top of page
Search

AA အစ်ကိုထွန်းနှင့် NUG သတိထားရမည့် Fortify Right နှင့် လူ့အခွင့်အရေးအဖွဲ့များ

Writer's picture: Myat Tun OoMyat Tun Oo

AA အစ်ကိုထွန်းနှင့် NUG သတိထားရမည့် Fortify Right နှင့် လူ့အခွင့်အရေးအဖွဲ့များ

DASSK လက်ထက်မှာ မအလတပ်ဟာ အရပ်သားအစိုးရအမိန့်ကို နားမထောင်ဘဲ သူမ ပုံရိပ်ကျအောင် ဦးစားပေးလုပ်ခဲ့ပါတယ်။ ထိုအချိန်က ကမ္ဘာမှာလဲ Black lives matter တို့၊ လူ့အခွင့်အရေးတို့၊ တန်းတူညီမျှရေးဆိုတာတွေ အားကောင်းချိန်ပေါ့။

DASSK ရိုအရေးဖြစ်အပြီး အနောက်အုပ်စုခိုင်းတာကို မလုပ်ချိန်မှာ သူမကို နာမည်ဖျက်ဖို့ စနစ်တကျလုပ်လာပါတယ်။ လိုအပ်တာက ပြည်တွင်းမှာ သူမကိုအပုတ်ချဖို့ သတင်းသမားတွေ အင်တာဗျူးရင် သူမ မကောင်းကြောင်းပြောဖို့က လူလိုခဲ့ပါတယ်။ ဥပမာ BBC, CNN, Al-Jazeera တို့က ဗျူးရင်ပေါ့။ ထိုအချိန်မှာ မောင်ဆောင်းခနဲ့ သင်ဇာရွှန်းလဲ့ရည်တို့က အချိန်သင့် အင်္ဂလိပ်စာပြောနိုင်လို့ အနောက်က သတင်းဌာနတွေကြား နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့် သူတို့က တိုင်းရင်းသားအ‌ရေးပါ တွဲပြောပေးပြီး သူတို့ရပ်တည်မှုကို ယူခဲ့ပါတယ်။ ရိုကိစ္စအတွက် Fortify Right ကိုလဲ နစ်ကီဒိုင်းမွန်းတို့ကို NGO ပိုက်ဆံတွေနဲ့ ဖွဲ့ပေးခဲ့ပါတယ်။ သူက ရိုသတင်းဆို ဘီဘီစီ မြန်မာပိုင်းနဲ့ အနောက်အုပ်စုက ပိုက်ဆံရတဲ့ သတင်းဌာနတွေကို ရောက်တာက မြန်ပါတယ်။ ထိုသတင်းဌာနတွေကလဲ ပိုက်ဆံမျက်နှာကြောင့် တင်ပေးရပါတယ်။

ဒီနေရာမှာ AA က အစ်ကိုထွန်းအနေနဲ့ လက်ရှိ အစ္စရေး-ပါလက်စတိုင်း ပြဿနာမှာ အစ္စရေးက လူ့အခွင့်အရေးအခြေခံပြီး ဘာသာရေးအရပေးတဲ့ဖိအားကို ဘယ်လိုတောင့်ခံနိုင်သလဲဆိုတာ လေ့လာသင့်ပါတယ်။ ပါလက်စတိုင်းအရေးသမားတွေဟာ လန်ဒန်၊ ဥရောပက မာမူအမတ်တွေ၊ အစိုးရတွေကို လော်ဘီလုပ်နိုင်ပါတယ်။ အရှေ့အလယ်ပိုင်းက ဘာသာတူတွေကတော့ ပြောစရာမလိုပါ။ အမေရိကန်ကိုသာ လော်ဘီမလုပ်နိုင်တာ သွားတွေ့ရပါတယ်။ အင်္ဂလန်၊ ပြင်သစ်က အမတ်တွေကလဲ သူ့ဘာသာတူတွေရဲ့ ဖိအားကို ခံနေရပါတယ်။ US Vice president J D Vance က ယူကေက အနုမြူလက်နက်ပိုင်တဲ့ ဘာသာခြားနိုင်ငံဖြစ်မယ်ဆိုပြီးပြောလို့ ယူကေက ဒေါသထွက်ခဲ့ပါတယ်။ AA နဲ့ ရိုဟင်ဂျာ ပြဿနာဖြစ်ချိန်မှာ အနောက်ဥရောပက နိုင်ငံခြားရေးဝန်ကြီးဌာန‌တွေက NUG ကိုယ်စားလှယ်တွေကို ၄၈ နာရီအတွင်း ခေါ်ယူဖိအားပေးခဲ့ပါတယ်။ AA ကို ပြောပေးဖို့ပေါ့။ စစ်ကိုင်းမှာ အရပ်သားဆေးရုံတွေ၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီက အရပ်သားတွေ ဗုံးကျဲခံရလို့သေရင် ဘာစာမှမထုတ်တာ အစ်ကိုထွန်းတို့ သတိထားမိမှာပါ။

