top of page
Search
Writer's pictureMyat Tun Oo

ကိုဗစ်ဟာ နိုင်ငံရေးလား?


ယခုအချိန် ကိုဗစ်ဖြစ်ချိန်မှာ ကိုဗစ်ဟာ နိုင်ငံရေးလားဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။ အချို့ကလဲကိုဗစ်ဟာ ကျန်းမာရေးဆိုပြီး ပြောလိုသူများလဲ ရှိကြပါတယ်။ ကိုဗစ်ဟာ နိုင်ငံရေးလားကျန်းမာရေးလား လေ့လာကြည့်ရအောင်။



မြန်မာပြည်မှာ အဘနွယ်များက ကိုယ်လုပ်မှ ကိုယ်စားရမှာ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဆိုပြီးလဲပြောကြပါတယ်။ ကမ္ဘာပေါ်မှာ ပါတီတွေဟာ မိမိတို့ဝါဒအပေါ်မူတည်ပြီး ဝင်ငွေကောင်းအောင်ဘယ်လိုလုပ်မယ်၊ ပညာရေးကောင်းအောင် ဘယ်လိုလုပ်မယ်၊ ကျန်းမာရေးကောင်းအောင်ဘယ်လိုလုပ်မယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် ဘယ်လိုလုပ်မယ်၊ အသက်ကြီးရင်စောင့်ရှောက်နိုင်တဲ့ လူမှုဖူလုံရေးကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုပြီး မဲဆွယ်ကြပါတယ်။ ထိုအထဲမှာ ကျန်းမာရေးလဲပါပါတယ်။ ထိုင်းက ဘတ် ၃၀ သာယူပြီး ကုပေးတဲ့ မူဝါဒထားသလို ယူကေကလဲ လူတိုင်းကို အလကား ကုပေးတဲ့ မူဝါဒ ထားရှိပါတယ်။ အမေရိကန်၊ စင်ကာပူ၊ ဂျာမနီတို့က အာမခံစနစ်နဲ့ သွားပါတယ်။ ဒါက သူတို့နိုင်ငံရဲ့ တက်လာတဲ့ပါတီရဲ့ မူဝါဒနဲ့ ဆိုင်ပါတယ်။ထိုင်းမှာ သက်ဆင်က ဘတ် ၃၀ အခမဲ့ကျန်းမာရေးကို လုပ်သွားသလို ယူကေမှာက လေဘာပါတီက လုပ်သွားတာပါ။ သမ္မတ အိုဘားမားက သူ့အမေရဲ့ ကင်ဆာဖြစ်ချိန် ဆေးကုသမှုအပေါ်မူတည်ပြီး လူတိုင်း ကျန်းမာရေးအာမခံရဖို့ နိုင်ငံရေးမူဝါဒရဖို့ မဲဆွယ်ရာက အိုဘာမားကျန်းမာရေးစနစ် အမေရိကန်မှာ ထွက်လာခဲ့တာပါ။ သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရာမှာကျန်းမာရေးက စီးပွါးရေးနဲ့ တန်းတူပါပါတယ်။


ဒါ့ကြောင့် ကျန်းမာရေးဟာ နိုင်ငံရေးပါတီတွေကနေထွက်လာတဲ့ မူဝါဒကနေ ဖြစ်လာခဲ့တာပါ။မြန်မာပြည်မှာ ၁၉၆၂ထဲက စစ်အစိုးရတွေ အုပ်ချုပ်ပြီး ပညာတတ်ကို အလေးမထားခဲ့လို့ မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်ဟာ ပျက်စီးခဲ့ရပါတယ်။ ဒါက စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါလို့ကျန်းမာရေးစနစ် ပျက်သွားခဲ့တာပါ။

