top of page
Search

ICJ က မအလကိုခေါ်တာကောင်းလား?

Writer: Myat Tun OoMyat Tun Oo

အချို့က မအလအဖွဲ့ ICJ မှာ ရှင်းခွင့်ရတာကို သူ့ကိုများအသိအမှတ်ပြုလို့လားဆိုပြီး ရင်ခုန်နေကြပါတယ်။ အားလုံးသိတဲ့အတိုင်း ရိုဟင်ဂျာကိစ္စဟာ မအလက DASSK ကို သိက္ခာချရအောင် ANP နဲ့ပေါင်းလုပ်ခဲ့တဲ့ကိစ္စပါ။ ANP က အစည်းအဝေးတက်ခဲ့တဲ့ အေးမောင်တို့ အေးနုစိန်တို့ ယခုအချိန်ဘာလုပ်နေလဲ အားလုံးသိမှာပါ။ AA က တောင် ရိုဟင်ဂျာတွေကို မအလက ပြစ်မှုကျူးလွန်တဲ့ အထောက်အထားတွေကို ပို့ထားပါသေးတယ်။ ရိုဟင်ဂျာတွေကိုသတ်၊ရွာတွေကိုမီးရှို့ခဲ့တာ စာရေးသူတို့ ယခုအချိန်မှာ မအလရဲ့အမိန့်နဲ့ သူ့တပ်ကလုပ်တယ်ဆိုတာ ထင်ရှားသွားခဲ့ပါပြီ။ ယခင်က မအလကို သံသယအကျိုးခံစားခွင့်ပေးခဲ့တဲ့ စာရေးသူတို့တောင် စစ်ကိုင်းကရွာတွေ၊ ချင်းကရွာတွေကို မီးရှို့တာတွေ့အပြီးမှာ မအလကလုပ်တယ်ဆိုတာ ယုံသွားခဲ့ပါပြီ။ ဒါကြောင့်တရားခံက မအလပါ။

ယခု ICJ မှာ မအလက လာအစစ်ခံရတာက သူကျူးလွန်ထားတဲ့ပြစ်မှုကို သူလာရှင်းရတာပါ။ ဒါကတရားမမှုသဘောမျိုးပါ။ ICJ ကိစ္စမှာ NUG က ခွချက်ပါ။ ဘာမှအရှုံးမရှိပါဘူး။ NUG က ICJ မှာရှင်းလို့ရရင်လဲ မအလပြစ်မှူကျူးလွန်နေတာကို ပြောခွင့်ရမှာဖြစ်သလို NUG က မရှင်းရလဲ မအလကကိုယ်ကျူးလွန်ထားတဲ့ပြစ်မှုကို သူ့ဖာသာလာရှင်းရလို့ ဟိုက ဘာလုပ်ဆိုပြီး အမိန့်ချရင် သူကလုပ်ရမှာပါ။ လိုက်မလုပ်ရင် သူ့ကို လုံခြုံရေးကောင်စီကို အလွှဲခံရနိုင်ပါတယ်။ ဒီကိစ္စလုံခြုံရေးကောင်စီရောက်ရင် ရုရှားနဲ့ တရုတ်က ဗီတိုလုပ်နိုင်ပေမယ့် သူတို့က မြန်မာပြည်သူနဲ့ မအလကို ရွေးရမှာမဟုတ်ဘဲမြန်မာပြည်သူ OIC နဲ့ မအလကို ရွေးရမှာပါ။

အကျဉ်းချုပ်ရရင် ICJ မှာ ဘယ်သူတက်ရတက်ရ စာရေးသူတို့မှာ အရှုံးမရှိပါ။ မအလအဖွဲ့တက်ရှင်းလဲ ICJ ကိုပြစ်မှုကျူးလွန်ထားသူက လာရှင်းရလို့ တရားမျှတမှု စရလာပြီလို့ ခံစားရပါတယ်။ ပြီးရင်ICC မှာ ဆက်ရှင်းရမှာပါ။ မအလနှင့်အဖွဲ့ အပြုံးမပျက်ဘဲ ICJ နဲ့ ICC ရုံးကို တက်နိုင်ပါစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