ဒီနေရာမှာ Fortify Right က ရိုအခွင့်အရေးကို အဓိကစောင့်ကြည့်ပေမယ့် တရားမျှတတယ်လို့ထင်အောင် မအလတပ်သားကိစ္စ ဘာညာကိုလဲ စာထုတ်ပြီး ဟောက်စားလုပ်မှာပါ။

ဒါပေမယ့် AA က ခိုင်သုခက ဝန်ခံပြီး တာဝန်ရှိသူကို အရေးယူလိုက်တာက အင်မတန်ကောင်းမွန်တဲ့ PR (public relations) ဖြစ်ပါတယ်။ ဒီလို စစ်ရာဇဝတ်မှုကျးလွန်တာက အမေရိကန်တပ်၊ အင်္ဂလိပ်တပ်မှာလဲရှိပြီး အရေးယူလိုက်ရင် ICC တင်လို့မရပါ။ AA အနေနဲ့ မိမိတပ်ကိုလဲ မိမိဩဇာရှိလို့ DASSK ကိုလုပ်သလိုတော့ သူတို့ လုပ်မရနိုင်ပါ။ ဒါပေမယ့် ICC ရှေ့နေချုပ်က အင်္ဂလန်နိုင်ငံသား ပါကစ္စတန်နွယ်ဖွား သူတို့ဘာသာဝင်ဖြစ်ပြီး ICJ ဥက္ကဌကတော့ လက်ဘနွန်ကိုပြန်သွားပါပြီ။ ICC ဟာ မအလစစ်ခွေးတပ်ကို လာမဖမ်း လာမတိုက်ပေးပဲနဲ့ AA ကဖမ်းမိချိန်မှာ စစ်ခွေးကို ICC အပ်ခိုင်းတာက သခင်အားရ ကျွန်ပါးဝတာပါ။ ဒီစစ်ခွေးက AA အောက်မှာက သေဒဏ်ပေးခံရနိုင်သေးပြီး ICC မှာဆိုရင်တော့ ဥရောပသွားရတယ် သေဒဏ်အပေးမခံရဘူးဆိုပြီး မအလစစ်ခွေးတွေက ပိုပျော်နေမှာပါ။ ICC က သေဒဏ်မပေးနိုင်ပါ။

AA အနေနဲ့က NUG ကို ဖယ်ဒရယ်အစိုးရအ‌နေနဲ့ မဟုတ်ရင်တောင် ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တွေက ဖက်ဆစ်နာဇီကိုတိုက်သလို မဟာမိတ်တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ ရခိုင်က လွတ်လပ်တဲ့နိုင်ငံဖြစ်လာနေလို့ NUG အနေနဲ့လဲ ပြည်ထောင်စုတွေ ဘာတွေလုပ်မနေဘဲ ရခိုင့်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ။ NUG အနေနဲ့ လူ့အခွင့်အရေးကို လေးစားရမှာမှန်ပေမယ့် မနိုင်ဝန် မထမ်းပါနဲ့။ ရခိုင်မှာနေထိုင်သူတွေကို ဘယ်သူက ရခိုင့်နိုင်ငံသားဆိုတာ ရခိုင်ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ကို အသိအမှတ်ပြုပါ။ NUG ရှောင်ရမှာက သိပ် woke ဖြစ်တာတွေကိုပါ။ အမေရိကန်စစ်တပ်လို လက်နက်မရှိဘဲ အမေရိကန်စံနဲ့ စစ်တိုက်လို့မရဘူးဆိုတာကို သတိထားပါ။ AA နဲ့ NUG မဟာမိတ် နှစ်နိုင်ငံတပ်ပေါင်းစုဆိုရင် ဖယ်ဒရယ်သဘောတူညီချက်မရလဲ လက်တွဲအလုပ်လုပ်ရလွယ်ပါမယ်။ ရန်အားလုံးကို လက်တွဲညီညီ ကျော်ဖြတ်နိုင်ပါစေ။

506 views0 comments

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page