top of page
Search
Writer's pictureMyat Tun Oo
ကမ္ဘာ့ဘဏ်ကပေးသောDASSK အတွက်မွေးနေ့လက်ဆောင်
Updated: Jun 19, 2019
Unicode version
ကမ႓ာ့ဘဏ်ကပေးသောDASSK အတွက်မွေးနေ့လက်ဆောင်
DASSK အစိုးရကိုမလိုးလားသူများဖွတ်များသူခိုးများယခင်သူခိုးနဲ့နွယ်စားခဲ့သူများကစီးပွားရေးမကောင်းဘူးဆိုပြီးပြောလေ့ရှိပါတယ်။စာရေးသူကတော့ဥပမာအနေနဲ့ဖွတ်လက်ထက်ကစီးပွားဖြစ်ခဲ့တာကိုဘိန်းရောင်းစားတဲ့စီးပွားရေးနဲ့နှိုင်းပြောပြလေ့ရှိပါတယ်။
DASSK အစိုးရတက်ချိန်မှာသစ်ခုတ်တာတွေရပ်၊ကျောက်ခိုးသမားတွေကိုရပ်၊တရားမဝင်စီးပွားရေးတွေရပ်ပြီးပုံမှန်စီးပွားရေးနဲ့တိုင်းပြည်တိုးတက်အောင်လုပ်ခဲ့ပါတယ်။
မနေ့ကဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်မှာအစီရင်ခံစာထုတ်ပါတယ်။ သူကတိုင်းပြည်စီးပွားရေးတိုးတက်မှုဟာ၂၀၁၈-၂၀၁၉မှာ၆.၅% ရှိပြီး ဒါဟာစက်မှုလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကနေအချိုးကျတိုးတက်လာတာလို့သုံးသပ်ထားပါတယ်။ဒါဟာကမ႓ာကြီးမှာကုန်သွယ်ရေးစစ်ပွဲတွေကြားထဲကတိုးတက်နေပြီးဆက်ပြီးတိုးတက်မယ်လို့ခန့်မှန်းထားပါတယ်။၂၀၂၀-၂၀၂၁မှာ၆.၇% အထိတိုးတက်လာမယ်လို့ခန့်မှန်းပါတယ်။ဒီလိုတိုးတက်ဖို့လွယ်လားဆိုတော့မလွယ်ပါ။မိမိလက်နက်ကိုင်အဖွဲ့ကိုအမိန့်မပေးနိုင်ဘဲသူပုန်များစွာနဲ့ရင်ဆိုင်နေရတယ့်အစိုးရအတွက်ဒါဟာကြီးမားတဲ့အောင်မြင်မှုပါ။နောက်ပြီးငွေကြေးဖောင်းပွမှုဟာလဲ၆.၆% မှာသာရှိမှာပါ။ဒါဟာဘစိန်လက်ထက်က၁၀% ကျော်ထက်နည်းနေပါတယ်။ဒါဟာပြည်သူတွေရဲ့ပိုက်ဆံတန်ဖိုးတက်လာတာပါ။
ယခုစီးပွားရေးကောင်းနေတာဟာရာသီဥတုဖောက်ပြန်အောင်သစ်တွေခုတ်ပြီးလုပ်နေတာမဟုတ်သလိုမြေတွေသိမ်းပြီးလုပ်နေတာလဲမဟုတ်ပါ။ကျောက်တွေရောင်းပြီးလုပ်နေတာလဲမဟုတ်ပါ။ဒါကတော့ဉာဏ်ရှိသူနဲ့မရှိသူနဲ့ကွာတာပါ။
ပြည်သူတွေမဲပေးရကျိုးနပ်ပါတယ်။
7,126 views1 comment
1 comentario
dr.mimiaung.pmc
19 jun 2019
Good
Me gusta
bottom of page