အဲ့ဒီလိုပြောရင်စာဖတ်သူများကဟုတ်ပါ့မလားလို့မေးပါ့မယ်။စာရေးသူကပြန်ဖြေပါ့မယ်။တကယ်ပါ။သူတို့ဟာလုံခြုံရေးပေါ့ဆလို့အကြမ်းဖက်သမားကဗုံးဖောက်ခွဲမယ်ဆိုတာကိုအိန္ဒိယထောက်လှမ်းရေးကဧပြီလ၄ရက်နေ့ဗုံမပေါက်ခင်နှစ်ပတ်အလိုမှာကြိုတင်သတင်းပေးတာကိုဘာမှကြိုတင်ပြင်ဆင်မဆောင်ရွက်ခဲ့လို့ပါ။ဒီသတင်းကအမှန်ဖြစ်ပြီးအဲ့ဒီနိုင်ငံကတော့သီရိလင်္ကာနိုင်ငံပါ။
မြန်မာနဲ့သီရိလင်္ကာဟာဗုဒ္ဓဘာသာချင်းတူပါတယ်။မွတ်စလင်အကြမ်းဖက်သမားကတော့ကမ႓ာပေါ်မှာနေရာတိုင်းရှိလို့ထည့်မရေးတော့ပါ။သီရိလင်္ကာမှာလဲမဘသလိုအဖွဲ့မျိုးရှိပါတယ်။နောက်သီရိလင်္ကာနဲ့အနည်းငယ်တူတာရှိပါတယ်။
သူ့ရဲ့သမ္မတကMaithripala Sirisena ပါ။သူကသူ့ဝန်ကြီးချုပ်Wickremesinghe ကိုထုတ်ဖို့ုကသူ့ကြိုးစားပေမယ့်ပါလီမန်ကလက်မခံလို့မအောင်မြင်ပါ။သီရိလင်္ကာမှာသမ္မတကတပ်ရယ်၊ရဲရယ်၊ထောက်လှမ်းရေးရယ်ကိုကိုင်ပါတယ်။ဝကခကတော့ကျန်တဲ့ဝန်ကြီးဌာနတွေပေါ့။ယခုလိုစနစ်ပေမယ့်သီရိလင်္ကာရဲ့သမ္မတကအရပ်သားနိုင်ငံရေးသမားပါ။ဒါကြောင့်ယခုလိုအကြမ်းဖက်သမားကတိုက်ခိုက်ဗုံးခွဲချိန်မှာသူကတာဝန်ရှိသူတွေကိုတာဝန်ပေါ့လျော့မှုနဲ့ဖမ်းလိုက်တာပါ။
ဒါမျိုးကိုကိုမြန်မာပြည်မှာကြည့်ရအောင်။၂၀၀၈ခြေဥအရလုံခြံုရေးကိုတာဝန်အရှိဆုံးဟာဘယ်သူလဲဆိုတာစာဖတ်သူများသိမှာပါ။အိန္ဒိယကဘင်္ဂါလီမတိုက်ခင်သတင်းကြိုပေးခဲ့ပါတယ်။အစိုးရကလဲမတိုက်ခင်နှစ်လလောက်ကထဲကလုံခြံုရေးတိုးဖို့ပြောခဲ့ပါတယ်။။ဒုတပ်ချုပ်တပ်ပြင်ပေမယ့်သူ့အထက်ကပယ်ချခဲ့ပါတယ်။ဒါပေမယ့်ဘင်္ဂါလီနှစ်ခါအတိုက်ခံရလဲရာထူးကမထွက်၊ဓာတ်ခဲဝင်အတိုက်ခံရလဲရာထူးကမထွက်၊ကိုးကန့်ဝင်အတိုက်ခံရလဲရာထူးကမထွက်နဲ့တိုင်းပြည်မှာနစ်နာလှပါတယ်။
လူဆိုတာမိမိကျွမ်းကျင်ရာတာဝန်ယူထားတဲ့အလုပ်ကိုမလုပ်နိုင်ရင်ရှက်တတ်ရပါတယ်။ဒီလိုအရှက်မရှိတဲ့ကောင်တွေကိုမဖြုတ်နိုင်တာဒီခြေဥပါ။စစ်သားဆိုတာစစ်တိုက်ရပါတယ်။စွပ်ပြုတ်လိုက်တိုက်နေလို့မရပါ။အမျိုးဘာသာသာသနာလို့ခတ်ပေါပေါအော်နေလို့မရပါ။ မထိခိုက်အောင်ထောက်လှမ်းရေးနဲ့ကာကွယ်ရပါတယ်။
ခွေးတောင်ဟောင်တတ်ပြီးမကိုက်တတ်တဲ့ခွေးဆိုရင်ခြံစောင့်မထားသင့်ပါဘူး။
ရပါတယ်။ Facebook အကောင့်နဲ့ join ပါ။ ဒီ wix app ကို ဒေါင်းထားလို့ရပါတယ်။
Email မရှိရင် join လိုမရဘူးလားရှင့်