ယခု စာရေးသူတို့ တိုင်းပြည်မှာ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းကို DASSK ဦးဆောင်တဲ့ NLD အစိုးရက ပြည်သူနဲ့အတူ ဘယ်လိုဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းတွေက အင်တိုက်အားတိုက်ပါဝင်ပြီး အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ စသ်တပ်အကူအညီမလိုခဲ့ပါ။ မအလအာဏာသိမ်းလို့ စစ်တပ်က နိုင်ငံရေးမှာ ဝင်ရှုပ်လို့ ဆရာဝန်တွေက ဆန္ဒပြကြတာပါ။ မအလသာအာဏာမသိမ်းရင် ယခုအချိန် လူအများစု ကာကွယ်ဆေးထိုးပြီးနေပါပြီ။ အာဏာသိမ်းလို့ အိန္ဒိယက ဆက်ပို့စရာရှိတဲ့ ကိုဗစ်ဆေးကို မျက်နှာနာစရာလူ DASSK မရှိလို့ မပို့ဘဲထားခဲ့လို့ မရခဲ့ပါ။ဒါက နိုင်ငံရေးပါ။ နောက် မအလအစိုးရ တရားဝင်မှုပြဿနာကြောင့် WHO ကနေ ကောင်းတဲ့ဆေး မရနိုင်ဘဲ ယခုတရုတ်နဲ့ ရုရှားကိုဗစ်ဆေးတောင် မရသေးပါ။ ဒါနိုင်ငံရေးပါ။ နောက် ယခုပြဿနာက အောက်ဆီဂျင်ရှားတာက မအလ စီမံခန့်ခွဲမှုညံ့လို့ပါ။ ဒါလဲ နိုင်ငံရေးပါ။ ဆရာဝန်တွေကို ၂ သိန်း ၇ သောင်းနဲ့ တန်ဖိုးဖြတ်ခေါ်တာလဲ မအလရဲ့ ပညာတတ်အပေါ်ထားတဲ့ နိုင်ငံရေးသဘောထားပါ။

နောက် အင်ဒိုနီးရှားမှာ အောက်ဆီဂျင်ပြတ်ရင် အိန္ဒိယမှာ အောက်ဆီဂျင်ပြတ်ရင် အခြားနိုင်ငံတွေထံက အကူအညီတောင်းပါတယ်။ အဲ့ဒါနိုင်ငံရေးပါ။ ဘယ်သူမှ မဝင်နဲ့ဘပြည်သူသေပစေဆိုပြီးပြည်ပကူတာကို ပိတ်တာဟာလဲ နိုင်ငံရေးပါ။

ယခုအချိန် အောက်ဆီဂျင်ပြတ်လို့ ရှာနေသူဟာ နိုင်ငံရေးဟာ ငါနဲ့မဆိုင်ဘူးဆိုပြီး ဆန္ဒမပြခဲ့သူ၊CDM မလုပ်ခဲ့သူ၊ မအလထောက်ခံခဲ့သူ (သို့) Gen Lee လဲ ဖြစ်နိုင်ပါတယ်။ မအလကို စာရေးသူတို့ ဖေဖော်ဝါရီက မဖြုတ်ချနိုင်ခဲ့လို့ ယခုဇူလိုင်ကိုဗစ်ဖြစ်ချိန်မှာ အောက်ဆီဂျင်ပြဿနာနဲ့ရင်ဆိုင်နေရပါပြီ။ ဒါက နိုင်ငံရေးပါ။ ဒါက အစသာပါ။ သူ့ကို မဖြုတ်ချနိုင်ခဲ့ရင် ကိုဗစ်ထက်ဆိုးတဲ့ အဖြစ်တွေနဲ့ မအလအောက်မှာ ရင်ဆိုင်ရမှာ သေချာပါတယ်။ ယခုအောက်ဆီဂျင်ရှာမရချ်န်မှာ သင့်အတွက် နိုင်ငံရေးဟာ မိမိအရေး ဖြစ်လာနေပါပြီ။ ဒါ့ကြောင့် ကိုဗစ်ဟာ နိုင်ငံရေးအောက်က ကျန်းမာရေးပါလို့ ပြောပါရစေ။ အင်းစိန်ထောင်ထဲ မဝင်ရအောင် အာဏာရှင်ကို မဆန့်ကျင်ခဲ့ရင် မြောက်ကိုရီးယားလို ထောင်ထဲမှာ တစ်သက်လုံး နေသွားရပါလိမ့်မယ်လို့ သတိပေးပါရစေ။

