top of page
Search
Writer's pictureMyat Tun Oo

NUG ကစားကွက်စပြီ


မနေ့က ကိုမင်းကိုနိုင်က RFA နဲ့ အင်တာဗျူးမှာ သူတို့ဘာလုပ်နေပြီ ပြည်သူတွေက ဘာလုပ်ရမယ်ဆိုတာ အတိအလင်း ပြောသွားခဲ့ပါပြီ။ တချိန်ထဲမှာ ဆရာဇော်ဝေစိုးရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနကလဲ သစ္စဖောက်စာရင်းတွေကို စတင်ကြေညာလာပါပြီ။ ဖက်ဆစ်တပ်နဲ့ပေါင်းတဲ့ဆေးရုံအုပ်ကြီးတွေ တိုင်းကျန်းဦးစီးမှူးတွေဟာ သစ္စာဖောက်တွေမိုလို့ သူတို့ကို ဘာလုပ်ရမလဲဆိုတာပြည်သူက သိပြီးသားဖြစ်မှာပါ။ ဥပမာ ဗိုလ်ကတော် ကူးစက်ရောဂါက ခင်ခင်ကြီးနဲ့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးညီမ မန္တလေးဆေးရုံအုပ်ကြီး စုစုဒွေးဆိုရင် သစ္စာဖောက်လဲဖြစ် ဖက်ဆစ်တပ်နဲ့ ပတ်သက်သူလဲဖြစ်လို့ ဒန်ပေါက်ကျွေးနိုင်ရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ သူတို့ဟာအာဏာသိမ်းစစ်ကောင်စီနဲ့ အလုပ်တွဲလုပ်လို့ တိုင်းပြည်ပုန်ကန်တာဖြစ်လို့ သေဒဏ်အထိ အပြစ်ပေးလို့ရပါတယ်။ ဘယ်လောက်အထိ အပြစ်ပေးမလဲဆိုတာက ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။

မနေ့ကလဲ ပိုက်လိုင်းစောင့်ရဲအထိ သုတ်သင်ရှင်းလင်းနိုင်တာဟာ ပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကိုပြသွားတာပါ။ ဖက်ဆစ်တပ်အချင်းချင်း လုပ်တယ်ဆိုရင်လဲ ကြိုဆိုပါတယ်။

ဒီနေရာမှာ NUG က တပ်ဖွဲ့တာကြာလို့ အားမရသူများကိုပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းတောင်ရဲဘော်သုံးကျိပ်အတွက် နှစ်နှစ်နီးပါး အချိန်ယူခဲ့ရပါတယ်။ ယခု NUG က သုံးလအတွင်းမှာ အများကြီး လုပ်နိုင်ခဲ့ပါပြီ။

ပြည်သူတွေက သပိတ်မှောက်လိုက် ဘယ်ကမှန်းမသိ ဗုံးဖောက်လိုက်နဲ့ တပ်ကလုံခြုံရေးသမားတွေရူးကြောင်ကြောင်တောင် ဖြစ်လာနေပါပြီ။ သူတို့ကို ရန်ကုန် မန္တလေးမြို့ပေါ်မှာပါ ဒန်ပေါက်များများကျွေးနိုင်ရင် စိတ်ဓာတ်ပါ ကျလာမှာပါ။ သူတို့အလိုတော်ရိ ဝန်ထမ်းတွေကိုပါ ဒန်ပေါက်ကျွေးနိုင်ရင်သူတို့ဖွဲ့စည်းပုံ ပျက်ပါပြီ။

အင်္ဂလိပ်ဟာ သီပေါမင်းကို ဖမ်းရတာလွယ်ပေမယ့် မြန်မာလူမျိုးတွေရဲ့ ပုန်ကန်မှုကို နှိမ်နင်းရတာက ပိုခက်ခဲ့ပါတယ်။ ယခုပြည်သူတွေက ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေတာတွေက ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့စဉ်ကထက်တောင် သာနေတာတွေ့ရပါတယ်။ ယခင်က ရခိုင်ကိုမသွားရဖို့လာဘ်ထိုးရာကနေ ယခုကချင် ကရင်မသွားရရေးပါ လုံးပန်းနေရပြီး ပြည်သူတွေကသာ ဆက်လက်ဒန်ပေါက်ကျွေးနိုင်ရင် သူတို့ရဲ့ အဖြူရောင်နယ်မြေဟာ နေပြည်တော်သာ ဖြစ်သွားပါလိမ့်မယ်။

