ကိုဗစ်ဖြစ်တာဟာ ကြာလာခဲ့ပါပြီ။ ကြာလာတာနဲ့အမျှ ကိုဗစ်တိုက်ပွဲကြီးမှာ ပင်ပန်းလာကြပါပြီ။မြန်မာပြည်ဟာ ၁၉၆၂ ထဲက ကျန်းမာရေးကို ရင်းနှီးမြုပ်နှံမှုနည်းခဲ့သလို တိုင်းပြည်မှာလဲ ဆင်းရဲသူများခဲ့ပါတယ်။ ဒါဟာ ကိုဗစ်တိုက်ပွဲအတွက် စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။
ယခုအချိန်မှာ ကိုဗစ်တိုက်ပွဲကြာလာတာနဲ့အမျှ စစ်ပန်းလာကြတာ ဓမ္မတာပါ။ ဒီနေရာမှာနိုင်ငံရေးသမားတွေအနေနဲ့ ကျန်းမာရေးနဲ့ စီးပွါးရေးကို ချိန်ဆနေရတာဟာ လွယ်ကူတာတော့ မဟုတ်ပါ။ ဒီကိစ္စကို ဝေဖန်နေသူများလဲ ရှိကြမှာပါ။ အချို့ဟာ စေတနာအမှန်နဲ့ပြောတာရှိသလို အချို့ကလဲအစိုးရဒုက္ခရောက်အောင် ပြောဆိုကြတာ တွေ့ရပါတယ်။
မနေ့က RFA က အသံလွှင့်ဌာနမှာ ဖြိုးသီဟဆိုသူ ဆယ်လီက အစိုးရကို စီးပွါးရေးလုပ်ငန်းတွေပြန်ဖွင့်ဖို့ ကိုဗစ်ဖြစ်ချိန်မှာ မပိတ်ထားသင့်ဘူး ဘာညာဆိုပြီး ပြောသွားခဲ့ပါတယ်။ စာရေးသူ အမှတ်မမှားခဲ့ရင်အဆိုပါ စာရေးဆရာက ရွေးကောက်ပွဲကို ကိုဗစ်ကူးမှာစိုးလို့ နိုဝင်ဘာမှာ မလုပ်ဘဲ ရွှေ့သင့်ကြောင်းရေးခဲ့သူပါ။ သူနဲ့တစ်ပူးနွယ်လို့ သူက နိုဝင်ဘာမှာ ရွေးကောက်ပွဲရွှေ့ရလောက်အောင် စိတ်ပူခဲ့ပြီးဒီဇင်ဘာမှာ စီးပွါးရေးချက်ခြင်းပြန်ဖွင့်ဖို့ အစိုးရကို တိုက်တွန်းရလောက်အောင် စိတ်ပြောင်းသွားတာက စဉ်းစားစရာပါ။
ဒီနေရာမှာ အစိုးရကို ဝေဖန်သူများလဲ ရှိနိုင်ပါတယ်။ အထူးသဖြင့် အမိန့်အမျိုးမျိုး ထုတ်လို့ပါ။ ဒါပေမယ့် မနေ့က သတင်းအချို့ကြောင့် စာရေးသူအနေနဲ့က DASSK နဲ့ ကွီးဖြိုးကို အပြစ်မပြင်ဘဲ ကျေးဇူးသာ တင်မိပါတယ်။ ပထမက ကိုဗစ်ကြားက ရွေးကောက်ပွဲလုပ်ရတာပါ။ ဒါဟာ နိုင်ငံရေးဆုံးဖြတ်ချက်ပါ။ ဒါ့ကြောင့်လဲ ကိုဗစ်ဟာ အနည်းငယ်ရှည်ကြာခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ မြန်မာပြည် ရှေ့ရေးကောင်းဖို့အတွက် ရင်းနှီးလိုက်ရတာပါ။ ရွေးကောက်ပွဲကြောင့် ယခုဆို ရခိုင်မှာ သေနတ်သံလုံးဝ တိတ်သွားခဲ့တာ အားလုံးမျက်မြင်ပါ။ ရေရှည်မှာ အကျိုးကျေးဇူးတွေလဲ ရှိလာနိုင်မှာပါ။ထောင်မြင် ရာစွန့်ရတဲ့သဘောပါ။
