top of page
Search

UN တပ် ဝင်လို့ ရ/မရ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 23, 2021
  • 1 min read

ယခုတလော မြန်မာက ရောမစာချုပ်ကို လက်မှတ်မထိုးထားလို့ ကုလတပ်ဝင်လို့မရဘူး ဘာညာပြောနေတာ တွေ့ရပါတယ်။ ဒီကိစ္စကို ရှင်းပြပါ့မယ်။


အရေးကြီးတာက ပြည်တွင်းအင်အားပါ။ CDM နဲ့ ဆန္ဒပြပွဲတွေ အားကောင်းဖို့ပါ။ အင်ဒိုနီးရှားတောင်ပြည်သူတွေက ဆန္ဒပြတော့ ရွေးကောက်ပွဲရလာဒ်အတိုင်းဆိုပြီး ဖြစ်သွားခဲ့ပါတယ်။

နောက် ကုလတပ်ကိစ္စ။ ကုလတပ်ဝင်ရင် လုံခြုံရေးကောင်စီရဲ့ သဘောတူညီမှုလိုပါတယ်။ တရုတ်နဲ့ရုရှားက ဗီတိုလုပ်မှာပါ။ ဒါ့ကြောင့် Rome statue လက်မှတ်ထိုးထိုး မထိုးထိုး မလွယ်ပါ။

ဒါဆိုရင် ဘာကဖြစ်နိုင်လဲ? အမေရိကန်က မလုပ်ချင်ရင် မလုပ်ဘဲထားလို့ရပါတယ်။ လုပ်ချင်ရင်တော့CRPH က အမေရိကန်တပ်ကို မြန်မာပြည်မှာ တရားဝင်အစိုးရကို သူပုန်မအလတပ်က ဖမ်းထားလို့ ဝင်ကယ်ပါဆိုပြီး တရားဝင်စာထုတ်ခေါ်ရင် အမေရိကန်ကလဲ ဝင်ကူလိုရင် ကူလို့ရပြီး တရားဝင်မှာပါ။တရုတ်နဲ့ ရုရှားက ဘာမှပြောလို့မရ တားလို့မရပါ။ ပြည်တွင်းရေးပေါ့။


ဒါဟာ ယခုလို ပူပူနွေးနွေးကာလမှာ ပိုကောင်းပါတယ်။ ကြာလာရင် ပြောရခက်လာနိုင်ပါတယ်။

စာရေးသူကတော့ အမေရိကန်ဟာ ယခုအချိန် အကုန်အကျများလို့ မြေပြင်တပ်လာ မလာ မသိပေမယ့်drone လောက်နဲ့ ပစ်ရင်တောင် မြန်မာပြည်က အများကြီး ပြောင်းလဲသွားနိုင်တယ်လို့ ယုံကြည်သူပါ။မြန်မာပြည်ဟာ drone နဲ့ အာဏာသိမ်းထိပ်ပိုင်းကို ဖယ်ရှားနိုင်ရင် ပြောင်းလဲသွားမှာပါ။ အချို့တိုင်းပြည်ပျက်မှာစိုးလို့ အင်အားမသုံးလိုသူများလဲ NLD မှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် မအလဆက်အာဏားနေရင် စီးပွါးရေးပိတ်ဆို့တာခံရမှာမိုလို့ တိုင်းပြည်ကောင်းဖို့ မမြင်ပါလို့သာ ပြောပါရစေ။

နောက်ပြောင်းလဲနိုင်တာက ဆန္ဒပြသူတွေ အသေအပျောက်များခဲ့ရင် မအလဟာ ပြုတ်ကျသွားနိုင်ပါတယ်။

ဆန္ဒပြသူများ အားလုံးကို လေးစားပါတယ်။ ပုံမှန်လူစိတ်ရှိ အရှက်ရှိတဲ့ အစိုးရဆိုရင် မနေ့က လူအုပ်လောက်တွေ့ရင် ဆင်းသွားမှာပါ။ ဒါပေမယ့် မအလဟာ လူစိတ်မရှိပါ။ မအလကြောက်တာက ဟိုမြဝတီမှာ ဖြစ်သွားသလို အပြင်ကလက်နက်ကိုင် အတွင်းက ဆန္ဒပြသူ ညှပ်တိုက်တာပါ။ အတွင်းက ဆန္ဒပြအင်အားလိုသလို အပြင်ကအားလဲ လိုပါတယ်။ အမြင်မတူရင် ခွင့်လွှတ်ပါ။ စာရေးသူတို့ စဉ်းစားပုံက အင်အားနှစ်မျိုးစလုံးကို အခြေခံထားပါတယ်။

 
 
 

Recent Posts

See All
မအလနှင့်အမေရိကန်

အမေရိကန်က လာကူမယ် သူ့ကို စစ်ကိုင်းပေးဝင်ရမယ် သူကူချင်တဲ့နေရာ လူမရောက်တဲ့နေရာကူမယ် မအလက လုံခြုံရေးအကြောင်းပြ ပေးမသွားဘူး။ သူ့ကို...

 
 
 
သတိ

ပြောချင်တာက ငလျှင်ဖြစ်ဖြစ်ဘာဖြစ်ဖြစ် မအလက ဆက်ဗုံးကြဲ ဆပ်ထိုးစစ်ဆင်မှာပါ။ သတိရှိပါ။ ပြည်သူကိုမငဲ့လို့ ကိုဗစ်အချိန်...

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Feb 23, 2021

အမြင်လည်းတူ သဘောထားလည်းတူပါတယ်ခင်ဗျာ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page