top of page
Search
Writer's pictureMyat Tun Oo

COVID 19 ကို ကိုင်တွယ်ဖို့ ကာလုံခေါ်ဖို့လိုလား?


ဒီရောဂါဟာ Coronavirus ကြောင့်ဖြစ်တာပါ။ ဒါကို ဖွတ်သောင်းအေးက ကာလုံခေါ်ဖို့ ထတောင်းဆိုပါတယ်။ ဒီရောဂါက ကပ်ရောဂါပါ။ တိုင်းပြည်တစ်ပြည်မှာ ကပ်ရောဂါဖြစ်လာရင် တပ်ကိုသုံးပါတယ်။လက်ရှိ အီတလီမှာ သူ့တပ်က အလောင်းတွေကို Lombardy ပြည်နယ်ကနေပို့ဆောင်ပေးတာတွေလုပ်နေသလို ပြည်သူ့စစ်အဖွဲ့ကလဲ အသက်ကြီးသူတွေရဲ့အိမ်ကို စားစရာတွေ ဝယ်ပို့ပေးနေပါတယ်။ အီတလီဝန်ကြီးချုပ်နဲ့ သမ္မတက ကာလုံမခေါ်ပါ။ သူ့ကာကွယ်ရေးဝန်ကြီးကို တပ်ကို အလောင်းထမ်းဖို့လွှတ်လိုက်လို့ အမိန့်ပေးလိုက်တာနဲ့ ပြီးပါတယ်။

US မှာက အဖြစ်များနေတာက နယူးယောက်မှာပါ။ ထရမ့်က အဲ့ဒီကို စစ်ဆေးသင်္ဘောနှစ်စင်း USNS Comfort နဲ့ USNS Mercy ကို လွှတ်လိုက်ပါတယ်။ သူတို့တိုင်းပြည်ထဲမှာ အဲ့ဒီသင်္ဘောတွေမှာ ဆရာဝန်ရှိမရှိ အငြင်းပွါးပေမယ့် သေချာတာကတော့ ထရမ့်က သူ့ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေးလိုက်တာနဲ့ပြီးပါတယ်။ ကာလုံခေါ်စရာ မလိုပါ။

ထို့အတူပါဘဲ စပိန်မှာလဲ တပ်ကိုခေါ်ပြီး မဲဒရစ်မြို့က ရထားဘူတာရုံတွေကို ပိုးသတ်ဆေးဖျန်းတာ လူအိူရုံတွေကို လိုက်ကူတာတွေ လုပ်ခိုင်းပါတယ်။ ဒါလဲ ကာလုံခေါ်စရာမလိုပါ။ စပိန်ဝန်ကြီးချုပ်က သူ့ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေးလိုက်ရုံပါ။

ဒီမိုဘိုးအေ အင်္ဂလန်မှာလဲ ကာကွယ်ရေးပစ္စည်းတွေကို ဆေးရုံတွေကို ဖြန့်ချီရာမှာ တပ်ကို သုံးပါတယ်။သူလဲ ကာလုံခေါ်စရာမလိုပါ။

ဒီကပ်ရောဂါကို တိုက်ဖျက်ရာမှာ ကမ္ဘာပေါ်က အစိုးရတွေဟာ တပ်ကိုသုံးပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်ကိုထမင်းကျွေးထားတာဟာ ပြည်သူ့ဘဏ္ဍာနဲ့ဖြစ်လို့ ပြည်သူ့ကျွန်ဖြစ်လို့ ခိုင်းတာပါ။ ပြည်သူကို ခြေဥအရ ကိုယ်စားပြုတာက အစိုးရပါ။ ဒါကြောင့် အစိုးရတွေဟာ သူတို့ရဲ့ တပ်တွေကို ခိုင်းပါတယ်။ မြန်မာပြည်မှာလဲ လိုအပ်ရင် အစိုးရက ခိုင်းပါမယ်။ ဒါကို ကာလုံခေါ်မှ ကူမယ်ဆိုရင်တော့ သူ့သမိုင်းသူရေးမှာပါ။

မြန်မာပြည်မှာ လက်ရှိအစိုးရက ရခိုင်အကျပ်အတည်းနဲ့ သူ့ကိုဆန္ဒပြတာတောင် ကာလုံမခေါ်ပါ။ ယခုကိစ္စက ဆရာဝန်တွေ ပြည်သူတွေနဲ့ ပေါင်းပြီး ပြန်တိုက်လို့ရပါတယ်။ အရပ်ဘက်က ဆေးပညာရှင်တွေဟာ စစ်ဆေးဆရာဝန်တွေရဲ့ ဆရာတွေပါ။ စစ်ဆေးဆရာဝန်တွေထက် ၁၀ ဆတော်ပါတယ်။အရပ်သားအစိုးရက သူလိုအပ်မယ်ထင်တာတွေလုပ်နေပါတယ်။ လိုအပ်ရင် အကူအညီတောင်းပါမယ်။ ကာလုံခေါ်မှ ကူမယ်ဆိုရင်တော့ မိမိသမိုင်း မိမိရေးမှာလို့သာ ပြောပါရစေ။

News Source : CNN, BBC, Reuters, Sky

266 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Kommentare


bottom of page