top of page
Search

NLD လွှတ်တော်နဲ့ အစိုးရသစ်ကို ထောက်ခံကြောင်းဘယ်လိုပြသင့်သလဲ?


ပြည်သူတွေက ၂၀၂၀ မှာ NLD အစိုးရကို ယုံကြည်လို့ နောက်ငါးနှစ်အုပ်ချုပ်ဖို့ သောင်ပြိုကမ်းပြို မဲပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် သာဝဦးဆောင်တဲ့အုပ်စုက မဲစာရင်းဘာညာဆိုပြီး ပြည်သူကို ဂျင်းထည့်ဖို့ကြိုးစားလာတာ တွေ့ရပါတယ်။ တချိန်ထဲမှာဘဲ ဝရမ်းပြေးတွေ သူခိုးတွေကို ပိုက်ဆံပေးပြီး သူတို့ကိုထောက်ခံသရောင် ဆန္ဒပြပွဲတွေ လုပ်နေတာလဲ တွေ့ရပါတယ်။ ဒါတွေကို ပြည်သူတွေက ဘယ်လိုတုန့်ပြန်သင့်လဲ?

ပထမဆုံးက လမ်းပေါ်ထွက်ပြီး NLD ကို ထောက်ခံပွဲလုပ်မလားဆိုတာပါ။ ကိုဗစ်က လူ ၃၀ ကန့်သတ်ထားလို့ ယခင်ကလို မိမိစိတ်ထင်တိုင်း လူအများကြီး လမ်းပေါ်ထွက်လို့မရပါ။ နောက် ကိုဗစ်ကူးမှာကလဲ ကြောက်ရပါသေးတယ်။ နောက်ဖွတ်တွေ၊ သာဝရဲ့ လက်ပတ်နီတွေနဲ့ ခိုက်ရန်ဖြစ်နိုင်ပါတယ်။ အဓိဂရုဏ်းဖြစ်ရင် သာဝရဲ့ ဂွင်ပါ။ ဒါ့ကြောင့် လမ်းပေါ်မထွက်ပါနဲ့။

ပြည်သူလမ်းပေါ်ထွက်ရမယ့်အချိန်ဟာ သာဝက သူပုန်ထပြီး အာဏာသိမ်းခဲ့ရင်သာ မိမိနယ်က သူပုန်တွေရဲ့ ဌာနချုပ်စခန်းတွေကို လစ်ဗျားနဲ့ တူရကီကလို သူပုန်ထတဲ့ တပ်တွေကို ပြည်သူ့တပ်တွေနဲ့အသက်ပေးဝင်စီးပြီး အာဏာသိမ်းသူပုန်ခေါင်းဆောင်နဲ့ သူ့နောက်လိုက်သူပုန်တပ်မှူးတွေကို ဖမ်းဖို့ပါ။ထိုအချိန်ကျရင် NLD က တာဝန်ရှိသူတွေကာပြောမှာပါ။ အခြားအချိန်ကတော့ အိမ်ထဲမှာသာ ကိုဗစ်စည်းကမ်းနဲ့ ငြိမ်းချမ်းစွာနေထိုင်ပါ။

ဒါဆိုငါတို့က ဘယ်လိုထောက်ခံမှုကို ပြရမလဲ? ပြည်သူတွေအနေနဲ့ NLD အလံကိုလွှင့်တာ NLD ပါတဲ့တီရှပ်ဝတ်တာတွေနဲ့ မိမိအိမ်မှာ မိမိလမ်းမှာ ငြိမ်းချမ်းစွာ ထောက်ခံမှုကို ပြသကြပါ။ ဒါဆိုရင် ပြည်သူ့ဆန္ဒအမှန်ကို သာဝသာမက ကမ္ဘာကပါ သိသွားမှာပါ။ အဲ့ဒီအချိန်မှာ သာဝကိုထောက်ခံလိုသူများကလဲသာဝကို ကိုယ်စားပြုတဲ့ အလံကိုထောင်ပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွှတ်တော်အသစ်၊ အစိုးရအသစ်ကိုကြိုဆိုကြရအောင်လို့ တိုက်တွန်းပါရစေ။

News and Photo credit: Myanmar Now

250 views1 comment

Recent Posts

See All

အမ်းအပြီး

အမ်းနဲ့ အဆက်အသွယ်ပြတ်သွားအပြီး ၅ ရက် အကြာမှာ AA က အမ်း နပခ ကျပြီဆိုတာ အတည်ပြုတာ တွေ့ရပါတယ်။ AA သာ အမှန်သိမှာပါ။ နေပြည်တော်နဲ့...

အမ်းကျပြီ

အမ်းက တိုင်းစစ်ဌာနချုပ်နဲ့ အဆက်အသွယ်မရတော့ပါဘူး။ သူရိန်ထွန်းတို့လို ထွက်ပြေးချိန် ရှမ်းမြောက်က ရာထူးကြီးတွေ စစ်ဌာနချုပ်ကျလို့ ထွက်ပြေးရင်...

1 Comment


Albert Wint
Albert Wint
Jan 26, 2021

နည်းလမ်းကိုအတိအကျလိုက်နာကြပါစို့

Like
bottom of page