ဒီကိုဗစ်ကာလမှာ အားလုံးပြောကြတာက Lockdown လုပ်လိုက်ပါလားဆိုတာပါ။ ဒီ Lockdown ဟာတရုတ်ပြည်၊ အိန္ဒိယ၊ ဥရောပမှသည် အမေရိကန်အထိ လုပ်ခဲ့ကြတာပါ။ အောင်မြင်တာရှိသလို မအောင်မြင်တာလဲ ရှိခဲ့ပါတယ်။ တစ်နိုင်ငံခြင်းကို လေ့လာကြည့်ရအောင်။
တရုတ်ပြည်ဟာ ကွန်မြူနစ်နိုင်ငံပါ။ အာဏာရှင်စနစ်ပေါ့။ ပထမပိုင်းမှာ ကိုဗစ်ဖြစ်တာကိုအာဏာရှင်စနစ်အတိုင်း ပြောသူတွေကို လိုက်ဖမ်းပြီး ဖုံးဖိဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဗဟိုကသိသွားပြီး ဝူဟန်မြို့ကို Lockdown ချ၊ ပြည်နယ်ကို အခြားဒေသတွေနဲ့ ကုန်းလမ်း၊ လေလမ်း ရထားလမ်း အကုန်ဖြတ်ခဲ့ပါတယ်။ သူက တရုတ်နိုင်ငံကနေ နိုင်ငံခြားကိုသွားတဲ့ လေကြောင်းလိုင်းတွေကိုတော့ မပိတ်ခဲ့ပါ။ တရုတ်မှာက ကွန်မြူနစ်ပါတီကပိတ်ဆို ပိတ်ရပါတယ်။ အိမ်မှာ ရောဂါဖြစ်သူနဲ့ ထိတွေ့သူဆို လာဖမ်းသွားတာပါ။ အပြင်မထွက်ရဆိုတာကို အိမ်အပြင်ကနေ တံခါးသော့ခတ်ပိတ်တာတွေ လုပ်ပါတယ်။ တရုတ်ပြည်ကလူတွေ လက်ကိုင်ဖုန်းကနေ လက်မှတ်ဝယ်တာတွေကို ဖြတ်လိုက်ပါတယ်။ အပြင်ထွက်တာကိုလဲ စောင့်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် နှစ်ပတ်ကျော် သုံးပတ်အကြာမှာ ပိုးတွေ့နှုန်းကျလာခဲ့ပါတယ်။
အိန္ဒိယက ဒီမိုနိုင်ငံပါ။ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ တိုက်ရိုက်အရွေးခံရပြီး အမေရိကန်လောက်မဟုတ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပါတယ်။ သူလဲ တရုတ်နိုင်ငံလို ပါးစပ်ကနေ အမိန့်ထုတ်လို့မရပါ။ ဗဟိုက မိုဒီကအမိန့်ထုတ်ရင်လဲ ပြည်နယ်တွေက လိုက်လုပ်ချင်မှ လုပ်ပါတယ်။ သူကလဲLockdown လိုက်လုပ်ပါတယ်။ ဒါပေမယ့် လူတွေက နယ်ပြန်သွားတာ ဒဏ်ပေးပေမယ့် မလိုက်နာတာနဲ့လူနာတွေကို အနောက်နိုင်ငံမှာလို မသေမချင်း အိမ်မှာထားပြီး ရောဂါဆိုးမှ လာခိုင်းခဲ့ပါတယ်။ သူ့ရဲ့လူနေထိုင်မှုစနစ်က အနောက်နိုင်ငံမဟုတ်တာကြောင့် ရောဂါကူးမှု သေဆုံးမှုဟာ များသွားခဲ့ပြီး အမေရိကန်ပြီးရင် ဒုတိယလိုက်နေပါတယ်။ သူက Lockdown ကိုလဲ မလုပ်နိုင်တော့ဘဲ ဖြစ်ဖြစ်သေသေဆိုပြီး ဖွင့်ကစားနေရပါတယ်။
နောက်နိုင်ငံတစ်ခု မလေးရှားပါ။ သူကဒီမိုနိုင်ငံဖြစ်ပြီး ဘုရင်က အလှည့်ကျအုပ်ချုပ်တာပါ။ ပြည်နယ်တွေကလဲ ဖယ်ဒရယ်နီးပါး လွတ်လပ်ပါတယ်။ သူလဲ Lockdown ကို တင်းတင်းကျပ်ကျပ်လုပ်လို့အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ ဒါပေမယ့် သူ့ပြည်နယ်ထဲကို အင်ဒိုးနီးရှားက တရားမဝင် ဝင်လာတာကို မထိန်းနိုင်လို့ သူကဖြစ်မြဲ ဖြစ်ဆဲပါ။ မရပ်သွားခဲ့ပါ။
