top of page
Search
Writer's pictureMyat Tun Oo

Gen Lee များ အလိုတော်ရိများနှင့် ထိပ်တိုက်တွေ့ခြင်း


စာရေးသူဟာ လက်နက်ကိုင်ဆန့်ကျင်ရတဲ့ ဝါဒကို မကြိုက်ခဲ့ပါ။ ဒါ့ကြောင့် DASSK ရဲ့ လက်စားမချေမူဝါဒနောက်ကို လိုက်ခဲ့ပါတယ်။ မိမိတိုင်းပြည်ကို ဆီးရီးယားလို မဖြစ်စေချင်ခဲ့ပါ။ ဒါ့ကြောင့်လဲ သူမပါတီရဲ့ မူဝါဒအတိုင်း လော်ခဲ့ပါတယ်။ မြန်မာပြည်ကို ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီကို အသွင်ကူးပြောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ တခါတလေမှာလဲ အာဏာသိမ်းရင် ဘယ်လိုပြင်ထားသင့်ကြောင်းလဲ အကြံပေးစာလေးတွေ ရေးလေ့ရှိပါတယ်။ စာဖတ်သူများ ဖတ်မိ မှတ်မိမှာပါ။ ဒါတွေဟာဖေဖော်ဝါရီ ၁ ရက်မှာ ပြီးသွားခဲ့ပါပြီ။


ပထမက မအလအာဏာသိမ်းဖို့ ကြံချိန်မှာ ရန်ကုန်ကနေ လူစုပြီး ခံချဖို့ပါ။ အားလုံးသတိထားမိသလားတော့မသိ အာဇာဘာဂျန်နဲ့ အာမီးနီးယား စစ်ဖြစ်တော့ အာမီးနီးယားက စစ်ရှုံးလို့ သူ့တပ်ချုပ်ကို ဝန်ကြီးချုပ်က ထုတ်ပါတယ်။ ဒါကို အာမီးနီးယားစစ်တပ်အထက်ပိုင်းကလူတွေက အာခံဖို့ကြိုးစားပါတယ်။ ဝန်ကြီးချုပ်က သူ့ကို တပ်က အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုပြီး ဖေဖော်ဝါရီ ၂၅မှာ မြို့ထဲမှာ လူစုပြီး သူ့ကိုဝိုင်းလိုက်လို့ အာဏာသိမ်းမရလိုက်ပါ။ တပ်ကပစ်ရင်တော့ လူတွေသေနိုင်ပါတယ်။ အမေစုက သူ့အာဏာအတွက် လူတွေကို ချမနင်းချင်လို့နေမှာပါ။


မြန်မပြည်မှာ ဖက်ဆစ်တပ်က အာဏာသိမ်းပါပြီ။ Gen Lee တွေက ဆန္ဒထွက်ပြရင် သူတို့အကွက်ထဲဝင်မယ်ဆိုပြီး လုပ်ကြပြန်ပါတယ်။ ဒါကို ဘထိန်နဲ့ ကိုမင်းကိုနိုင်တို့က ဦးဆောင်မှုပေးပြီး Gen Z တွေကလမ်းပေါ်ထွက်လာလို့ အောင်မြင်သွားခဲ့တာပါ။ နောက်စစ်တပ်ကို ပြန်မလုပ်နဲ့ ပစ်လိမ့်မယ်တွေ လာပြန်ပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ ဆန္ဒပြသူရော အိမ်ထဲနေသူပါ အကုန်ပစ်တာပါ။ ယခုလဲ သံပုံးတီးတာတောင် ပစ်နေတာပါဘဲ။ နောက်ခံမချနဲ့ စစ်ဥပဒေလာလိမ့်မယ်ဆိုတဲ့ ဂျင်းကလဲ ရှိပြန်ပါတယ်။ မအလသူခိုး အာဏာသိမ်းကထဲက စစ်ဥပဒေပါဘဲ။ သူ့မှာဥပဒေပြုအာဏာရှိပြီးသားပါ။ နောက်ပိုင်း လှိုင်သာယာက စစ်အုပ်ချုပ်ရေးကြေညာပြီး ပစ်ခဲ့သလို မုံရွာမှာ စစ်အုပ်ချုပ်ရေးမရှိလဲ ပစ်တာပါဘဲ။ သူ့အာဏာအတွက် မလုပ်ရဲတာ ဘာမှမရှိပါဘူး။


ယခုလက်နက်ကိုင်တဲ့ကိစ္စရှင်းပါ့မယ်။ မအလဖက်တစ်တပ်ကို တော်လှန်ရာမှာ လက်နက်သင်တန်းတက်နေတဲ့ Gen Z၊ မြို့ရွာတွေက သေနတ်ကိုင်တတ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ကိုယ်ထမင်းကိုယ်စား ဒန်ပေါက်ကျွေးနေသူတွေရှိပါတယ်။ ဒီနေရာမှာ လူအချို့က Gen Z နဲ့ ဖုန်းပြောကြောင်း Gen Z က သူတို့မလာသေးကြောင်း ဗုံးဖောက်မီးရှို့တာဟာ မအလလက်ချက်ဖြစ်ကြောင်းရေးထားပြီး သူက အဆုံးသတ်မှာ မအလအကွက်ထဲ မဝင်ဖို့ ဗုံးမခွဲ မီးမရှို့သင့်ကြောင်း ကောက်ချက်စွဲသွားတာပါ။


