DASSK ကိုဆႏၵျပေသာသမဂၢေက်ာင္းသားမ်ားႏွင့္ရင္ဆိုင္ခဲ့သူကြီးၿဖိဳး
ဒီမိုကေရစီႏိုင္ငံေတြရဲ႕အႏွစ္သာရဟာမိမိမေက်နပ္တာကိုထုတ္ေဖာ္ဆႏၵျပႏိုင္တာပါ။ဒါေပမယ့္သူတို႔ေတြဟာဆႏၵျပရမယ္ဆိုတဲ့ေနရာမွာသာျပရပါတယ္။ဥပမာG8 လုပ္မယ္ဆိုရင္လူႀကီးေတြအစည္းအေဝးလုပ္တဲ့ေနရာရဲ႕မိုင္ဘယ္ေလာက္ကိုဆႏၵမျပရဘူးေပါ့။ထရမ့္ကႏိုင္ငံျခားတိုင္းျပည္ေတြသြားလည္ရင္ဆႏၵျပခံရေပမယ့္သူ႔အနားမွာမဟုတ္ပါ။
ဟိုDASSK ကိုအနားမွာဆႏၵျပႏိုင္တယ္ဆိုတာကအင္မတန္ကံေကာင္းၿပီးဒီမိုကေရစီအလြန္ရေနေသာေက်ာင္းသားမ်ားလို႔ေျပာလို႔ပါတယ္။ဒါေပမယ့္သူတို႔ေတာင္းဆိုတာရဲ႕အမ်ားစုဟာျပည္ထဲေရးနဲ႔ဆိုင္တာပါ။အဲ့ဒီေန႔ကသူတို႔ကိုင္ထားတဲ့ဆိုင္းပုဒ္ကသာလက္နက္ျဖစ္ခဲ့ရင္လံုျခံဳေရးက်ိဳးေပါက္မႈျဖစ္သြားႏိုင္ပါတယ္။ဒါကထားလိုက္ပါ။ယခုေရးလိုတာကအဲ့ဒီအခ်ိန္မွာကြီးၿဖိဳးနဲ႔အဆိုပါဆႏၵျပသူအခ်ိဳ႕ရဲ႕ေျပာဆိုတာကိုပါ။
ဒီေနရာမွာDASSK နဲ႔အတူျပည္ေထာင္စုဝန္ႀကီးေတြပါပါတယ္။ဘယ္သူကမွဒီေကာင္ေလးေတြကိုအေရးလုပ္ၿပီးသြားမရွင္းပါ။ဒါေပမယ့္ကြီးၿဖိဳးကေတာ့သူတို႔ေတြကိုလူႀကီးလူေကာင္းပီသစြာသြားရွင္းပါတယ္။ရွင္းရဲခဲ့ပါတယ္။ပထမဆံုးေျပာလိုတာကေက်ာင္းသားေတြဇူလိုင္၇ရက္လမ္းေလွ်ာက္တာကရဲအမႈဖြင့္ပိုင္ခြင့္ပါ။ရဲဟာခြင့္ျပဳခ်က္မရဘဲလူစုရင္စစ္ပြဲရပ္သမားကိုလဲဖမ္းပါတယ္။ဒါေပမယ့္ရဲလုပ္ရပ္ကိုရဲရဲ႕ေခါင္းေဆာင္ေတြကေခါင္းေရွာင္ေပမယ့္ကြီးၿဖိဳးကေခါင္းေဆာင္ပီသစြာသြားရွင္းပါတယ္။သူ႕ရဲ႕ေခါင္းေဆာင္မႈ(leadership) ကိုျပပါတယ္။ျမန္မာျပည္မွာလိုတာကအဲ့ဒီလိုရွင္းရဲတဲ့ေခါင္းေဆာင္ပါ။ဒါကပထမအခ်က္။သူ႔လိုမဟုတ္ဘဲမလုပ္မ႐ႈပ္မျပဳတ္ဆိုတိုင္းျပည္ပ်က္ပါတယ္။
