top of page
Search

ကယားမှာ ဘယ်ပါတီနိုင်မလဲ

Writer: Myat Tun OoMyat Tun Oo

ပြည်မမှာက NLD နိုင်မယ်ဆိုတာက ၈၅% လောက်သေချာပါတယ်။ ဥပမာ ရန်ကုန်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးကို ဘာမှမလုပ်လဲ နိုင်ပါတယ်။ အဘမိန့်ခွန်းလေးတွေ နေ့တိုင်းမြန်မာ့အသံက လွှင့်ပေးလိုက်ရင်ကို ရပါပြီ။ ဒါပေမယ့် ပြည်နယ်တွေကတော့ DASSK ရဲ့ ပုံရိပ်တစ်ခုထဲက မဖြစ်နိုင်ပါ။အဆိုပါပြည်နယ်မှာ NLD ကိုယ်စားပြုတဲ့ တိုင်းရင်းသားခေါင်းဆောင်လဲလိုပါတယ်။


လက်ရှိ ၂၀၁၅ ကယားပြည်နယ်လွှတ်တော်ဟာ နေရာ ၂၀ ရှိပါတယ်။ NLD က ၁၀နေရာ၊ ကြံ့ဖွတ်က ၄နေရာ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၁ နေရာ နဲ့ တပ်က ၅ နေရာပါ။ ဒီနေရာမှာကယားပြည်နယ်ဟာ NLD စည်းရုံးလှုပ်ရှားမှု အားနည်းခဲ့တဲ့နေရာပါ။ ဝန်ထမ်းတွေလဲ ရှိပါတယ်။၂၀၁၅ မှာ အဆိုပါအခက်အခဲများကြားက နိုင်ခဲ့တာပါ။

၂၀၁၅ NLD အစိုးရတက်လာအပြီးမှာ ကယားပြည်နယ်ဟာ လမ်းပန်းကအစ ဖွံ့ဖြိုးလာခဲ့ပါတယ်။နောက်သူပုန်က သိပ်အားမကောင်းလို့ ငြိမ်းချမ်း​ရေးလဲ အတန်အသင့်ရှိခဲ့ပါတယ်။ အဆိုပါပြည်နယ်ဟာ ချင်းပြည်နယ်လို အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ ဒီအထဲက ပိုထူးခြားခဲ့တာက NLD ပါတီဝင်တွေများလာခဲ့ပြီး NLD ပါတီရုံးခွဲတွေ ပေါ်လာတာပါ။

ယခုစာရေးသူရေးတာဟာ NLD လော်ဘီပြောတာကို အခြေခံတာမဟုတ်ဘဲ တပ်ကကောက်ထားတဲ့ရွေးကောက်ပွဲအောင်နိုင်ခြေအစီရင်ခံစာတွေ၊ သတင်းသမားတွေ၊ အဆိုပါနေရာက ယခင်ပြန်လာတဲ့တပ်ထဲကရဲဘော်လေးတွေ၊ သူတို့မိသားစုတွေ၊ ဆွေနီးမျိုးစပ်တွေပြောတာကို အခြေခံထားတာပါ။

