ကိုေဆြဝင္းကသင္ျပသြားေသာေတြးစရာမီဒီယာ
ျမန္မာျပည္မွာကမီဒီယာဆိုရင္ခ႐ိုနီမီဒီယာ၊တပ္မီဒီယာ၊ျပည္ပၾသဇာခံမီဒီယာဆိုၿပီးအသိမ်ားပါတယ္။ျပည္သူ႔ဖက္ကရပ္တည္တဲ့မီဒီယာကလက္ဆယ္ေခ်ာင္းေတာင္မျပည့္ပါ။
ဒါဆိုေလ့လာၾကည့္ရေအာင္။ျပည္ပကမီဒီယာဘီဘီစီ၊VOA၊RFA၊DVB တို႔ဟာျမန္မာျပည္တြင္းမွာယခင္ကဒီမိုဘက္ကလိုက္တယ္လို႔ထင္ရပါတယ္။ဒါေပမယ့္ဘဂၤါလီကိစၥမွာသူတို႔ဟာသူတို႔ကိုေပးတဲ့ျပည္ပကႏိုင္ငံေတြအႀကိဳက္သာလိုက္ရပါေတာ့တယ္။သူတို႔ကငါတို႔ကအမွန္ေျပာတာလို႔ေျပာလို႔ရပါတယ္။ဒါေပမယ့္ဧရာဝတီကအမွန္ေျပာဖို႔ုႀကိဳးစားခ်ိန္မွာဘဂၤါလီကသူ႔ကိုေထာက္ပံ့တဲ့ႏိုင္ငံေတြကိုအကူအညီျဖတ္ဖို႔စာလွမ္းေရးပါတယ္။ယခုေတာ့ဘယ္သူ႔ေအာက္ေရာက္ေနလဲမသိေတာ့ပါ။
ဘီဘီစီဟာလဲအဂၤလိပ္အစိုးရကေထာက္ပံ့ထားတာပါ။႐ုရွားက႐ုရွားတီဗီ(RT)လိုပါဘဲ။သူဟာသူမ်ားတိုင္းျပည္ေတြမွာလူမ်ိဳးေရး၊ဘာသာေရးေျပာၿပီးတိုက္ေပးပါတယ္။သူ႔တိုင္းျပည္ထဲမွာRT ကျပန္လုပ္ရင္ေတာ့ေဆြ႕ေဆြ႕ခံုၿပီးဒဏ္႐ိုက္ပါတယ္။ဘီဘီစီကလႊင့္သလိုအီရန္တီဗီကလႊင့္ခ်ိန္မွာေတာ့ဘာဘာေရးရန္တိုက္ေပးလို႔ဆိုၿပီးလိုင္စင္သိမ္းတယ္လို႔မွတ္သားမိပါတယ္။လြတ္လပ္စြာေျပာဆိုခြင့္ဆိုၿပီးေပးမလႊင့္ပါ။VOA၊RFA တို႔ကေတာ့အေမရိကန္ကတရားဝင္ေထာက္ပံ့ထားတာပါ။သူမ်ားတိုင္းျပည္ေတြမွာဝင္ေျပာတဲ့အေမရိကန္ဟာသူ႔ကို႐ုရွားကRT နဲ႔ဝင္႐ႈပ္ေတာ့ယခုအထိစစ္ေဆးတာမၿပီးေသးပါ။ထရမ့္ေတာင္တိုင္ပတ္ေနပါတယ္။
အားလံုးသိတဲ့အတိုင္းဝလံုးတို႔ဟာတိုင္းျပည္ထဲမွာစစ္အစိုးရလက္ထက္မွာေရာ၊ဒီမိုအစိုးရလက္ထက္မွာပါတိုင္းျပည္ေကာင္းေအာင္ဘာတစ္ခုမွမေရးခဲ့ပါ။ဘာမွနာမည္မရပါ။ဒါေပမယ့္သတင္းတစ္ပုဒ္ထဲကိုသခင္ႀကီးအႀကိဳက္ေရးလိုက္တာနဲ႔ဆုရသြားပါတယ္။
ယခုကိုေဆြဝင္းဟာတိုင္းျပည္ေကာင္းက်ိဳးအတြက္ဟိုအိမ္ေဖာ္နွိပ္ဆက္ခံရတာေတြ၊ဦးကိုနီအသတ္ခံရတဲ့အမႈေတြ၊မဲလိမ္တာေတြ၊ကိုယ္တိုင္တရားစြဲခံရၿပီးဝလံုးတို႔လိုေသခ်ာၾကည့္႐ႈေစာင့္ေရွာက္ခ်င္းမခံရေပမယ့္အခက္အခဲေတြၾကားကလုပ္သြားခဲ့ပါတယ္။
စာေရးသူနဲ႔ကိုေဆြဝင္းဟာေနာက္ခံမတူလို႔ေနရာတိုင္းမွာအျမင္မတူႏိုင္ပါ။တိုင္းျပည္မွာလိုေနတာကသူ႔လိုသတင္းသမားေတြပါ။သူတို႔ဟာျပည္သူကိုအက်ိဳးျပဳရပါမယ္။ႏိုင္ငံေတာ္ကိုဖာေပးေနစရာမလိုပါဘူး။လိုတာကအမွန္အတိုင္းေရးၿပီးျပည္သူကိုအက်ိဳးျပဳဖို႔ပါ။
ဒီေနရာမွာသတင္းသမားေတြကိုဘုရားေဟာေလးနဲ႔မိမိသတင္းမေရးခင္စဥ္းစားသင့္တာေလးေရးျပပါ့မယ္။ဒါဟာလူတိုင္းFacebook ေပၚမွာမေရးခင္လဲစဥ္းစားသင့္တယ္ထင္ပါတယ္။ပထမက
