မနေ့က ကိုဗစ်ကြောင့် ကျောင်းကိုဘယ်လိုဖွင့်ရမလဲ ဆွေးနွေးပွဲလုပ်တယ်။ ဒါမျိုးက မြန်မာပြည်မှာမွေးထဲက တစ်ခါမှ မမြင်ဖူးဘူး။ DASSK ရယ်၊ ပညာရေးက လူကြီးရယ်၊ ဆရာတွေရဲ့ကိုယ်စားလှယ်နဲ့ကျောင်းသားမိဘ ပါသင့်တဲ့သူတွေ stakeholder တွေ အကုန်ပါတာ တွေ့ရပါတယ်။ အားလုံးက ဖော်ရှိုးမဟုတ်ဘဲ ဆွေးနွေးသွားတာပါ။ ဒါကလဲ အဘတို့ခေတ်နဲ့ ကွာပါတယ်။
ပထမဆုံးက ဒီလိုကိုဗစ် အဘတို့လက်ထက်မှာဖြစ်ရင် ကျောင်းတွေကို ဘာလုပ်မလဲပေါ့။ တွေးကြည့်စရာမလိုဘဲ သမိုင်းကို ပြန်လေ့လာကြည့်လိုက်ပါတယ်။;၁၉၈၈ ကနေ ၁၉၉၀ အထိ အဘဘာလုပ်ခဲ့လဲ။ သူ့ကို ကျောင်းသားတွေက ဆန္ဒပြရင် ကျောင်းပိတ်ထားခဲ့တာပါ။ အာဏာနဲ့ ပညာရေး အဘကအာဏာကို ရွေးခဲ့ပါတယ်။ ဒီလိုကျောင်းပိတ်တာမျိုး ကိုဗစ်ဖြစ်ချိန်မှာလုပ်လိုက်ရင် ဆရာရောကျောင်းသားမိဘကပါ အပြစ်ပြောမှာ မဟုတ်ပါ။ နောက်တနည်း အဘလုပ်နိုင်တာက ဟိုအဝေးသင်တွေ တက္ကသိုလ်တွေ ဖွင့်ခဲ့သလို ဘာမှမတတ်ဘဲ အအောင်ပေးခဲ့တာပါ။ ဒါမျိုးကိုလဲ DASSK ကကလေးတွေ ပညာမတတ်ဘဲ အောင်တာမျိုး မလုပ်ချင်ကြောင်း ပြောသွားပါတယ်။ သူမရဲ့စေတနာနဲ့ယခင်အဘတို့ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာက မိုးနဲ့မြေကွာတာ သွားတွေ့ရပါတယ်။
နောက်ဆွေးနွေးကျတော့ အခြေခံပညာကလဲ သူတို့စဉ်းစားထားတာကို ပြောပြပါတယ်။ နောက်ဆရာမက သူမအတွေ့အကြုံပေါ်မူတည်ပြီး ပြောသွားပါတယ်။ နောက်ကျောင်းသားမိဘကလဲ သူဖြစ်စေချင်တာ ပြောပြသွားပါတယ်။ သူတို့က ဒိန်းမတ်တို့၊ ပြင်သစ်တို့လိုမဟုတ်ဘဲ အတန်းကြီးကနေ ပြန်ဖွင့်ပေါ့။ ဒါကို DASSK ကလဲ သေချာနားထောင်သွားပါတယ်။ သူမ stakeholder တွေနဲ့ တွေ့သလိုမျိုးဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလန်နဲ့ အမေရိကန်မှာတောင် သူတို့ဝန်ကြီးချုပ်တွေ သမ္မတတွေက မလုပ်နိုင်ပါ။စနစ်မတူလို့မတွေ့တာဖြစ်နိုင်ပေမယ့် ပြင်သစ်သမ္မတနဲ့ ယူကေဝန်ကြီးချုပ်ကမတွေ့ပါ။ ပြင်သစ်မှာကျောင်းဆရာအချို့ သပိတ်မှောက်သလို ယူကေက ဆရာသမဂ္ဂကို မတွေ့ဘဲ ရှောင်ပြေးပါတယ်။ ထရမ့်တောင် ငှက်ဖျားဆေးနဲ့ တိုင်ပတ်နေပါတယ်။ သူကတော့ ဖယ်ဒရယ်ဆိုတော့ သူနဲ့မဆိုင်ပါ။
