တိုင်းရင်းသားဒေသတွေမှာ NLD အတွက် ကိုယ်စားလှယ်ရွေးရတာဟာ ၂၀၁၅ မှာ ခက်ခဲခဲ့မှာပါ။၂၀၂၀ မှာက ရွေးစရာတွေ ပိုများလာမှာပါ။ ကယားမှာ ဝန်ကြီးချုပ်ရော လွှတ်တော်ဥက္ကဌရောဟာNLD ရဲ့ ပုံမှန် ဒီမိုကရေစီအတွက် ထောင်ကျခံခဲ့တဲ့အထဲက မဟုတ်ခဲ့ပါ။ ယခု အယ်လ်ဖောင်းရှိုကတော့ ကြိုက်သူရော မကြိုက်သူပါ များလောက်အောင် နာမည်ကြီးခဲ့ပါတယ်။ သူ့ကို ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်သူများဟာ အစကထဲက လူမျိုးရေးနဲ့ ယခုရွေးကောက်ပွဲကိုတည်ပြီး လုပ်ဆောင်ခဲ့လို့ ယခုရွေးကောက်ပွဲမှာ သူတို့ကို ထောက်ခံမှုကို သိရမှာပါ။
လက်ရှိလွှတ်တော်ဥက္ကဌဟာ သူအရွေးမခံရလို့ တပ်နဲ့ပေါင်းကိုင်ချိန်မှာ သမ္မတက သူ့ကို ထုတ်ပေးလိုက်ရပါတယ်။ ယခုတော့ အခြေခံဥပဒေခုံရုံးကို တင်ထားလိုက်ပါပြီ။ ဒီက ဘာတွေသင်ခန်းစာယူနိုင်မလဲ?
NLD အနေနဲ့ ကိုယ်စားလှယ်ရွေးချယ်ရာမှာ သူတို့ရဲ့ ဒီမိုအတွက်ဘာလုပ်ခဲ့သလဲ democratic credential ကို ကြည့်သင့်ခဲ့ပါတယ်။ ဒါက ကျော်ဇေယျနဲ့ သက်သက်ခိုင်တို့ကလဲ သင်ခန်းစာပေးသွားခဲ့ပြီးပါပြီ။နောက်သူတို့ဟာ အစုအဖွဲ့နဲ့ လုပ်တတ်ခဲ့သလားပေါ့။ အဆိုပါ ကိုယ်စားလှယ်လောင်းကိုယ်တိုင်က အစုအဖွဲ့နဲ့ မလုပ်တတ်ဖူးဆိုပြီး လိုင်းပေါ်တက်ပြောရင်တော့ NLD အနေနဲ့ သတိထားပါလို့ ပြောပါရစေ။
ဦးအယ်လ်ဖောင်းရှိုကို တပ်၊ ဖွတ်၊ လွှတ်တော်ဥက္ကဌနဲ့ အမျိုးသားရေးပါတီများပေါင်းပြီး ဖြုတ်နိုင်ခဲ့ပေမယ့် အဲဒီလိုလုပ်ချင်းဟာ သူ့ရဲ့ မဲဆန္ဒနယ်မှာ NLD နိုင်ဖို့ သေချာသွားစေခဲ့ပါတယ်။ သူဟာ ဝကခမဟုတ်တော့လို့ မဲဆွယ်တာကို အချိန်ပေးလုပ်နိုင်လာပါတယ်။ သူ့ကို ပြည်သူရဲ့ထောက်ခံမှုကိုလဲအတိုင်းအတာတစ်ခုအထိ စာရေးသူတို့ သိခွင့်ရခဲ့ပါတယ်။ သူဟာ စစ်တပ်ကိုတွန်းလှန်တဲ့ ထင်ရှားသူcelebrity ဖြစ်သွားခဲ့ပါတယ်။ သူ့လက်ထက် ကယားပြည်နယ်ရဲ့ တိုးတက်မှုကို ပြည်သူက အသိအမှတ်ပြု/မပြုကတော နိုဝင်ဘာ ၈ ရက်နေ့မှာ သိမှာပါ။ ပြည်နယ်တွေမှာက DASSK အပြင် ဒါတွေကိုလဲ ကြည့်ပါတယ်။
နောက်ခြေဥခုံရုံးတင်တဲ့ကိစ္စ။ ဒီကိစ္စဟာ တင်ကိုတင်ရပါမယ်။ မဟုတ်ရင် ယခုလို မဟုတ်မမှန်တွေထပ်လုပ်လာနိုင်လို့ပါ။ NLD က ဝကခ/ဥက္ကဌမှားခန့်ပြီး သူ့ကိုဩဇာမခံကန့်လန့်လုပ်ရင် ဘယ်လိုနည်းလမ်းတွေနဲ့ တားလို့ရမလဲ ယခုကထဲက ရှာထားသင့်ပါတယ်။ နောက်ခြေဥခုံရုံးဟာ မအလသက်တမ်းတိုးတာတွေဟာ အခြေခံဥပဒေနဲ့ ညီ/မညီ လိုအပ်ရင် ဥပဒေအရ ရင်ဆိုင်ရဖို့နေရာ ဖြစ်လာနိုင်ပါတယ်။အားလုံးဟာ သူ့ ၂၀၀၈ ခြေဥဘောင်ထဲကပါဘဲ။
နောက်စဉ်းစားရမှာက လွှတ်တော်ကိုယ်စားလှယ်ကို ပါတီကထုတ်ရင် အဲ့ဒီကိုယ်စားလှယ်နေရာကို ပြန်အရွေးခံရတာမျိုး ဥပဒေကို ပြင်နိုင်မလား စဉ်းစားထားသင့်ပါတယ်။
စာရေးသူရဲ့ ကယားပြည်နယ်အမြင်က ကယားပြည်နယ်မှာ NLD ဟာ ယခင် ၂၀၁၅ လောက်တော့အနည်းဆုံးနိုင်ပါ့မယ်လို့ ပြောပါရစေ။ တပ်မဲခိုးတာတွေ ရွှေ့ပြောင်းလုပ်သားမဲစာရင်းတွေကိုကြပ်မတ်နိင်ရင်တော့ မဲပိုရနိုင်ပါတယ်။ သူ့လက်ထက်မှာ ကယားမှာ NLD ပါတီဝင်တိုးလာတာကတော့ငြင်းမရတဲ့အချက်ပါ။ တိုင်းရင်းသားပါတီတွေဟာ ဖွတ်ထံက မဲရပြီး နေရာအချို့နိုင်မလား ဖွတ်နဲ့တိုင်းရင်းသားပါတီကြား မဲကွဲပြီး NLD သာ ပိုနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ အချို့တိုင်းရင်းသား အမျိုးသားရေးဝါဒီများက သူတို့အချင်းချင်းမဲပေးနိုင်ပေမယ့် သူတို့မှာကလဲ လူမျိုးတွေက ထပ်ကွဲနေပါသေးတယ်။
အဓိကကတော့ NLD အနေနဲ့ အမတ်တွေထဲက ရာထူးကြီးကြီးကို ပေးတော့မယ်ဆိုရင် သူတို့ရဲ့နောက်ကြောင်းကို သေချာလိုက်ပါ။ သူတို့ဟာ ခရိုနီလား၊ ဘယ်လောက်ပတ်သက်မှုရှိလဲ၊ ဘယ်လောက်ပညာတတ်လဲ၊ ပညာမတတ်ဘဲနဲ့ ဒီမိုကရေစီမှာ ဘာမှစွန့်စွန့်စားစား မလုပ်ခဲ့ဘဲ ဘာလို့ရာထူးကြီးကြီးတွေရလာလဲ၊ သူလုပ်ခဲ့တဲ့ လုပ်ငန်းတွေက တကယ်အောင်မြင်ခဲ့လား? ရန်သူက သူ့နောက်ကြောင့်ကိုလှန်နိုင်လား? အစုအဖွဲ့နဲ့ လုပ်တတ်ရဲ့လား? အဆိုပါလူများနဲ့ တပ်ရဲ့ဆက်နွယ်မှုများဟာ ဘာတွေလဲဆိုတာကို လေ့လာပါ။ ဒီကိစ္စဟာ ကယားမှာ လွှတ်တော်ဥက္ကဌလောက်က ပြဿနာမရှိပေမယ့် မြို့ကြီးရင်တော့ အဘရဲ့ plan B ထဲမှာ ပါသွားမယ်လို့ ပြောပါရစေ။
အာဏာသိမ်းတယ်ဆိုတာ သေနတ်ဖောက်ပြီးမှ တင်ကားနဲ့သိမ်းမှ အာဏာသိမ်းတာမဟုတ်ပါ။ မိမိလူကို NLD ထဲကလူအနေနဲ့ ဝန်ကြီးချုပ်ခန့်နိုင်ခဲ့ရင် နေပြည်တော်မှာ မိမိလူကို ဝန်ကြီးခန့်ပြီး NLD တွေကို အထက်အောက် နားလည်မှုလွဲအောင် လုပ်ထားနိုင်ခဲ့ရင်လဲ အာဏာသိမ်းတာပါဘဲ။
နိုဝင်ဘာ ၈ ရက်မှာ ပြည်သူတွေကတော့ NLD ကိုသာ မဲပေးရမှာပါ။ ကျန်တာကတော့ အနုနည်းနဲ့အာဏာသိမ်းမခံရအောင် လုပ်ရမှာက NLD ရဲ့ တာဝန်ပါ။ သင်ခန်းစာယူတတ်ရင် ကယားလွှတ်တော်ဥက္ကဌ၊ ကျော်ဇေယျနဲ့ သက်သက်ခိုင်တို့ကနေ သင်ခန်းစာယူလို့ရပါတယ်လို့ ပြောပါရစေ။
Photo Credit: Myanmar Harp, L Phaung Sho Page
ဦးမြတ်! ရေးရင်းနဲ့ high potential ဖြစ်လာပြီး ရိုင်းတဲဖက်
ယိုင်မှာမို့။ ခုမှ စ. ပြန်ရေးပါမည်။
သွေး နှောသူ မရှိဘူး။ သွေး နှော အောင် ဘယ်သူတွေ လုပ်ခဲ့တာလဲ။ သွေး နှော ခံရပေမယ့် သွေးမျိုးကတော့ မကောခဲ့ပါ။ အမျိုးချစ်တဲ့ သွေး၊ ဘာသာ သာသနာချစ်တဲ့သွေး။
သွေးအနှော ခံရပေမယ့် သွေး မရောခဲ့ပါဘူး။
သွေးအနှော မခံရပေမယ့် လောက်ကိုင်နယ်မှာ မိန့်မိန့်ကြီး၊ ပိုစတာကြီးမှာ၊ အယူ မူ ဘာသာခြားတွေနဲ့ တသွေးတည်းတသံတည်း ရပ်တည်နေတာဟာ သွေးရော သွားပါပြီ။ အညာသားစစ်စစ် ဗမာတယောက်
သွေး အရော ခံလိုက်ရပါပြီ။ အရောခံရရင် အညာသူတွေ (ရိုင်းသလိုဖြစ်ပေမယ့်)သူနဲ့ပတ်သက်ပြီး အနှော ခံ ရဖို့ ရာနှုံး? ??
သူ့အပြစ်ပြောမယ့်ကြံ
ကိုယ့်မှာရော သန့်စင်ရဲ့လား ???
