Why should ASEAN and China intervene in Burma?
Yesterday, Myanmar was the new emerging democratic country. Today, Myanmar is under the military junta. People may argue that Myanmar was under the military before and should not interfere with its internal affairs. However, I would like to argue why ASEAN and China should intervene in Burma.
Myanmar was progressing well under the leadership of Daw Aung San Suu Kyi until the coup happened. Before that, Myanmar is at the critical point geopolitically. It is the crossroad between India and China. The wisdom from China, Thai’s leadership and Singapore’s ex Foreign Minister George Yeo is that Myanmar army is too powerful and therefore, we should follow the military’s roadmap and make them accountable. Don’t break Burma and they don’t want Burma to become a failed state. Singapore and China may think that there might be more opportunities for them if Burma is ruled by the stupid Generals. This theory is based on what happened in the past around 1988.
However, we are in the 21st century and things have changed. Young generations in Myanmar won’t sit idly under the military coup. First, we should look at the argument put forward by ASEAN. Today, most people are united against the military coup. The brutality of the military radicalised young people and they are taking up arms against the military throughout Burma. Therefore, there will be no stability as long as the military is in power. If you look at what the military is doing, they are in no compromising mood. They are charging more cases against the State Counsellor Daw Aung San Suu Kyi every day. They have no boundaries, and they arrest not only Chief Ministers, but they also arrest their wives even without charge. In the case of Yangon’s chief minister U Phyo Min Thein who worked with Mr George Yeo, they also arrested his wife Daw Khin Mi Mi Kwe who has nothing to do with politics. The aim is to coerce Chief Minister and to use his wife to pressure him. In addition, they are killing protestors with RPG rocket and bombs. They are creating more martyrs and radicalising the population. Therefore, two sides are not in compromising mood.
What will happen if ASEAN won’t intervene? There will be civil war in Burma. In the past, Singapore and China could still do business in Yangon while there were conflicts around the border areas. But things have changed now. There are new defence forces coming up in Yangon and there will be new batch of young fighters who will come back after their training. Whoever doing business under the military will be punished. Therefore, any factories who worked for the military or any business which are tied to the military will be attacked one way or another. So, there won’t be no illusion that business which invest under the military will be safe. This risk is only coming from the angry population and on the other hand, these businesses will be sanctioned by US and UK as well. China might be able to withstand some of the sanctions, but Singapore and ASEAN companies won’t be able to survive without US and EU. Please don’t forget that even China is under pressure with Huawei for dealing with Iran’s sanctions. These sanctions will be powerful like sanctions against Cuba, Iran and North Korea.
Another important factor is China. If China won’t put pressure on the military or veto any resolution against the military won’t go down very well with the Myanmar’s public. By saying not to interfere in Burma’s internal affair but by doing business with the military junta, ASEAN and China can anger most people. As a result, People will sabotage against the business and China’s interest like its pipeline. In the past, People avoided as such thing. However, the democratic forces won’t care because they have nothing to lose if China keep vetoing UNSC resolution condemning the military and follow up action. If they take some desperate measures like blowing up the pipelines, the military won’t be able to protect the whole pipeline. If China invades Burma to protect its own interest, US may have no choice but to protect Burma against China. Whatever scenario you look at it, Burma will end up as a failed state and ASEAN may end up having another Syria at its doorstep. If there are more conflicts, more refugees will cross the border to Thailand, India and China.
I am quite sure that ASEAN is betting on the might of the military to control Burma. Things have changed now. Burma’s military is weaker than before and there is no moral inside the army because most senior officers including Senior General Min Aung Hlaing are corrupt. While the top ranking officers are on the top Asia’s rich list, the soldiers have nothing and dying every day. Myanmar’s military could not even fight the recently formed Arakan Army(AA) and sustained heavy losses at that time. They can just stop AA’s advance because of the air power. Without it, AA might be in Yangon.