က။မိမိေျပာတာဟာအခ်က္အလက္မွန္ရပါမယ္။
ခ။အက်ိဳးရွိရပါမယ္
ဂ။မိမိကသူတပါးကိုေကာင္းေစလိုတဲ့ရည္ရြယ္ခ်က္နဲ႔ေျပာရပါမယ္။
ဃ။သူတပါးကနားခံသာရပါမယ္။
င။ေျပာသင့္တဲ့အခ်ိန္မွေျပာရပါမယ္။
The Buddha taught there were five things to consider before speaking. Is what you’re about to say:
Factual and trueHelpful, or beneficialSpoken with kindness and good-will (that is, hoping for the best for all involved)Endearing (that is, spoken gently, in a way the other person can hear)Timely (occasionally something true, helpful, and kind will not be endearing, or easy for someone to hear, in which case we think carefully about when to say it)
သတင္းသမားေတြေရာစာေရးသူတို႔ေရာဒါကိုလိုက္နာႏိုင္ရင္ေတာ့အဆင္ေျပမယ္ထင္ပါတယ္။ကိုေဆြဝင္းလုပ္ေနတာေတြဟာယခုအခ်ိန္အထိသူဟာျမန္မာျပည္မွျပည္သူ႔ဘက္ကရပ္တည္ေသာသတင္းသမားဆိုတာကိုျပသေနပါတယ္။ဂုဏ္ယူပါတယ္။ကိုေဆြဝင္းႏိုင္ငံျခားကဘာဆုရရမရရျပည္သူေတြကရင္ထဲကေပးတဲ့ေမတၱာဆုကိုေတာ့ရေနမွာပါ။
Unicode version
ကိုဆွေဝင်းကသင်ပြသွားသောတွေးစရာမီဒီယာ
မြန်မာပြည်မှာကမီဒီယာဆိုရင်ခရိုနီမီဒီယာ၊တပ်မီဒီယာ၊ပြည်ပသြဇာခံမီဒီယာဆိုပြီးအသိများပါတယ်။ပြည်သူ့ဖက်ကရပ်တည်တဲ့မီဒီယာကလက်ဆယ်ချောင်းတောင်မပြည့်ပါ။
ဒါဆိုလေ့လာကြည့်ရအောင်။ပြည်ပကမီဒီယာဘီဘီစီ၊VOA၊RFA၊DVB တို့ဟာမြန်မာပြည်တွင်းမှာယခင်ကဒီမိုဘက်ကလိုက်တယ်လို့ထင်ရပါတယ်။ဒါပေမယ့်ဘင်္ဂါလီကိစ္စမှာသူတို့ဟာသူတို့ကိုပေးတဲ့ပြည်ပကနိုင်ငံတွေအကြိုက်သာလိုက်ရပါတော့တယ်။သူတို့ကငါတို့ကအမှန်ပြောတာလို့ပြောလို့ရပါတယ်။ဒါပေမယ့်ဧရာဝတီကအမှန်ပြောဖို့ုကြိုးစားချိန်မှာဘင်္ဂါလီကသူ့ကိုထောက်ပံ့တဲ့နိုင်ငံတွေကိုအကူအညီဖြတ်ဖို့စာလှမ်းရေးပါတယ်။ယခုတော့ဘယ်သူ့အောက်ရောက်နေလဲမသိတော့ပါ။
ဘီဘီစီဟာလဲအင်္ဂလိပ်အစိုးရကထောက်ပံ့ထားတာပါ။ရုရှားကရုရှားတီဗီ(RT)လိုပါဘဲ။သူဟာသူများတိုင်းပြည်တွေမှာလူမျိုးရေး၊ဘာသာရေးပြောပြီးတိုက်ပေးပါတယ်။သူ့တိုင်းပြည်ထဲမှာRT ကပြန်လုပ်ရင်တော့ဆွေ့ဆွေ့ခုံပြီးဒဏ်ရိုက်ပါတယ်။ဘီဘီစီကလွှင့်သလိုအီရန်တီဗီကလွှင့်ချိန်မှာတော့ဘာဘာရေးရန်တိုက်ပေးလို့ဆိုပြီးလိုင်စင်သိမ်းတယ်လို့မှတ်သားမိပါတယ်။လွတ်လပ်စွာပြောဆိုခွင့်ဆိုပြီးပေးမလွှင့်ပါ။VOA၊RFA တို့ကတော့အမေရိကန်ကတရားဝင်ထောက်ပံ့ထားတာပါ။သူများတိုင်းပြည်တွေမှာဝင်ပြောတဲ့အမေရိကန်ဟာသူ့ကိုရုရှားကRT နဲ့ဝင်ရှုပ်တော့ယခုအထိစစ်ဆေးတာမပြီးသေးပါ။ထရမ့်တောင်တိုင်ပတ်နေပါတယ်။
