top of page
Search
Writer's pictureMyat Tun Oo

ကိုဗစ်ကြောင့် ရွေးကောက်ပွဲ ရွှေ့သင့်လား?


ဒီမေးခွန်းဟာ လူအများက မေးနေကြတဲ့မေးခွန်းပါ။ ဘယ်ပါတီကို ထောက်ခံထောက်ခံ ဒီမေးခွန်းလေးတော့ မေးကြမှာပါ။

အားလုံးသိကြတဲ့အတိုင်း နေရာတိုင်း ဘယ်သူ့ကိုမေးမေး အများစုက NLD သာ မဲပေးမယ် ဖြစ်နေခဲ့ပါတယ်။ ဒီအချက်ဟာ NLD အလံလွှင့်ပွဲကနေ ထင်ရှားစေခဲ့ပါတယ်။ သိကြားမင်းက လူပြည်ဆင်းလာပြီး ဖွတ်ပါတီကို ကြိုတင်မဲပေးရင်တောင် နိုင်ဖို့မလွယ်ပါ။ နိုင်ငံရေးမှာ နှစ်လဆိုတာက အကြာကြီးပါ။ဒါပေမယ့် မိမိရှုံးမှာကို ကြိုသိတဲ့ PPP က နှစ်လနောက်ဆုတ်ဖို့ စပြောပါတယ်။ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကလဲ ပြည်သူ့ကျန်းမာရေးကအဓိက ဘာညာဘာညာဆိုပြီး ရွေးကောက်ပွဲကိုနောက်ဆုတ်ဖို့ပြောလာပါတယ်။ ဒါကအစပါ။ နောက်ပိုင်းမှာ ဖွတ်နဲ့ မအလက လိုက်လာပါမယ်။


ဒါဆိုသူတို့ပြောသလို ရွှေ့သင့်လား?

စာရေးသူအနေနဲ့ ရှုထောင့်သုံးခုကနေ တင်ပြပါမယ်။ ပထမက နိုင်ငံရေးဖြစ်ပြိး၊ ဒုတိယက ကိုဗစ်နဲ့တတိယက စီးပွါးရေး ရှုထောင့်ကပါ။


နိုင်ငံရေးရှုထောင့်

ဒီမိုအစိုးရရဲ့အသက်ဟာ ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲဟာ ဒီမိုအစိုးရရဲ့ တရားဝင်မှုပါ။ အကယ်၍ရွေးကောက်ပွဲသာ မကျင်းပနိုင်ခဲ့ရင် လက်ရှိအစိုးရဟာ တရားဝင်မှုရှိတော့မှာ မဟုတ်ပါ။ မြန်မာပြည်ဟာ ၂၀၀၈ ခြေဥအရ ၂၅% ဟာ တပ်ကလာနေပြီး ညွှန်ချုပ်ကို အာဏာသိမ်းခွင့်တွေ ပေးထားပါတယ်။ဒါဟာ အင်မတန်မှ ကြောက်စရာကောင်းတဲ့ အခြေအနေပါ။ ကျောင်းသားဆန္ဒပြပွဲ၊ အလုပ်သမား၊လယ်သမားဆန္ဒပြပွဲ၊ မဘသဆန္ဒပြပွဲတွေကို အနောက်ကထောက်ပံ့ပြီး လုပ်နေတဲ့တိုင်းပြည်မှာရွေးကောက်ပွဲမရှိခဲ့ မလုပ်နိုင်ခဲ့ရင် စစ်တပ်အနေနဲ့ တရားမဝင်အစိုးရဆိုပြီး အာဏာသိမ်းရ ပိုလွယ်သွားပါမယ်။ ရွေးကောက်ပွဲနဲ့ တရားဝင်အစိုးရကို အာဏာသိမ်းခဲ့ရင် နိုင်ငံခြားတပ်ကို ခေါ်ရလွယ်ပေမယ့် ရွေးကောက်ပွဲမလုပ်နိုင်တဲ့အစိုးရဆိုရင် အာဏာသိမ်းတဲ့တပ်ကို ရင်ဆိုင်ရခက်ပါမယ်။ နိုင်ငံခြားတပ်ကို ခေါ်ရခက်နိုင်ပါတယ်။