အနောက်ဥရောပ ယူကေ၊ ပြင်သစ်၊ အီတလီနဲ့ စပိန်တို့ဟာ ဒီမိုနိုင်ငံတွေဖြစ်လို့ Lockdown ကို ပါးစပ်ကထကြေညာလို့ မရပါ။ ပါလီမန်တင် ဥပဒေပြနဲ့ အချိန်ကြာခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ ရောဂါကိုထိန်းဖို့ Lockdown ကြေညာချိန်ကနေ ပိုးတွေ့တာ နည်းသွားတဲ့အထိ နှစ်လ လောက်ကြာခဲ့ပါတယ်။ ပြင်သစ်မှာ နှစ်လ Lockdown အတွက် ယူရို ၁၂၀ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ ယူကေက ကိုဗစ်အတွက်တစ်နှစ်လုံးမှာ အနည်းဆုံး ပေါင် ၂၆၃ ဘီလီယံ ကုန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အီတလီကတော့Lockdown အတွင်းမှာ ယူရို ၁၀ ဘီလီယံသုံးစွဲခဲ့ပြီး စပိန်က ယူရို ၈.၁ ဘီလီယံပါ။ ယခုအဆိုပါနိုင်ငံတွေမှာ ဒုတိယလှိုင်းက ပြန်စနေပါပြီ။
အကျဉ်းချုပ်ရရင် ဒီမိုနိုင်ငံတွေမှာက ဒီမိုစနစ်အရ Lockdown လုပ်ရတာ ခက်ပါတယ်။ ပိုက်ဆံကုန်ပါတယ်။ ဂျာမနီမှာတောင် ဆန္ဒပြတာတွေဘာတွေ စလုပ်နေပါပြီ။ အမေရိကန်ကတော့ ဖွင့်ကစားနေရပုံပါ။ သူက ပြည်နယ်တစ်ခုနဲ့တစ်ခု ကွာပါတယ်။
စာရေးသူတို့ မြန်မာပြည်က ဆင်းရဲသားတွေများပါတယ်။ ရန်ကုန်မှာက ၇ သန်းလောက်နေတာပါ။Lockdown လုပ်ရင် ငတ်နိုင်သလို မလုပ်ပြန်ရင်လဲ ကိုဗစ်ကူးပြီး သေနိုင်ပါတယ်။ ဒီနေရာမှာ စာရေးသူတို့က Lockdown ဘက်က ငြင်းခုံပြောရင်ရသလို စီးပွါးရေးဘက်က ငြင်းခုံပြောလဲ ရနိုင်ပါတယ်။ဝေဖန်ရတာက လွယ်ပါတယ်။ အစိုးရဆိုတာကတော့ နှစ်ဖက်လုံးကတင်လာတဲ့ အချက်အလက်တွေကိုနားထောင်စဉ်းစားပြီး အလယ်အလတ်လမ်းစဉ်နဲ့ ဆုံးဖြတ်ပေးရတာပါ။ အချို့နေရာတွေမှာ စွန့်စားရတာ political Risk ယူရတာတွေ ရှိနိုင်ပါတယ်။ အဲ့ဒါနိုင်ငံရေးပါ။ အချို့ကိစ္စတွေက တိုင်းပြည်ရဲ့ရှေ့ရေးကိုလဲ ကြည့်ရပါသေးတယ်။ Lockdown လုပ်ဖို့အလွယ်ဆုံးက အာဏာရှင်နိုင်ငံတွေမှာပါ။ ဒီမိုနိုင်ငံတွေမှာကတော့ ခက်ခဲနေမှာပါလို့ ပြောပါရစေ။
လောလောဆယ်မှာ ပြည်သူများ ကိုဗစ်ကိုနိုင်ဖို့ လိုက်နာရမှာက
✅ အိမ်ထဲမှာနေပါ
✅ လက်ဆေးပါ
✅ နှာခေါင်းစည်းတပ်ပါ
✅ ဖြစ်နိုင်ရင် ၆ ပေလောက် ခပ်ခွါခွါနေပါလို့သာ ထပ်ခါထပ်ခါ ပြောပါရစေ။
✅ ဖျားရင် အနံ့ပျောက်ရင် ချက်ခြင်း သတင်းပို့ပါ။
✅ သင့်ကြောင့် ကိုဗစ် မကူးပါစေနဲ့
