top of page
Search
Writer's pictureMyat Tun Oo

ကိုဗစ်တတိယလှိုင်းအတွက် သတိ


မြန်မာပြည်ဟာ ပထမလှိုင်းကို အေးဆေးနိုင်ခဲ့ပါတယ်။ ဒုတိယလှိုင်းဟာ အနောက်ဖက်က လုံခြုံရေးညံ့ဖျင်းမှု၊ ထောက်လှမ်းရေး ညံ့ဖျင်းမှုကြောင့် ကျိုးပေါက်မှုကြောင့် ကြီးမားခဲ့ပြီး တိုင်းပြည်အနာဂတ်ရွေးကောက်ကြောင့် တဖြည်းဖြည်းချင်း အရှိန်ယူ တိုက်ယူခဲ့ရပါတယ်။ ယခုဆိုရင် အတိုင်းအတာတစ်ခုအထိ ထိန်းနိုင်လာနေပါပြီ။

ဒီအချိန်မှာဘဲ ယခုရက်ပိုင်းအတွင်း ဖတ်ရတဲ့သတင်းတွေက စာရေးသူတို့ကို သတိပေးနေတာတွေရှိပါတယ်။ ပထမက အင်္ဂလန်က ကိုဗစ်ပိုးသစ်ပါ။ သူကအကူးမြန်ပြီး ကမ္ဘာ့အကောင်းဆုံး ဆရာဝန်တွေရှိတဲ့ အင်္ဂလန်မှာ ကိုဗစ်ကြောင့်သေသူဟာ ရှစ်သောင်းကျော်သွားပြီလို့ ဆိုထားပါတယ်။ တစ်နေ့ပိုးတွေ့သူက ၆ သောင်းနားကပ်လာတာ တွေ့ရပါတယ်။ သူတို့ဆီမှာ ဆေးရုံတွေက လူနာတွေနဲ့ ပြည့်နေပြီးစစ်တလင်းလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူတို့က မြန်မာပြည်လို ပိုးတွေ့သူတိုင်းကို ခေါ်ထားတာဆေးရုံတင်တာ မဟုတ်သေးပါ။ အလွန်ဆိုးသူများကိုသာ ဆေးရုံတင်တာပါ။ သူ့တို့ထံက ဘာသင်ခန်းစာယူမလဲ?

ပထမက အစိုးရမူဝါဒပါ။ အင်္ဂလန်က အခြားနိုင်ငံတွေက လာသူများကို ပိုးစစ်ခိုင်းလေ့မရှိဘဲ အိမ်မှာနှစ်ပတ်သာ နေခိုင်းတယ်လို့ သိရပါတယ်။ ဒါက ပထမအမှားပါ။ ဒုတိယအမှားက အင်္ဂလိပ်ဝန်ကြီးချုပ်ဟာ lockdown ချဖို့ ဆုံးဖြတ်တာ နှေးလို့ ယခုလိုဖြစ်ရတာလို့ သုံးသပ်ကြပါတယ်။ သူနဲ့ကွာတာကဂျာမနီလို့ ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။ ဂျာမနီဟာ ဖယ်ဒရယ်စနစ် ကျင့်သုံးပါတယ်။ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ပါတီမျိုးစုံကပါ။ အမေရိကန်နဲ့ အတော်ဆင်ပါတယ်။ ဒီနေရာမှာ ဂျာမန်ဝန်ကြီးချုပ်က သူကဗဟိုအစိုးရအနေနဲ့ ဘာတွေကိုထောက်ပံ့မယ် နိုင်ငံခြားကလာသူတွေကို ပိုးနှစ်ခါစစ်မယ် အိမ်မှာ ဆယ်ရက်နေခိုင်းမယ် စီးပွါးရေးသမားတွေ၊ အလုပ်သမားတွေကို ဗဟိုကဘယ်လိုထောက်ပံ့မယ်ပြောပါတယ်။ ရုပ်ရှင်ရုံတောင် ပါပါတယ်။ သူတို့က ချမ်းသာတာလဲ ပါမှာပါ။ နောက်ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ပိုးတွေ့တာ လူတစ်သိန်းမှာ ၅၀ နှုန်းဆို ဘာလုပ်မယ် လူတစ်သိန်းမှာ တစ်ရာဖြစ်လာရင် ဘာလုပ်မယ် ဘာကူမယ်ဆိုတာတွေကို သဘောတူခဲ့ကြပါတယ်။ သူကအမိန့်ပေးလို့မရပါ။ သဘောတူညီမှု ယူရပါတယ်။ ဖယ်ဒရယ်စနစ်ကြောင့်ပါ။

မြန်မာပြည်မှာက နိုင်ငံခြားက ပြန်လာသူတွေကို Q တာ စစ်တာကို ဂျာမနီနဲ့ အင်္ဂလန်အရင်ကထဲက လုပ်နေလို့ နိုင်ငံခြားက လေယဉ်နဲ့ ပြန်လာသူများကတော့ ပြဿနာမရှိပါ။ ပြဿနာက နယ်စပ်တွေကနေတဆင့် မြို့ပေါ်အထိ ရောက်လာနိုင်သူများကတဆင့် ကူးလာနိုင်တာပါ။ ရွှေပြည်သာက ဗမာစကားမပြောတတ်လို့ မိသွားပေမယ့် မြန်မာလိုပြောတတ်သူများကတဆင့် ဒုတိယလှိုင်းလို ကူးနိုင်ပါတယ်။

