top of page
Search
Writer's pictureMyat Tun Oo

NUG ကို ဝေဖန်သူ တစ်ဦးအတွက်


လိုင်းပေါ်က NUG ဝေဖန်သူတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ သူကနိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တစ်ယောက်ပါ။ သူကဒီမိုထောက်ခံတာတွေဘာတွေတော့ ရေးလေ့ရှိပါတယ်။ NUG ပွဲတွေလဲ တက်တယ်လို့ တူလေးတွေကပြောလို့ သိပါတယ်။ သူအဓိက ဝေဖန်တာက NUG က လေကြောင်းကနေ မတိုက်နိုင်အောင် ဘာလို့ မပြင်ဆင်ထားလဲ ဘာညာဆိုပြီး ပြောတာပါ။

ဒါနဲ့စာရေးသူလဲသူ့ကို ဆရာ့အနေနဲ့ NUG ကို ဘာကူညီထားလဲလို့ ဒဲ့မေးလိုက်ပါတယ်။ သူက ဟိုစစ်ဘေးရှောင်ကူညီတယ် ဘာညာသွယ်ဝှက်ဖြေပါတယ်။ စာရေးသူက ဆက်မေးပါတယ်။ NUG ကို ဘာကူညီထားလဲ အထောက်အထားပြပါလို့။ သူက NUG ကိုတော့ ဘာမှတိုက်ရိုက်မလှူပါလို့ ပြောပါတယ်။ဆရာ့အနေနဲ့ NUG က ပြည်သူ့တော်လှန်ရေးမိသားစုအနေနဲ့ PRF https://ofp.crphmyanmar.org လစဉ်ငွေလှူလို့ရတာ သိပါသလားလို့ မေးပါတယ်။ သူက မသိပါလို့ဖြေပါတယ်။ ယခုသိရင် ပါမှာလားဆိုတော့လဲ သူကအင်တင်တင်ပါ။ ဒါဆိုရင် ဆရာက NUG ကို တိုက်ရိုက်မလှူဘဲ NUG ကို ဝေဖန်တာကဘာသဘောလဲဆိုတော့ သူကအားမရလို့လို့ ဆိုပါတယ်။ ဆရာ့အနေနဲ့ ငွေမရှိရင် လက်နက်ဘယ်လိုNUG ကို ဝယ်စေချင်တာလဲဆိုတော့ ရူးချင်ယောင်ဆောင်သွားခဲ့ပါတယ်။ ဆရာ့အနေနဲ့ ကျွန်တော်ရေးတာလေး “https://www.myattunoo.com/post/လ-က-က-လ-အပစ-မခ-ရအ-င-ဘယ-လ-လ-ပ-မလ” ဖတ်ကြည့်ပါဆိုပြီး ပေးလိုက်ပါတယ်။ သူဆရာဝန်ပါ။ ပုံမှန်လောက်တွေးခေါ်တတ်ရင်ရပါတယ်။သူလို NUG ကို ပိုက်ဆံမလှူဘဲ ဟိုဟာလုပ်ပါ ဒါလုပ်ပါပြောနေရင် အလုပ်မဖြစ်ပါ။ တိုင်းပြည်မှာ ဒီလိုလူတွေ အများကြီးရှိမှာပါ။ ဒါက ငွေမလှူဘဲ အာချောင်နေသူပါ။ ဒါက ငွေကြေးအရ အခက်အခဲပါ။