အားလုံးသိတဲ့အတိုင်းဝလုံးတို့ဟာတိုင်းပြည်ထဲမှာစစ်အစိုးရလက်ထက်မှာရော၊ဒီမိုအစိုးရလက်ထက်မှာပါတိုင်းပြည်ကောင်းအောင်ဘာတစ်ခုမှမရေးခဲ့ပါ။ဘာမှနာမည်မရပါ။ဒါပေမယ့်သတင်းတစ်ပုဒ်ထဲကိုသခင်ကြီးအကြိုက်ရေးလိုက်တာနဲ့ဆုရသွားပါတယ်။
ယခုကိုဆွေဝင်းဟာတိုင်းပြည်ကောင်းကျိုးအတွက်ဟိုအိမ်ဖော်နှိပ်ဆက်ခံရတာတွေ၊ဦးကိုနီအသတ်ခံရတဲ့အမှုတွေ၊မဲလိမ်တာတွေ၊ကိုယ်တိုင်တရားစွဲခံရပြီးဝလုံးတို့လိုသေချာကြည့်ရှုစောင့်ရှောက်ချင်းမခံရပေမယ့်အခက်အခဲတွေကြားကလုပ်သွားခဲ့ပါတယ်။
စာရေးသူနဲ့ကိုဆွေဝင်းဟာနောက်ခံမတူလို့နေရာတိုင်းမှာအမြင်မတူနိုင်ပါ။တိုင်းပြည်မှာလိုနေတာကသူ့လိုသတင်းသမားတွေပါ။သူတို့ဟာပြည်သူကိုအကျိုးပြုရပါမယ်။နိုင်ငံတော်ကိုဖာပေးနေစရာမလိုပါဘူး။လိုတာကအမှန်အတိုင်းရေးပြီးပြည်သူကိုအကျိုးပြုဖို့ပါ။
ဒီနေရာမှာသတင်းသမားတွေကိုဘုရားဟောလေးနဲ့မိမိသတင်းမရေးခင်စဉ်းစားသင့်တာလေးရေးပြပါ့မယ်။ဒါဟာလူတိုင်းFacebook ပေါ်မှာမရေးခင်လဲစဉ်းစားသင့်တယ်ထင်ပါတယ်။ပထမက
က။မိမိပြောတာဟာအချက်အလက်မှန်ရပါမယ်။
ခ။အကျိုးရှိရပါမယ်
ဂ။မိမိကသူတပါးကိုကောင်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ပြောရပါမယ်။
ဃ။သူတပါးကနားခံသာရပါမယ်။
င။ပြောသင့်တဲ့အချိန်မှပြောရပါမယ်။
The Buddha taught there were five things to consider before speaking. Is what you’re about to say:
1. Factual and true
2. Helpful, or beneficial
3. Spoken with kindness and good-will (that is, hoping for the best for all involved)
4. Endearing (that is, spoken gently, in a way the other person can hear)
5. Timely (occasionally something true, helpful, and kind will not be endearing, or easy for someone to hear, in which case we think carefully about when to say it)
သတင်းသမားတွေရောစာရေးသူတို့ရောဒါကိုလိုက်နာနိုင်ရင်တော့အဆင်ပြေမယ်ထင်ပါတယ်။ကိုဆွေဝင်းလုပ်နေတာတွေဟာယခုအချိန်အထိသူဟာမြန်မာပြည်မှပြည်သူ့ဘက်ကရပ်တည်သောသတင်းသမားဆိုတာကိုပြသနေပါတယ်။ဂုဏ်ယူပါတယ်။ကိုဆွေဝင်းနိုင်ငံခြားကဘာဆုရရမရရပြည်သူတွေကရင်ထဲကပေးတဲ့မေတ္တာဆုကိုတော့ရနေမှာပါ။
Comments