top of page
Search
Writer's pictureMyat Tun Oo

ကိုဗစ်ကပြောခဲ့သော နိုင်ငံရေးသမား


စာရေးသူတို့က နိုင်ငံရေးသမားကို နိုင်ငံရေးရာထူးကို ခန့်ပါလို့ပြောရင် အချို့က ပညာရှင်ကိုခန့်ပါ ဘာညာနဲ့ ပြောလေ့ရှိပါတယ်။ ဒါဆိုရင် မေးခွန်းက ဘာပညာရှင်ကို ခန့်မလဲဆိုတာ ပေါ်လာပါတယ်။ အချို့က စီမံခန့်ခွဲတတ်ရမယ် ဘာညာပေါ့။ ဘာဘွဲ့ ညာဘွဲ့ ရှိသူကို ခန့်ပါဆိုသူများလဲရှိပါတယ်။ ဒါပေမယ့်အများစု မသိတာက နိုင်ငံရေးဆိုတာဟာလဲ ပညာရပ်ဖြစ်ပြီး နိုင်ငံရေးသမားဟာ နိုင်ငံရေးပညာရှင်ပါ။ဟာ မင်းကလဲ လာအာမနေနဲ့လို့ ပြောလိုသူတွေရှိပါမယ်။

ပြန်လေ့လာကြည့်ရအောင်။ နိုင်ငံရေးသမားဆိုတာက ပြည်သူကို လေ့လာ စည်းရုံးပြီး လှုပ်ရှားရတာပါ။ ထိုကဲ့သို့လုပ်နိုင်အောင် နိုင်ငံရေးသမားဆိုတာ မိမိကိုယ်တိုင်က ခေါင်းဆောင်နိုင်သူ ဖြောင့်မတ်သူ၊သူခိုးနဲ့ မပေါင်းသူ၊ ဓားမြနဲ့ မပေါင်းသူ ဖြစ်ရပါမယ်။

ကိုဗစ်ကာလကို ပြန်ကြည့်ရအောင်။ DASSK နဲ့ ကွီးဖြိုးဟာ နိုင်ငံရေးသမားတွေပါ။ ကိုဗစ်ကာလမှာကျန်းမာရေးက ဆရာဝန်က lockdown ဆိုတာ ပြောမှာပါ။ Lockdown လုပ်ရင် ပိုးကူးတာနည်းတာ လူတိုင်းသိမှာပါ။ ကျန်းမာရေးက သူ့ရှုထောင့်ကနေ Lockdown လုပ်ခိုင်းမှာပါ။ ထို့အတူ စီးပွါးရေးသမားကိုမေးရင်လဲ သူတို့တွေက ပြန်ဖွင့်ပါ Lockdown မလုပ်ပါနဲ့လို့ ပြောမှာပါ။ အဆိုပါအဖြစ်မျိုး ဥရောပ၊အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား နေရာတိုင်းမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားက အဆုံးအဖြတ်ပေးရပါတယ်။မြန်မာပြည်မှာက တချိန်ထဲမှာဘဲ လူများစွာကို လုပ်အားပေးခေါ်ရမှာပါ။ ထို့အတွက်က သူတို့စိတ်ဓာတ်တက်ကြွဖို့လိုပါတယ်။ အဲ့ဒီလိုလုပ်တာက နိုင်ငံရေးသမားပါ။ သူတို့ကို နိုင်ငံရေးသမားမဟုတ်ဘဲသေနတ်ထောက်ခိုင်းရင် အဓမ္မလုပ်အားပေးဖြစ်ပါတယ်။

ယခုကိုဗစ်ကာလကိုကြည့်ပါ။ နိုင်ငံရေးသမားက အောက်ကပညာရှင်တွေက ပြောတဲ့အပေါ်မှာမူတည်ပြီး ချင့်ချိန်ကာ ဆုံးဖြတ်ချက် ချပေးရပါတယ်။ ပြီးရင် မိမိဆုံးဖြတ်ချက်ကို ပြည်သူကို ချပြရပါတယ်။မှန်ရင်စား မှားရင်ခံရပါတယ်။ DASSK နဲ့ ကွီးဖြိုး တီဗီကနေ လုပ်သွားတာမျိုးပါ။ အကျိုးဆက်ကပြည်သူက ငါတို့အစိုးရက ငါတို့ကို လျစ်လျူရှုမထားဘူးဆိုတဲ့ ပုံရိပ်ကိုပေးပါတယ်။ ဒီနေရာမှာ ရန်ကုန်ဟာ ကိုဗစ်စစ်မြေပြင်ပါ။ ဒီစစ်ပွဲကိုတိုက်ဖို့ သာမန်ဝန်ထမ်းအင်အားနဲ့မရပါ။ တပ်ကိုလဲ မခေါ်လို့ပြည်သူ့အင်အားကို လိုခဲ့ပါတယ်။ ဒါ့ကြောင့် DASSK ရဲ့ မိန့်ခွန်း၊ ကွီးဖြိုးရဲ့ ဦးဆောင်မှုကြောင့်လုပ်အားပေးစစ်သည်တွေ ပေါ်လာခဲ့ပါတယ်။ ဥပမာ ခေါင်းဆောင်ဟာ ဘရွှေကြီးဆို ဘယ်ပြည်သူကထွက်လာပြီး ယခုကိုဗစ်တိုက်သလို မိမိအင်အားကို လှူမလားဆိုတာ စဉ်းစားစရာပါ။


