top of page
Search
Writer's pictureMyat Tun Oo

NUG မရှိသော နိုင်ငံများရဲ့တော်လှန်ရေး ဘာဖြစ်နေလဲ- ၂၀၂၄ အတွက်ဆင်ခြင်စရာ


ဒီတော်လှန်ရေးကို ဖျက်လိုတဲ့ တတိယအင်အားစုများပြောလေ့ရှိတာက ဒီတော်လှန်ရေးမှာ NUG မလိုဘူး NUG ကို သူတို့လူတွေနဲ့ ဖွဲ့လဲရတယ်ဆိုတာပါ။ သူတို့က NUG မလုပ်တတ်ဖူးဆိုတဲ့အချက်ကနေ အခြေခံပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံက အာရှမှာတည်ရှိတာပါ။ ဥရောပမှာ တော်လှန်ရေးတွေက ၁၉၈၈ နောက်ပိုင်းမှာ မပစ်ဘဲ ဒီမိုပြောင်းသွားခဲ့ပါတယ်။ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာက ဥရောပမဟုတ်လို့ တပ်တွေရဲ့ စဉ်းစားတွေးခေါ်ပုံမတူတာ တွေ့ရပါတယ်။

အာရပ်တော်လှန်ရေးကို လေ့လာကြည့်ပါ။ အီဂျစ်မှာ အစက မူဘာရက်ကိုဖမ်းပြီး ဒီမိုပေးမလိုနဲ့ စစ်တပ်ကပစ်ပြီး အာဏာသိမ်းခဲ့ပါတယ်။ တူရကီတစ်ခုထဲသာ စစ်တပ်က အာဏာပြန်သိမ်းတာ မအောင်မြင်ခဲ့ပါ။ အခြားတော်လှန်ရေးများကိုလေ့လာရအောင်။

ဆူဒန်မှာ အမျိုးသားရင်ကြားစေ့ရေးအစိုးရထံက ဗိုလ်ချုပ်ကြီး အလ်ဗာဟန်းက အောက်တိုဘာ ၂၅၊ ၂၀၂၁ မှာအာဏာသိမ်းခဲ့ပါတယ်။ အဆိုပါ ရင်ကြားစေ့ရေးအစိုးရက NUG လို ရွေးကောက်ခံလွှတ်တော်က ဖွဲ့ပေးထားတာမဟုတ်ဘဲ ဆန္ဒပြ ခေါင်းဆောင်များ၊ သမဂ္ဂ ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနဲ့ ဖွဲ့ထားခဲ့တာပါ။ သူတို့က အာဏာသိမ်းတာကို ဆန္ဒပြခဲ့ပြီး အမေရိကန်က ညှိပေးအပြီး အစပိုင်းမှာ အဆင်ပြေသလိုရှိခဲ့ပေမယ့် ၂၀၂၃ ဧပြီလမှာ ၂၃ ရက်မှာ ဆူဒန်စစ်တပ်နဲ့ သူ့ပျူတပ်တို့ ထချကြပါတယ်။ နှစ်ဖက်စလုံးက ပြည်သူကိုအာဏာအပ်ဖို့မဟုတ်ဘဲ သူတို့အာဏာအတွက်ပါ။ ဆူဒန်ပြည်သူတွေမှာ NUG လိုခေါင်းဆောင်မှုပေးတဲ့ အစိုးရမရှိလို့ စစ်ပွဲရပ်ရင်တောင် ဒီမိုကဝေးနေမှာပါ။ ယခုအချိန်အထိ လူပေါင်း တစ်သောင်းသေပြီး ငါးသန်းလောက် အိုးအိမ်မဲ့ ဖြစ်နေပါတယ်။ ယခုအချိန်အထိ ဒီမိုမရသေးသလို ဆူဒန်နိုင်ငံမှာ ချနေတဲ့အဖွဲ့က ဘယ်အဖွဲ့နိုင်နိုင် ဒီမိုအတွက်မဟုတ်ဘဲ ဆူဒန်ပျူကလဲ အာဏာရှင်၊ ဆူဒန်တပ်ကလဲ အာဏာရှင်ပါ။


