သာဝဟာ ယခုအချိန်မှာ ရှုံးမဲ မဲနေပါတယ်။
ပထမဆုံး သတိထားရမှာက ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေပါ။ မိမိတို့ စကားပြောတာFacebook မှာ ရေးတင်တာတွေကို သတိထားပါ။ တရားစွဲခံရနိုင်လို့ပါ။ သာဝနဲ့ သူ့တပည့်တွေကကိုယ်စားလှယ်တွေ တရားစွဲခံရပြီး အဖမ်းခံရရင် ကိုယ်စားလှယ်အဖြစ်က ပျက်ပြယ်နိုင်လို့ ထိုနည်းကိုသုံးလာနိုင်ပါတယ်။
ဒုတိယက ထွေအုပ်ရွေးကောက်ပွဲပါ။ ဒီထွေအုပ်ဝန်ကြီးဌာနဟာ မိုးကျအများဆုံးရှိပြီး အသုံးမကျဆုံးဌာနတစ်ခုဆိုတာ ဘယ်ပြည်သူကိုမဆို မေးရင် သိပါတယ်။ DASSK က အဲ့ဒီထွေအုပ်ဌာနရဲ့ဝန်ကြီးကအသုံးမကျသူဆိုတာ လက်ခံ မခံတော့ မသိပါ။ ဒါကထားလိုက်ပါ။ ယခု ရပ်ကျေးထွေအုပ်ရွေးကောက်ပွဲလုပ်ဖို့ပြင်နေပါတယ်။ ရွေးကောက်ပွဲဟာ ပုံမှန်မှာတောင် ပြဿနာမျိုးစုံတက်တတ်ပါတယ်။ သာဝဟာ ထွေအုပ်ဝန်ကြီး အသုံးမကျလို့ အစိုးရမျက်နှာရမယ့် ငွေကြေးထောက်ပံ့ပွဲတောင် ဆူပွဲဖြစ်သွားတာကို သိပါတယ်။
ယခုအချိန်မှာ သာဝက မီးစကို မီးအကြီးကြီးရှို့ဖို့ ပြင်နေပါတယ်။ ဒီကိစ္စဟာ အင်မတန်အရေးကြီးတဲ့ကိစ္စပါ။ လူတွေက မိမိတို့ရွေးသူ ရပ်ကျေးထွေအုပ် မတက်လာရင် ဆန္ဒပြတာတွေ ဖြစ်လာနိုင်ပြီးသာဝက မီးမွှေးရင် ဆူပူမှုအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ ယခုသာဝက မကောင်းကြံနေတာတွေကို သိသင့်သိအပ်သူများကိုတော့ ပြောထားပြီးသားပါ။ DASSK လဲ သေချာကြီးကြပ်နိုင်လိမ့်မယ်ထင်ပါတယ်။ လိုင်းပေါ်မှာ ရေးရတာက DASSK ထံ ဒီသတင်းစကား ရောက် မရောက် မသေချာလို့ပါ။ ယခုလို မဲစာရင်းကိစ္စ အပြောခံနေရတာလဲ ထွေအုပ်ကစခဲ့တယ်ဆိုတာ မမေ့ကြပါနဲ့။
ဦးမြတ်!!! ရေးလို့တောင် မဆုံးသေးပါဘူး။ မြေပဒေသာကျွန်းမှာ။ ကိုဗစ်ကာလ ည၈နာရီကျော်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တောထွက်တစ်ပါးက ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီးလိုက်တယ်။ အပူက သံဃာတော်အချို့ကိုတောင် ဟပ်လောင်စပြုလာပါပြီ။
ဆရာတော်တချို့လည်း နာကျင်နေကြပါပြီ။
အရှင်တေဇနိယ(မန်းတောင်ခြေ)
ခုည တင်သောပို့စ်မှာ ရှာဖွေသာဖတ်ကြည့်ပါတော့ဟု၍ပဲ ပြောချင်ပါတော့သည်။
စိတ်မကောင်းစွာဖြင့်