Unicode version
Facebook ပေါ်ကဒီမိုအကောင့်များအတွက်
Facebook ပေါ်မှာလူမျိုးရေး၊ဘာသာရေးအမုန်းတရားပြောသူများထက်ဒီမိုအကောင့်များအဖျက်ခံရတာကိုထူးခြားစွာတွေ့ရပါတယ်။ဘာဆိုရင်အကောင့်ပျက်လဲ? ပထမအဘကိုဝေဖန်သည့်အကောင့်များဖြစ်ပြီးဒုတိယကဓာတ်ခဲကိုဝေဖန်ရင်ပါ။တတိယကတော့မာမူဘင်္ဂါလီကိုဝေဖန်ရင်ပါ။ဘာကြောင့်လဲလေ့လာကြည့်ပါတယ်။အဖြေကတော့အဘမှာပြည်သူ့ဘဏ္ဍာနဲ့အကောင့်တုများစွာလုပ်ထားပါတယ်။ဓာတ်ခဲမှာလဲအကောင့်တုပေါင်းသောင်းချီရှိပါတယ်။မာမူကတော့မလေးရှားမှာFacebook ကခန့်ထားပါတယ်။ပထမနည်းကရီပို့ထုတာပါ။အဘနဲ့ဓာတ်ခဲမှာအကောင့်တုပေါင်း ထောင်ချီရှိလို့သူတို့ကအမိန်အရရီပို့ထုရင်Facebook ကကွန်ပျူတာArtificial Intelligent ကထအလုပ်လုပ်ပြီးဖြုတ်ချပါတယ်။အဲ့ဒါနဲ့မကျရင်တော့အဘတို့ကအမုန်းတရားမပွားအောင်ဖွဲ့ထားတယ့်cyber police ကိုတိုင်ပြီးအဲ့ဒီကနေFacebook ဌာနကိုရောက်ပြီးသူတို့ရဲ့နာမည်ပျက်စာရင်းထဲထည့်လိုက်ရင်အကောင့်ပျက်သလိုဖွင့်ရင်လဲပြန်ဖျက်ပါတယ်။cyber police ကဝီဝီ့ဗီဒီယိုတင်တာတို့၊တိုင်းပြည်မှာလူမျိုးရေးဘာသာရေးဖြစ်အောင်အော်တာတို့ဘယ်တော့မှမပိတ်ပါ။နောက်မာမူတို့ကတော့ဇူကာရက်နဲ့ပိုင်လို့အဘကိုပြန်ပိတ်ပါတယ်။
ဒီမိုတွေကအဘနဲ့ဓာတ်ခဲလိုဗဟိုချုပ်ကိုင်တယ့်အကောင့်တုမရှိလို့သူတို့လိုရီပို့စ်ထုရခက်ပါတယ်။အတော်ညီမှသာထုရမှာပါ။
ဒါကြောင့်စာရေးသူကwebsite ကနေရေးတယ့်နည်းဗျူဟာကိုသာသုံးပါတော့တယ်။ဒါကပိုက်ဆံကုန်သလိုနည်းပညာလိုပေမယ့်အဘဖော်တဲ့ဆေးနဲ့အဘကိုပြန်တိုက်တာပါ။စာရေးသူရဲ့ပင်မစာမျက်နှာကိုစာဖတ်သူများကရှယ်ရင်သူတို့ရဲ့ရီပို့စ်ရန်ကလွတ်သလိုရှယ်သူကိုလဲတရားစွဲမရတော့ပါ။နောက်လိုက်၅၀၀လောက်ကရှယ်ရင်တောင်သူတို့ဒုက္ခရောက်ပြီးဒီမိုတွေကိုနှိမ်နင်းမရတော့ပါ။နောက်စာရေးသူရဲ့စာမျက်နှာမှာစာရင်းသွင်းထားသူထံတင်သမျှတိုက်ရိုက်ပို့နိုင်လို့Facebook ပေါ်မမူတည်တော့ပါ။ဒီလို၂၀၂၀မတိုင်ခင်လုပ်နိုင်လိုက်တာဟာပြင်ဆင်ချိန်ရလိုက်တယ်လို့သာသဘောထားပါတယ်။
Comments