ဒုတိယအခ်က္ကသူဟာဟိုဘက္ကေက်ာင္းသူကငါးစိမ္းသည္လိုကက္ကက္လန္ရန္ေတြ႕ေနတာကိုစိတ္ရွည္စြာနဲ႔ရွင္းျပႏိုင္တာပါ။ဒါမ်ိဳးအရည္အခ်င္းကစာေရးသူတို႔တပ္မွာကစြဲထိုးရွင္းတာမ်ားလို႔တပ္ထဲမွာအဲ့ဒါမ်ိဳးမရွိပါ။သူဟာအလြန္စိုးရြားတဲ့မိဘေတြေတာင္အုပ္ထိန္းမရႏိုင္ေလာက္တဲ့DASSK ကိုရာျပည့္အေၾကာင္းျပမဲမဆြယ္နဲ႔ဆိုၿပီးဖြတ္အေတြးနဲ႔ေရးၿပီးဆႏၵျပသူမ်ားေက်ာင္းသားဆိုသူမ်ားကိုအာဇာနည္ေန႔နဲ႔သူတို႔ရဲ႕7th July ပြဲဘယ္လိုကြာလို႔ဘယ္လိုအေရးယူခံရတယ္ဆိုတာကိုရွင္းျပသြားပါတယ္။
ယခုလိုလိုအပ္ရင္ေခါင္းေဆာင္ပီသစြာထြက္ရွင္းမႈ၊တာဝန္ခံမႈ၊သစၥာရွိမႈ၊သီးခံႏိုင္မႈ၊လိုအပ္ရင္ေျပာရဲဆိုရဲရွိမႈ၊ျပည္သူအတြက္မွန္ကန္မယ္ထင္တဲ့ဆံုးျဖတ္ခ်က္ေတြကိုလူႀကိဳက္မမ်ားလဲျပည္သူအတြက္ေကာင္းမယ္ထင္ရင္ခ်ႏိုင္မႈေတြဟာႏိုင္ငံေရးေခါင္းေဆာင္ေတြမွာလိုအပ္ပါတယ္။ဒီအရည္အခ်င္းေတြကမေန႔ကႏိုင္ငံေရးပါတီဖြဲ႕တဲ့ဗိုလ္ခ်ဳပ္ေတြအားလံုးေပါင္းလဲDASSK မေျပာနဲ႔ကြီးၿဖိဳးကိုေတာင္မမွီႏိုင္ပါဘူး။စာေရးသူတို႔ဟာတပ္ထဲမွာေခါင္းေဆာင္ရေပမယ့္အရပ္သားေတြလိုသူတလူငါတမင္းျဖစ္မေနပါ။ေနာက္ၿပီးဒါကေခါင္းေဆာင္ဆိုၿပီးရာထူးအရရွိၿပီးသား(transactional leadership) ေခါင္းေဆာင္မႈပါ။အမ်ားစုကမန္ေနဂ်ာလိုလုပ္ရတာပါ။အရပ္သားေခါင္းေဆာင္မႈကအလိုလိုခ်ေပးတဲ့ေခါင္းေဆာင္မႈမဟုတ္ဘဲေခါင္းေဆာင္ျဖစ္ေအာင္ပါတီတြင္းပါတီျပင္ကလူေတြကိုစည္း႐ံုးၿပီးရယူရတာပါ။သူတို႔ကတင္ေျမႇာက္မွေခါင္းေဆာင္ေနရာကိုေရာက္တာပါ။
ကြီးၿဖိဳးစကားေျပာတာနဲ႔ဦးေရႊမန္းေတာင္လူေတြကိုစြဲေဆာင္ႏိုင္မႈinspiration ျဖစ္ေစတာကကြီးၿဖိဳးကပိုသာပါတယ္။ဒါေၾကာင့္ဒီကြီးၿဖိဳးနဲ႔ဆႏၵျပသမားေတြစကားေျပာဆိုတဲ့ဗီဒီယိုဖိုင္နဲ႔ဟိုပါတီဗီဒီယိုဖိုင္ကိုၾကည့္အၿပီးမွာအဘတို႔ရဲ႕အေျပာအဆိုနဲ႔ေခါင္းေဆာင္မႈဟာကြီးၿဖိဳးကိုမွီေအာင္ေတာင္မနည္းလိုက္ရအံုးမယ္ဆိုတာသိသာလာပါတယ္။
Video credit : 7 Day
Unicode version
