top of page
Search
Writer's pictureMyat Tun Oo

ခြေဥပြင်ဖို့ချစ်လို့ပြောတယ်မှတ်ပါ

ေျခဥျပင္ဖို႔ခ်စ္လို႔ေျပာတယ္မွတ္ပါ

ေျခဥျပင္ဖို႔ခ်စ္လို႔ေျပာတယ္မွတ္ပါ

ေျခဥျပင္ဖို႔ဟာအနီအစိမ္းျပႆနာဆိုၿပီးႏိုင္ငံေရးေလ့လာသူဆိုသူအခ်ိဳ႕ကDASSK နဲ႔တပ္ခ်ဳပ္ေတြ႕ပါလို႔ေျပာေလ့ရွိပါတယ္။သူတို႔ကလႊတ္ေတာ္မွာမေဆြးေႏြးနဲ႔ေပါ့။အခ်ိဳ႕ကလဲလူထုကိုလမ္းေပၚစြဲမတင္နဲ႔ေပါ့။ဒါကသူတို႔သီအိုရီ။

စာေရးသူကေျခဥဟာအနီနဲ႔သာဆိုင္တဲ့ျပႆနာမဟုတ္ဘဲႏိုင္ငံသားအားလံုးနဲ႔ဆိုင္တဲ့ျပႆနာလို႔ထင္ပါတယ္။ေျခဥျပင္ႏိုင္တာကလႊတ္ေတာ္ပါ။ဒါေၾကာင့္ေျခဥျပင္တာကိုလႊတ္ေတာ္ကစတာသဘာဝက်ပါတယ္။လႊတ္ေတာ္ထဲမွာတိုင္းရင္းသားေတြကတရားဝင္ေရြးခ်ယ္ထားတဲ့တိုင္းရင္းသားကိုယ္စားလွယ္ေတြရွိပါတယ္။ယခုသူတို႔ကလဲသူတို႔ျပင္လိုတာတင္လာႏိုင္လို႔NLD ကအားလံုးပါဝင္ႏိုင္ေအာင္(all inclusive) ျဖစ္ေအာင္ဖြင့္ေပးလိုက္ႏိုင္တယ္လို႔ထင္ပါတယ္။

စာဖတ္သူမ်ားစဥ္းစားၾကည့္ပါ။တပ္ခ်ဳပ္နဲ႔ေတြ႕ခ်ိန္မွာငါတို႔ဒါျပင္လိုတယ္ေျပာရင္NLD ျပင္လိုတာသာျဖစ္မွာပါ။ယခုအခ်ိန္မွာတိုင္းရင္းသားေတြကပါျပင္လိုတဲ့အခ်က္ေတြပါလို႔တရားဝင္ေျပာလို႔ရသြားပါၿပီ။ဒါေၾကာင့္ယခုလိုအဖြဲ႕ဖြဲ႕ၿပီးတိုင္းရင္းသားေတြျပင္လိုတာပါထည့္တာဟာအင္မတန္လွတဲ့အကြက္ပါ။

ဒါဆိုအျပင္မွာျပည္သူကအင္အားျပဖို႔လိုလား။လႊတ္ေတာ္ထဲမွာမတ္တပ္ရပ္ေနသူေတြကိုေတြ႕မွာပါ။သူတို႔ကစစ္တလင္းျဖစ္မယ္ေျပာလိုက္၊အႏၲရာယ္မ်ားတယ္ေျပာလိုက္နဲ႔ၿခိမ္းေျခာက္ေနခ်ိန္မွာဒီမိုအစိုးရမွာတပ္မရွိပါ။ဒါေၾကာင့္ျပည္သူေတြ၁၇/၇ကလိုစနစ္တက်စာတင္ၿပီးဆႏၵထုတ္ေဖာ္တာဟာဒီေျခဥေနာက္မွာငါတို႔ရွိတယ္လို႔ေျပာလိုက္တာပါ။အေမရိကန္သမၼတေဟာင္းလင္ကြန္းေျပာခဲ့သလိုျပည္သူေတြရဲ႕မဲကက်ည္ဆန္ထက္အားပိုေကာင္းပါတယ္(“The ballot is stronger than the bullet” – Abraham Lincoln). ဒါေၾကာင့္ျပည္သူေတြကလမ္းေပၚထြက္ျပဖို႔လိုပါတယ္။

