတွေကို သေနတ်နဲ့ပစ်အာဏာသိမ်းတာကို မှန်ကန်တဲ့အလုပ်လို့ ထင်ခဲ့ကြသူများပါ။ ခိုးတာကို မှန်ကန်တဲ့အလုပ်လို့ ထင်နေသူမိားပေါ့။ စိန်လွင်လိုကောင်မျိုးက ဘာမှအပြစ်ပေးမခံရဘဲ လွတ်သွားတာပါ။ ဘရွှေလက်ထက်လဲ ထို့အတူပါပဲ။ ဆန္ဒပြသူတွေကို ပစ်တာကို သစ္စာရှိမှု စစ်တိုက်တတ်မှုလို့ လွဲမှားစွာထင်နေခဲ့ကြတာပါ။

အာဏာသိမ်းအပြီးမှာ အာဏာသိမ်းရာမှာအဓိကပါဝင်ခဲ့တဲ့ မိုးမြင့်ထွန်းတို့ရာထူးကြီးတွေရခဲ့ကြပါတယ်။ ထို့အတူပါပဲ ထိုအချိန်က တိုင်းစစ်ဌာနချုပ်အသီးသီးမှာ G1 နေရာယူခဲ့ပြီး စစ်ဒေသမှု: ဗျူဟာမုူး လုပ်ခဲ့သူများက နေရာစဥ်အလိုက် အချို့က တပ်ရင်းမှူးဖြစ် အချို့ကဗျူဟာမှူးဖြစ် အချို့က စစ်ဒေသကိုကဲမှုဌာနချုပ် တပ်မမှူးအဆင့်တွေ ဖြစ်သွားကြပါတယ်။ အချို့ကလဲ တိုင်းမှူးအထိရာထူးတက်သွားကြပါတယ်။ သူတို့ကဘာလုပ်နိုင်သလဲဆိုတာ လေ့လာကြည့်ရာမှာ ကျော်စွာလင်းက ရိုဟင်ဂျာကိစ္စမှာ မိုးမြင့်ထွန်းနဲ့အတူ လိုင်းပေါ်ကနေပြီးတော့ မအလအမိန့်ပေးတာတွေကို ထပ်ဆင့်ညွှန်ကြားသူပါ။ တိုင်းမှူးကိုဘာလုပ်ပါလား ညာလုပ်ပါလားပေါ့။ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က လက်နက်ပါတယ်ဆိုပေမယ့် ယခုလက်ရှိတိုက်နေတဲ့အဖွဲ့တွေလောက် လက်နက်အင်အားမကောင်းပါ။

ထို့အတူပါပဲ မိုးမြင့်ထွန်းဘာတော်လဲဆိုရင် သမ္မတအိမ်တော်ဝင်စီးတာ အတိုင်ပင်ခံအိမ်တော်ကိုအနီးကပ် ဝင်စီးတာတွေလုပ်တာတွေပေါ့။ ဒါ့ပြင်ဘာတော်သေးလဲဆိုရင် ယခုလက်ရှိအဖမ်းခံထားရသူတွေ သေသွားသူတွေက မန္တလေးရန်ကုန်တို့လိုမျိုးကြီးတွေမှာ လက်နက်မဲ့ဆန္ဒပြသူတွေကိုလက်နက်နဲ့ နှိပ်ကွပ်ရာမှာ အစွမ်းပြခဲ့သူတွေပါ။ ဒီနေရာမှာလက်နက်ကိုင်အချင်းချင်း သေနတ်ရှိလို့ယှဉ်တိုက်တာမဟုတ်ဘဲ လက်နက်မဲ့ပြည်သူတွေကို ဗိုလ်ကျအနိုင်ကျင့်တာကို စစ်စွမ်းရည်လို့ထင်ခဲ့ကြသူတွေပါ။ မင်းအောင်လှိုင်ကပစ်မိန့်ပေးတာကို သစ္စာရှိရှိရဲရဲဝင့်ဝင့်နဲ့ လက်နက်မဲ့ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်ခဲ့သူတွေပါ။ ဒါတွေကသာသူတို့ရဲ့အရည်အချင်းတွေပါ။

သူတို့ဟာ ဘယ်စစ်ပွဲမှာမှ ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်စွမ်းရှိခဲ့သူတွေမဟုတ်ပါ။ ဒီအရာက လက်ရှိရာထူးအသစ်ရထားတဲ့ ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး ကျော်စွာလင်းမှသည် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေအထိပါ။

AAက ဗီဒီယိုဖိုင်ထုတ်ပြန်ပြီးမှ မအလတပ်ထဲက ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအဆင့်ရှိသူတွေထဲမှာ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။ သူတို့က အင်တာနက် သုံးသူတွေပါ။ သူတို့တွေက ဒီဗီဒီယိုဖိုင်တွေကြည့်ပြီးတော့ သူတို့အချင်းချင်းဖုန်းဆက်ပြီး သူတို့တကယ်ဖမ်းခံသွားရပြီ ဘာလို့ကယ်မထုတ်တာလဲ ဘာလို့ဒီလိုမလုပ်တာလဲ ဘာလို့ဟိုလိုမလုပ်တာလဲဆိုပြီး မအလကို ကျယ်ကျယ်လောင်‌လောင်အပြစ်တင်လာနေကြပါပြီ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ AAကို တန်ပြန်ထိုးစစ်ဆင်ဖို့ မအလကသူတို့ကို သုံးမှာကိုလဲ ကြောက်လန့်နေကြပါတယ်။ အချို့ ထိုးစစ်ကိုပါခိုင်းတဲ့တပ်ရင်းကတပ်ရင်းမှူးတွေဆိုရင်ပျောက်သွားပါတယ်။ ဒါကမြေပြင်မှာလက်တွေ့ဖြစ်နေတဲ့အနေအထားပါ။

