top of page
Search
Writer's pictureMyat Tun Oo

ကယားပြည်နယ်လွှတ်တော်ရလာဒ်


ကယားပြည်နယ်လွှတ်တော်မှာ နေရာစုစုပေါင်း ၁၅ နေရာရှိပါတယ်။ မဲဆန္ဒနယ်က ၁၄ နေရာနဲ့ တစ်နေရာက ဗမာတိုင်းရင်းသားရေးရာဝန်ကြီးပါ။

၂၀၁၅ ကယားပြည်နယ်မှာ

NLD က ၁၀ နေရာ

kySDP က ၁ နေရာ

USDP က ၄ နေရာပါ။


ကယားပြည်နယ်ဟာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ နာမည်ထွက်ခဲ့တဲ့ပြည်နယ်ပါ။


၂၀၂၀ ရာလာဒ်အချို့ကို သိလာရပါပြီ။ ရွေးကော်အတည်ပြုဖို့က လိုပါသေးတယ်။

၂၀၂၀ ကယားပြည်နယ်လွှတ်တော်မှာ

NLD က ၈ နေရာ

KySDP က ၃ နေရာ

USDP က ၃ နေရာပါ။


ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတို့ မသိသေးပါ။ NLD (သို့) USDP သာ နိုင်မှာပါ။



ထူးခြားတာက မယ်စဲ့မှာ ယခင်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ သူ့ကြေးရုပ်ကိုဆန့်ကျင်တဲ့သူတို့အဓိကပြိုင်ခဲ့တာပါ။ ဦးအယ်လ်ဖောင်းရှိုနိုင်သွားခဲ့ပါတယ်။

KySDP ဟာ NLD က နှစ်နေရာ USDP က တစ်နေရာ ယူသွားပုံပါ။


ဒီနေရာမှာ NLD အချို့က ဦးအယ်လ်ဖောင်းရှိုကြောင့် ရှုံးနိုင်သလို ပြောခဲ့ပါတယ်။

ရှားတော ၂ မှာက လက်ရှိပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးကို NLD က ကိုယ်စားလှယ်အဖြစ် ပြန်မရွေးခဲ့ပါ။ ဒါက အယ်လ်ဖောင်းရှိုနဲ့မဆိုင်ဘဲ ပါတီက မရွေးခဲ့တာပါ။ သူက တစ်သီးပုဂ္ဂလ ဝင်ပြိုင်ရာမှာ မဲကွဲပြီး ဖွတ်စားသွားခဲ့ပါတယ်။ ဘောလခဲက တပ်ထိုင်ထားလို့ ဖွတ်နိုင်ပါတယ်။


ပြည်မမှာက NLD က ထွက်ပြီး ဒေါင်ခိုင်တို့လိုပြိုင်ရင် ဝက်ဝက်ကွဲရှုံးနိုင်ပေမယ့် ပြည်နယ်တွေမှာတော့သူတို့ဟာ မဲကွဲပြီး ဒုက္ခပေးနိုင်တယ်ဆိုတာကို ပြသွားခဲ့ပါတယ်။


ဘာဘဲပြောပြော ကယားပြည်နယ်လွှတ်တော်မှာ တည်ငြိမ်တဲ့ အစိုးရဖွဲ့နိုင်လောက်အောင် နိုင်ခဲ့လို့ကျေနပ်ပါတယ်။ နိုင်ငံရေးမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ ခွဲခြားပြီးမဲဆွယ်တဲ့ အစွန်းရောက် ခွဲခြားတဲ့နိုင်ငံရေး Divisive politics က မဲဆွယ်ရတာ လွယ်ပါတယ်။ မေတ္တာနိုင်ငံရေးက ခက်ပါတယ်။

နောက်ပြည်နယ်တွေမှာက ကိုဗစ်ကြောင့် DASSK နယ်မဆင်းနိုင်လို့ ယခင်လို မဲမဆွယ်နိုင်ခဲ့ပါ။


ဒါပေမယ့် NLD ဟာ အများစုနိုင်ခဲ့လို့ ကျေနပ်ပါတယ်။


News Source: Kantarawaddy Times, Myanmar Election results,

Photo credit: Myanmar Now

230 views2 comments

2 Kommentare


Kyaw Thu
Kyaw Thu
12. Nov. 2020

ဦးအယ်လ်ဖောင်းရှိုး နိုင်တာ ဂုဏ်ယူပါတယ်

Gefällt mir

Albert Wint
Albert Wint
09. Nov. 2020

အမျိုးသားရေးအစွန်းရောက်ဖြစ်ရင်ကြက်ခြင်းထဲမှာကြက်ဖတွေအပြိုင်ခွပ်လို့တခြင်းလုံးအိပ်ကောင်းခြင်း စားကောင်းခြင်းဖြင့်ကောင်းကောင်းမနေရတိုင်းပြည်လဲတပြည်လုံးလူ့အခွင့်အရေးများဆုံးရှုံးရဖြင့်မကောင်းမှန်းတိုင်းရင်းသားများသိကြပြီလေ

Gefällt mir
bottom of page