ကိုဗစ်ရှုထောင့်

ကိုဗစ်ဟာ ကာကွယ်ဆေးမပေါ်မချင်း ရှိနေမယ့် အန္တရာယ်ပါ။ နိုဝင်ဘာကနေ ဖေဖော်ဝါရီကို ရွှေ့လိုက်တာနဲ့ မပြီးသွားပါ။ မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်မပြောနဲ့ အမေရိကန်မှာလဲ ဖြစ်နေဆဲဖြစ်ပြီးပထမလှိုင်းမှာ အောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားလဲ ဖိုက်နေရဆဲပါ။ ဩဇီမှာလဲ lockdown လုပ်လိုက်ဖြုတ်လိုက်နဲ့ တိုင်ပတ်နေတာပါ။ စပိန်မှာ ဖြစ်နှုန်းတက်လာနေသလို ပြင်သစ်နဲ့ ယူကေမှာလဲ တစ်နေ့ကိုသုံးထောင်လောက်ဖြစ်နေတာပါ။ ဒါကြောင့် ကိုဗစ်ကျအောင်ပြန်စောင့်ရင် ၂၀၂၁ အကုန်အထိ စောင့်ရမှာပါ။ ဒါတင်မဟုတ်ဘဲ ကျန်းမာရေးကြောင့် ရွေးကောက်ပွဲရွှေ့ရင် လူတွေဟာ ကိုဗစ်ကြောင့်မသေရင်တောင် အာဏာသိမ်းလို့ စစ်အစိုးရလက်ထက်ကလို အခြားရောဂါတွေနဲ့ လူမသိ သူမသိသေကြရမှာပါ။


စီးပွါးရေးရှုထောင့်

ကိုဗစ်ဟာ ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ စီးပွါးရေးကို ကျစေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ရင် စီးပွါးရေးမူဝါဒကို ချမှတ်ဖို့ ခက်ပါမယ်။ ရင်းနှီးမြုပ်နှံသူများက တည်ငြိမ်တဲ့ အစိုးရကို လိုပါတယ်။ ဒါမှ ရင်းနှီးမြုပ်နှံသူများရဲ့ ယုံကြည်မှု investor confidence ကို ရမှာပါ။ ဥပမာ ရွေးကောက်ပွဲကိုနိုဝင်ဘာ ၈ ရက်မှာပြီးရင် တက်လာတဲ့အစိုးရက စီးပွါးရေးမူဝါဒအသစ်နဲ့ အကောင်အထည်ဖော်ရုံပါ။မဟုတ်ရင် ဘာပေါ်လစီမှ တရားဝင်ချမရပါ။


ကမ္ဘာ့နိုင်ငံများမှာ ကိုဗစ်ကာလ ရွေးကောက်ပွဲ လုပ်ခဲ့လား?

ဒီမိုအင်အားကြီး အမေရိကန်ဟာ ကိုဗစ်ဖြစ်သူ ၆ သန်းခွဲနဲ့ သေသူ နှစ်သိန်းနီးပါးရှိတာတောင် သူလဲနိုဝင်ဘာမှာ ရွေးကောက်ပွဲကို လုပ်ပါမယ်။ အမေရိကန်မှာ ၂၀၀၈ ခြေဥမရှိသလို စစ်တပ်ကလဲလွှတ်တော်ထဲမှာ ထိုင်မနေပါ။ ထို့အတူပါဘဲ စပိန်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ Iceland၊ ဆားဘီးယား၊ မွန်ဂိုလီးယား၊ ဘရွန်ဒီ၊ Dominican Republic၊ စင်ကာပူ၊ ပိုလန်၊ ခရိုအေးရှား တို့ဟာလဲ ကိုဗစ်ကြားထဲကရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီဥပမာမှာ ဆင်းရဲတဲ့နိုင်ငံရော ချမ်းသာတဲ့နိုင်ငံပါ ပါပါတယ်။


အကျဉ်းချုပ်ပြောရရင် ကိုဗစ်ကြောင့် ရွေးကောက်ပွဲကို မရွှေ့သင့်ပါ။ ရွေးကောက်ပွဲရွှေ့တာဟာပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေးပြဿနာတွေကို ပိုဆိုးသွားစေမှာပါ။ အာဏာသိမ်းပြီး ပြည်တွင်းစစ်တောင် ဖြစ်သွားနိုင်ပါတယ်။ တကယ်ကိုဗစ်အတွက် စိုးရိမ်ခဲ့ရင် ပါတီများအားလုံး လိုင်းပေါ်ကသာ မဲဆွယ်တာကို နောက်နှစ်ပတ်လောက်အနည်းဆုံး လုပ်သင့်ပါတယ်။ NLD ကလူတွေအပြင်ထွက် မဲမဆွယ်ဘဲ လိုင်းပေါ်ကသာ မဲဆွယ်ဖို့စဉ်းစားသင့်ပါတယ်။ ဒါဆိုရင် NLD ဟာ သူတို့ထောက်ပြနိုင်တဲ့ လူစုတာကို နှစ်ပတ်လောက်နားထားပြီး လိုင်းပေါ်ကသာ မဲဆွယ်ခြင်းဖြင့် ရောဂါပိုးကူးတာကိုလဲ တားနိုင်မှာဖြစ်သလို ရွေးကောက်ပွဲကိုလဲအချိန်မှီ လုပ်နိုင်မှာပါ။