ဒါကြောင့် အဘတို့ဟာ အစွန်းရောက်မျိုးချစ်တိုင်းရင်းသားပါတီတွေနဲ့ပူးပေါင်းပြီး ချောင်းဆုံကိစ္စလိုဗိုလ်ချုပ်ကြေးရုပ်ကနေ NLD ပုံရိပ်ကျအောင် ဝိုင်းတိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားအချို့ကို ဝေဝါးစေခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ၂၀၂၀ မတိုင်ခင် အဖြစ်အပျက်သုံးခုက NLD ဘက်ကို ချိန်ခွင်လျှာရွေ့သွားစေခဲ့ပါတယ်။ ပထမက တပ်ပိုင်မြေဆိုပြီး တပ်က တိုင်းရင်းသားတွေကို တရားစွဲထောင်ချခဲ့တာနဲ့ NLD ပါတီရဲ့ အရပ်သားဝန်ကြီးချုပ်ကို တပ်၊ ဖွတ်နဲ့ ကယားဒီမိုကရက်ပါတီ(KySDP)တို့ပေါင်းပြီး ဖြုတ်ချချိန်မှာ တိုင်းရင်းသားတွေအနေနဲ့ ဘယ်ပါတီကို ရွေးရမလဲဆိုတာ ပိုသိသာသွားခဲ့ပါတယ်။ ဒါထက်ပိုပြီး သိသာသွားတာက ကယားတိုင်းရင်းသားတွေရဲ့မြေကိုသိမ်းပြီးတရားစွဲထောင်ချတာကို တပ်ကလုပ်နေချိန်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)ဥက္ကဌ ဦးဖိုးရယ်က တပ်ချုပ်နဲ့ သွားတွေ့ခဲ့တဲ့ ၃၄ ပါတီ ဖွတ်မဟာမိတ်ထဲပါနေတာဟာ တိုက်ဆိုင်တာမဟုတ်မှန်းသူ့တိုင်းရင်းသားတွေ သိသွားတာပါ။ KySDP ကယားပြည်ဒီမိုကရက်တစ်ပါတီနဲ့ ကယားအမျိုးသားပါတီ KNP တို့ဟာ မဟာမိတ်ပါတီတွေဖြစ်ပြီး တစ်ပါတီပြိုင်တဲ့နေရာမှာ အခြားပါတီကမပြိုင်ပါ။အဆိုပါပါတီတွေဟာ NLD ကို လူမျိုးရေးအကြောင်းပြ မဲဆွယ်နေပေမယ့် ဗိုလ်ချုပ်ကြေးရုပ်ကိုလူမျိုးရေးအကြောင်းပြ ကန့်ကွက်နေပေမယ့် NLD ထက် အဆ ၁၀၀ စိုးတဲ့ ဗိုလ်ချုပ်မဟုတ်တဲ့ မအလနဲ့ဖွတ်တွေကို ခရနေတာဟာ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လားရာကို ပြနေခဲ့တာပါ။

ယခု ကယားပြည်နယ်ကိုပြန်ကြည့်ရင် NLD ဟာ အနည်းဆုံး အောက်ဆုံးအဆင့် ပြည်နယ်လွှတ်တော်မှာ ၁၀ နေရာအနည်းဆုံးနဲ့ အများဆုံး ၁၃ နေရာလောက်အထိ နိုင်ပါမယ်။ ယခုလက်ရှိ ၂၀၁၅ မှာက ၁၀နေရာနိုင်ထားခဲ့တာပါ။ မယ်စဲ့လိုနေရာက နိုင်မှာ သေချာပါတယ်။ မယ်စဲ့မှာ ဝန်ကြီးချုပ်ဟောင်းအယ်လ်ဖောင်းရှိုနဲ့ သူ့ကို ကန့်ကွက်ဆန့်ကျင်ခဲ့တဲ့ အဘနဲ့သွားတွေ့တဲ့ ကယားပါတီနဲ့ မဟာမိတ်ပါတီကကိုယ်စားလှယ်တို့ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပြီး လူထုဆန္ဒခံယူပွဲသဘောမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဦးအယ်လ်ဖောင်းရှိုသာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ကယားမှာ အဓိကစောင့်ကြည့်ရမှာက ဘောလခဲနဲ့ ဖားဆောင်းပါ။ အဲ့ဒီဒေသတွေက စိုးသိန်းနဲ့ ဖွတ်တွေနိုင်ခဲ့တဲ့နေရာပါ။ ဒီနေရာကလူတွေက သူတို့ကို တကယ်ကြိုက်လို့ ၂၀၁၀ နဲ့ ၂၀၁၅ မှာ မဲပေးခဲ့တာလားဒါမှမဟုတ် အာဏာရပါတီကဝန်ကြီးဖြစ်ခဲ့လို့လားဆိုတာက ၂၀၂၀ မှာ အဖြေပေါ်မှာပါ။ ဘောလခဲမှာက တပ်ရင်းသုံးရင်းလောက်ရှိလို့ မဲခိုးရင် ၃၀၀၀ လောက်ရပြီးသားဖြစ်သွားပါပြီ။ မဲပေးနိုင်သူက၉၀၀၀ လောက်သာရှိတာပါ။ ဒါဆိုရင် NLD ကျော်ရမယ့်တေဋင်ဟာ တိုင်းရင်းသားမဲထက် တပ်မဲကအဓိကဖြစ်နေတာ သဘောပေါက်မှာပါ။ အကယ်၍ အဲ့ဒီနေရာမှာသာ NLD နိုင်ခဲ့ရင် ယခုလိုအဖြေဟာတစ်နိုင်ငံလုံးက ယခင်ဖွတ်နိုင်ခဲ့တဲ့ နေရာတွေမှာလဲ NLD က နိုင်လာနိုင်ပါတယ်။ တစ်ခုဘဲ စိုးရိမ်တာက စိုးသိန်းရွှေ့ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တပ်မဲဟာ ဘယ်လောက်လွှမ်းမိုးမလဲဆိုတာပါ။ စိုးသန်း ၂၀၁၅ ကလို ပိုက်ဆံပေးစည်းရုံးတာတွေကိုလဲ NLD အနေနဲ့ မှတ်တမ်းတင်ထားသင့်ပါတယ်။