ဒါဆိုရင္ျပင္လို႔ရၿပီလား။ဒီလိုမိမိလိုခ်င္တာကိုခ်ျပၿပီးတိုင္းရင္းသားေရာျပည္သူေရာကဒီမိုအစိုးရေနာက္မွာရွိၿပီဆိုရင္ေတာ့တပ္ခ်ဳပ္နဲ႔စကားေျပာရပါေတာ့မယ္။ဘယ္လိုေျပာမလဲ။ယခင္ကမအလသက္တမ္းတိုးကိစၥမတိုင္မွီအထိမအလနဲ႔DASSK ေတြ႕ေလ့ရွိပါတယ္။သူ႔သက္တမ္းတိုးကိစၥအၿပီးမွာကာလံုေခၚမွလာေတြ႕မွာတို႔ဘာတို႔ျဖစ္လာပါတယ္။သူကသမၼတေခၚရင္ေတာ့ပ႐ိုတိုေကာအရေတြ႕မယ့္ပံုပါ။ဒါေပမယ့္မေသခ်ာတာကတပ္ခ်ဳပ္မအလဟာသူ႔မွာဆံုးျဖတ္ပိုင္ခြင့္ဘယ္ေလာက္ရွိမလဲဆိုတာပါ။သူကလဲဘေရႊဘာအျပင္ခံမလဲအေပၚမွာမူတည္ေနၿပီးမွန္းလုပ္ေနပံုပါ။အေကာင္းဆံုးကDASSK၊ဘေရႊ၊သမၼတနဲ႔တပ္ခ်ဳပ္မအလတို႔ေလးပြင့္ဆိုင္လိုက္ရင္ေတာ့အေျဖထြက္လာႏိုင္ပါတယ္။

ျမန္မာျပည္မွာကအခ်ိဳ႕ကိစၥေတြကသမၼတႀကီးအေနနဲ႔ကာခ်ဳပ္၊ဒုကာခ်ဳပ္နဲ႔ၾကည္း၊ေရ၊ေလညွိႏိႈင္းေရးမႉးတို႔ကိုအပတ္စဥ္ျခင္းလံုးေခၚကစားရင္လဲေျပလည္သြားႏိုင္ပါတယ္။ဒါကေနာက္သလိုထင္ရေပမယ့္ေျပလည္ႏိုင္တဲ့နည္းပါ။ဒါေပမယ့္အဘတို႔ကေဂါက္သာ႐ိုက္လို႔ဆံုမွတ္ကနည္းေနပါတယ္။အခ်ိဳ႕ကိစၥေတြမွာမိန္းမေတြကလဲအခ်င္းခ်င္းစကားေျပာမႈကိုျဖစ္ေစႏိုင္ပါတယ္။စာေရးသူျမင္တဲ့အထဲမွာအခ်င္းခ်င္းေျပလည္ေအာင္လုပ္ႏိုင္သူကဒုသမၼတဟင္နရီဗန္ထီးယူအမ်ိဳးသမီးပါ။သူမကသူ႔ေယာက်ၤားတပ္မွာလုပ္ခဲ့လို႔တပ္ကလူေတြအဝင္အထြက္အေၾကာင္းသိသလိုဒီမိုဘက္နဲ႔လဲရင္းႏွီးပါတယ္။သူမဟာပညာတတ္ပါ။ႏိုင္ငံျခားမွာလဲေနဖူးပါတယ္။သူမကသမၼတကေတာ္၊DASSK၊တပ္ခ်ဳပ္ကေတာ္နဲ႔ဒုတပ္ခ်ဳပ္ကေတာ္ေတြခဏခဏေတြ႕ႏိုင္ေအာင္အစီအစဥ္ေတြဖန္တီးေပးရင္လဲသူတို႔ခ်င္းရင္းႏွီးၿပီးအဆင္ေျပလာႏိုင္ပါတယ္။အန္တီလွဟာသူ႔ေယာက်ၤားကိုနားခ်သူျဖစ္လာႏိုင္ပါတယ္။

