မနေ့ညက DASSK နဲ့ အောက်ခြေမှာ လက်တွေ့လုပ်နေတဲ့ သူနာပြုဆရာမတွေ၊ ဆရာဝန်တွေ၊ လူထုအခြေပြုအဖွဲ့အချို့က လူတွေ စကားပြောတာကို ပြသွားပါတယ်။ အားလုံးကြည့်လိုက်ရမယ်လို့ထင်ပါတယ်။
ပထမဆုံးသတိပြုမိတာက သူမနဲ့ အဆိုပါ စကားပြောဆိုသူတွေဟာ အကြောက်တရားမရှိ လွတ်လပ်စွာပြောဆိုနေတာပါ။ ဒါဟာ ၁၉၆၂ ထဲက အဘတွေနဲ့ ကွာခြားတဲ့ အပြုအမူပါ။
ဒုတိယကတော့ စာရေးသူတို့ မွေးကထဲက ကြားခဲ့တာက လိုအပ်သည်များကို မှာကြားသွားသည်ပေါ့။အဘလာမယ်ဆိုရင် ကြက်မရှိလဲ ငှါးမွေး၊ ဝက်မရှိလဲ ငှါးမွေးပေါ့။ ပြီးရင် အဘက လိုအပ်သည်များကိုမှားကြားသွားသည်ပေါ့။ သူမကတော့ ပြောင်းပြန်ပါ။
သူမနဲ့ အပြန်အလှန်ပြောရာမှာ သူမရဲ့ ဒီရောဂါအကြောင်း သေချာလေ့လာထားတာကိုလဲ ပြသွားပါတယ်။ နိုင်ငံခြားကပြန်လာသူတွေကို သူမရဲ့ ရင်ဝယ်သားလို အားလုံးကို စောင့်ရှောက်လိုတဲ့ မေတ္တာကိုလဲ ပြသွားသလို ၁၄ ရက် အိမ်မှာနေရမယ့်သူတွေရဲ့ အခက်အခဲကိုလဲ စာိနာနားလည်ကြောင်း ပြသွားပါတယ်။ ဒါပေမယ့် စည်းကမ်းလိုက်နာဖို့ ထပ်ပြောသွားပါတယ်။
ဒီနေရာမှာ အရေးကြီးတာက သူမကို ဖွတ်နဲ့ အဘတများ စွတ်စွဲလေ့ရှိတာက အောက်ခြေအကြောင်းမသိဘူး ဘာညာဆိုပြီးပါ။ ဒီနေရာမှာ သူနာပြုဆရာမလေးကလဲ သူမဘာလိုသလဲဆိုတာ ရဲဝံ့စွာပြောသွားသလို သူတို့က အစိုးရဝန်ထမ်းမိုလို့ မပြောရဲခဲ့ရင် အရပ်ဘက်က နှစ်ယောက်ကပြောမှာပါ။ ဒါဟာသူမအနေနဲ့ ဆရာဝန်တွေအတွက် လုပ်ငန်းခွင်လုံခြုံရေးကို တိုင်းပြည်က တတ်နိုင်သလောက် ကြိုးစားလုပ်မယ်ဆိုတာကိုလဲ ပြသွားတာလဲ ဖြစ်ပါတယ်။
သူမကိုင်တွယ်ပုံကို တီဗီမှာကြည့်လိုက်ရတာဟာ သူမအစိုးရရဲ့ အရည်အချင်းကို စာရေးသူတို့ ရေးပြတာမဟုတ်ဘဲ ပြည်သူတွေကိုယ်တိုင် သိခွင့်ရလိုက်တာပါ။ ဒါမျိုးအစိုးရနဲ့ခေါင်းဆောင်ကို ၁၉၆၂ မှသည် ၂၀၁၆ အထိ သင်တို့ ကြုံတွေ့ဖူးခဲ့ပါသလား?
ကပ်ရောဂါရဲ့သဘောက ကူးတာနဲ့ သေတာတွေတော့ ရှိမှာပါ။ ဒါပေမယ့် ဒီလိုကပ်ရောဂါအချိန်မှာ ဒီလိုခေါင်းဆောင်နဲ့ အစိုးရရှိတာဟာ စာရေးသူတို့ကံကောင်းသွားတာပါ။
စာရေးသူအနေနဲ့ မှတ်သားလိုက်ရတာကတော့ DASSK ဟာ အဘတို့နဲ့မတူဘဲ လိုအပ်သည်များကိုနားထောင်သွားတာပါ။ ဒါကြောင့်လဲ သူမဟာ ပြည်သူနဲ့အတူ ဖြစ်နေတာပါ။
Photo credit: Myanmar State Counsellor Office
Comentarios