နောက်လက်နက်ကိစ္စပြောပါ့မယ်။ AK 47 နဲ့ RPG လောက်က ငွေရှိရင် ဝယ်လို့ရနိုင်ပါတယ်။ ဒါပေမယ့်လေယဉ်ပစ်အမြောက်က နိုင်ငံကြီးတွေကပေးမှသာ ရပါတယ်။ မှောင်ခိုစျေးကွက်ကဝယ်ဖို့ရာကအပြောလွယ်သလောက် လက်တွေ့မှာ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေယဉ်ပစ်ဒုံးပျံဟာအရပ်သားလေယဉ်တွေကိုလဲ ပစ်ချလို့ရပါတယ်။ ရုရှားပေးတဲ့ လေယဉ်ပစ်ဒုံးနဲ့ ယူကရိန်းကသူပုန်ကမလေးရှားခရီးသယ်တင် လေယဉ်ကို မှားပစ်တာ အားလုံးမှတ်မိမှာပါ။ ဒါကြောင့် အနောက်နိုင်ငံတွေက ဆီးရီးယားမှာတောင် မပေးထားပါ။ မြန်မာပြည်မှာလဲ သူတို့က ပေးချင်မှ ဖြစ်မှာပါ။ မှောင်ခိုစျေးကွက်က ဝယ်လို့ရတာက အသေးစားလေယဉ်ပစ်လောက်သာ ဖြစ်ပြီး ဒါတောင် အသေအလဲရှာမှ ရမှာပါ။ UWSA မှာ FN6 ရှိတာက တရုတ်နိုင်ငံက အောက်လမ်းနည်းနဲ့ ထောက်ပံ့ထားလို့ပါ။ စာရေးသူတို့ ဒီမိုလိုလားတဲ့ ပြည်သူတွေကို ယခုအချိန်အထိ အနောက်က ဘာလက်နက်မှ မထောက်ပံ့သေးပါ။ လေယဉ်ပစ်ဖို့မပြောနဲ့ AK 47 တောင်မရသေးပါ။

စာရေးသူအနေနဲ့ ယခုစစ်ကိုင်းမှာဖြစ်မှာကို အစောကြီးကထဲက NUG ကို စာတမ်းနဲ့ ပြောဖူးပါတယ်။

ယခုရေးပြတာက အားလုံးအမှန်မြင်ရအောင်ပါ။ စာရေးသူတို့တောင် ယခင်က ကုလမျှော်တာ၊ နေတိုးမျှော်တာကနေ လက်တွေ့ ကိုယ့်အားကိုယ်ကိုးတဲ့ ဗျူဟာကို ပြောင်းလာတာ အားလုံးသတိထားမိမှာပါ။NUG အားမရသူကို ပြောလိုတာက ယခု PDF အားနဲ့ မအလတပ်သေစာရင်းဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူးများနေတာဟာ PDF ရဲ့ တိုက်ရည်ခိုက်ရည်ကြောင့် NUG ရဲ့ ဦးဆောင်မှုကြောင့်ဆိုတာ မမေ့ပါနဲ့။ဘယ်တော်လှန်ရေးမှ ပန်းခင်းသောလမ်းမဟုတ်ပါ။ နေမဝင်အင်ပါယာ အင်္ဂလန်တောင် ဒုတိယကမ္ဘာစစ်မှာ နာဇီရဲ့ ဗုံးကြဲခြင်းကို ခံခဲ့ရပါတယ်။ အကောင်းဆုံးကိုမျှော်လင့်သလို အဆိုးဆုံးကိုလဲ ပြင်ဆင်ထားပါ။ စစ်ပွဲမှာ ငွေအား၊စိတ်ဓာတ်အား၊ လူအားသာရင် နိုင်မှာပါ။ စာရေးသူတို့မှာ စိတ်ဓာတ်နဲ့လူအားက ရှိပြီးသားပါ။ ငွေအားလေးသာ ဝိုင်းတွန်းရင် အဆင်ပြေမှာပါလို့ ပြောပါရစေ။

2,987 views0 comments

Recent Posts

See All

အမ်းအပြီး

အမ်းနဲ့ အဆက်အသွယ်ပြတ်သွားအပြီး ၅ ရက် အကြာမှာ AA က အမ်း နပခ ကျပြီဆိုတာ အတည်ပြုတာ တွေ့ရပါတယ်။ AA သာ အမှန်သိမှာပါ။ နေပြည်တော်နဲ့...

Comments


bottom of page