The situation has changed in Burma. Min Aung Hlaing who lost the election staged a coup and provoked the anger of the country. It is unnecessary coup because of his ego to become rich and avoid The Hague. He has united all races and religion against him within two months. In the past, the mainland Burma was spared from fighting. Now, Burmese people hate him, and they are prepared to die rather than being under his rule. ASEAN should persuade him to step down or let US do its job and China should not support him and withdraw its businesses from Burma. ASEAN and China can make him see what the reality is. If ASEAN and China work together, you can prevent a failed state and another Syria at its doorstep. But you have to look and do some creative interventions. There is an example from Sudan to study for ASEAN and China.
I respect your non-interference policy and it may be the Asian’s value. But please look at this example. If a child is being raped and killed by its own parent, are you not going to intervene and leave by saying that it is their internal family problem. We are in the 21st century now and we can’t ignore this sort of child abuse and criminal behaviour. You have to stop it, or you must call the police and report the child abuse.
အာဆီယံနှင့် တရုတ်နိုင်ငံက မြန်မာ့အရေးမှာ ဘာကြောင့်ဝင်ပါသင့်လဲ?
မနေ့ တနေ့က မြန်မာပြည်ဟာ ဒီမိုကရေစီ အစပျိုးတဲ့ နိုင်ငံလေးပါ။ ဒီနေ့မှာတော့ အာဏာရှင်လက်အောက် ပြန်ရောက်ခဲ့ပါပြီ။ ဒါကို အချို့က မြန်မာဟာ စစ်တပ်အောက်မှာလဲ ယခင်ကနေခဲ့ဖူးတယ် ဝင်မစွက်သင့်ဘူးလို့ ပြောလိုသူတွေရှိကြမှာပါ။ ဒီနေရာမှာ စာရေးသူကတော့ အာဆီယံနှင့်တရုတ်နိုင်ငံဟာ ဘာ့ကြောင့် မြန်မာ့အရေးမှာ ဝင်ပါသင့်လဲဆိုတာ ရေးပါ့မယ်။
မြန်မာဟာ DASSK ရဲ့ ခေါင်းဆောင်မှုအောက်မှာ တိုးတက်နေခဲ့ပါတယ်။ အာဏာသိမ်းချိန်မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယကြားမှာရှိတဲ့ မြန်မာပြည်ဟာ လမ်းဆုံလမ်းဂွကို ရောက်လာခဲ့ပါပြီ။ တရုတ်၊ ထိုင်းခေါင်းဆောင်များနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo တို့ပြောလေ့ရှိတာက