အထက်ပိုင်း ဗိုလ်မှူးကြီးတွေကကြောက်လန့်လာသလို အောက်ခြေက တပ်သားတွေ သူတို့ကိုအုပ်ချုပ်တဲ့ဗိုလ်တွေ ဗိုလ်ကြီးတွေကလည်း စစ်ပြေးအဖြစ်ကိုအသွင်ပြောင်းလာနေကြပါပြီ။ သူတို့ကလက်နက်မဲ့ အရပ်သားကိုပစ်ရမှာသာ သူတို့မသေနိုင်မှန်းသိလို့ အမိန့်နာခံပြီးလုပ်ပေမယ့် သူတို့သေမှာသေချာတဲ့ ရခိုင်ပြည်နယ်ကိုတော့ မသွားရဲတော့ပါဘူး။။ အရူးပါးတွေပါ။

ဒါတင်လားဆိုတော့မဟုတ်သေးပါ။ ယခု AAက ဧရာဝတီ၊ မကွေးတွေကိုထိုးစစ်ဆင်လာမှာစိုးရိမ်ပြီးအဆိုပါဒေသတွေက နယ်မြေခံ စစ်တပ်ရင်းတွေကို ခံစစ်ပြင်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့်လဲဧရာဝတီနှင့်မကွေးမှာက စစ်မတိုက်ဖူးသူတွေ ဂွင်သမားတွေသာ အနေများလို့ သူတို့အချင်းချင်းထဲမှာလည်း ပြန်တိုက်ဖို့ထက် ထွက်ပြေးဖို့သာ အားသန်နေကြပါတယ်။ ဧရာဝတီရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကလဲ ဗိုလ်ကြီးအချို့ထွက်ပြေးသွားလို့ ဒုချုပ်စိုးဝင်းက သွားပြီးတော့ တပ်ကိုစည်းရုံးရေးပြန်ဆင်းနေရတာပါ။ ဒီကြားထဲ မအလက သူ့လူလို့ သေချာပေါက်တွက်ထားတဲ့ ဝေဟင်အောင်ကAA ဘက်လိုက်တဲ့စကား အင်တာဗျူးမှာပြောသွားလို့ သူ့ကို‌ကိုင်ခဲ့တဲ့ စရဖလဲ ပြဿနာတက်နေပါတယ်။ ယခင်က ဝေဟင်အောင်က ဝေဋုကျော်နဲ့တွဲ NLD ဖောင်းထုလို့ စရဖနဲ့အဆက်အသွယ်ရှိသူပါ။လွန်ခဲ့တဲ့လပိုင်းမှာ စရဖကဖမ်းအပြီးမှာတောင် ပြန်လွှတ်ခံရသူပါ။ ယခုဟိုက AA ဘက်ကရပ်လို့ သူတို့အလိမ်ခံခဲ့ရတယ်ဆိုပြီး ကြေကွဲနေပါပြီ။

အကျဉ်းချုပ်ရရင် AA ရဲ့ ဗီဒီယိုဖိုင်က ငါတို့အဆင့်ကို မဖမ်းနိုင်ပါဘူးဆိုတဲ့ အတွေးအခေါ်တွေကို မအလတပ်ထဲမှာ ပြောင်းလဲစပြုနေပါပြီ။ မအလတပ်အားသာချက်က ခိုးရမယ်ထင်လို့ တပ်ထဲဝင်ခဲ့တာဖြစ်လို့ ခိုးမရရင် သူတို့သေနိုင်တယ်ဆိုရင်လဲ ဆီးရီးယားတပ်ထက် မြန်သွားနိုင်ပါတယ်။ ပြည်သူက မြေပြန့်အတွက် NUG ကို လှူထားပေးပါ။ NUG ကလဲ စစ်ကိုင်း၊ မကွေး၊ မန္တလေးကို ဦးစားပေးထောက်ပံ့ပေးပါ။ ဒီပွဲက ၂၀၂၅ မှာတောင် လူညီရင် ပြတ်သွားနိုင်ပါတယ်။ ပြည်သူသာ အဓိကပါ။

435 views0 comments

Recent Posts

See All

အမ်းအပြီး

အမ်းနဲ့ အဆက်အသွယ်ပြတ်သွားအပြီး ၅ ရက် အကြာမှာ AA က အမ်း နပခ ကျပြီဆိုတာ အတည်ပြုတာ တွေ့ရပါတယ်။ AA သာ အမှန်သိမှာပါ။ နေပြည်တော်နဲ့...

Comentarios


bottom of page