top of page
Search

ကယားပြည်လွှတ်တော်မှပြောသော ညွန့်ပေါင်း = စစ်ကျွန်

Writer: Myat Tun OoMyat Tun Oo

ယခုရွေးကောက်ပွဲမှာ ရေပန်းစားတာက ညွန့်ပေါင်းအစိုးရပါ။ မနေ့ကလဲ O media မှာ တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းကိစ္စအကြောင်းဆွေးနွေးကြတာတွေ့လိုက်ပါတယ်။ အများစုကတော့ သူတို့တိုင်းရင်းသားပါတီအမည်ခံ အဘဘောမပါတီတွေကို ပြည်ထောင်စုမှာ ဝန်ကြီးမပေးရင် NLD ကိုဖောင်းထုမယ်ဆိုတဲ့သဘောပါ။ ပုံမှန်မှာက ရွေးကောက်ပွဲမှာ အများစုနိုင်လို့ အစိုးရဖွဲ့နိုင်ရင်ဖွဲ့ မဖွဲ့နိုင်မှသာ ညွန့်ပေါင်းလုပ်ရမှာပါ။ ယခုကြည့်ရပုံက သူတို့ဘယ်လိုမှ မနိုင်နိုင်လို့ ညွန့်ပေါင်းကိုတောင် သူတို့မနိုင်လဲ သူတို့ကို အစိုးရအဖွဲ့ထဲခေါ်သွင်းဖို့ အရှက်မရှိ ပြောလာပုံပါ။ ဖွတ် နဲ့ PPP တို့ကလဲ ထောက်ခံပါသည်ပေါ့။


ပုံမှန်က NLD က လက်ရှိ ရှမ်း၊ ကရင်၊ ကယား၊ ကချင်၊ ရခိုင်ပြည်နယ်ဝကခတွေက တိုင်းရင်းသားစစ်ပြီး ဟိုဘက်တောင် လွန်နေပါသေးတယ်။ ဒါဆို ညွန့်ပေါင်းဆိုရင် တိုးတက်မလား? လက်ရှိခြေဥအရပြည်နယ်လွှတ်တော်က တပ် ၂၅ % မထွက်သွားဘဲ ဘာမှမထူးပါ။ ပထမဆုံး ရခိုင်လွှတ်တော်မှာ NLD မနိုင်တော့ စစ်မီးတောက်ခဲ့ပါတယ်။ ကမ္ဘာ့အလယ်မှာလဲ မျက်နှာငယ်နေရပါတယ်။ ဒါဟာ ANP ကကေဒါအချို့နဲ့ မအလပေါင်းလုပ်တယ်ဆိုတာ ကမ္ဘာကြီးကသိပါတယ်။ မအလပြီးရင် သူတို့ကို ဘင်္ဂါလီက အမှုတွဲထဲ စွဲသွင်းမှာပါ။ နောက်ရှမ်းပြည်နယ်လွှတ်တော်မှာလဲ ဖွတ်နဲ့တပ်ပေါင်းရင် မဲအသာရနေလို့သူပုန်တိုက်ရတာတောင် အဆင်မပြေပါ။ တိုင်းရင်းသားအခွင့်အရေးလဲ ပိုမရသွားပါ။ ရှမ်းပြည်လွှတ်တော်မှာ အရောင်စုံလို့ ပိုတိုးတက်သွားပါသလား?