မြန်မာ့တပ်မတော်ဟာ အင်အားကြီးလို့ သူ့တို့ပြောတဲ့ လမ်းပြမြေပုံကိုသာလိုက်ပြီး ဖြစ်အောင်လုပ်ဖို့ကတိတည်ဖို့ပြောလို့ ပြောကြပါတယ်။ သူတို့က မြန်မာပြည်ကို မင်းမဲ့တိုင်းပြည် မဖြစ်လိုပါ။ စင်ကာပူနဲ့ တရုတ်နိုင်ငံက တွက်ထားတာက အာဏာရူးဗိုလ်ချုပ်တွေကြောင့် သူတို့တွေတောင် အကျိုးအမြတ်ရနိုင်တယ်ဆိုတာပါ။ ဒါကသူတို့ရဲ့ ၁၉၈၈ အတွေ့အကြုံပေါ်မူတည်နေပုံပါ။
ဒါပေမယ့် ယခုအချိန်ဟာ ၂၁ ရာစုပါ။ အရာအားလုံးဟာ ပြောင်းလဲလာခဲ့ပါပြီ။ လူငယ်တွေဟာ စစ်အာဏာရှင်အောက်မှာ ငြိမ်ခံနေမှာမဟုတ်ပါ။ အားလုံးဟာ စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ညီညွတ်နေကြပြီး အာဏာရှင်ရဲ့ အင်အားသုံးဖြေးရှင်းမှုက လူငယ်တွေကို လက်နက်ကိုင်ဖို့ တွန်းပို့ခဲ့ပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်ရှိနေသရွေ့ တည်ငြိမ်မှုက မရှိနိုင်တော့ပါ။ စစ်တပ်က DASSK ကို နေ့စဉ် တစ်မှုပြီးတစ်မှု တရားစွဲပုဒ်မတပ်နေတာကိုကြည့်ရင် သူတို့ဘက်ကလဲ ဆွေးနွေးလိုစိတ်မရှိပါ။ သူတို့မှာစည်းမရှိဘဲ ဝန်ကြီးချုပ်များ နိုင်ငံရေးသမားများသာမက သူတို့နဲ့မဆိုင်တဲ့ ဇနီးများကိုပါ တရားမစွဲဘဲဖမ်းဆီးခြင်းဖြင့် သူတို့ရဲ့ ဖိနှိပ်မှုကို အရှိန်မြှင့်နေခဲ့ပါတယ်။ စင်ကာပူဝန်ကြီးဟောင်း George Yeo နဲ့အလုပ်တွဲလုပ်ဖူးတဲ့ ရန်ကုန်ဝန်ကြီးချုပ်ရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ကို ဖမ်းတာက သူတို့ဟာ လင်ကိုဖိအားပေးဖို့ မယားကိုပါ စည်းမရှိဖမ်းနေတာကို ပြနေပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကို ပုံမှန်သေနတ်မဟုတ်ဘဲ လက်နက်ကြီးတွေ ဗုံးတွေနဲ့ ဖြိုခွင်းနေတာကလဲ လူငယ်တွေက သူတို့ကို ပိုမုန်းစေပြီးလက်နက်ကိုင်ပြီး ပြန်ချဖို့ ဆွေးနွေးမှုကို ကျောခိုင်းဖို့သာ ဖြစ်စေပါတယ်။
အာဆီယံက ဝင်မဖြေရှင်းရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ ပိုဆိုးလာပါမယ်။ ယခင်က နယ်စပ်တွေမှာသာ စစ်ဖြစ်လို့ စင်ကာပူနဲ့ တရုတ်နိုင်ငံက စီးပွါးရေးလုပ်နိုင်ပေမယ့် ဒီအခေါက်မှာတော့ ရန်ကုန်မှာလဲ ခုခံရေးတပ်တွေပေါ်လာသလို နယ်စပ်ကပြန်လာသူ လူငယ်များကလဲ တိုက်ခိုက်ကြမှာပါ။ ဒါ့ကြောင့် စစ်တပ်နဲ့ စီးပွါးရေးတွဲလုပ်တဲ့ ကုမ္ပဏီတွေ စက်ရုံတွေဟာ တိုက်ခိုက်ခံရမှာပါ။ ဒါတင်မဟုတ်ဘဲစစ်တပ်နဲ့ စီးပွါးရေးလုပ်သူများဟာ အမေရိကန်မဲ့ ဥရောပရဲ့ ပိတ်ဆို့မှုကိုလဲ ခံရမှာပါ။ တရုတ်ကုမ္ပဏီအချို့က အမေရိကန်ကို တောင့်ခံနိုင်ပေမယ့် အာဆီယံကုမ္ပဏီတွေက တောင့်ခံနိုင်မယ်မထင်ပါ။တရုတ်ရဲ့ ဝါဝေးကုမ္ပဏီတောင် အီရန်မှာ စီးပွါးရေးသွားလုပ်လို့ အမေရိကန်က အရေးယူပါတယ်။ ဒီစီးပွါးရေးပိတ်ဆို့မှုက မြောက်ကိုရီးယား၊ အီရန်နဲ့ ကျူးဘားကို ပိတ်သလိုမျိုးပါ။
