top of page
Search

DASSK ကိုပြောခဲ့သော အနောက်တိုင်းမှာ ဘာတွေဖြစ်နေလဲ?

Writer's picture: Myat Tun OoMyat Tun Oo

DASSK ကို ရိုအရေးမှာ အနောက်က ဖိအားအလွန်ပေးခဲ့ပါတယ်။ သူမက မအလတပ်ကိုဘာမှ အမိန့်မပေးနိုင်မှန်းသိပေမယ့်လဲ သူမကို ဆုပြန်ရုတ်သိမ်းတာ၊ သပိတ်မှောက်တာ၊ သူမပုံကိုဖြုတ်ချတာစသည်ဖြင့် မျိုးစုံလုပ်ခဲ့ပါတယ်။ နောက် ဘယ်လိုကြောင့်ဖြစ်ဖြစ် မိမိတိုင်းပြည်ထဲကို ယခုမှ ခိုးဝင်ဝင် ယခင်ထဲကခိုးဝင်ဝင် ယခင်ထဲက ရှိခဲ့ခဲ့ လက်ခံဖို့လဲ ဝိုင်းဖိအားပေးခဲ့ပါတယ်။ မအလကလဲ သူအာဏာရဖို့အတွက် မကောင်းကြံခဲ့ပါတယ်။ DASSK က သူတို့ခိုင်းတာမလုပ်ရင်လဲ သူတို့မွေးထားတဲ့ မီဒီယာများ အဖွဲ့များနဲ့ DASSK ကို ဝိုင်း အပုတ်ချကြပါတယ်။ စစ်ခွေးတွေကလဲ ဝင်ပါတာပေါ့။ DASSK တက်လာချိန်ကလဲ လက်ဝဲယိမ်းအစိုးရတွေ ကမ္ဘာမှာ အားကောင်းခဲ့သလို အမြင်မတူသူတွေကို သပိတ်မှောက်တာ cancel culture ကလဲ စအားကောင်းလာခဲ့ပါတယ်။ တချိန်ထဲမှာ Black lives matter တွေ၊ me too movement တွေ၊ LGBTQ+ တွေကလဲ အားကောင်းလာခဲ့ပါတယ်။ ထိုအစပိုင်းမှာ ထရမ့်က ပထမသမ္မတသက်တမ်းဖြစ်ခဲ့တာပါ။

သမ္မထရမ့်လက်ထက်မိုလို့ ရိုကိစ္စကို ဒုသမ္မတ မိုက်ပစ်ကပြောချိန်မှာ DASSK က ပြန်ရှင်းပြချိန်မှာနားလည်လွယ်ခဲ့တာပါ။ DASSK ကို ပြည်တွင်းမှာလဲ အနောက်စံကို ၁၀၀% ခံယူသူ၊ တရုတ်ဩဇာခံသူများ၊ အမေရိကန်/အနောက်ဩဇာခံသူများက ဝိုင်းဝေဖန်ခဲ့ကြပြန်ပါတယ်။


ယခု ၂၀၂၅ မှာ ဘာတွေ ကမ္ဘာမှာပြောင်းလဲသွားခဲ့ပါပြီလဲ။ ပြည်တွင်းကိုစကြည့်ရအောင်။ DASSK ကိုဝေဖန်ခဲ့သူများထဲက အချို့က ဘောမများဖြစ်သွားပြီး သူတို့က DASSK လုပ်ခဲ့တာထက်ပိုကောင်းအောင် ဘာမှမလုပ်ပြနိုင်သေးတာတွေ့ရပါတယ်။ မအလကအစ သက်သက်ခိုင် ကိုကိုကြီးအဆုံးပါ။ ထိုဝေဖန်ခဲ့သူများထဲကအချို့က တော်လှန်ရေးထဲပါလာကြပြီး သူတို့ဟာလဲ DASSK လုပ်ခဲ့တာထက်ပိုကောင်းအောင်မလုပ်နိုင်သေး‌တာ တွေ့ရပါတယ်။


ဒါအပြီးမှာ DASSK ကို အပြင်းဆုံးဝေဖန်ခဲ့ပြီး သူမမှာ အာဏာမရှိမှန်းသိလျက်တဲ့ တရားစွဲဖို့ကြိုးစားတဲ့ ရိုအဖွဲ့ရှိတဲ့ အင်္ဂလန်ကို လေ့လာကြည့်ရအောင်။ သူတို့က ရုပ်ထုတွေဖြုတ်ချရင်းနဲ့ သူတို့တိုင်းပြည်တိုးတက်အောင်လုပ်ခဲ့တဲ့ သူရဲကောင်းတွေ Edward Colston ရဲ့ ရုတ်ထုကို ကျွန်ကိစ္စနဲ့ပတ်သက်ပြီးပတ်သက်တယ်ဆိုပြီး လူ့အခွင့်အရေးသမားတွေက ဖြုတ်ချဖို့ ကြိုးစားလာချိန်မှာတော့ ပြဿနာစတက်လာခဲ့ပါတယ်။