ျမန္မာျပည္မွာဒီမိုစစ္စစ္နဲ႔တပ္အမာခံေတြရဲ႕ေတြးပံုဟာမိုင္ေပါင္းကုေဋေလာက္ေဝးပါတယ္။ဒါကလက္ေတြ႕အရွိတရားပါ။အိုင္စီစီကဝရမ္းထုတ္တာေလာက္အထိျဖစ္ႏိုင္ေပမယ့္ႏိုင္ငံျခားတပ္ဝင္ဖို႔ကယခုေဟာင္ေကာင္နဲ႔ဇင္က်န္ျပည္နယ္မွာျဖစ္ေနတာေတြၾကည့္ရင္မလြယ္ပါ။ထို႔အတူပါဘဲအဘတို႔အေနနဲ႔လဲဆူဒန္မွာျဖစ္တာ၊ေဟာင္ေကာင္မွာျဖစ္တာကိုၾကည့္ၿပီးျပည္သူေတြလမ္းေပၚထြက္လာရင္မလြယ္ဘူးဆိုတာသိထားပါ။

အေကာင္းဆံုးကလက္ေတြ႕က်က်အေပးအယူလုပ္ပါ။အဘတို႔ေတာင့္ခံေနရင္၂၀၂၀မွာလဲNLD ဘဲဆက္ႏိုင္မွာပါ။ႏွစ္ၾကာေလမိမိဘက္က႐ႈံးေလပါအဘ။DASSK လြန္ကာလကိုလဲမေတြးပါနဲ႔။ဒီမိုဘက္မွာကိုမင္းကိုႏိုင္တို႔၊ကြီးၿဖိဳးတို႔ရွိေနပါေသးတယ္။ယခုအခ်ိန္မွာအျမန္အေပးအယူလုပ္ႏိုင္ရင္တိုင္းျပည္အတြက္အဆင္ေျပပါမယ္။

အားလံုးကိုခ်စ္လို႔ေျပာတယ္မွတ္ပါ။

Unicode version

ခြေဥပြင်ဖို့ချစ်လို့ပြောတယ်မှတ်ပါ

ခြေဥပြင်ဖို့ဟာအနီအစိမ်းပြဿနာဆိုပြီးနိုင်ငံရေးလေ့လာသူဆိုသူအချို့ကDASSK နဲ့တပ်ချုပ်တွေ့ပါလို့ပြောလေ့ရှိပါတယ်။သူတို့ကလွှတ်တော်မှာမဆွေးနွေးနဲ့ပေါ့။အချို့ကလဲလူထုကိုလမ်းပေါ်စွဲမတင်နဲ့ပေါ့။ဒါကသူတို့သီအိုရီ။

စာရေးသူကခြေဥဟာအနီနဲ့သာဆိုင်တဲ့ပြဿနာမဟုတ်ဘဲနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ပြဿနာလို့ထင်ပါတယ်။ခြေဥပြင်နိုင်တာကလွှတ်တော်ပါ။ဒါကြောင့်ခြေဥပြင်တာကိုလွှတ်တော်ကစတာသဘာဝကျပါတယ်။လွှတ်တော်ထဲမှာတိုင်းရင်းသားတွေကတရားဝင်ရွေးချယ်ထားတဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေရှိပါတယ်။ယခုသူတို့ကလဲသူတို့ပြင်လိုတာတင်လာနိုင်လို့NLD ကအားလုံးပါဝင်နိုင်အောင်(all inclusive) ဖြစ်အောင်ဖွင့်ပေးလိုက်နိုင်တယ်လို့ထင်ပါတယ်။

စာဖတ်သူများစဉ်းစားကြည့်ပါ။တပ်ချုပ်နဲ့တွေ့ချိန်မှာငါတို့ဒါပြင်လိုတယ်ပြောရင်NLD ပြင်လိုတာသာဖြစ်မှာပါ။ယခုအချိန်မှာတိုင်းရင်းသားတွေကပါပြင်လိုတဲ့အချက်တွေပါလို့တရားဝင်ပြောလို့ရသွားပါပြီ။ဒါကြောင့်ယခုလိုအဖွဲ့ဖွဲ့ပြီးတိုင်းရင်းသားတွေပြင်လိုတာပါထည့်တာဟာအင်မတန်လှတဲ့အကွက်ပါ။

