top of page
Search
Writer's pictureMyat Tun Oo

Dr Eric Yang Vs စစ်ဆေးဆရာဝန်များ


မနေ့က DASSK နဲ့ Mask ပြိုင်ပွဲမှာ ဆုရသူများစကားအပြန်အလှန်ပြောကြပါတယ်။ အဆိုပါစကားပြောသူများထဲက Dr Eric Yang က ဆရာဝန်ကြီးပါ။ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းက ၁၉၉၁ မှာ ဆယ်တန်းအောင်ပြီး ရန်ကုန်ဆေး (၁) ကနေ ကျောင်းပြီးခဲ့ပါတယ်။

သူက မိမိအားမိမိကိုးပြီး ယူကေကိုထွက်ခါ နောက်ပိုင်းမှာ အမေရိကန်မှာ အခြေစိုက်ပြီး အထူးကုဆရာဝန်ဖြစ်သွားတာပါ။ သူက DASSK ကို အမေလို့ခေါ်ပြီး သူလိုကမ္ဘာ့အတွေ့အကြုံရှိသူက လက်ရှိအစိုးရရဲ့ ကိုင်တွယ်ပုံဟာ ရှိတဲ့အရင်းအမြစ် resources ထက်စာရင် အင်မတန်ကောင်းပါတယ်အောင်မြင်ပါတယ်လို့ပြောခဲ့ပါတယ်။ DASSK ကတောင် ဇွန်လအပြီးလောက်မှသာ ပြောနိုင်မှာဖြစ်ကြောင်း ထိန်းပြောသွားခဲ့ပါတယ်။ ပြောလိုတာက စာရေးသူရေးလို့ အစိုးရကိုင်တွယ်ပုံကိုအကောင်းထင်တာမဟုတ်ဘဲ ယခုလို အမေရိကန်ရောက် မြန်မာဆရာဝန်တစ်ဦးကပြောတာကိုနှိုင်းယှဉ်ကြည့်လို့ရအောင်ပါ။


ဒါပေမယ့် စစ်ဆေးကဗိုလ်မှူးဝင်းမင်းထွန်းကတော့ “ချေးငွေတွေခဏခဏချေးပြီး စနစ်တကျမသုံးရင်လူနာတွေ ICU ထဲမရောက်ဘဲ တိုင်းပြည်စီးပွါးရေး ICU ထဲ ရောက်သွားမယ်လို့” ပြောခဲ့တာပါ။ သူကမေးခွန်းထုတ်ရာမှာလဲ ကပ်ရောဂါများ မကြာခဏဖြစ်တယ်ဆိုပြီး မဟုတ်တာပြောသွားခဲ့တာပါ။ သူတင်မဟုတ်ဘဲ သူ့သူငယ်ချင်း အခြားစစ်ဆေးများကလဲ Facebook ပေါ်မှာ သူ့လို အစိုးရမကောင်းကြောင်းသာ ရေးတာတွေ့ရပါတယ်။


သူတို့တွေ ဘာကွာလဲဆိုတော့ သူတို့တွေဟာ Dr Eric Yang လို ကိုယ်တိုင်ကြိုးစားပြီး အောင်မြင်လာတာမဟုတ်ဘဲ အခြောင်သမားစိတ်၊ ကြီးနိုင်ငယ်ညှင်းစိတ်၊ ပြည်သူကို ရန်သူထင်တဲ့စိတ်နဲ့ ကြီးပျင်းလာလို့ သာတူညီမျှဆိုတာကို မသိနိုင်ဘဲ မိမိတို့ရဲ့ အသာရနေတဲ့ အခွင့်ထူးခံအဆင့်ကို ဒီမိုအစိုးရက မဖျက်နိုင်အောင် ဒီမိုအစိုးရကို တိုက်နေပုံပါ။


Dr Eric Yang ကတော့ အမှန်တရားကို ပြည်သူအများသိအောင် ပြောသွားလို့ကျေးဇူးပါ။ ပညာရှင်ပြောမှ ယုံကြည်လိုသူများလဲ ဒီအစိုးရရဲ့ ကိုင်တွယ်ပုံဟာ မိမိမှာရှိတဲ့ အရင်းအမြစ်ထက်စာရင် အများကြီးကောင်းတယ်ဆိုတာ သိလာမှာပါ။


သူနဲ့ အစိုးရကို အပုတ်ချတဲ့ စစ်ဆေးတွေက ကောင်းကင်က လမင်းကြီးနဲ့ လမင်းကိုဟောင်တဲ့ ခွေးတွေလို ကွာနေပါတယ်။