DASSK ကိုဆန္ဒပြသောသမဂ္ဂကျောင်းသားများနှင့်ရင်ဆိုင်ခဲ့သူကွီးဖြိုး
ဒီမိုကရေစီနိုင်ငံတွေရဲ့အနှစ်သာရဟာမိမိမကျေနပ်တာကိုထုတ်ဖော်ဆန္ဒပြနိုင်တာပါ။ဒါပေမယ့်သူတို့တွေဟာဆန္ဒပြရမယ်ဆိုတဲ့နေရာမှာသာပြရပါတယ်။ဥပမာG8 လုပ်မယ်ဆိုရင်လူကြီးတွေအစည်းအဝေးလုပ်တဲ့နေရာရဲ့မိုင်ဘယ်လောက်ကိုဆန္ဒမပြရဘူးပေါ့။ထရမ့်ကနိုင်ငံခြားတိုင်းပြည်တွေသွားလည်ရင်ဆန္ဒပြခံရပေမယ့်သူ့အနားမှာမဟုတ်ပါ။
ဟိုDASSK ကိုအနားမှာဆန္ဒပြနိုင်တယ်ဆိုတာကအင်မတန်ကံကောင်းပြီးဒီမိုကရေစီအလွန်ရနေသောကျောင်းသားများလို့ပြောလို့ပါတယ်။ဒါပေမယ့်သူတို့တောင်းဆိုတာရဲ့အများစုဟာပြည်ထဲရေးနဲ့ဆိုင်တာပါ။အဲ့ဒီနေ့ကသူတို့ကိုင်ထားတဲ့ဆိုင်းပုဒ်ကသာလက်နက်ဖြစ်ခဲ့ရင်လုံခြုံရေးကျိုးပေါက်မှုဖြစ်သွားနိုင်ပါတယ်။ဒါကထားလိုက်ပါ။ယခုရေးလိုတာကအဲ့ဒီအချိန်မှာကွီးဖြိုးနဲ့အဆိုပါဆန္ဒပြသူအချို့ရဲ့ပြောဆိုတာကိုပါ။
ဒီနေရာမှာDASSK နဲ့အတူပြည်ထောင်စုဝန်ကြီးတွေပါပါတယ်။ဘယ်သူကမှဒီကောင်လေးတွေကိုအရေးလုပ်ပြီးသွားမရှင်းပါ။ဒါပေမယ့်ကွီးဖြိုးကတော့သူတို့တွေကိုလူကြီးလူကောင်းပီသစွာသွားရှင်းပါတယ်။ရှင်းရဲခဲ့ပါတယ်။ပထမဆုံးပြောလိုတာကကျောင်းသားတွေဇူလိုင်ရရက်လမ်းလျှောက်တာကရဲအမှုဖွင့်ပိုင်ခွင့်ပါ။ရဲဟာခွင့်ပြုချက်မရဘဲလူစုရင်စစ်ပွဲရပ်သမားကိုလဲဖမ်းပါတယ်။ဒါပေမယ့်ရဲလုပ်ရပ်ကိုရဲရဲ့ခေါင်းဆောင်တွေကခေါင်းရှောင်ပေမယ့်ကွီးဖြိုးကခေါင်းဆောင်ပီသစွာသွားရှင်းပါတယ်။သူ့ရဲ့ခေါင်းဆောင်မှု(leadership) ကိုပြပါတယ်။မြန်မာပြည်မှာလိုတာကအဲ့ဒီလိုရှင်းရဲတဲ့ခေါင်းဆောင်ပါ။ဒါကပထမအချက်။သူ့လိုမဟုတ်ဘဲမလုပ်မရှုပ်မပြုတ်ဆိုတိုင်းပြည်ပျက်ပါတယ်။