Data Credit: Euro News, BBC, FT, France 24
ဦးမြတ်! စက်ရုံအလုပ်ရုံများပြန်လည်ဖွင့်သော်လည်း လုပ်သားများ အလုပ်ခွင် မဝင်နိုင်သေး။ပိုစ့်အောက်က ကွန်မန့်မှာ**အမိန့်တွေက ၅ ရက်တခါပြောင်းနေတဲ့ ော က်ရူးတွေ**အမျိုးသမီးတစ်ဦး။နောက်ခံ လိုဂိုက ဗုဒ္ဓဘုရားရှင်အမှတ်အသားနှင့် ဆက်နွယ်ထား၏။ ********************** မဇ္စျိမ ပဋိပဒါ အရွယ်ရောက်ပြီး အသိဉာဏ်ပြည့်သူ ဗုဒ္ဓဘာသာဝင်တိုင်း နှုတ်ကမချသည့် အသုံး။သုံးသာ သုံး နေကြသည်။ သို့သော် ?? ဝဲ ယာ အစွန်းမှ၊ ဖယ်ခွာရှောင်ကြဥ်က အလယ်မှ လျှောက်သောလမ်း။ အစွန်းရောက် လမ်း မဟုတ်။ ကာမအာရုံကို နှစ်သက်စွဲလန်းမှုချည်းဘက်သို့ တိမ်း သည့် လမ်း မဟုတ်။ မခံစားပဲ၊ အဓမ္မ ချိုးခြံ ချွေတာသော နှိပ်စက်သည့် လမ်းသို့လည်း မယိမ်း။ ***ကာလ ၊ ဒေသ ၊ ပယောဂ အပေါ်မူတည်၍ လိုက်လျောညီထွေမှုနှင့်အတူ လျှောက်သော လမ်း။(ပညာဉာဏ် အမျှော်အမြင်ရှိသူတို့သာ ကျင့်သုံးသောမူ ၊ အယူ။) %%%%%%%%%%%% ဒုတိယလှိုင်း လာနိုင်သေးကြောင်း၊ မပေါ့ဆကြပါနဲ့ ဟု ဒေါက်ထွေး ကျန်းဝန်ပြောကြားခဲ့တုန်းက မလေးစားပဲ ဟ ဟ ဟ တွေတောင်လုပ်လိုက်ကြသေး။ ကေတီဗီတွေ ပိတ်သိမ်းညွုန်ကြားချက်ထုတ်ထားသော်လည်း မပိတ်သည့်အပြင် ကေတီဘိ တွေမှာ၊ တရုန်းရုန်း။ တာဝန်သိလို့ တာဝန်ရှိသူတွေက (သည်အရေးတွေ ကြိုမြင်၍ ကာလ ဒေသ ပယောဂနှင့်အညီ)ညွန်ကြားထားသော်လည်း မမြင်သလို၊ မဆိုင်သလို ၊ မသိသလို **မျက်နှာလွှဲနေခဲ့ပြီးပါမှ**ဖြစ်လာတော့မှ အစိုးရဘာလုပ်နေတုန်း ဝိုင်း၍#ခဲနဲ့ထုကြပါသည်#။ အလားတူ ရခိုင်ပြန်များ သတင်းပေးကြရန် တစာစာမေတ္တာရပ်ခံသော်လည်း လိမ်တဲ့သူက လိမ်၊ ငြိမ်တဲ့သူက ငြိမ် ၊ ဖြစ်လာတော့မှ ဆေးရုံ နဲ့ မဲရုံ ။ ဂျီက တိုက်သေး။ အစိုးရက အလယ်လမ်း မဇ္စျိမပဋိပဋာ အကျင့်ကို ပြည်သူနှင့် တာဝန်ရှိသူတို့ကို ပုံပေါ်အောင် ပုံဖော် ချပြငြားလည်း အစွန်းကပ် အမြင်အသီးသီးနဲ့ တုံ့ပြန်မှုများကြောင့် ဒုတိယလှိုင်းမှာ ခံ ခဲ့ရပါသည်။ အစိုးရတာဝန်ကြေညား ပြည်သူဖက်မှ(ပြည်သူမှ ပြည်သူသို့၊ အပြန်အလှန်လေးစားမှု)ပျက်ယွင်းခဲ့ကြပါသည်။ တာဝန်ရှိသူ ပြည်သူများလည်း အဓိကအခန်းမှ ပျက်ယွင်းခဲ့ရသည်ကို ##နောက်ကြောင်းပြန်ကြည့်လျှင်သိနိုင်ပါသည်##။ ********************** ကာလ ဒေသ ပယောဂ အခြေအနေများနှ…
လမ်းညွှန်ချက်များ စည်းကမ်းချက်များကသာ လူအများတို့၏အသက် ဇီဝ တို့ကိုစောင့်ရှောက်၏