top of page
Search
Writer's pictureMyat Tun Oo

ခြင်းကြားကပြောသောသမိုင်း


မနေ့က သတင်းတစ်ပုဒ်မှာ တရုတ်တပ်မတော်ဟာ မျိုးရိုးဗီဇကို ပြုပြင်ထားတဲ့ စစ်သားအချို့ကိုစမ်းသပ်ဖို့ပြင်နေလို့ အမေရိကန်နဲ့ အင်္ဂလိပ်ထောက်လှမ်းရေးက စိုးရိမ်ပူပန်နေတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။ ဥပမာ ပေအမြင့်မှာ အကြမ်းခံနိုင်၊ အမောခံနိုင်အောင် ဗီဇပြင်တာမျိုးပေါ့။ စာရေးသူလဲအတိအကျတော့ မသိသေးပါ။


ထိုသတင်းမှာဘဲ ပစ္စည်းသယ်ရာမှာ အများကြီးသယ်နိုင်အောင် exoskeleton တွေဝတ်ပြီး စစ်သားတွေပစ္စည်းသယ်တာကို အိန္ဒိယနဲ့ နယ်စပ်စစ်မှာ စမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါပစ္စည်းက သာမန်မှာပိဿာ ၂၀ သာ လူတစ်ယောက်က သယ်နိုင်တယ်ဆိုရင် အဆိုပါစက်ကို ဝတ်ထားရုံနဲ့ ပိဿာ ၄၀ သယ်နိုင်တာမျိုးပါ။ ခါးမနာဘူး၊ မပင်ပန်းဘူးပေါ့။

စာရေးသူ အဆိုပါသတင်းကိုဖတ်ပြီး ငါတို့တပ်ချုပ်တွေ ပြည်သူကို မျက်နှာမမူဘဲနဲ့ ဆက်မိုက်နေရင်တော့ သူများတပ်က မျိုးရိုးဗီဇတောင်ပြောင်းပြီး ဆူပါမင်းလို လုပ်နိုင်ချိန်မှာ ကိုယ်တွေက ခြင်းကြားနဲ့သာ ခရီးဆက်ရအုံးမှာကို တွေးမိသွားတာပါ။ ဒီလို နည်းပညာကွာလာရင် သီပေါမင်းပါတော်မူသလိုပါသွားမှာပါလို့ ပြောပါရစေ။ အမျိုး၊ ဘာသာ၊ သာသနာကို YMBA က ဘွဲ့နဲ့ အတွေးတိမ်တိမ်ဖြင့် စောင့်ရှောက်လို့ မရပါလို့ ပြောပါရစေ။

Credit: Times Newspaper

340 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

Comments


bottom of page