ဒီနေရာမှာ NLD ကို ဝေဖန်သူအချို့က ကယားပြည်နယ်ဟာ ဗိုလ်ချုပ်ကြေးရုပ်ပြဿနာကြောင့် NLD ကိုထောက်ခံမှုကျဆင်းတယ်လို့ ပုံဖော်ရေးသားကြပါတယ်။ ဒါပေမယ့် သူတို့တွေမဖော်ပြခဲ့တာကကယားပြည်နယ်အတွင်းတိုးတက်မှုဟာ ၂၀၁၅ နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်ဆိုတာပါ။ ဗိုလ်ချုပ်ကြေးရုပ်လုပ်တာကို ဖွတ်ကလဲ NLD လွှမ်းမိုးမှာမိုလို့ မကြိုက်သလို အစွန်းရောက်အချို့ကလဲ လူမျိုးရေးကို အခြေခံပြီး မကြိုက်ကြလို့ ဘုံရည်မှန်းချက် တူခဲ့ကြပါတယ်။

ယခုအချိန်မှာ တိုင်းရင်းသားတွေဟာ သူတို့ကို မြေသိမ်း၊ ထောင်ချ၊ သတ်ဖြတ်လုပ်ခဲ့တဲ့ လုပ်နေတဲ့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ ကယားဒီမိုကရက်တစ်ပါတီဥက္ကဌကြီး ပြုံးပြုံးကြီးတွေ့နေတာ၊ တပ်၊အာဏာရှင်ပါတီနဲ့ ပေါင်းပြီး အရပ်သားဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့တာကို မမေ့နေကြပါ။ နောက်သူတို့နယ်ထဲမှာ ဖွံ့ဖြိုးလာတာကိုလဲ သူတို့က သိကြပါတယ်။


အကျဉ်းချုပ်ရရင် စာရေးသူရဲ့ ခန့်မှန်းချက်ကတော့ ကယားမှာ NLD ဟာ ၂၀၁၅ ခုနှစ်ကအတိုင်းအနည်းဆုံးနိုင်မှာဖြစ်ပြီး ပိုပြီး နိုင်နိုင်ချေရှိတယ်လို့တောင်ပြောပါရစေ။ စာရေးသူခန့်မှန်းချက် မှန် မမှန်ကတော့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ သိမှာပါ။


စာရေးသူမှန်လား မီဒီယာတွေနဲ့ အခြားဝေဖန်သူတွေ မှန်လားဆိုတာကတော့ စောင့်ကြည့်ကြပါ။


Photo credit: Myanmar Now, NLD, La Phaung Shoe, Kayah State Hluttaw

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

3 comentarios


Myint Soe Oo
Myint Soe Oo
17 oct 2020

ဦးမြတ် အများကြီးရေးချင်ပေမယ် မအားလပ်လွန်းလို့ ခုမှ နှစ်ပုဒ်ပေါင်း တို ရှင်း ရေးရပါသည်။

နားလည်ပေးပါရန။

Me gusta

Myint Soe Oo
Myint Soe Oo
17 oct 2020

ဦးမြတ်! ရန်ကုန် ဖြိုး

ကယား ရှိုး ဟုသုံးလေ့ရှိခဲ့ဘူးပါသည်။ ခု တိုးတာက

ဘောလခဲ စိုး ။ စိုးတော့ စိုး။ လူငယ်ခြေတက် စိုး။ ပွဲထွက်ခွင့်ရတုန်း ခြေစွမ်းပေါ်အောင် ဖော်ဆောင်နိုင်ပါလိမ့်မည်။

အစွန်းရောက် မျိုးချစ် မဟုတ်။

မျက်ကန်း မျိုးချစ် မဟုတ်။

အင်အားပြပွဲက သက်သေခံနေပါသည်။

ပျို ကြွယ် နှင့် အို ပယ်

နယ်ဘယ်သူ ကျယ်မှာလဲ? ?

စောင့် ကြည့် ရပါတော့မည်။

Me gusta

Albert Wint
Albert Wint
17 oct 2020

ဖြစ်ခဲ့ပြီးအကြောင်းအရာတွေကြောင့်NLDကိုနိုင်စေချင်တယ်

Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page