top of page
Search
Writer's pictureMyat Tun Oo

Project K နှင့် ရခိုင်တောင်မှပြောသော ပြည်ထဲရေး



မနေ့က Project K ကို လုပ်စားအဘသား သူခိုးများက ဆန္ဒပြကြပါတယ်။ သတင်းမှာ အကုန်သိသတင်းထောက်က လူ ငါးထောင်ဆန္ဒပြတယ်လို့ပြောပေမယ့် Myanmar Now က တစ်ရာလောက်သာရှိတယ်လို့ပြောပါတယ်။ သတင်းသမားဆိုတာ သတင်းမှန်ကန်မှုကို တာဝန်ယူသင့်ပါတယ်။

အပေါ်ယံကြည့်ရင် ယခုဆန္ဒပြမှုဟာ သာမန်ကိစ္စလိုပါ။ ဒါပေမယ့် ယခုလိုကိုဗစ်ဖြစ်ပြီး လေကြောင်းလိုင်းပိတ်ထားချိန်မှာ အဘသားများဟာ ဘယ်အချိန် Project K အဖွဲ့ ပြန်ရောက်မလဲဆိုတာကို ကြိုသိနေပုံပါ။ သူတို့က ကိုရီးယားသံရုံးနဲ့ လေဆိပ်တွေမှာ အဆက်အသွယ်ကောင်းပုံပါ။ ဒါက ဦးကိုနီအမှုကိုအမှတ်ရစေပါတယ်။ ဦးကိုနီအမှုမှာလဲ ရန်သူဟာ သူပြန်လာမယ့်နေ့နဲ့ အချိန်ကို ကြိုသိနေခဲ့တာပါ။ ဒါကပထမ မသင်္ကာစရာပါ။

နောက် ဆန္ဒပြရင် ရဲတပ်ဖွဲ့ရဲ့ထိန်းသိမ်းပုံပါ။ ဟိုစစ်ပွဲရပ်နဲ့ ဂျပုကို ICC ပို့လို့ ဆန္ဒပြရင် ရဲတပ်ဖွဲ့က ချက်ခြင်းလာဖမ်းပါတယ်။ ဘယ်သူ့အမိန့်မှ မစောင့်ပါဘူး။ တိုင်းအစိုးရ ဝန်ကြီးချုပ်တွေတောင် ကြိုမသိပါဘူး။ ယခုလို အဘသား သူခိုးတွေကဆန္ဒပြရင်တော့ ရဲဟာ ပျောက်နေပါတယ်။ ဒါကတော့ ရဲအရေးပိုင်မိုလို့ ဘယ်လိုအရေးယူမလဲကြည့်ရပါမယ်။


တရားမျှတမှုအတွက်ဆိုရင် မြန်မာပြည်ရဲ့ ပြဿနာက ရဲမှာမိုးကျတွေကို ပြောင်းနေတဲ့ ပြဿနာပါ။ပြီးခဲ့တဲ့ရက်ပိုင်းက အရာရှိအဆင့် တပ်က အယောက် ၅၀ ကို ရဲတပ်ဖွဲ့ကို ပြောင်းခဲ့ပါတယ်။ဝန်ကြီးအဖွဲ့ cabinet က အတည်ပြုခဲ့တယ်ပေါ့။ သူတို့အကြောင်းပြတာက ယခုလိုပြောင်းရတာကနယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အားဖြည့်ဖို့လို့ ဆိုပါတယ်။ ဒါက ပထမဂျင်းထည့်တာပါ။ တပ်က ဗိုလ်ကြီးအဆင့်မှ အခြားအဆင့်တွေဟာ အစပိုင်းမှာ နယ်ခြားစောင့်ဆိုပြီး ဝင်ပါတယ်။ ပြီးရင် ရဲတပ်ရင်းကို ပို့ပါတယ်။ ပြီးရင် တိုင်းရဲမှူးတွေ၊ ရဲရာထူးခန့်ချုပ်တွေ၊ CID တွေကို ရောက်သွားပြီး ရာထူးတိုးသွားပါတယ်။ ပြီးရင် နယ်ခြားစောင့်မှာ လူမရှိတော့ဘူးလို့ အကြောင်းပြပြီး တပ်ကလူတွေကို ထပ်ပြောင်းပါတယ်။ ဒီဖော်မြူလာနဲ့ ၂၀၁၀ ထဲက သွားနေတာပါ။


မြန်မာပြည်မှာ တရားဥပဒေစိုးမိုးစေချင်ရင် ရဲစစ်စစ်တွေကိုသာ ရာထူးတိုးပေးပြီး မိုရကျကို အပြောင်းမခံမှ ရမှာပါလို့ ပြောပါရစေ။ အဲ့ဒီလို NLD က မေတ္တာနဲ့ ပြောင်းပေးပေမယ့် ဒီနေ့မှာဘဲ NLD အမတ်လောင်းတွေကို ရခိုင်တောင်ပိုင်းကနေ ဓာတ်ခဲ အကြမ်းဖက်အဖွဲ့ က ဖမ်းနိုင်တာဟာ လုံခြုံရေးတာဝန်ယူထားတဲ့အဖွဲ့က အသုံးမကျတာကို ပြနေပါတယ်လို့ပြောပါရစေ။ သူတို့ကတော့ အကြောင်းအမျိုးမျိုး ပြမှာပါ။ အကောင်းဆုံးက ပြောင်းပြီးသားမိုးကျရဲတွေကိုသာစုပြီး ရခိုင်ကိုပို့လိုက်ပါလို့ ပြောပါရစေ။ ဘကျော်ဆွေကိုလဲ စစ်ဖက်မူလတာဝန်ဆိုပြီး အငြိမ်းစားပေးတာ NLD လဲ သိမှာပါ။