ယခုကယားပြည်နယ်ဝကခဦးအယ်လ်ဖောင်းရှိုကိစ္စ။ သူပုန်က လမ်းပိတ်ဆက်ကြေးကောက်၊ တပ်ကသတ်၊ ပြီးတော့ သူတို့အချင်းချင်းက ပြည်သူကိုဆူအောင်လုပ်ချိန်မှာ သူက မီဒီယာရှေ့မှာ တပ်နဲ့သူပုန်ရဲ့ မမှန်လုပ်ရပ်ကို ချပြရှင်းလင်းခဲ့ပါတယ်။ ဒါ့ကြောင့်သူ့ကို လူမျိုးရေးအစွန်းရောက်သူပုန်နဲ့ တပ် နှစ်ဘက်စလုံးက အငြိုးထားခဲ့ပါတယ်။ ကယားပြည်နယ်ဟာ ဖွတ်အားကောင်းပြီး NLD စည်းရုံးရေး မလုပ်နိုင်ခဲ့တဲ့နေရာပါ။ ၂၀၁၅ NLD အာဏာရလာအပြီးမှာ ကယားမှာ ရွာလိုက် NLD ဝင်ကြလို့လူမျိုးရေးအစွန်းရောက်သမားများက ဦးအယ်လ်ဖောင်းရှိုကို မကြိုက်သလို ဖွတ်နဲ့တပ်ကလဲ သူတို့ရဲ့လက်ရှိမဲဆန္ဒနယ်တွေ လက်လွတ်ဆုံးရှုံးရမှာကို မလိုလားကြပါ။ ဒါကြောင့် ဘက်မတူသူနှစ်ဖွဲ့ဟာမိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ တိုင်းရင်းသားတွေအားကောင်းအောင်ဆိုပြီး ဖွတ်များက တိုက်ရိုက်(သို့) သွယ်ဝှက်ခါ ထောက်ပံ့လာကြပါတယ်။ အောင်မင်းကဆို တိုင်းရင်းသားတွေ အာဏာသိမ်းပါလို့အထာပေးခဲ့ပါတယ်။ ဒါပေမယ့် ယခုရွေးကောက်ပွဲကိုယ်စားလှယ်ရွေးအပြီးမှာတော့ အဆိုပါအဖွဲ့နဲ့NLD ထဲက ပြန်အရွေးမခံရတဲ့ အမတ်တွေကလဲ သွားပေါင်းကြပါတယ်။ ဒါ့ကြောင့် ဝကခကို စွပ်စွဲပြစ်တင်ဖို့ ကြိုးစားလာတာပါ။


ကယားပြည်နယ်လွှတ်တော်မှာ အမတ်နေရာ စုစုပေါင်း ၂၀ ရှိပါတယ်။ ဒီချုပ်အမတ်စုစုပေါင်းက ၉နေရာ၊ တပ်က ငါးဦး၊ ဖွတ် လေးဦး၊ တစ်သီးပုဂ္ဂလ တစ်ဦးနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကတစ်ဦးပါ။ ပြဿနာက လက်ရှိကယားပြည်နယ်လွှတ်တော်က လွှတ်တော်ဥက္ကဌ ဦးလှထွေးအပါအဝင်လက်ရှိကိုယ်စားလှယ်အချို့ကို ၂၀၂၀ မှာလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ NLDက ပြန်မရွေးလို့ပါ။NLD ကရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းမှာ ပြန်မပါဘူးဆိုတာသိတာနဲ့ လက်ရှိလွှတ်တော်ဥက္ကဌဟာ တပ်က စရဖတာဝန်ခံ ဗိုလ်မှူးအောင်ခိုင်စိုး၊ ဖွတ်အဖွဲ့တွေနဲ့တွေ့ပြီး ဝကခကိုဖြုတ်ချရန်ကြံပါတော့တယ်။ သစ္စာမရှိတာပေါ့။


နောက်ကယားပြည်နယ် ဝကခကို စွပ်စွဲသူက ဦးသဲရယ်ပါ။ ဒါပေမယ့် လွှတ်တော်ဥက္ကဌဟာ အဆိုပါစွပ်စွဲသူကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌခန့်ပြီး စစ်စေခဲ့ပါတယ်။ ဒီလူဟာ စွပ်စွဲသူဖြစ်လို့ ဥက္ကဌမခန့်သင့်ပါ။ ဒါကြောင့် လုပ်ထုံးလုပ်နည်း procedure အရ စမှားနေတာပါ။ နောက် ဦးသဲရယ်ဟာ ၁၀ တန်းအဆင့်သာ ပညာအရည်အချင်းရှိသူမို့ စုံစမ်းရေးအဖွဲ့ကို ဦးမဆောင်သင့်သူပါ။ စာရေးသူကလွှတ်တော်ဥက္ကဌကို သူပြန်ဆက်မှာ တာဝန်ထမ်းဆောင်စဉ်က ခိုးခဲ့တယ်လို့ စွပ်စွဲပြီး စာရေးသူကစုံစမ်းရင် သူလက်ခံမည်မထင်ပါ။ အမေရိကန်မှာ အောက်လွှတ်တော်က စွပ်စွဲရင် အထက်လွှတ်တော်ကသာ အမိန့်ချရတာပါ။ ယခုတော့ ဖွတ်၊ တပ်နဲ့ NLD က အရွေးမခံရသူများက မဲ ၁၆ မဲ ၄ မဲနဲ့ နိုင်သွားခဲ့ပါတယ်။ NLD က ၅ မဲက ဖွတ်၊ တပ်နဲ့ ပေါင်းသွားတာပါ။


ဒါနဲ့သူက လွှတ်တော်ကခိုင်းတာ မလုပ်လို့ စွပ်စွဲပြစ်တင်ရပါတယ်ဆိုရင် တပ်က သူပုန်ကို မတိုက်နိုင်လို့တပ်ချုပ်ကို စွပ်စွဲပြစ်တင်လို့ရပြီလား? စဉ်းစားပါ။


ဒီကနေ ဘာသင်ခန်းစာရလဲ?