1,237 views2 comments

2 Comments


Myint Soe Oo
Myint Soe Oo
May 28, 2020

ဦးမြတ်! ငြင်းပယ် မျက်ကွယ်ပြု မရသော ဖြစ်ရပ်မှန်ဖြစ်စဥ် သာဓကများ သံဝေဂယူစရာအဖြစ် အတိတ်ကာလမှာ အတိအကျ ရပ်တည်ဖြစ်ပေါ်မှုများ ရှိခဲ့ပါသည်။


ဒေဝဒတ်သည် ဗုဒ္ဓဘုရားရှင်ကိုပြိုင် ဘုရားရှင်ကို အနိုင်ယူ ဘုရားတစ်ဆူ အသစ် ဖြစ်ချင်ခဲ့ဖူးပါသည်။ မစွမ်းသာ၍ အခြံအရံ တပည့်ရှာရာ အဇာတသတ်ကို ရှာတွေ့ခဲ့၏။ အဇာတသတ်ကလည်း ဘုရင်ဖြစ်ချင်သူ။ တူရာ တူရာစု မကောင်းမှုပြုကြလေသောအခါ

အဇာတသတ် အပေါင်းမှား ဆရာကောင်း မရလေသောကြောင့် ?

ဒေဝဒတ်မှာလည်း တပည့်ဘုရင်ဖြစ်ရေး အားပေးခွန်စိုက်မှသာ အဇာတသတ်အားကိုး ဘုရားဖြစ်ရိုး အမျှော်အတွေးကြောင့်? ။


ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝက ပညာအရာ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ အလျောင်းအလျဖြစ်သူ ဥပတိဿဘဝမှာ သူ့ခေတ်သူ့ခါ နာမည်ကြီး သိဥ္စည်းဆရာကြီးတစ်ဦးထံ တပည့်အဖြစ်ခံယူ ဘဝသံသရာလွတ်ကြောင်းများကို ဆရာအားကိုးဖြင့် ရှာဖွေသော်လည်းမတွေ့။ အရှင်အဿဇိ ရဟန္တာမြတ်ကြီးနှင့် တွေ့ဆုံမှုမှ နည်းမှန်ရှာတွေ့ ဗုဒ္ဓဘုရားရှင်၏ တပည့်သာဝကအစစ်အဖြစ် ခံယူခဲ့တော်မူခဲ့ပါသည်။ ဆရာ့ကျေးဇူး မမေ့သူ ဥပတိဿတဖြစ်လဲ ရှင်သာရိပုတ္တရာအရှင်မြတ်သည် ဆရာဟောင်း သိဥ္စည်းဆရာကြီးထံသွားရောက်၍ နည်းလမ်းမှန်ဖြင့် သံသရာလွတ်လမ်းညွန်ပြပေးတော်မူတတ်သော ဂေါတမဗုဒ္ဓဘုရားရှင်ထံ နည်းနာခံတပည့်အဖြစ် ခံယူကျင့်သုံးရာ ပြောဆိုငြားလည်း အယူလွဲသည့် သိဥ္စည်းဆရာကြီးမှာ မာန်မာနကို မချ ဥပတိဿ (ရှင်သာရိပုတ္တရာ လောင်းလျာ) အား ပြောဆိုလိုက်သည်မှာကား ~~~~~~~~

အိုးစရည်းရာဝင်အိုး( ရေမြောက်များစွာ ထည့်ဝင်လက်ခံနိုင်သောအိုး) မှ လက်ဆွဲလက်ငင်အိုး(ရေဆွဲသယ်ယူရာမှာ အသုံးပြုသော အိုးသေးအိုးငယ် ) အဖြစ် မဖြစ်နိုင်မလုပ်နိုင်ကြောင်း ။ လူလိမ္မာများ

(ကောင်းကျိုးအစဥ်ကို စဥ်းစားမျှော်မြင် ဉာဏ်ယှဥ် တွေးတောကြံစည်တတ်သူ) ကတော့ ထွက်သွားကြတဲ့အခါ ( ဉာဏ်ရည်နိမ့်ပါး) လူမိုက်များ များစွာကတော့ ငါ့ဆီ (သိဥ္စည်းဆရာကြီးထံ)မှာ ကျန်ရစ်နေပေလိမ့်မည် ဟု ~~~~


ဗုဒ္ဓဘုရားရှင်မှ တပည့်သာဝကအပေါင်းတို့အား ရင်လွယ်သားသို့

သနားကရုဏာ ထားရှိတော်မူသဖြင့် အဆုံးအမတစ်ရပ် ထားရှိတော်မူခဲ့ပါသည်။

#ယထာဘူတံ ဉာဏံယ. သတ္ထာ…


Like

naynanmyint629395
naynanmyint629395
May 28, 2020

ဒီဆောင်းပါး မှာ

နောက် ဆံ ုး စာကြောင်း

လေး က အသက် အဝင် ဆံ ုး


Like
bottom of page