ကိုဗစ်ကြောင့် ရွေးကောက်ပွဲ နောက်ဆုတ်ခဲ့ပြီး စစ်အာဏာရှင်သာ ပြန်အုပ်ချုပ်ခဲ့ရင် မြန်မာပြည်ရဲ့ပြည်တွင်းစစ်နဲ့ ဆင်းရဲမှုကြောင့် သေသူများဟာ ကိုဗစ်ထက် အဆပေါင်းထောင်သောင်းချီ သွားနိုင်တယ်လို့သာ ပြောပါရစေ။


ဒါကြောင့် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ဆက်လုပ်ပါ။ ဒါပေမယ့် လိုင်းပေါ်ကသာ နောက်နှစ်ပတ်လောက်မဲဆွယ်ပေးပါ။ လမ်းပေါ်ထွက် မဲမဆွယ်ပါနဲ့။ ဒါဆို မြန်မာပြည်ကြီး အဆင်ပြေပါပြီ။ ကိုဗစ်လဲထိန်းနိုင် ရွေးကောက်ပွဲလဲ ဆက်လုပ်နိုင်ပါမယ်။ သားရွှေအိုးထမ်းကိန်းပါ။

1,371 views2 comments

Recent Posts

See All

အမ်းအပြီး

အမ်းနဲ့ အဆက်အသွယ်ပြတ်သွားအပြီး ၅ ရက် အကြာမှာ AA က အမ်း နပခ ကျပြီဆိုတာ အတည်ပြုတာ တွေ့ရပါတယ်။ AA သာ အမှန်သိမှာပါ။ နေပြည်တော်နဲ့...

2 Σχόλια


Myint Soe Oo
Myint Soe Oo
15 Σεπ 2020

ဦးမြတ်! com ရှည်လွန်းမည်စိုး၍ ခွဲရေးလိုက်ပါသည်။

**မိုးရွာ နေစဥ် ရေကို ခံ ၊ စု**

အနာဂတ်မှာ ရေချိုချို ပေါလျှံစွာ သောက်သုံးဖို့။

***နေပူတုန်း စပါးလှမ်း ***

ရာသီဥတု ဖောက်ပြန်နေ၍၊ နေပူပူအတွက် စိတ်မချရ။အချိန်မရွေး မိုးသက်မုန်တိုင်းဝင်ပြီး မိမိစပါး မခြောက် ၊ ***အောက် ***သွားနိုင်ပါသည်။ တန်ဘိုးထားရတဲ့ ဝမ်းစာနှင့် မျိုးစပါး အလကားဖြစ်သွားပါလိမ့်မည်။ ယခု မျိုးစပါး ပုပ်သွားလျှင် မရိုးသားသော စပါးအစားထိုးသွားလျှင် ဆန်ကြမ်းမာမာမို့ အစာအိမ်၊ အူ နာရပါလိမ့်မည်။

ကြုံနေရသော#ခဏကောင်းအခွင်းအရေး#လက်လွတ် အဆုံးအရှုံးမခံသင့်။

*****လသာတုန်း ဗိုင်း ငင်*****

လုံအောင်ခြုံရတဲ့ ခြုံထည်ဖြစ်ဖို့ မျိုးစားဂုဏ်ရည် အစုံအညီတူသော ချည်များစွာလိုပါသည်။ ချည်မျိုးမတူ ချည်ဆိုးဝင် ဖက်က

အဆင် မလှ သလို ၊ အချင်းအနေနဲ့

လုံအောင် မခြုံနိုင်ပါ။ ***ချည်စုံစုပေါင်း ညွန်ပေါင်းတော့ မဖြစ်စေချင်ပါ***။ မလုံမခြုံ ချည်ကုန်ရုံမျှ မက ရက်လုပ်လိုက်ရသည့် ကာလက နှမြောစရာ။ ချည် တပင်ချင်းကိုလည်း အားမကိုးသင့်။ အမြင်မတင့်၊ နှမ်းတလုံးနှင့် ဆီမဖြစ်လို့။