ယခုအချိန်မှာ ကား၊ ရထား၊ သင်္ဘော၊ လေယဉ်စီးသူတွေကို မှတ်ပုံတင်၊ သူတို့ကိုဆက်သွယ်ရန်လိပ်စာတာဝန်ခံသူများနဲ့သာ လက်မှန်ထုတ်ပေးသင့်ပါတယ်။ နောက် မြို့အဝင် အထွက်တွေကနေ ဘယ်ကားမဆို ဘုန်းကြီးကား၊ တပ်ကား၊ ရဲကား၊ လူနာတင်ယဉ်ကအစ အဖွဲ့အကြီးကြီးဖွဲ့ပြီး အကုန်စစ်သင့်ပါတယ်။ သူတို့စစ်တာတွေကိုလဲ လိုင်းပေါ်ကနေ ပြန်လိုက် trace လုပ်ထားသင့်ပါတယ်။ ထွေအုပ်များ၊ ရဲများ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူများကိုလဲ မိမိတို့ရပ်ကွက်မှာ မင်္သကာဖွယ်လူသစ်ရောက်လာတာတွေ့ရင် အကြောင်းကြားဖို့ ပြောထားသင့်ပါတယ်။ ဒါကလုံခြုံရေးပါ။

ဗဟိုအစိုးရအနေနဲ့လဲ ဂျာမန်ဝန်ကြီးချုပ်ထုံး နှလုံးမူပြီးတော့ မိမိရဲ့ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့လိုင်းပေါ်ကနေ ကိုဗစ်အတွက်သီးသန့် အပတ်စဉ် ပုံမှန်တွေ့ဆုံပေးပြီး သူတို့ရဲ့ အခက်အခဲတွေလိုအပ်ချက်တွေကို ပေါင်းစပ်ညှိနှိုင်းပေးရင် တတိယလှိုင်းကို ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။အချို့ကိစ္စတွေက ဂျာမနီလို ဒီမိုစနစ်အပြည့်အဝရှိပြီး ရဲနဲ့ တပ်က အစိုးရအောက်မှာရှိပြီး သူပုန်မရှိတဲ့ဖယ်ဒရယ်စစ်စစ် တိုင်းပြည်မှာတောင် ဗဟိုအစိုးရနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ပုံမှန်လို ကိုဗစ်အချိန်မှာတွေ့ပြီး ဖြေရှင်းနေရတာပါ။ စိန်ခေါ်မှုက မြန်မာပြည်လိုတိုင်းပြည်မှာ ဂျာမနီထက် အဆ ၁၀၀ ပိုကြီးမှာပါ။

ဒါတွေက တတိယလှိုင်းအတွက် အစိုးရအနေနဲ့ ပြင်ဆင်နိုင်အောင် ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြတာပါ။ ကိုဗစ်ဟာ ဗဟိုက မိုးကျအချို့ရဲ့ လုပ်ထုံးလုပ်နည်းကို နားမလည်ပါတဲ့ ပိုးပါလို့ ပြောပါရစေ။

212 views2 comments

2件のコメント


Myint Soe Oo
Myint Soe Oo
2021年1月10日

ဦးမြတ်!!ဆန္ဒထုတ်ဖော်ပွဲပို့စ်တခုတက်လာလို့ကြည့်ပြီး သည်ဆောင်ပါးနှင့် လိုက်ဖက်မည် ထင်၍ အသိပေးအပ်ပါသည်။တိုင်တဲ့သူက ဝေလေလေ၊ အောက်ကနောက်လိုက်တွေက ဝါးတားတား။

အော်တော့ အမှား။

ခေါင်းဆောင်က ဝေလေလေ

နောက်လိုက်က ဝါးတားတား

#ဝေ

#ဝါး နေသမျှ

အမှားများနှင့်သာ တွေ့ဟူသော

အသိရရှိလိုက်ပါသည်။

いいね!

Myint Soe Oo
Myint Soe Oo
2021年1月10日

ဦးမြတ်!!! Fb com မှာ ရေးခဲ့သလို

တို့(ဒို့) လူလေးများ

ဆိုကြစေ

#ဝေလေလေ

လုပ်နေသမျှ

လူများပြီး ပွဲမစည်နိုင်ပါ။

ရက်ပိုင်းအတွင်း ဘင် ရာကျော်သည် ဝေလေလေ ဝါးတားတားနဲ့ ကျော်ဖြတ်လာခဲ့ရသောခရီး!!!ဤမျှ အလွယ်နည်းနဲ့ အတွင်းအရောက် ခရီးပေါက်ခဲ့ကြသည်က သက်သေခံနေပါပြီ။

မြို့မှာလည်း သည်ပုံပါပဲ။ လို လိုသလို၊ မလို မလို သလို ဝင်ခွင့်ပေးထားတော့ စျေးကိုပိတ်ထားရတဲ့အထိ ကူးစက်မှုတွေများခဲ့ရပါပြီ။

ရွာကဝင်လာသော စျေးဝယ်သည့်ကားများကိုတော့ တိတိကျကျ မှန်မှန်ကန်ကန် နှေးနှေးကွေးကွေးစစ်ပြီး ၊ ဆိုင်ရာ ပတ်သက်ရာပတ်သက်ကြောင်းတော့ ဝင်စေ

ထွက်စေ ။ မြန်မြန်ဆန်ဆန်။

#တောကကား

#တောသားမို့ခွဲခြားတာလားဗျာ တဲ့။

စိတ်မကောင်းစွာဖြင့်

いいね!
bottom of page