ယခင်က စာရေးသူမပြောလို မရေးလိုပေမယ့် ယခုရေးပါ့မယ်။ ပြည်သူ့ကာကွယ်ရေးတပ်ကိစ္စကတော့ရှင်းနေလို့ သူတို့က ဂျင်းထည့်လို့မရပါ။ PDF က နေရာတိုင်းမှာ တပ်ကိုတိုက်လို့ တပ်ရင်းမှူးအဆင့်အထိ သေနေတာပါ။ ဒါ့ကြောင့် တိုင်းမှူးကိုယ်တိုင် ကွပ်ကဲနေရတဲ့ အဆင့်ပါ။


Gen Z တွေ နယ်စပ်ထွက်တာပစ်ပြီးမှ အများစုပါ။ အစောဆုံး ဖေဖော်ဝါရီလကုန်ပေါ့။ စစ်ပညာအခြေခံသင်ရင်တောင် သုံးလကြာပါတယ်။ သူတို့ အစောဆုံးသင်တန်းဆင်းမှာက မေလကုန်မှပါ။ ဒါကို အဆိုပါစာရေးသူက ဗုံးဖောက်တာကို Gen Z လာမှဖောက်တတ်တယ်ဆိုတာက ပထမဂျင်းပါ။ သူဗုံဖောက်ခြင်း အနုပညာကို မသိတာလဲ ပါပါလိမ့်မယ်။

ဒါဆို ဘယ်သူဖောက်လဲ ဘယ်သူမီးရှို့လဲ? အချို့ကိစ္စတွေမှာ တပ်ရဲ့စရဖက လုပ်ပါတယ်။ ဥပမာ NLD ရုံး NLD ထောက်ခံသူနဲ့ ဆရာဇော်ဝေစိုးအိမ် မီးရှို့တာမျိုးပေါ့။ အခြားအုပ်ကြီးရုံး မီးရှို့တာ တပ်ပိုင်ကိစ္စအချို့ကတော့ သူတို့သေရင် အခြားလူပေါ့။ သူတို့ဘယ်က နည်းပညာရတယ် ဘာနဲ့လုပ်တယ်ဆိုတာ စာရေးသူ သိပေမယ့် မတင်ပါ။ ထင်ချင်ရာထင်ပါ။ ဒီနေရာမှာ အချို့သီအိုရီက ခင်ညွန့်လက်ထက်ကလို လူတွေက ဆူလို့မီးရှို့လို့ဆိုတဲ့ အကွက်မျိုးလဲ ဘီဘီစီမှာ အမည်မဖော်လိုသူ ၈၈ က ပြောသွားပါသေးတယ်။ ခင်ညွန့်လက်ထက်က သူအာဏာသိမ်းချင်လို့ လုပ်တာဖြစ်ပြီး ယခုက အာဏာသိမ်းပြီးသွားပါပြီ။ ယခုလို မတည်မငြိမ်ဖြစ်လို့ အာဆီယံဝင်မရဆိုသူများကိုလဲ အာဆီယံဝင်လဲ ဘာမှလုပ်မရပါလို့ ကြိုပြောထားပါရစေ။ ယခုလို မတည်ငြိမ်ဖြစ်ပြီး ဗုံးတွေပေါက်နေရင် မီးတွေလောင်နေရင်အာဏာသိမ်းထားသူက သူသာဖြစ်လို့ သူလုံခြုံရေးညံ့တာပါ။ နောက်ယခုလို မတည်ငြိမ်ရင် တရုတ်နိုင်ငံရော စင်ကာပူပါ ရင်းနှီးမြုပ်နှံ ဖို့ စဉ်းစားလာရမှာပါ။ ဒါတွေက သူများကို စီးပွါးရေးပိတ်ဆို့ပါလို့မပြောဘဲနဲ့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုပြီးလုပ်နိုင်တာပါ။

အကျဉ်းချုပ်ရရင် ဗုံးက မအလဖက်ဆစ်တပ်က ထောင်တာလဲရှိသလို ဒီမိုသူရဲကောင်းတွေက လုပ်နေတာလဲရှိပါတယ်။ မီးရှို့တာလဲ ထို့အတူပါဘဲ။ အချို့ကလဲ မအလဖက်ဆစ်တပ်ကို သွားမလုပ်နဲ့ သူကအကြမ်းဖက်တုန့်ပြန်လိမ့်မယ်ဆိုပြီး တွေးကြောက်သူများလဲ ရှိကြပါတယ်။ စဉ်းစားရမှာက မိမိသမီးကို မုဒိန်းကျင့်ဖို့ ကြိုးစားနေရင် မိမိကသူအကြမ်းဖက်မှာကြောက်လို့ ငြိမ်ခံမလားဆိုတာပါ။