အချို့ဂျပုတွေက လူပါးဝပါတယ်။ မေတ္တာဟာ ပြိတ္တာတွေနဲ့ မထိုက်တန်ပါလို့ ထပ်ပြောပါရစေ။

588 views1 comment

1 則留言


Myint Soe Oo
Myint Soe Oo
2020年10月14日

ဦးမြတ် ! ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများဖြင့် စတင်ပါရစေ။

မဖောက်မပြန် မှန်သောကြောင့် ဖြစ်ပါသည်။

##ဗဟုဇနဟိတယ###ဗဟုဇနသုခယ#။

အများကောင်းကျိုး ချမ်းသာကို ပေါ်စေသော အကြောင်းတရားများကို ဆောင်ရွက်ရာ၏။

သတ္တဝါအပေါင်းကို ရင်လွယ်သားသို့ ##မဟာကရုဏာတော်#ဖြင့် သနားတော်မူလွန်းသဖြင့် နှိုးဆော်မိန့်ဖော်တော်မူခဲ့ပါသည်။

အကြင်နာ ( ကရုဏာ ) ချမ်းသာစေလိုချင်း( မေတ္တာ ) တို့ကို လောကီနယ်တွင်း လူသားအချင်းချင်း အပြန်အလှန်ထားရှိရန် ဆုံးမခဲ့ခြင်းဖြစ်ပါသည်။


******************************


တောင်ကုတ်မှာ အဖမ်းခံရသူများသည် ထိုဒေသ လူမျိုးစုအပေါ် ဆိုးရွားသော အကျိုးတွေပေါ်အောင် ဆောင်ရွက်နေလို့လား ?

ဖမ်းဆီးသွားသော အမည်မသိအဖွဲ့က သူတို့အစား ကောင်းကျိုးတွေ ဝေဆာအောင် ဖော်ဆောင်ပေးမှာလား ?

ဤနှစ်ချက်ပေါ်မှာ အခြေတည် စဥ်းစားလျှင် အဖြေတခု ရပါမည်။

အဖမ်းဆီးခံ ပုဂ္ဂိုလ်များသည် ထိုဒေသ မငြိမ်းချမ်း ဒုက္ခမျိုးစုံရောက်အောင် အမှောင့်ပယောဂတရားတွေ ဆောင်ရွက်လို့ ဖမ်းဆီးထိန်းသိမ်းတယ် ဆိုလျှင်

ဗဟုဇန ဟိတယ၊ဗဟုဇန သုခါယ

နှင့်ကိုက်ညီတဲ့အတွက် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်သုံးသော လူ့ယဥ်ကျေးအသိုင်းအဝိုင်းက လက်ခံကြိုဆိုကြပါမည်။

အမည်မသိအဖွဲ့ဟာ ထိုဒေသရှိလူသားများကို ကြင်နာသနား ကရုဏာတရား အပြည့်အဝ ထားခြင်းကြောင့်ပါ။ဂုဏ် မပေါ်လိုလို့ အမည်မဖော်လိုခြင်းကလည်း ပို၍

ဂုဏ်တက်စေသည့်အတွက် ထိုအရပ်ရှိ လူသားထုအတွက် ပို၍အားထားရမည့်အဖွဲ့ဖြစ်ပါပြီ။

အမျိုး ဘာသာ သာသနာကို အထူးလေးစား အရေးထားသူမှန်သမျှကလည်း လှိုက်လှိုက်လှဲလဲှဲဖြင့် ကြိုဆိုဂုဏ်ပြုအပ်ရန် လိုပါသည်။

သို့သော် အဖမ်းဆီးခံ ပုဂ္ဂိုလ်များသည် အများအကျိုးအတွက် ကောင်းကျိုးပေါ်အောင် ဖော်ဆောင်နေသူများဖြစ်နေပြီဆိုလျှင်

အမည်မဖော်သော အဖွဲ့ကို အမျိုး ဘာသာ သာသနာ တလေးတစားအရေးထား ကိုးကွယ်သူမှန်သမျှ

အနေဖြင့် ဗြဟ္မစိုရ်တရားများကွယ်ပျောက်နေမှုကို အရပ်ဆယ်မျက်နှာ စကြာဝဠာအနှံ့ ပြန့် သွားအောင် ပါဝါကောင်းကောင်းဖြင့် အော် ကြရန်လိုပါသည်။အမည်မသိ အဖွဲ့ကို ဆန့်ကျင်ရှုံချရန် တာဝန်ရှိသောကြောင့်ပါ။


****************************


ပေါ်ပေါက်လာသော အကျိုးတရားမှန်သမျှသည် ပြ…


按讚
bottom of page