ယခုစရဖအတွက် ခက်နေတာက ပြည်သူတွေက မိမိအသိစိတ်ဓာတ်နဲ့ အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင်နေရာအနှံ့ ဒန်ပေါက်ကျွေးနေလို့ ဘာမှလုပ်မရဘဲ မြင်မြင်သမျှ လိုက်ဖမ်းနေရတာပါ။ တကယ်လုပ်သူကို ဖမ်းမမိဖြစ်နေတာပါ။

စာရေးသူကတော့ ပြည်သူတွေ ယခုပုံစံအတိုင်း ဆက်တိုက်နိုင်ရင် အောင်ပွဲက မဝေးတော့ပါလို့ ပြောပါရစေ။ အရေးတော်ပုံ အောင်ရမည်။

82 views2 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

2 comentarios


Khin Latt
Khin Latt
08 may 2021

ဝမ်းသာတယ် ကျေးဇူးတင်တယ် စိတ်ဆင်းရဲနေရတဲ့ရက်ကိုကျော်ဖြတ်ချင်လှပါပြီ ခေါင်းဆောင်တွေအမြန်လွတ်မြောက်ပါတော့

Me gusta

Myint Soe Oo
Myint Soe Oo
06 may 2021

ဦးမြတ်!! တာဝေးပြိုင်ကြီးမှာ **သမင် ဆယ်လှမ်း ၊ ကျား တစ်လှမ်း **နှင့် ဖွင့်ခဲ့ပါပြီ။

NUG ကျားကြီး အဖွင့်စာလုံးက PDF ပြည်သူ့ကာကွယ်ရေး အင်အားစု ။ F = အင်အားစု ။

လက်နက်သမားလည်းပါမယ်၊ အကြံပေး ပညာရှင်လည်းပါမယ် ၊ ကျန်းမာရေး ပညာရှင်လည်းပါမယ်။ အထောက်အပံ့ ပေးမယ့် အလှူရှင်တွေလည်းပါမယ်။ စွမ်းနိုင်သမျှသော

အင်အားများ စု ထားသော အင်အားစု။

တဖက်အသုံးက standard army ကြည်းတပ်တစ်ခုတည်းအတွက်သာ စံ ။ ရေ နှင့် လေ ကတော့??? သည်ကတည်းက အကွာကြီး ကွာသွားပါပြီ။

ဒေါက်တာ ဆာဆာ နှင့် ဒေါ်ဇင်မာအောင်

အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံပေါင်းများစွာရှိပြီး ရင့်ကျက်နေကြသူများ။ ဗဟုသုတကြွယ်သလို အီဒီယံ တွဲလုံးများနှင့် ထင်လွယ်အောင် အရပ်သုံး ဘမ်းစကား slang များနှင့် တဖက်လူ နားဝင် ရှင်းအောင် စွမ်းဆောင်နိုင်သူများ။ ကိုယ်လိုရာအချက် တချက်တည်းနဲ့ ဝင်အောင် ပစ်သွင်းနိုင်သူတွေ။

သည်ကွေ့မှာ သည်တက် ၊ ဟိုကွေ့မှာ ဟိုတက်

ချက်ကျကျဖြင့် လှော်ခတ်နိုင်သူများမို့ အချိန်တိုအတွင်း ဤမျှ ခရီး ပေါက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ **အနည်းငယ်မျှသော မိတ်ဆွေတွေနဲ့ မပေါင်းသင်းခြင်း၏ရလဒ် တန်ဖိုးမဖြတ်နိုင်ပါပြီ**။ အနည်းငယ်သော မိတ်ဆွေတွေနဲ့ပေါင်းတော့အမြင်မကျယ် take your flag ပြောတာတောင် လက်ထောင်ပြရုံမို့ တပါးသူက ကိုယ့်နိုင်ငံအလံ ကိုယ်ပြန်ယူရသည့်ဘဝ။

သူ့စကား ကိုယ် မသိ

ကိုယ့်စကား သူမသိ

သနားပါဘိ။

အဖြစ်ဆိုးတဲ့ အဖြစ်မျိုးက ရုန်းထွက်လွတ်မြောက်အောင် စွမ်းဆောင်နိုင်သူများ ဦးဆောင်နေပါသည်။

ကျားကြီး ခြေရာကြီး

မေးပါများ စကားရ

ရသော စကား

တန်ဘိုးများ၏။

Me gusta
bottom of page