ကိုဗစ်အပြီး ကျောင်းဖွင့်တာက ကမ္ဘာပေါ်မှာလဲ စမ်းသပ်လုပ်နေကြရတာပါ။ ကလေးငယ်တွေဖြစ်တာနည်းတယ်ဆိုတဲ့ အထောက်အထားပေါ်မူတည်လုပ်တာပါ။ ဒါတွေကမှန်ပါတယ်။ ဒီနေရာမှာ ကျောင်းဖွင့်တာ ပိတ်တာမဟုတ်ဘဲ ဒီကိစ္စကို ကိုင်တွယ်ပုံဟာ ဒီမိုစနစ်အရ သေချာအပြန်အလှန်ဆွေးနွေးပြီး သူတို့တင်ပြတာကို နားထောင်တာ ပြန်ဆွေးနွေးတာတွေကို တွေ့ရကြားရတာ မြန်မာပြည်အတွက် အားရလှပါတယ်။
တွေးမိတာက သူမသာ ၁၉၉၀ ထဲက အာဏာရခဲ့ရင် စင်ကာပူကိုမကျော်နိုင်တောင် ထိုင်းကိုကျော်တက်သွားနိုင်မယ်ဆိုတာပါ။ မနေ့ကတော့ ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းတွေကို ထပ်တွေ့လိုက်ရတာပါ။
ကဗျာတပုဒ်ဖတ်ရသလို့ခံစားရပါတယ်။
ဦးမြတ် ! ဘယ်သူသေသေ ငတေ မာဖို့ ကြိုးစားကြသူများ ခုကာလမှာ အထင်အရှား ပေါ်ပေါက်နေပါသည်။ နာမည်ကြီး သတင်းဂျာနယ်ကြီးတစ်စောင်ရဲ့ ကာတွန်းလက်ရာတစ်ခု။ ကိုဗစ်ပျောက်အောင် နိုင်ငံခြားသား အကြံပေးပညာရှင်များ ခေါ်ရရင် ကောင်းမလား? ကာတွန်း**ရေးစားသူ**၏ ရပ်တည်ချက်နဲ့ စိတ်ဓါတ်ကို ဆင်သွားသကဲ့သို့ ထင်ထင်ခြားခြားတွေ့မြင်လိုက်ရပါပြီ။ ၉၀ပြည့်ဝန်းကျင်ဆီက ဖတ်ဖူးသော မန္တလေးသားစာရေးဆရာတစ်ဦး၏ တစ်မျက်နှာဝတ္ထုတို ယနေ့ထိ စွဲငြိနေဆဲ။ ®ဒကါကြီးရယ် ဒီနေ့တော့ ဦးဇင်း ဆွမ်း ခံထွက်တာ အီကြာကွေးပဲ ဆွမ်းအဖြစ် ဘုဥ်းပေးရမှာ ® ယှဥ်ကြည့်ရင် ရည်ရွယ်ချက် စိတ်ဓါတ် အမျိုးအပေါ်တာဝန်ရှိစွာ တင်ပြမှုတွေကို တွေ့ရမှာပါ။ စာပေလုပ်သားချင်းအတူတူ။ စာရေးဆရာ နှင့် ကာတွန်း ရေးဆွဲစားသူ။ သိက္ခာကျင့်ဝတ် နှင့် ရိက္ခာရုပ်ဝတ္ထု။ လူသားမှန်သမျှ ပြီးပြည့်စုံသည်မှာ မရှိပါ။ အလုပ်လုပ်သူမှန် သမျှ အမှားမကင်းနိုင်ပါ။ လျှပ်စစ်ဖန်သီးတစ်လုံးဖြစ်တည်လာဘို့ အကြိမ်ကြိမ် အမှားပြင်အမှန်ရောက်စနစ်နဲ့ချီတက်ခဲ့လို့သာ ယခု ကျွန်တော်တို့ ချိုမြိန်စွာ ခံစားနေရပါသည်။ ငယ်ငယ်က လယ်ထွန်စက်ကြီးသတိရမိပါသည်။ ကြံတွေခုတ်သိမ်းပြီးရင် ထယ်သွား ၁၆သွားပါ ထယ်စင်နဲ့ ဆွဲထွန်ရင် ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန်ပြီးပါသည်။ မြေအတွင်းအနက်ရောက်အောင် မထွန်ရတော့ စက်အင်ဂျင် သိတ်အားမစိုက်ရ မရုန်းရ။ကြံစိုက်ဖို့ ထယ်ရေးပြင်ရရင်တော့ ၃သွားထယ်စင်ကိုသုံးရပါသည်။ မြေသားတွင်း နက်နက်စူးဝင် အမှိူက်ကိုရှင်း မြေဆီအားသွင်း ထွန်ယက်ခြင်းပါ။ မြေကျစ်မြေခဲများ ကန့်လန့်ဆွဲခံနေတဲ့အခါများ ငယ်သံပါအောင်ရုန်း ခေါင်းတိုင်က မီးခိုးမဲများ မိုးတိမ်လုံးပမာ။မြေကောင့်းထယ်ရေးညက်မှ ကြံအထွက်တိုးမှာကိုး။ မေးကြည့်လိုက်တော့ မောတော့မောတာပေါ့။ဒါပေမယ့် မမောဘူး တဲ့။ ဦးမြတ်ကို လယ်ထွန်စက်ကြီးနဲ့ မိတ်ဆက်ပေးရဦးမယ်။သူ့ရဲ့အမည်က. #ဇွဲ# ဟုခေါ်ပါသည်။၁၉၇၇ ၇၈ ဝန်းကျင်လောက်ကပါ။ အမျိုးမှန် အဖိုးတန်လှသပေါ့။ Mask ချုပ်ပြစဥ် ကာလကပေါ့။ တက်လာကစက အမှိုက်ကောက်ပြတယ်။ခုအလုပ်မရှိအလုပ်ရှာ လုပ်ပြနေတာ။ သူတို့အမြင်ကိုး! ပျက်လျှင် မပြင် ပျောက်လျှင် မရှာ ဓနဥစ္စာ ပြိုဖို့ရာ။ ယခင်က ဆူးလေတဝိုက် ဗန္ဓုလလမ်း ၃၂ နဲ့ ၂၉ကြားလောက် ညဘက်စားဖွယ်မျိုးစုံခင်းကျင်းရောင်းကြ…
ပညာရေးကစမ်းသပ်ဓာတ်ခွဲခန်းထဲကကြွက်ကလေးတွေလိုဖြစ်နေပြီ။ဖြတ်လိုက်၊ဆက်လိုက် ပေါင်းလိုက်နှုတ်လိုက်။ကျနော်တို့ခေတ်မှာ ဘွဲ့လက်မှတ်ကို"ထမင်းစားလက်မှတ်"လို့ခေါ်ခဲ့ကြတယ်။တည်ငြိမ်ပြီးအလုပ်ဖြစ်တဲ့ပညာရေးမရခဲ့ပါ။အစမ်းသပ်ခံဘဲဖြစ်ခဲ့ရတယ်။ အခြေခံအဆင့်တွေမှာလူမှုယဥ်ကျေးမှုအသိပညာများ၊ပြည်သူ့နီတိပညာများကိုသင်ကြားပေးသင့်ပါတယ်။