3 Comments


Myint Soe Oo
Myint Soe Oo
Feb 20, 2022

ဦးမြတ်!!! ​ရေ​မျောလာတဲ့ အမိှုိက်ဒိုက်ပုံ တမင်ဆယ်ယူ ညစ်လိုမူ၍၊​သောင်း​ပြောင်းဆိုး​ကောင်း ​ကြောင်းကျိုး မသိ။

ထိ​စေချင်သူကို ထိ​လေ​ရော့ဟယ်!!!​စေတနာ အကျိုး၊ တန်ပြန် ဆ အတိုးအ​နေနဲ့ ဒိုက်ပုံထဲက ​မြွေ​ပွေး​မြွေ​ဟောက် ပြန်အ​ပေါက် ခံရမည့် အ​ရေး။ ​စေ့​စေ့​တွေးက ထင်းထင်းကြီး ​ပေါ်လာပါပြီ။

ဇာတ်ဆရာ အလိုကျ အမိှုက်ဒိုက် စုပုံသူကပုံ၊ ​ကိုယ့်​ချောင်းထဲထဲ ဝင်လာဖို့ ​ရေလာ​​အောင် ​မြောင်း​ပေးသူက​ပေး။ကမ်းစပ်မှာ အမိှုိက်ပုံ ကပ်ပါပြီဗျ ​အော်သူက​အော် ။ ​အော်​ခေါ်လို့ အမိှုက်ဒိုက်ပုံ လာရှင်းသူက ရှင်း။

ရှင်းစဥ်က ဟုတ်သလိုလိုပ။ဇာတ်ဆရာ အလိုကျ။ ​စေတနာမမှန် မဖြူစင်လျှင် အကျိုး​ပေးအရာမှာ နစ်နာပါသည်။

​လေးပွင့်ဆိုင် အရှုပ်ထုပ်။ခု​တော့ ပစ္စည်းလက်ဝယ်ရိှသူ တရားခံ။

ငါး သုံး​ကောင် ယိုတဲ့ အီး ၊ ပုဇွန်​ခေါင်း​ပေါ် ကျခဲ့ပ္ပြီ။

ဇာတ်ဆရာလည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်။ ကိုယ့်ရှုးကိုယ်ပတ်မှာ​ကြောက်။

လူတကာ တံ​တွေးခွက်ထဲ ပက်လက်ဖြစ်မည့်အ​ရေးမို့

​ရှေ့တင် တမျိုး၊ ကွယ်ရာ တဖုံ ၊နည်းမျိုးစုံနဲ့ အကူညီ​ပေး။ တပည့်ဖြစ်သူအ​ပေါ် ​ချွေးသိပ်​နေရသည့်အဖြစ်။

တပည့်က အလိုက်ကမ်းဆိုး မသိသမို့ သူလည်းရင်ပူ ၊ သူ့စီးပွား​ရေး နလန်မထူမှာစိုးလို့။ပါးပါးလီှးလွန်းလှ၍ ဓါးရှမှာစိုးရိမ်၊ ​သောက​တွေ ထိန်ထိန်​ဝေလို့။

​နောက်ဆုံးမှာ​တော့

ဘယ်သူမပြု မိမိ အမှု၊

​စေတနာကို ကံ ဟု​ခေါ်ပါသည်။

ဝန်ရုန်းနွား ​ခြေရာ​နောက်

ဝန်တင်လှည်း၏ ဘီးရာ

ထပ်ချပ်မကွာ လိုက်သည်မှာ

နိယမဖြစ်ပါသည်။


Like

Johnny JOE
Johnny JOE
Feb 19, 2022

They would take advantages after they had follow what ICJ has said .and so on....

Like

kmnyo2
Feb 19, 2022

တရားခံ သါ ရင်ဆိုင် ပါစေ ဆရာ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page