NUG မရှိ တတိယအင်အားစုအားကောင်းသောလစ်ဗျား

လစ်ဗျားမှာ လူတွေက ကဒါဖီကို ဆန္ဒ ထွက်ပြခဲ့ကြပါတယ်။ သူ့မှာက ရေနံတွင်းရှိလို့ နေတိုးက ဗုံးကြဲပြီးဝင်ကူခဲ့ပါတယ်။ ဒေသအလိုက် စစ်တပ်ဖွဲ့ပြီး ခံချခဲ့ကြပါတယ်။ ဒါက မြန်မာပြည်နဲ့ ဆင်ပါတယ်။ ကဒါဖီက ၂၀၁၁ အောက်တိုဘာ ၂၀ ရက်မှာ အသတ်ခံခဲ့ရပါတယ်။ ကဒါဖီသေလို့ ပြဿနာက ပြီးသွားပါလား? သူကလဲ ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖွဲ့ပါတယ်။ ဒါပေမယ့် ကဒါဖီကို ခံချခဲ့စဉ်က စစ်ဘုရင်လေးတွေက သူတို့က ဒီမိုအစိုးရမပေါ်ခင်က လက်နက်ကိုင်ထားတာ ဒါကြောင့် လက်နက်မချနိုင် လစ်ဗျားအစိုးရအောက် မဝင်နိုင်ဆိုလို့ ၂၀၂၂ အထိကြာခဲ့ပါတယ်။ သူတို့ထဲက အဖွဲ့တွေက ဘိန်းလုပ်ပါတယ်။ လူမှောင်ခိုလုပ်ပါတယ်။ သူတို့ကို အစိုးရကဖမ်းရင် ထအော်ပါတယ်။ ငါတို့က ကဒါဖီကို မင်းတို့အစိုးရမပေါ်ထင်ကထဲက တိုက်လာတာပေါ့။ သူတို့ကိုလဲ ပြည်ပမှာအခြေစိုက်တဲ့ မီဒီယာများက မထားပါတယ်။ ထိုတော်လှန်ရေးတပ်ဖွဲ့ထဲကအချို့က အမေရိကန်မကြိုက်တဲ့ အစ္စလမ်မစ်စစ်သွေးကြွတွေကိုခေါ်ထားပြီး သူ့နိုင်ငံထဲမှာ အကြမ်းဖက်သမားတွေက အခြေချနေလို့ အမေရိကန်လဲ တိုင်ပတ်နေခဲ့ပါတယ်။ ယခုအထိ အပစ်ရပ်ဖို့ကြိုးစားပေမယ့် အဆင်မပြေသေးပါ။


NUG မရှိသော ဆီးရီးယား

ဆီးရီးယားမှာလဲ လစ်ဗျားလို ပြည်သူက အာဏာရှင်စနစ်အလိုမရှိဆိုပြီး ဆန္ဒပြတောင်းဆိုတာကို နှိမ်နင်းလို့ လူတွေက လက်နက်ဆွဲကိုင်တော်လှန်ခဲ့ပါတယ်။ နိုင်ငံရေးက ၁၉၈၈ က အခြေအနေမျိုးဖြစ်ပြီး သူ့မှာ ရွေးကောက်ခံအစိုးရမရှိဘဲ ဆန္ဒပြခေါင်းဆောင်တွေ၊ လူမျိုးစုခေါင်းဆောင်နဲ့ ပြည်ပရောက် ပါတီခေါင်းဆောင်အချို့နဲ့ စင်ပြိုင်အစိုးရဖွဲ့ခဲ့ပါတယ်။ သူတို့က မြို့တွေကို သိမ်းနိုင်ခဲ့ပါတယ်။ မန္တလေးလိုမြို့မျိုးကို သိမ်းနိုင်ခဲ့တာပါ။ စာရေးသူတို့ရဲ့ လက်ရှိအခြေအနေမျိုးပါ။ သူတို့အစိုးရက လက်ရှိတတိယအင်အားစုများပြောလေ့ရှိသလို အောက်ခြေကလာသူများနဲ့  bottom up ဖွဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပကလဲ ထောက်ခံခဲ့ပါတယ်။ အသိအမှတ်ပြုခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပရောက် တတိယအင်အားစု ပညာရှင်များကလဲ အကြံပြုကောင်စီမှာ ပါခဲ့ကြပါတယ်။ သတင်းဌာနတွေကလဲ ဝိုင်းဝန်းပံ့ပိုးခဲ့ကြပါတယ်။ သူ့ပြဿနာက ထိုအစိုးရအဖွဲ့မှာ ငါသပိတ်မှောက်လို့ခေါင်းဆောင်လုပ်သူ ငါလက်နက်ကိုင်လို့ ခေါင်းဆောင်လုပ်သူများနဲ့ဖွဲ့ထားပေမယ့် ပြည်သူက သေချာမထောက်ခံတာပါ။ သူတို့ကရွေးကောက်ပွဲကတက်လာတာ မဟုတ်ခဲ့ပါ။ အာရှသဘောအရ လက်နက်ရရင် လက်နက်မဲ့အုပ်ချုပ်သူစကား နားမထောင်လိုသူများကြေင့် လူထုထောက်ခံမှုမရှိဘဲ နိုင်ငံခြားက ထောက်ပံ့မှုရပ်ချိန်၊ ရုရှားက အာဏာရှင်အာဆတ်ကိုဝင်ကူချိန်မှာ ကျရှုံးခဲ့ရပါတယ်။ နိုင်ငံခြားက ပညာရှင်များက နိုင်ငံခြားကသာ ဝေဖန်ခဲ့ကြတာပါ။ ထိုပညာရှင်များက လေလှိုင်းပေါ်ကနေ ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလားပြောနေပေမယ့် သူတို့အများစုက ပြည်သူမထောက်ခံတာ တွေ့ရပါတယ်။