Cancel culture သပိတ်မှောက်ယဉ်ကျေးမှုထွန်းကားလာပြီး အခြောက်ကို မိန်းမအိမ်သာ ပေးတက်လိုသူတွေနဲ့ Harry Potter စာရေးဆရာမ J K Rowling တို့ ရန်ထဖြစ်တဲ့အထိ ပြဿနာတွေစတက်ခဲ့ပြီး သူကိုလူ့အခွင့်အရေးသမားတွေက ပြဿနာရှာခဲ့ကြပါတယ်။ သူမက ထရမ့်ကို အမျိုးသမီးတွေ  မဲပေးခဲ့တာ နင်တို့မဟုတ်တဲ့အခွင့်အရေးကို ရှေ့တန်းတင်လို့ဆိုပြီး ပြောခဲ့ပါတယ်။

ယူကေလက်ရှိနိုင်ငံခြားရေးဝန်ကြီး David Lammy ဟာ ထရမ့်ကို ဖက်ဆစ်ဘာညာပြောခဲ့ပြီး ထရမ့်နိုင်ချိန်မှာတော့ ထရမ့်ဘောကို မနေရပါပြီ။ ဒါပေမယ့် ယူကေနဲ့ ဥရောပဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးလာလို့ ဒီကိစ္စဟာ ရုရှားထက်တောင် ပိုခြိမ်း‌ခြောက်သေးတယ်ဆိုပြီး အမေရိကန်ဒုသမ္မတကဒဲ့ပြောခဲ့ပါတယ်။ အဓိကက လိုင်းပေါ်ရေးသူကို ဖမ်းဆီးထောင်ချလို့ပါ။

ဥရောပဟာ အမြင်မတူတာတွေကို ဆင်ဆာဖြတ်တာအောင်မြင်ခဲ့ပေမယ့် ထရမ့်တက်လာချိန်မှာFacebook က ထရမ့်ကိုလျော်ကြေးပေးတာ၊ ထရမ့်ကိုပိတ်ခဲ့တဲ့ သူ့ရဲ့စည်းကမ်းထိန်းသိမ်းရေးမှူးယခင်ယူကေဒုဝန်ကြီးချုပ်ဟောင်း လက်ဝဲအမြင်ရှိသူ Nick Clegg ကို ရာထူးကထုတ်လိုက်ပြီး ထရမ့်ဘောကိုပြေးမခဲ့ရပါတယ်။ Facebook ကလဲ X လို community note လုပ်မယ်ဆိုပြီး အမြင်ပြောင်းလာခဲ့ပါပြီ။

ထို့အတူပါဘဲ ယူကေက အချို့အမတ်တွေ၊ အမတ်လောင်းတွေဟာ ပါလက်စတိုင်းကိစ္စအတွက် မာမူများက သူတို့ကို မဲဆွယ်ချိန်မှာ လိုက်နှောက်ယှက်ဆန္ဒပြတာကို ပြန်ခံနေကြရပါပြီ။ အမေရိကန်မှာလဲထို့အတူဆန္ဒပြတာရှိပေမယ့် သူတို့တိုင်းပြည်မှာက လူနည်းစုဖြစ်လို့ ယူကေနဲ့ ပြင်သစ်မှာလို မစိုးရိမ်ရဘူးဆိုပြီးတော့ ပြောကြပါတယ်။ သတင်းတွေကနေ အစ္စရေးကိုဖိအားပေးလို့မရတာကတော့ အစ္စရေးက တော်လို့ပါ။

ဒီနေရာမှာ ထိုကိစ္စကို ထောက်ပြပြောဆိုသူများကို လူမျိုးရေးခွဲခြားသူလို့ နာမည်တတ်လို့မရပါ။ ထရမ့်ယူထားသူက ဥရောပသူဖြစ်ပြီး သူ့ဒုသမ္မတJ D Vance ယူထားသူကလဲ အိန္ဒိယ နွယ်ဖွားပါ။ ဒီလိုလူမျိုးခြားကိုယူဖို့က တန်းတူဆက်ဆံတတ်တဲ့စိတ်ရှိမှ ရမှာပါ။