ထို့အတူပါဘဲ ဒုတိယကမ္ဘာစစ်မှာ Churchill ချာချီဟာ ပြည်သူနဲ့ သူ့စစ်တပ်ကို နိုင်ငံရေးအရ စိတ်ဓတ်တက်ကြွအောင်လုပ်ပြီး တိုက်သွားတာပါ။ ချာချီဟာ စစ်ဗိုလ်ချုပ်ကြီးမဟုတ်ပါ။

ပြည်သူဆိုတာက မိမိခေါင်းဆောင်ကိုကြည့်ပါတယ်။ DASSK က လာဘ်မစားသူဆိုရင် သူ့ပြည်သူတွေကို လာဘ်မစားနဲ့ပြောတာက ပိုဩဇာညောင်းမှာပါ။ နေဝင်းက လာဘ်မစားနဲ့လို့ပြောရင် စာဖတ်သူတွေလိုက်နာမလား?

ဒါကြောင့် နိုင်ငံရေးရာထူးတွေဟာ နိုင်ငံရေးသမားသာ ဖြစ်ရမှာပါ။ နိုင်ငံရေးသမားကလဲ စံပြနေရမှာပါ။ ဥပမာ သူခိုးနိုင်ငံရေးသမားက မခိုးနဲ့လို့ပြောရင်မရသလို သူခိုးနဲ့ပေါင်းသူက မင်းတို့သူခိုးနဲ့မပေါင်းနဲ့လို့ သွားပြောလို့မရပါ။

အကျဉ်းချုပ်ပြောရရင် နိုင်ငံရေးဆိုတာဟာလဲ ပညာရပ်တစ်ခုပါ။ နိုင်ငံရေးသမားဟာ နိုင်ငံရေးပညာရှင်ပါ။ ဒါ့ကြောင့် နိုင်ငံရေးသမား နိုင်ငံရေးလုပ်တာ အကောင်းဆုံးပါလို့ ပြောပါရစေ။ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း တိုနီဘလား၊ အမေရိကန်သမ္မတာများဖြစ်တဲ့ အိုဘားမား၊ဂျိုးဘိုင်ဒန်၊ ကလင်တန်၊ တရုတ်သမ္မတချီတို့ဟာ နိုင်ငံရေးသမားတွေပါလို့ ပြောပါရစေ။ သူတို့ဟာ စီးပွါးရေးသမားတွေ မဟုတ်ခဲ့သလို စစ်ဗိုလ်ချုပ်တွေလဲ မဟုတ်ခဲ့ပါ။ ဒါပေမယ့် သူတို့ရဲ့ နောက်ကြောင်းကတော့ သူခိုး၊ ဓားပြတွေနဲ့ မပေါင်းခဲ့ပါဘူး။ ကလင်တန်ကတော့ ယခင်စီးပွါးရေးကိစ္စတစ်ခု မရှင်းလို့နည်းနည်း အရစ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ကလင်တန်က မွေးရာပါ နိုင်ငံရေးသမားပါ။ ဘာပဲဖြစ်ဖြစ်မြန်မာပြည်လို ခြေဥမပြင်သေးတဲ့ တိုင်းပြည်တစ်ခုမှာ နိုင်ငံရေးသမားစစ်စစ်တွေ နိုင်ငံရေးရာထူးရလာရင် တိုင်းပြည်ပိုတိုးတက်လာမှာပါလို့ ပြောပါရစေ။

596 views2 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

2 Comments


Myint Soe Oo
Myint Soe Oo
Nov 19, 2020

ဦးမြတ်! နိုင်ငံရေးသိပ္ပံ(PS)ဘာသာရပ်တစ်ခု ပြဌာန်းသတ်မှတ် သင်ကြားခဲ့ရစဥ်က။ ** နိုင်ငံနှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်သူများအတွက် ကောင်းကျိုးရလဒ်ပေါ်အောင် ဖော်ဆောင်ရေး**း ဟူ၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုမှုကို သင်ယူခဲ့ရပါသည်။

ကောင်းကျိုးပေါ်အောင်ဖော်ဆောင်သူကို နိုင်ငံရေးသမားဟု သတ်မှတ်ရပါမည်။ဖော်ပြပါအဓိပ္ပါယ်အရ ဘွဲ့ ၊ ဒီဂရီနှင့်မဆိုင်ပဲ လူသား၏ ပင်ကိုယ်စွမ်းရည် မျိုးဗီဇနှင့် တိုက်ရိုက်အချိုးကျ သက်ဆိုင်နေကြောင်းတွေ့ရပါသည်။

ဆရာဝန်ဘွဲ့ရပြီး နိုင်ငံရေးပါတီထောင် နိုင်ငံရေး လုပ်သူများလည်းရှိကြပါသည်။ နိုင်ငံနှင့်လူမျိုးအတွက် ကောင်းကျိုးပေါ်အောင် ဖော်ဆောင်စွမ်းနိုင်ခဲ့ပါရဲ့လား???