မနေ့က အမေရိကန်မှာ ရောဂါဖြစ်သူ လူ သန်း ၂၀ ရှိသွားပြီလို့ သတင်းတက်လာပါတယ်။ ဒီအရေအတွက်ဟာ ၅၄ ရက်အတွင်းမှာ ၁၀ သန်းကနေ သန်း ၂၀ တက်သွားတယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ အမေရိကန်ဟာ နိုဝင်ဘာရွေးကောက်ပွဲခြင်းတူပြီး မြန်မာက အမေရိကန်လောက် မဆိုးသွားတာဟာမြန်မာအစိုးရနဲ့ ပြည်သူအတွဲညီလို့ပါ။ ထို့အတူပါဘဲ ယူကေကလဲ တစ်ရက်ထဲ ပိုးတွေ့သူ ငါးသောင်းကျော်ပြီး သေသူက ခြောက်ရာကျော်တယ်လို့ ဆိုပါတယ်။ အမေရိကန်က ကယ်လီဖိုးနီးယားမှာ ဆေးရုံနေရာအသစ်တွေ အောက်ဆီဂျင်စနစ်တွေ အမြန်ဆောက်နေရသလို ဂျော်ဂျီယာပြည်နယ်မှာလဲ ကွန်ဗန်းရှင်းစင်တာကို ဆေးရုံအမြန်ပြင်နေရတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ ရန်ကုန်နဲ့ မြန်မာပြည်ကလို ပိုးတွေ့သူတိုင်းကို ဆေးရုံတင်ထားတာမဟုတ်ဘဲ ကိုဗစ်ရောဂါဆိုးသူကိုသာ တင်ထားတာပါ။ ဒါတောင် နေရာမလောက်နိုင်ဖြစ်နေပါတယ်။
မြန်မာပြည်ကတော့ ရောဂါပိုးတွေ့သူတိုင်းကို DASSK က စေတနာနဲ့ ဆေးရုံ (သို့) အဆောင်တွေမှာ Q ထားဖို့ မူချခဲ့ပြီး သူမချမှတ်တဲ့ မူဝါဒအတွက် သူမရဲ့ ရန်ကုန်ဝန်ကြီးချုပ်က အခက်အခဲများကြားကအဆင်ပြေအောင် အလှူရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်သွားနိုင်တာဟာ အင်မတန် အားကျဂုဏ်ယူစရာကောင်းသလို ကျေးဇူးတင်စရာလဲ ကောင်းပါတယ်။ တချိန်ထဲမှာဘဲ ရန်ကုန်က ဆင်းရဲသားတွေအတွက် လုံးဝပိတ်မသွားအောင် နိုင်ငံရေးအရ အလယ်အလတ်လမ်းစဉ်နဲ့ ထိန်းသွားနိုင်တာဟာလဲလေးစားစရာပါ။
ဒါဆို မင်းက ကျန်းမာရေးဝန်ထမ်းတွေရော ကျေးဇူးမတင်ဘူးလားလို့မေးလာရင် နိုင်ငံတိုင်းမှာ အမေရိက၊ ဥရောပကနေ အာရှအထိ ကျန်းမာရေးဝန်ထမ်းတွေကိုလဲ လူတိုင်းက ကျေးဇူးတင်မှာပါ။ ယခုဟာက နိုင်ငံရေးစိန်ခေါ်မှုကို အဓိကထားရေးတာပါ။ မြန်မာပြည်မှာက အချို့နေရာတွေမှာ ပြည်သူအချို့ကိုဗစ်ကြောင့်သေမလား ငတ်သေမလား ရွေးရသူတွေရှိပါတယ်။
မြန်မာပြည်မှာက သာဝရယ် ၂၀၀၈ ခြေဥအရ အစိုးရအမိန့်မနာခံတဲ့ လက်နက်ကိုင်ရယ်ရှိလို့ ကိုဗစ်ကိုထိန်းရတာဟာ အမေရိကန်၊ ယူကေတို့ထက် ၁၀ ဆ ခက်တယ်ဆိုတာ နားလည်ဖို့ပါ။ မိမိကမွေးထားတဲ့ကလေးတောင် မရိုက်ဘဲ စကားနားလည်အောင်ပြောရတာ ခက်ပါတယ်။
အားလုံး ဧပြီအထိ တောင့်ထားကြပါ။ ယခုကာကွယ်ဆေးဟာ ကျန်းမာရေးဝန်ထမ်းတွေ ဖေဖော်ဝါရီလလောက်တောင် စရနိုင်ပါတယ်။ ကာကွယ်ဆေးရရင်တော့ ဒီတိုက်ပွဲကို နိုင်ပါပြီ။
ယခုလောက် ထိန်းတာနိုင်တာကို နိုင်ငံရေးအရ ဦးဆောင်မှုပေးတဲ့ အမေစုနဲ့ ကွီးဖြိုးကို ကျေးဇူးပါလို့CNN နဲ့ BBC သတင်း ဖတ်အပြီးမှာ ခဏခဏ ပြောနေမိပါတယ်။
News Credit: BBC, CNN
Comments