ရက်ရွေးမနေပါတော့နဲ့

ချမ်းသာသက်ကလေးရှည်စေလို

ကိုဗစ်ရန်ကို ချည် စု ယက်၊ လှ တဘက် ခြုံကာ

၈ နိုဝင်ဘာမှာ

မဲရုံကိုသွားကြပါစို့။


အမှန်မြင်နိုင်ကြပါစေ။

Μου αρέσει

Myint Soe Oo
Myint Soe Oo
15 Σεπ 2020

ဦးမြတ် ! သာသနာ ရှုထောင့်မှ တင်ပြပါရစေ။ အရဟတ္တမဂ်ဉာဏ် မရသေးသော လူသားတိုင်း သေမှာ လွန်စွာ ကြောက်ကြပါသည်။ မွေးရာပါ ဗီဇ အခြေခံပါ။ **ကာမတဏှာ**/**ဘဝတဏှာ**


ကောင်းကောင်း စား /ဝတ်/နေ အခြေခံ ပြည့်စုံလျှံစွာဖြင့် တည်ဆောက်ထားသော ဘဝကို

ဘာသာမရွေး ၊ အသားအရောင်မခွဲ လူသားတိုင်း အလိုကိုယ်စီ ရှိကြပါသည်။ အများစုက အတိတ်ကံကို လက်ညှိးထိုးတတ်ကြပါသည်။

ပစ္စုပ္ပန် ကံကို မေ့ထားကြပါသည်။

ကြိုးစားပေမယ့် မရတဲ့ ကာလ ဒေသ ပယောဂ တွေအပေါ် မြင်အောင် မကြည့်နိုင်ပါ။ ခု CV614Gကြောင့် နေရေးနဲ့စပ်ယှဥ်ရောင်းရသောဆိုင် ယနေ့့ စျေးဦးမပေါက်၊ အိပ်ကပ်ထဲ တပြားတချပ် မရောက်လာခဲ့ပါ။ အကျိုးစီးပွား ကောင်းမကောင်း ပယောဂ ဟုခေါ်သော အခြေအနေကောင်းသည့် **ပတ်ဝန်းကျင်ကောင်း**တစ်ရပ် ထူးစွာလိုအပ်လှပါသည်။ ဤသို့သောပတ်ဝန်းကျင်ကောင်းကို မိမိတဦးထဲ မိမိအကျိးစီးပွားအတွက် မည်သို့တည်ဆောက်ပါမည်နည်း။

မိမိနေထိုင်ရာ မြို့နယ်တောရွာတဝိုက် သာယာဖွံဖြိုးစီးပွားတိုးရန်လိုအပ်ပါသည်။ထိုမှတဆင့် တိုင်းပြည်နယ်အဝှမ်း ဖွံဖြိုးရပါမည်။ တိုင်းနိုင်ငံတိုးတက်ဖွံဖြိုးရန်

ရည်ရွယ်ပြင်း ဆန္ဒစေတနာဖြူသော လူအစု စီမံအုပ်ချုပ်ချုပ်ကြိုးစားအလုပ်လုပ်မှသာ နိုင်ငံတဝှမ်း ဖွံဖြိုးရပါသည်။ ဤသို့သော စီမံခန့်ခွဲ စိုးမိုးသူတို့ တနည်း အစိုးရတရပ်အထူးလိုအပ်လှပါသည်။ စေတနာဖြူသူတို့ ကိုယ်ကျင့်သိက္ခာ အထွတ်တပ် မြင်မြတ်သောလုပ်ရပ်ကြောင့် CV မုန်တိုင်းကို အောင်နိုင် ပိုင်စွာဖြတ်ကျော်နိုင်ခဲ့ပါသည်။ မြင်အောင်ကြည့်ပါက နာဂစ်မုန်တိုင်း ရိုက်ဖြတ်ကျော်စဥ်က အခြေအနေ နှင့်နှိင်းယှဥ်လျှင်တွေ့နိုင်ပါသည်။ ခုအစိုရနှင့် နာဂစ်အစိုးရ။ **ကိုယ်လုပ်မှကိုယ်စားရတာပါကွာ**အမြင်ရှင်းစေလိုပါသည်။

လက်လှုပ်မှ ပါးစပ်လှုပ် အူအလုပ်ရှုပ်ရသော ကျေးလက်နေလူတန်းအလွှာကို မေးပါရစေ။ စကောစကာ၊ ထရံ အားပြုလုပ်ခဲ့တဲ့ လွန်ခဲ့သော ၁၅ နှစ်နဲ့ ယခု ဘယ်လိုအခြေအနေကောင်းတွေ ကွာ ရဲ့လား? ကွာ မှ ကွာ။အနိမ့်ဆုံး ဥပမာ။ ရေနွေးသောက်ချင်လို့ ရေနွေးအိုးတည်တဲ့အခါ ဘေးထွက်ဝါးအမှိုက် အားကိုးခဲ့ရပါသည်။ အညာဒေသ ထင်းရှားသောကြောင့်။ ဝါးမီးမို့…


Μου αρέσει
bottom of page