In this day and age, more countries are joining the free democratic world .There are some cases similar to the one in Burma like in Thailand and Egypt where the military staged a coup.
In Burma, Senior General Min Aung Hlaing had staged a coup on 1st February 2021. He detained Daw Aung San Suu Kyi who is the de facto leader of Burma(Myanmar) and its President U Win Myint and its chief Ministers including Yangon Chief Minister U Phyo Min Thein.
Who is Senior General Min Aung Hlaing? He is notorious for committing war crimes in Rakhine state against the Rohingya population and caused the exodus of thousands of refugees across the border into Bangladesh. He is accused of crimes against Humanity and is also potentially awaiting a trial at the UN International Criminal Court. Therefore, he is different from other coup leaders. In Iraq, Libya or Sudan, neither Sadam Hussein nor Muammar Gadaffi were not wanted by the International Criminal Court when they staged a coup. Even then, the international community intervened in those countries.
In Burma, the coup leader is one who is wanted by the International Criminal Court. Today, he also cut down the internet lines and is aiming to commit mass killings inside his country and he doesn’t want the world to see it.
The whole world is very vocal and critical for Human Rights abuses in Burma. Now, the man in charge is a mass exterminator and a war criminal. Is the UN going to let Min Aung Hlaing exterminate more people in Burma? We do have a moral responsibility to stop it. There are lessons to learn from Kosovo, Sudan and Rwanda. Today, Burmese people came out to the streets and start protesting against the military coup and many more will come. We need your help. We welcome the UN’s security council statement. Even, NLD parliamentarians asked for help from UN. But the US and UK need to show their leadership and coordinate its effort to blockade Min Aung Hlaing and his army and let them know the world is watching and urged to consider some form of military intervention.
Burma is not like Libya. We do have a fair, democratically elected leader Daw Aung San Suu Kyi and a legitimate government. People will also join the coalition forces. We don’t need any ground forces. This is now or never. We need more help than sanctions. But we can do it.
———————————————————-
ကမ္ဘာကြီးက လူသတ်သမား မင်းအောင်လှိုင်ကို မြန်မာပြည်ခေါင်းဆောင်အဖြစ်ခံမလား?
ယခုခေတ်ကမ္ဘာကြီးမှာ နိုင်ငံအများစုဟာ ဒီမိုနိုင်ငံတွေ ဖြစ်နေကြပါပြီ။ ဒါပေမယ့် မြန်မာပြည်လို စစ်အာဏာသိမ်းတဲ့ အီဂျစ်တို့ ထိုင်းနိုင်ငံတို့တော့ ရှိကြပါတယ်။