စာရေးသူတို့တော်လှန်ရေးရဲ့ အားသာချက်က ပြည်သူကရွေးကောက်တင်မြှောက်တဲ့အစိုးရရှိနေတာပါ။ ဒုတိယအားသာချက်က ထို NUG ဟာ အမေရိကန်၊တရုတ်နဲ့ အနောက်အုပ်စုက ကူညီထောက်ပံ့မှုမပေးတဲ့ကြားက ဒီတော်လှန်ရေးကို မိမိနိုင်ငံသားများထံက ထောက်ပံ့ငွေနဲ့ ယခုအချိန်အထိ အောင်မြင်အောင်လုပ်နိုင်တာပါ။ ယခုအချိန်မှာ အီဂျစ်နဲ့ ဆူဒန်လိုအဖြစ်မျိုးကိုတော့ ရှောင်နိုင်ခဲ့ပါပြီ။ ဆီးရီးယားနဲ့ လစ်ဗျားလိုမဖြစ်အောင် ရှောင်ဖို့ကတော့ ပြည်သူများက NUG ဟာ ငါတို့အစိုးရ လက်နက်ကိုင်များဟာ အရပ်သားရွေးကောက်ခံ‌ အစိုးရအောက်မှာ ရှိရမယ်ဆိုတဲ့မူကို ကျင့်သုံးပြီး မအလလိုစစ်ဘုရင်ပေါက်စများထပ်မမွေးထုတ်မိဖို့ ပညာပေးရပါမယ်။ ပြည်သူအနေနဲ့ စဉ်းစားရမှာက အဆိုပါစစ်ဘုရင်များက ဘိန်းရောင်းတာကို NUG က ဖမ်းရင် စစ်ဘုရင်ကထအော်လို့ လက်နက်ရှိလို့ မဖမ်းရရင် မဖမ်းရဲရင် အဆိုပါစစ်ဘုရင်က သင့်သမီးကို မုဒိမ်းကျင့်နိုင်တာပါ။ နောက်အတိုပါစစ်ဘုရင်က နိုင်ငံတကာ အကြမ်းဖက်သမားတွေကို ခေါ်သွင်းလာရင် တော်လှန်ရေးက တိုင်ပတ်သွားနိုင်တာပါ။ တော်လှန်ရေးအားသာချက် NUG ကို ၂၀၂၄ မှာ အသုံးချပြီး ဆီးရီးယားနဲ့ လစ်ဗျားက အားနည်းချက် စစ်ဘုရင်များကို ရှောင်ရှားနိုင်ရင် ဒီတော်လှန်ရေးက မုချအောင်မြင်မှာပါ။ နောက်ဆုံးမှာတော့ ပြည်သူသာ အဓိကပါ။

582 views1 comment

1 Comment


Angelina Thane
Angelina Thane
Jan 03

ပြည်သူနားလည်ဖို့လိုတယ်

Like
bottom of page