အနောက်သွေးနှောက ဘာမှ မထိခိုက်ပေမယ့်
အရှေ့သွေးနှောခဲ့တဲ့သူတွေကြောင့် ဖြစ်ချင်တိုင်းဖြစ် အခိုင်းခံ ကျွန်တပိုင်းသာသာ မူးယစ်နွံ ၊ လောင်းကစားနွံ ၊ အဖော်အချွတ် နွံ၊ အပျော်အပါး အမြှောင်ထားခံရတဲ့ နွံ၊ နွံ တကာနစ် ၊ ရင်နာစရာအဖြစ် ကျွန်ဖြစ်နေရပါပြီ။
မြင်နိုင်ကြပါစေ။
ဦးမြတ်! အတွ့အကြုံ အစုံစုံ မူဟန်ပုံနဲ့ လိုက် မလိုက်၊ ကိုက် မကိုက်၊ တင်ပြပါရစေ။
ခု ကိုဗစ် ဒုတိယအကျော့မှာ ပြန့်နှုန်းမြန် သဖြင့် ကူးစက်လွယ်ကြောင်း (ကျန်း/ဝန်ဌာနအသိပေးအား ကောင်းမှုကြောင့်)တောရောမြို့နံအပြန့်ကြီး ပြန့် ၊ အသိကြီး သိခဲ့ရပါသည်။ သို့၍ မကူးစက်အောင် မြို့ရွာအနှံ အားကျိုးမာန်တက်ဆောင်ရွက်လျက်ရှိပါသည်။
မြို့မှာလည်း ဝင်ပေါက် လမ်း လေးလမ်းမှာ (အစိုးရ ၊ ပါတီက မခိုင်းစေရ)ကိုယ့်အသိဖြင့် တာဝန်ထမ်းဆောင်ရွက်သော ပရဟိတအဖွဲ့များ အဝင် အထွက် တင်းကြပ်ဆောင်ရွက်ကြပါသည်။သူတို့ဆောင်ရွက်နေကြောင်း fbပေါ်တင် live လွှင့် ၊ မြို့လူထုက အသိအမှတ်ပြုခဲ့ကြပါသည်။နေ့ မနား ၊ ည မထား ဆောင်ရွက်မှု အပေါ်မှာ သင်းပျံမှုတွေ ထုံမွမ်း လွှမ်း ထားပါသည်။
ခုတော့ မရှိတော့ပါ။ ကပ်ကို နိုင်သွားလို့လား ? မေးစရာ ။ မဟုတ်ရပါ။ တနေ့က အစစ်ဆေးခံ အရောင်ပါသောအဖွဲ့က မိုက်မိုက်ရိုင်းရိုင်း စော်ကား ပြောဆိုခံရမှုကြောင့်**မိမိတို့ စေတနာ အလွဲသုံးစားခံရ၍**မလုပ်တော့။
မြို့သူသားများ ကိုယ့်အသိဖြင့်သာ ကိုယ့်မိသားစုကိုသာ ကာကွယ်ကြပါရန် ပရဟိတလုပ်သားအစုက fb ပေါ်တွင် အများမြင်အောင် တင်ပြခဲ့ပါသည်။
သူတို့ကတော့ NLD အတွက် ၊ နိုင်ငံအတွက်ဆိုတဲ့ ခေါင်းစည်းအောက် ဝင်ရောက်နေသူကြများဖြစ်ပါသည်။
ဖွားစု အကျယ်ချုပ် နှစ်ပေါင်း ရှည်ကြာ အချုပ်နှောင် ခံနေတာပဲ။သူ့စေတနာနဲဲ့ဲ့ မတန်ဘူးဆိုပြီး
နောက် တွန့် သွားပါရဲ့လား?
ဒေါက်ဇော်! မာန်မျိုးစုံ ချ ၊ ကျအောင် နှိပ်စက်ခံရပေမယ့်?
ဦးဖြိုး! ပက်ပက်စက်စက် ဝိုင်းဝန်းယုတ်မာကြတဲ့ဒါဏ်နှင့်တူ
ရောဂါပါ တွဲခံပေမယ့် နောက်တွန့် သွားဘူးရဲ့လား? သူ့စေတနာနဲ့ ရန်ကုန်မြို့သားတွေ မတန်ဘူးလို့ ခွန်းတုံ့ပြန်သံများ ကြားမိပါလေစ။ မကြားမိ မမြင်မိ။ဦးတည်ချက်မပျောက် ရှေ့သို့သာဆက်လျောက်။
မြို့အကျိုးဆောင် ပရဟိတသမားများရဲ့ ယုံကြည်ချ…
ကယားကိုNLDအတွက်စိုးရိမ်ပါတယ် ဆန့်ကျင်ဘက်သားများနေလို့ပါ .MTOလမ်းပြတဲ့နည်းဗျူဟာကောင်းပါသည်