407 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Jul 11, 2021

ဦးမြတ်!!!ဟုတ်ကဲ့ပါ။ ကိုဗစ်ဟာ **နိုင်ငံတော်၏ အရေး**မို့ နိုင်ငံရေးဟု သတ်မှတ်ခေါ်ဆို၍ ရပါသည်။ နိုင်ငံ့ အရေးဖြစ်သောကြောင့် နိုင်ငံတော်တွင်း မှီတင်းနေထိုင်သူ မှန်သမျှ၏ အရေးနှင့်လည်း တိုက်ရိုက်အချိုးကျ ပတ်သက် ဆက်နွယ်နေပါသည်။

နိုင်ငံတော်သည် အိုးအိမ် ဆိုလျှင်

နိုင်ငံသားသည် အိုးအိမ်အတွင်း နေထိုင်သော အိမ်ထောင်စုဝင်များဖြစ်ပါသည်။

အိုးကောင်းအိမ်ကောင်းနှင့် နေရသူသည် လောကစည်းစိမ်အပြည့်ရ၍ ချမ်းသာစွာတသက်လုံး မပူမပင်မကြောင့်မကျဖြင့် ဘဝ အဆုံးသတ်ရပါသည်။

ထန်းလက်မိုး ကြမ်း ပိုးထိုး တဲစုတ်သာသာ အိမ်အမည်ခံရုံ အဆောက်အအုံမှာ နေသူတို့ဘဝ မည်သို့ ချမ်းသာပါအံ့နည်း။

အိုးအိမ်ကောင်း တည်ဆောက်တတ်သူ ဦးစီးခေါင်းကိုင် **အိမ်ထောင်ဦးစီး**အပေါ် ရာနှုန်းပြည့် တည်မှီကြောင်း ဆောင်းပါးပါ အကြောင့်အရာများက ညွှန်းဆိုပြနေပါသည်။

မြန်မာစကားမှာ ရှိပါသည်။

အယုတ် အလတ် အမြတ် မရွေး။

နိုင်ငံတော်တွင်လည်း ထိုလူစား သုံးမျိုးမှလွဲ၍ အခြားမရှိပါ။

*အယုတ် = ဉာဏ်ရည်ဉာဏ်သွေး(I Q )နိမ့်ကျနှင့် လုပ်ကိုင်ကြံစည်သမျှ အများကောင်းကျိုး မဆောင် ၊ ကိုယ့် ကောင်းကျိုးပေါ်အောင် ဖော်ဆောင်တတ်သူများ( ကိုယ်ချင်းစာတရား E Q ချို့တဲ့ ပျက်ယွင်းသူများ)တနည်း *အဓမ္မများ*

~အလတ် = နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်သလိုနေ ၊ ဘသား ယိမ်းလိုက် ရောယိမ်းလိုက်တတ်သော ဝေလေလေအနွယ်တော် (ခုခေတ်အခေါ် G L ခေါ်) သာရာသို့ ကူးသည့် *သာကူးမျာ*

!!!!! ပင်ကိုယ် ရည်သွေ{း{ (I Q) (E Q)}အညွှန်းကိန်းမြင့်မားမှုကြောင့် မိမိအရည်အသွေး မြင့်အောင် မြှင့်တင်ကာ နိုင်ငံနှင့် လူမျိုး တင့်တယ် ဝင့်ထယ်အောင် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်တတ်သော မွန်မြတ်သည့် လူသား

**အမြတ်များ**တနည်း ဓမ္မ၏ သားတော်များ


<<<<<<<<<<<<<<<<<<*** >>>>>>>>>>>>


ယခုအခါ နိုင်ငံတော်ကြီး ချုချာနေသလို နိုင်ငံသားများ…


Like
bottom of page