လွန်ခဲ့တဲ့ တယ်နှစ်က ဥရောပနဲ့ ယူကေက Australia ကို ခိုးဝင်သူတွေကို အခြားကျွန်းပို့လို့ ဝိုင်း ဝေဖန်ခဲ့ကြပါတယ်။ ယခုအချိန်မှာ ယူကေကလဲ သူ့ဆီကိုခိုးဝင်လာသူတွေကို ပြန်ပို့ကြိုးစားနေသလို၊ အီတလီက ပြန်တောင်ပို့နေပါပြီ။ သဘောကောင်းလွန်းတဲ့ ဂျာမနီမှာလဲ ဒီလရွေးကောက်ပွဲပြီးရင် ခိုးဝင်သူတွေကို ပြန်ပို့တာစနိုင်ပါတယ်။ ထရမ့်ကတော့ ကြမ်းနေပါပြီ။ ပိုလန်က လုံးဝအဝင်မခံဘူးဆိုပြီး ထလုပ်ပါတယ်။ ဟန်ဂေရီကလဲ နိုးပါဘဲ။ ဆွီဒသ်၊ နယ်သာလန်၊ ဒိန်းမတ် ထို့အတူပါဘဲ။ သူတို့ဝဋ်လည်နေပါပြီ။ စာရေးသူတို့က မအလအရူးကြောင့် တိုင်းပြည်က နိုင်ငံများစွာဖြစ်သွားလို့ ဒီကိစ္စတွေက ရခိုင့်နိုင်ငံတော်နဲ့ ရှမ်းနိုင်ငံတော်တို့ကသာ ဆုံးဖြတ်ရမှာပါ။

အနောက်အစိုးရတွေက မိမိမကြိုက်တဲ့အစိုးရတက်လာရင် မိမိထောက်ပံ့ထားတဲ့ သတင်းဌာနတွေ၊NGO တွေ၊ CSO တွေကနေ အဆိုပါအစိုးရတွေကို ဖြုတ်ချဖို့ ကြိုးစားကြပေမယ့် ယခုအချိန်မှာ Elon Musk က ထထရေးတာကို ဘီဘီစီထောင်ထားတဲ့ ယူကေက ကြိတ်ခံနေရသလို ဂျာမနီကလဲ ငုံ့ခံနေရပါတယ်။ ထရမ့်က သူလုပ်ချင်တာလုပ်တာကို ယူကရိန်းကိစ္စမှာလဲ ငြိမ်ခံနေရပါပြီ။

ယခင်က လူပေါင်းထောင်ချီ‌‌ သေစေလို့ ဗလီတွေကိုမီးရှို့လို့ ဖမ်းဝရမ်းထုတ်မယ်ဆိုပြီး ယူကေကပြောပြောနေတဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီကိုလဲ ယူကေဝန်ကြီးချုပ်ရော၊ ပြင်သစ်သမ္မတပါတွေ့‌ပြီးဘောမနေရပါပြီ။ ထရမ့်နဲ့ မိုဒီကတော့ ရင်းနှီးပါတယ်။ ဘယ်အာဂျင်တီးနားကမှ ဖမ်းဝရမ်းမထုတ်ရဲပါ။

ယခုလိုရေးပြတာက ကမ္ဘာပေါ်မှာ ဖြစ်နေတာတွေကိုသိအောင်သာ ရေးပြတာပါ။ ပြည်သူက တရားဝင်တင်မြောက်လို့ အာဏာရရင် ယခုအချိန်မှာ ယူကေမှသည် အမေရိကန်အထိ ဘယ်ကိစ္စမဆို ရှင်းပြရတာလွယ်နေပါပြီ။ အာဏာရရင် အမေရိကန်က ဖမ်းဝရမ်းထုတ်ထားသူကိုတောင် အမေရိကန်ကအဆင့်မြင့်အရာရှိတွေက လာတွေ့ပါတယ်။ NUG အနေနဲ့လဲ ဗမာဒေသကို ဂရုစိုက်ပါ။ သိပ် woke မလုပ်ပါနဲ့။ ဗမာဒေသမှာ အာဏာကို ခိုင်ခိုင်မာမာတည်ဆောက်ပါ။ မဟုတ်တဲ့ မိမိအုပ်ချုပ်မှုမရှိတဲ့ဒေသတွေမှာ ငွေကုန်မခံပါနဲ့။ သူတို့ဝဋ်လည်ချိန်မှာ မိမိဒေသကို အာရုံထားပါ။ တော်လှန်ရေးက လက်တစ်ကမ်းမှာသာပါ။ လုပ်စရာရှိတာကို ပြတ်ပြတ်သားသားသာလုပ်ပါ။ မအောင်စရာ မရှိပါဘူး။

434 views0 comments

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page