NLD ပါတီအနေနဲ့ ၂၀၂၀ လူရွေးရာမှာ မိမိပါတီအပေါ် ဘယ်လိုပင်ဖြစ်ပါစေ သစ္စာစောင့်သိသူတွေကိုရွေးချယ်မိဖို့လိုပါတယ်။ ထောင်ကျဖူးပြီး မှတ်ကျောက်တင်ခံနိုင်သူဆိုရင် ပိုကောင်းပါတယ်။ ဒေါက်ခိုင်လို ကျော်ဇေယျလို သာကူးတွေ မရွေးမိဖို့ လိုပါတယ်။ ကယားလွှတ်တော်ဥက္ကဌရဲ့ နောက်ကြောင်းကိုကြည့်ရင် ၁၉၈၄ ကနေ ၁၉၉၁ အထိ သမဝါယမမှာ လုပ်ခဲ့ပြီး ၁၉၉၅ ကနေ ၂၀၀၈ အထိက ခင်ညွန့်ရဲ့ ပြန်ဆက်မှာ လုပ်ခဲ့သူပါ။ NLD အနေနဲ့ မိုးကျတွေ၊ ဖွတ်နွယ်သူတွေ၊ ခရိုနီထံမှာ အလုပ်လုပ်ခဲ့သူတွေကို မရွေးမိဖို့လိုပါတယ်။ ရွေးခဲ့မိရင်တောင် အရေးပါတဲ့နေရာကို မပေးမိပါစေနဲ့။


ပြည်သူတွေအနေနဲ့က ယခုကယားလွှတ်တော်မှာ NLD က ကိုးနေရာသာရခဲ့လို့ ယခုလိုဖြစ်သွားတာပါ။တပ်ဟာ ၂၅% ရှိနေပါတယ်။ NLD ကလူမတက်ရင် ဖွတ်တက်မှာပါ။ ဘာမှ ညွန့်ပေါင်းမဖြစ်ပါ။ ယခုလိုမျိုး ခဏခဏသာ ထလုပ်နေရင် ဒီမိုအစိုးရအနေနဲ့ အုပ်ချုပ်လို့တောင် ရမည်မထင်ပါ။


ဒါကြောင့် ညွန့်ပေါင်းဆိုတာဟာ စစ်ကျွန်ဖြစ်ဖို့ပါလို့ ရှေ့မျက်နှာ နောက်ထားပြီး ပြောပါရစေ။ NLD ပါတီဗဟိုရော ပြည်သူများရော ကယားပြည်နယ်လွှတ်တော် စွပ်စွဲပြစ်တင်မှုမှ အသီးသီး သင်ခန်းစာယူနိုင်ကြပါစေ။


News Source : 7 Day Journal, Myanmar Now

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

2件のコメント


Albert Wint
Albert Wint
2020年9月02日

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရှေ့ရေး ရင်လေးနေတယ်ဗျာ

いいね!

Albert Wint
Albert Wint
2020年9月02日

နိုင်ငံရေး အသိ ရေချိန်နည်းလှချည်လား တိုင်းရင်းသားတို့ရယ် တိုင်းပြည်ရဲ့ကိုလိုနီ နယ်ချဲ့သမိုင်း ဖက်ဆစ်ဂျပန် တော်လှန်ရေးသမိုင်းတွေ မလေ့လာ အားရင်တောင် ၁၉၆၂မှစ၍ တော်လှန်ရေးကောင်စီရဲ့ဆိုရှယ်လစ်အတုသမိုင်းမှယနေ့ဖြစ်ပျက်နေတဲ့သမိုင်းအထိရဲ့အမှန်/အမှား ဓမ္မ/အ ဓမ္မကိုကွဲကွဲပြားပြားလေ့လာဖြစ်တောင်အလွန်တန်ဘိုးရှိပြီးတိုင်းပြည်ပေါ်နိုင်ငံရေးရပ်တည်ချက်မှန်ကြပါမည်

いいね!
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page