top of page
Search
Writer's pictureMyat Tun Oo

ကိုရိုနာရောဂါဖြစ်ချိန်အဘ ဘာလုပ်နေလဲ


ဒါကိုအားလုံးက သိချင်ကြမှာပါ။ အဘက ပုံမှန်မှာဆို သူ့အလုပ်က တပ်ချုပ်ပါ။ တပ်သွားစစ် ပြီးရင်လိုအပ်သည်များကို မှာကြား ဒါကလုပ်လို့ရပါတယ်။ ဒါပေမယ့် သူဟာ ဟားခါးမှာ ချင်းမြို့မိမြို့ဖတွေနဲ့ စတွေ့ပါတယ်။ ထွေအုပ်တွေက လူစုပေးပါတယ်။

ဒီနေရာမှာ သူက အရပ်ဖက်အုပ်ချုပ်သူမဟုတ်ပါ။ ဒါကြောင့် ဒေသခံထွေအုပ်တွေဟာ ဒီတပ်ကရွေးကောက်ခံမဟုတ်သူအတွက် လူဘယ်လိုစုပေးလဲ ဘာလို့သူ့အစည်းအဝေးကို သွားတက်တာလဲဆိုတာ မေးစရာရှိပါတယ်။

သူ့ကိုထောက်ခံတဲ့ ချင်းတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ မိတ်စာ(ရှေ့) နဲ့ အနောက်မှာ မှားပစ်ပြီး ချက်ခြင်း ကျေးဇူးဆပ်လိုက်ပုံပါ။ ယခုလို ဟားခါးမှာ မြို့မိမြို့ဖနဲ့ တွေ့ဆုံတာဟာ တိုက်ဆိုင်တယ်လို့ ထက်ရပေမယ့် မနေ့တနေ့ကဘဲ ချောင်းဆုံမှာလဲ မြို့မိမြို့ဖဆိုပြီး အရပ်သားတွေကို ခေါ်ခိုင်းပြီး ထပ်တွေ့ပါတယ်။

ပါတီသမားတွေ နိုင်ငံရေးလုပ်တာက သူတို့အလုပ်ပါ။ ယခုကတော့ မိမိအလုပ်မိမိမလုပ်ဘဲ မဲဆွယ်သလို လိုက်လုပ်နေတာဟာ အလွန်ကြည့်ရဆိုးပါတယ်။

အစိုရအနေနဲ့လဲ ထွေအုပ်တွေကို သူ့နောက်လိုက်ပြီး အချိန်မကုန်ဖို့ သူပြောတာဟာ အစိုးရအဖွဲ့ပေါ်လစီမဟုတ်ဘူးဆိုတာ ပြောထားသင့်ပါတယ်။

အချို့ကိစ္စတွေက ကိုင်စရာရှိတာကို ဥပဒေဘောင်အတွင်းကမကိုင်ရင် ရောင့်တက်လာတတ်ပါတယ်။

5,268 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page