နောက်အရေးကြီးတာက တရုတ်နိုင်ငံဟာ ပြည်တွင်းရေး ဝင်မစွက်ရဆိုပြီး ကုလမှာ ဗီတိုသုံးကန့်ကွက်နောက်ပိုင်းမှာ စစ်တပ်နဲ့ စီးပွါးရေးလုပ်ရင် မြန်မာလူမျိုးက ကြိုက်မည်မဟုတ်ပါ။ ယခင်က တရုတ်ပိုက်လိုင်းနဲ့ အကျိုးစီးပွါးတွေကို ပြည်မကလူတွေက ဘာမှမလုပ်ပေမယ့် တရုတ်က စစ်တပ်ကိုသွယ်ဝိုက်ထောက်ခံရင် တရုတ်အကျိုးစီးပွါးတွေဟာ နှောက်ယှက်ဖျက်ဆီးတာ ခံရလာနိုင်ပါတယ်။တရုတ်နိုင်ငံက မြန်မာပြည်ကို ကျူးကျော်ရင် အမေရိကန်ကလဲ ပါလာနိုင်ပါတယ်။ ဘယ်လိုတွက်တွက် မင်းမဲ့တိုင်းပြည်ဖြစ်သွားနိုင်ပြီး ဒုက္ခသည်တွေဟာလဲ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကိုရောက်လာနိုင်ပါတယ်။
အာဆီယံက မြန်မာ့တပ်မတော်က အင်အားကြီးပြီး ထိန်းနိုင်လိမ့်မယ်လို့ထင်နေရင် မှားသွားပါမယ်။တပ်မတော်ဟာ AA ကိုတောင် လေတပ်မပါရင် မနိုင်တဲ့ အခြေအနေရောက်နေပါပြီ။ လေတပ်သာမကယ်ရင် AA က ရန်ကုန်ရောက်ခဲ့မှာပါ။
မအလဟာ ရွေးကောက်ပွဲရှုံးတာကို လက်မခံဘဲ အာဏာသိမ်းလို့ ပြည်သူတွေက မုန်းနေတာပါ။ ဒီအာဏာသိမ်းတာဟာ လိုအပ်လို့ သိမ်းတာမဟုတ်ဘဲ သူအာဏာရူးပြီး ချမ်းသာချင်လို့ လုပ်လိုက်တာပါ။ တပ်ထဲမှာလဲ ဗိုလ်ချုပ်ကြီးတွေက အာရှအချမ်းသာဆုံးဖြစ်ပြီး စစ်သားတွေက ဆင်းရဲလို့တပ်ပျက်နေပါပြီ။ မြန်မာတွေက မအလကို မုန်းလို့ သူတို့ဟာ သူအောက်မှာနေမယ့်အစား အသေခံတိုက်ဖို့ ပြင်နေကြပါပြီ။ သူ့ကို တိုင်းရင်းသားတိုင်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံက မုန်းနေတာပါ။အာဆီယံဟာ မအလကို ဆင်းခိုင်းဖို့ ဖြောင်းဖျပြီး မရရင် အမေရိကန်ကို ပေးဝင်ကိုင်သင့်ပါတယ်။ ဆူဒန်ရဲ့ ဥပမာရှိပါတယ်။ တရုတ်နိုင်ငံဟာလဲ မအလနဲ့ စီးပွါးရပ်ပြီး ဖိအားပေးလို့ရပါတယ်။ မဟုတ်ရင်မြန်မာပြည်ဟာ ဆီးရီးယားလို ဖြစ်သွားနိုင်ပါတယ်။
စာရေးသူအနေနဲ့ အာဆီယံနဲ့ တရုတ်နိုင်ငံတို့ရဲ့ အာရှစံအရ ဝင်မစွက်ရေးမူကို လေးစားပါတယ်။ ဒါပေမယ့် မိဘဆိုသူက သူ့သားသမီးကို မုဒိမ်းကျင့်တယ် သတ်ဖို့ကြိုးစားတယ်ဆိုတာကို သင်တွေ့ရင် ဝင်တားပြီး ရဲခေါ်မလား? ဒါမှမဟုတ် သူ့မိသားစုအရေးဆိုပြီး လွှတ်ထားမလား စဉ်းစားရမှာပါ။ ၂၁ ရာစုမှာ အိမ်တွင်ရေးဆိုပြီး မုဒိမ်းကျင့်တာကို လွှတ်ထားလို့ရမယ် မထင်ပါ။ ဝင်တားမှ ရမှာပါလို့ ပြောပါရစေ။
Comments