အ ​ေ ခြခံဥပဒေရေးဆွဲရာမှာ ပီအိပ်ချ်ဒီ (ဘာသာရပ်ဆိုင်ရာ)ဒေါက်တာဘွဲ့ရ ပါမောက္ခကြီးများပင်ပါဝင်ခဲ့ပါသည်။ကောင်းကျိုးပေါ်အောင် ဖော်ဆောင်နိုင်ခဲ့ပါရဲ့လား???

ဆရာကြီး ကိုယ်တော်မှိုင်းမှသည် ဆရာစံ ၊ ဘိုးလှကြီး အစပြုခဲ့သူများ **နိုင်ငံ လူမျိုး ချစ်စိတ်အရင်းတည်၍ တော်လှန်နိုင်သည့်အင်အားစုကို စတင် မွေးဖွား ပေးခဲ့ကြသူများ**။စာပေပညါရှင်ကလည်း သူ့နည်း သူ့ဟန်၊ လယ်သမားကလည်း သူပုံ သူ့အကြံနဲ့ ၊ အလုပ်သမားကလည်း သူ့အမြင် သူ့အထင်နဲ့!!!အသီးသီးထမ်းဆောင်ခဲ့ကြပါသည်။

အဓိကအချက်သည် **ဆင်ခြင်တုံတရားနှင့် အမှန်အမှား ခဲဲွခြား ၊ အမှန် အမြင်ဖြင့် စွမ်းဆောင်မှု**(ခေတ်စားနေတဲ့ IQ) ။ ယင်းသို့ဖော်ဆောင်ရာတွင် နိုင်ငံနှင့်လူမျိုးအတွက် စွန်သင့်လျှင် စွန့်ရမည်ဟူသော အနစ်နာခံမှု(မေတ္တာနှင့်တွဲယှဥ်သော ခန္တီဟူသည့် သည်းခံမှု)။နေရာ အဓိကမဟုတ် ၊ ကောင်းကျိုးကို တပါးသူတို့ ချိုမြိန်စွာခံစားစေလိုမှု(အကြင်နာနှင့်ယှဥ်၍ ခံစားခြင်း မုဒိတာ)။ လူသားတို့၏ ရင်တွင်းဟဒယ အဖြူထည်စိတ်ထားကိန်းတည်မှု(ခုခေတ်စားနေတဲ့ EQ)။။

IQ EQ နှစ်ရပ်ပြည့်စုံမှသာ လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသော **နိုင်ငံရေးသမားကောင်းတစ်ဦး**အဖြစ်ရပ်တည်ပါမည်။

IQ မြင့်ပြီး EQ နိမ့် ဖျင်းခဲ့လျှင် ငို့ဘသမား ဖြစ်သည်မှာ သာဓကများစွာရှိပါသည်။


**************************


ပြီးခဲ့သည့်ဆောင်းပါးမှာ ပြည်တွင်း **အား**သည်ပြည်တွင်းမှာသာရှိသည် အပေါ်တင်ပြမှု အခါအခွင့်သင့်၍ စီးပွားရေးနှင့်ဆက်နွယ်မှုတင်ပြပါမည်။ ဖွားစု ဦးဆောင်သော အစိုးရလက်ထက်မှာ စိန်တလုံးသရက်ကို စင်္ကါပူ အထိတင်ပို့နိုင်ခဲ့ပါသည်။ အရင်ကာလတွေက အမြတ်ကြီးစားခေါင်းပုံဖြတ် လိုလျှင်လိုသလို မလိုလျှင် မလိုသလို…


Like

Albert Wint
Albert Wint
Nov 19, 2020

အကွန့်တက် ဖြည့်စွက်ပြောမလုပ်ပါ. လက်ဝဲကွန်မြူနစ်စံနစ်တွင်နိုင်ငံရေးစံနစ်အောင်မြင်ရန် အောကခြေမှစ၍အပေါ် ပေါလစ်ဗျူရိုအထိ နိုင်ငံရေးမှူးသူ့လက်အောက်ကမှစစ်ရေးနှင့်အခြားဌာနမျိုးစုံတာဝန်ခံများဟူ၍ဖွဲ့စည်းထားသည်ဟုဖတ်ရပါသည် ထို့ကြောင့်နိုင်ငံရေးစံနစ်တရပ် ပေါ်လစီတရပ်အောင်မြင်စေရန်နိုင်ငံရေးသမားသာဦးဆောင်မှုပေးစေလိုပါသည် ယခုတလောရန်ကုန်တိုင်းဝန်ချုပ်ကိစ္စတွက် M T Oဆောင်းပါးကိုထောက်ခံအပ်ပါသည်

Like
bottom of page