မကူညီရင်နေပါ မနှောက်ယှက်ပါနဲ့လို့သာ Gen Lee များကို ထပ်ပြောပါရစေ။ ဆန္ဒပြလိုသူက ဆက်ပြပါ။ CDM လုပ်လိုသူက ဆက်လုပ်ပါ။ ဒန်ပေါက်ကျွေးလိုသူက ဆက်ကျွေးပါ။ မအလကို ဖြုတ်ချလိုသူက ဆက်ကြံစီပါ။ စစ်ပညာသင်လိုသူက ဆက်သင်ပါ။ အလှူငွေထည့်လိုသူက ထည့်ပါ။ ဘေးထိုင်ဘုပြောပြီးတော့ သူ့အကွက်ထဲ ဝင်သွားမယ် မလုပ်ပါနဲ့။ ယခုက ၂၀၂၁ ပါ။ ၁၉၈၈ မဟုတ်တော့ပါ။ တမူး၊ ကနီး၊ ယင်းမာပင်၊ မင်းတပ်၊ ဟားခါးတို့ကို လေ့လာပါလို့သာ ပြောပါရစေ။ ကမ္ဘာကြီးက ပြောင်းလဲခဲ့ပါပြီ။ နောက်ဆုံးက ပြည်သူသာ အဓိကဖြစ်ပြီး ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။


News Source : BBC Burmese

72 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 Comment


Myint Soe Oo
Myint Soe Oo
May 08, 2021

ဦးမြတ်!! G L ကို မနေ့က ဖွင့်ဆိုခဲ့ရာမှာ gene သန္ဓေဗီဇ ဟု ဖွင့်ဆိုခဲ့ပါသည်။ G L အများစုကို ဆန်းစစ်ကြည့်ပါက ~ရဲဘော် သံချေးတက်များ၊ ~ဖွတ် မျိုးဖွတ်နွယ် ဖွတ်ငယ်ငယ်တွေ ၊ ~အရိုးကို ခြံစည်းရိုးထိုးပြီး အမျိုးချစ်သူများကို တွေ့ရပါသည်။ သူတို့ ဗီဇကိုကြည့်ရင်**အမှောင်ခို ၊လုံ့လ မစိုက်၊ အချောင်ကြိုက်ကြသူချည်းများ**ဖြစ်ကြပါသည်။

ခုခါက ပြည် မသိ ဗာရာဏသီ ၊ မင်း မသိ ဗြဟ္မဒတ် ဟူသော အမှောင်စနစ်နှင့်သွားသော ကြောင်တောင်တောင် ကြောက်ခေတ် မဟုတ်တော့။

ရှေ့က ဖုံး ၊ နောက်က ပေါ်။ အလင်းခေတ်။ အရှေ့ခြမ်းမှာ မီးတောက်တာ အနောက်ခြမ်းက

အတိုင်းသား မြင်ရသည့် ခေတ်။သို့ပါ၍ မင်း မသိ ဗြဟ္မဒတ်မဟုတ်ပဲ၊ မင်း ဟာ**နရသူ**ဆိုတာ သိ နေကြရာသောခေတ်။ နရသူ ဆိုသည်နှင့် ရက်စက်ကြမ်းကြုတ်မှုနှင့်တည်သော **ဓမ္မရံကြီးပုထိုးဘုရား**ကိုပါ တဲွဲမြင်ကြသော ခေတ်ဖြစ်ပါသည်။

G L တချို့က NUG & CRPH ကို အွန်လိုင်းအစိုးရဟူ၍ ပြောကြပါသည်။ MRTV & MWD စကစ ထက် လူကြိုက်များ ယုံစားမှုရထားတာကို မျက်ကွယ်ပြု ညင်းဆိုမှုပြုနေငြား ဂျင်းဗီဇအရ ကြောက်စိတ်နှင့် ကြောက်ကန် ကန် ၊ ခံ ပြောနေခြင်းမျှသာဟူ၍ မြင်မိပါသည်။

G L နှင့် စကစ အဖြစ်သည် ငယ်စဥ်က အလှူလှည့်ပွဲများတွင် ကြည့်ရသည့် နှစ်ကိုယ့်တစိတ်အက ကဲ့သို့ပါ။ အသွင်အရုပ် နှစ်ခု ရှိငြား တကယ်က တစိတ်တဝမ်းတည်းပါ။

ဦးရွှေရိုးနှင့် ဒေါ်မိုးအက ကသလို ကပြသမျှသည် ဟာသအနေဖြင့် ဖျော်ဖြေမှုအတွက်သာ ဖြစ်နေပါတော့သည်။

ခုခါ G L တွေ ပိုကြောက်နေပါသည်။…

Like
bottom of page