ဒုတိယအချက်ကသူဟာဟိုဘက်ကကျောင်းသူကငါးစိမ်းသည်လိုကက်ကက်လန်ရန်တွေ့နေတာကိုစိတ်ရှည်စွာနဲ့ရှင်းပြနိုင်တာပါ။ဒါမျိုးအရည်အချင်းကစာရေးသူတို့တပ်မှာကစွဲထိုးရှင်းတာများလို့တပ်ထဲမှာအဲ့ဒါမျိုးမရှိပါ။သူဟာအလွန်စိုးရွားတဲ့မိဘတွေတောင်အုပ်ထိန်းမရနိုင်လောက်တဲ့DASSK ကိုရာပြည့်အကြောင်းပြမဲမဆွယ်နဲ့ဆိုပြီးဖွတ်အတွေးနဲ့ရေးပြီးဆန္ဒပြသူများကျောင်းသားဆိုသူများကိုအာဇာနည်နေ့နဲ့သူတို့ရဲ့7th July ပွဲဘယ်လိုကွာလို့ဘယ်လိုအရေးယူခံရတယ်ဆိုတာကိုရှင်းပြသွားပါတယ်။
ယခုလိုလိုအပ်ရင်ခေါင်းဆောင်ပီသစွာထွက်ရှင်းမှု၊တာဝန်ခံမှု၊သစ္စာရှိမှု၊သီးခံနိုင်မှု၊လိုအပ်ရင်ပြောရဲဆိုရဲရှိမှု၊ပြည်သူအတွက်မှန်ကန်မယ်ထင်တဲ့ဆုံးဖြတ်ချက်တွေကိုလူကြိုက်မများလဲပြည်သူအတွက်ကောင်းမယ်ထင်ရင်ချနိုင်မှုတွေဟာနိုင်ငံရေးခေါင်းဆောင်တွေမှာလိုအပ်ပါတယ်။ဒီအရည်အချင်းတွေကမနေ့ကနိုင်ငံရေးပါတီဖွဲ့တဲ့ဗိုလ်ချုပ်တွေအားလုံးပေါင်းလဲDASSK မပြောနဲ့ကွီးဖြိုးကိုတောင်မမှီနိုင်ပါဘူး။စာရေးသူတို့ဟာတပ်ထဲမှာခေါင်းဆောင်ရပေမယ့်အရပ်သားတွေလိုသူတလူငါတမင်းဖြစ်မနေပါ။နောက်ပြီးဒါကခေါင်းဆောင်ဆိုပြီးရာထူးအရရှိပြီးသား(transactional leadership) ခေါင်းဆောင်မှုပါ။အများစုကမန်နေဂျာလိုလုပ်ရတာပါ။အရပ်သားခေါင်းဆောင်မှုကအလိုလိုချပေးတဲ့ခေါင်းဆောင်မှုမဟုတ်ဘဲခေါင်းဆောင်ဖြစ်အောင်ပါတီတွင်းပါတီပြင်ကလူတွေကိုစည်းရုံးပြီးရယူရတာပါ။သူတို့ကတင်မြှောက်မှခေါင်းဆောင်နေရာကိုရောက်တာပါ။
ကွီးဖြိုးစကားပြောတာနဲ့ဦးရွှေမန်းတောင်လူတွေကိုစွဲဆောင်နိုင်မှုinspiration ဖြစ်စေတာကကွီးဖြိုးကပိုသာပါတယ်။ဒါကြောင့်ဒီကွီးဖြိုးနဲ့ဆန္ဒပြသမားတွေစကားပြောဆိုတဲ့ဗီဒီယိုဖိုင်နဲ့ဟိုပါတီဗီဒီယိုဖိုင်ကိုကြည့်အပြီးမှာအဘတို့ရဲ့အပြောအဆိုနဲ့ခေါင်းဆောင်မှုဟာကွီးဖြိုးကိုမှီအောင်တောင်မနည်းလိုက်ရအုံးမယ်ဆိုတာသိသာလာပါတယ်။
video credit 7 Day
Commenti