မြန်မာပြည်မှာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့သူပုန်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပြီးအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်၊ ဦးဖြိုးမင်းသိမ်းအပါအဝင် တိုင်းဒေသနဲ့ ပည်နယ်ဝန်ကြီးချုပ်တွေကို ဖမ်းဆီးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘယ်သူလဲ? သူဟာ ရခိုင်ပြည်နယ်မှာ စစ်ရာဇဝတ်မှုကျူးလွန်သူရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ထဲ သိန်းချီထွက်ပြေးအောင် ပြုလုပ်သူလို့ နာမည်ဆိုးနဲ့ ကျော်ကြားသူပါ။ သူဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားစွဲခံရဖို့ စောင့်နေရသူပါ။ ဒါကြောင့်မိုလို့သူဟာ ကမ္ဘာပေါ်က အခြားအာဏာသိမ်းခေါင်းဆောင်တွေနဲ့ ကွာခြားပါတယ်။ လစ်ဗျား၊ဆူဒန်နဲ့ အီရတ်တို့မှာ အာဏာသိမ်းချိန်ကတောင် ဆဒန်ဟူစိန်နဲ့ ကဒါဖီတို့ဟာ နိုင်ငံတကာခုံရုံးမှာ တရားစွဲခံထားရတဲ့ သံသယတရားခံများ မဟုတ်ခဲ့ပါ။ ဒါတောင် နောက်ပိုင်းမှာ ယဉ်ကျေးသောအနောက်နိုင်ငံများက စစ်ရေးအရ ဝင်စွက်ခဲ့ကြပါတယ်။
ယခုမြန်မာပြည်က အာဏာသိမ်းခေါင်းဆောင်ဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အလိုရှိနေတဲ့ သံသယတရားခံပါ။ သူဟာ ဒီနေ့မှာဘဲ အင်တာနက်လိုင်းတွေကို ဖြတ်လိုက်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ဖို့နဲ့ သူရာဇဝတ်မှုကျုးလွန်တာကို ကမ္ဘာကြီးက မမြင်နိုင်အောင် ပြင်နေပါပြီ။
ကမ္ဘာ့နိုင်ငံများဟာ မြန်မာပြည်က လူ့အခွင့်အရေးတွေအတွက် ယခင်က စိတ်ပူခဲ့ကြပါတယ်။ ယခုအဆိုပါလူ့အခွင့်အရေးချိုးဖောက်သူ လူမျိုးတုန်းသတ်ဖြတ်သူက စစ်ရာဇဝတ်ကောင်က မြန်မာပြည်မှာ လူတွေအများကြီး ထပ်သတ်မှာကို လက်ပိုက်ကြည့်နေသင့်ပါသလား? ကျွန်တော်တို့အားလုံးမှာစိတ်ဓာတ်ရေးရာအရ အဆိုပါကိစ္စမျိုးတွေမဖြစ်အောင် တားဆီးဖို့ တာဝန်ရှိကြပါတယ်။ ဆူဒန်၊ ရိုဝန်ဒါနဲ့ ကိုဆိုဗိုက သင်ခန်းစာတွေကို ယူသင့်ပါတယ်။
ဒီနေ့မှာ မြန်မာပြည်သူတွေက လမ်းပေါ်ထွက်ဆန္ဒပြပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပြခဲ့ကြပြီးပါပြီ။ လူတွေအများကြီး ထပ်ထွက်လာပါအုံးမယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သင်တို့ရဲ့အကူအညီလိုပါတယ်။ ကုလလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်တာကိုလဲ ကြိုဆိုပါတယ်။အာဏာရ NLD ပါတီက အမတ်များကလဲ ကုလရဲ့ အကူအညီကို တောင်းခံထားပါတယ်။ ဒါပေမယ့်အမေရိကန်နဲ့ ယူကေနိုင်ငံက ဦးဆောင်မှုပေးပြီး မင်းအောင်လှိုင်ရဲ့တပ်ကို စောင့်ကြည့်ပိတ်ဆို့တာတွေစစ်ရေးအရ တစ်နည်းတစ်ဖုံနဲ့ ဝင်ရောက်စွက်ဖက်ပေးဖို့ တောင်းဆိုလိုပါတယ်။
မြန်မာပြည်ဟာ လစ်ဗျားလိုမဟုတ်ဘဲ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ တရားဝင်ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရှိပြီး ပြည်သူတွေကလဲ ညွန့်ပေါင်းတပ်နဲ့ ပူးပေါင်းလှုပ်ရှားနိုင်ပါတယ်။ကျွန်တော်တို့ မြေပြင်တပ်တွေ မလိုပါဘူး။ ယခုအချိန်မှာ အာဏာရှင်ကို မဆန့်ကျင်းင် တစ်သက်လုံးသူ့ကျွန်ဖြစ်ကြရမှာပါ။ ကျွန်တော်တို့ဟာ စီးပွါးရေးပိတ်တာထက် အနည်းငယ်ပိုပြီးတော့ အကူအညီလိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အာဏာရှင်ကို တွန်းလှန်နိုင်ပါတယ်။ ပြည်သူသာ အဓိကပါ။
Opmerkingen