ဒါဆိုအပြင်မှာပြည်သူကအင်အားပြဖို့လိုလား။လွှတ်တော်ထဲမှာမတ်တပ်ရပ်နေသူတွေကိုတွေ့မှာပါ။သူတို့ကစစ်တလင်းဖြစ်မယ်ပြောလိုက်၊အန္တရာယ်များတယ်ပြောလိုက်နဲ့ခြိမ်းခြောက်နေချိန်မှာဒီမိုအစိုးရမှာတပ်မရှိပါ။ဒါကြောင့်ပြည်သူတွေ၁၇/၇ကလိုစနစ်တကျစာတင်ပြီးဆန္ဒထုတ်ဖော်တာဟာဒီခြေဥနောက်မှာငါတို့ရှိတယ်လို့ပြောလိုက်တာပါ။အမေရိကန်သမ္မတဟောင်းလင်ကွန်းပြောခဲ့သလိုပြည်သူတွေရဲ့မဲကကျည်ဆန်ထက်အားပိုကောင်းပါတယ်(“The ballot is stronger than the bullet” – Abraham Lincoln). ဒါကြောင့်ပြည်သူတွေကလမ်းပေါ်ထွက်ပြဖို့လိုပါတယ်။

ဒါဆိုရင်ပြင်လို့ရပြီလား။ဒီလိုမိမိလိုချင်တာကိုချပြပြီးတိုင်းရင်းသားရောပြည်သူရောကဒီမိုအစိုးရနောက်မှာရှိပြီဆိုရင်တော့တပ်ချုပ်နဲ့စကားပြောရပါတော့မယ်။ဘယ်လိုပြောမလဲ။ယခင်ကမအလသက်တမ်းတိုးကိစ္စမတိုင်မှီအထိမအလနဲ့DASSK တွေ့လေ့ရှိပါတယ်။သူ့သက်တမ်းတိုးကိစ္စအပြီးမှာကာလုံခေါ်မှလာတွေ့မှာတို့ဘာတို့ဖြစ်လာပါတယ်။သူကသမ္မတခေါ်ရင်တော့ပရိုတိုကောအရတွေ့မယ့်ပုံပါ။ဒါပေမယ့်မသေချာတာကတပ်ချုပ်မအလဟာသူ့မှာဆုံးဖြတ်ပိုင်ခွင့်ဘယ်လောက်ရှိမလဲဆိုတာပါ။သူကလဲဘရွှေဘာအပြင်ခံမလဲအပေါ်မှာမူတည်နေပြီးမှန်းလုပ်နေပုံပါ။အကောင်းဆုံးကDASSK၊ဘရွှေ၊သမ္မတနဲ့တပ်ချုပ်မအလတို့လေးပွင့်ဆိုင်လိုက်ရင်တော့အဖြေထွက်လာနိုင်ပါတယ်။

မြန်မာပြည်မှာကအချို့ကိစ္စတွေကသမ္မတကြီးအနေနဲ့ကာချုပ်၊ဒုကာချုပ်နဲ့ကြည်း၊ရေ၊လေညှိနှိုင်းရေးမှူးတို့ကိုအပတ်စဉ်ခြင်းလုံးခေါ်ကစားရင်လဲပြေလည်သွားနိုင်ပါတယ်။ဒါကနောက်သလိုထင်ရပေမယ့်ပြေလည်နိုင်တဲ့နည်းပါ။ဒါပေမယ့်အဘတို့ကဂေါက်သာရိုက်လို့ဆုံမှတ်ကနည်းနေပါတယ်။အချို့ကိစ္စတွေမှာမိန်းမတွေကလဲအချင်းချင်းစကားပြောမှုကိုဖြစ်စေနိုင်ပါတယ်။စာရေးသူမြင်တဲ့အထဲမှာအချင်းချင်းပြေလည်အောင်လုပ်နိုင်သူကဒုသမ္မတဟင်နရီဗန်ထီးယူအမျိုးသမီးပါ။သူမကသူ့ယောကျင်္ားတပ်မှာလုပ်ခဲ့လို့တပ်ကလူတွေအဝင်အထွက်အကြောင်းသိသလိုဒီမိုဘက်နဲ့လဲရင်းနှီးပါတယ်။သူမဟာပညာတတ်ပါ။နိုင်ငံခြားမှာလဲနေဖူးပါတယ်။သူမကသမ္မတကတော်၊DASSK၊တပ်ချုပ်ကတော်နဲ့ဒုတပ်ချုပ်ကတော်တွေခဏခဏတွေ့နိုင်အောင်အစီအစဉ်တွေဖန်တီးပေးရင်လဲသူတို့ချင်းရင်းနှီးပြီးအဆင်ပြေလာနိုင်ပါတယ်။အန်တီလှဟာသူ့ယောကျင်္ားကိုနားချသူဖြစ်လာနိုင်ပါတယ်။

မြန်မာပြည်မှာဒီမိုစစ်စစ်နဲ့တပ်အမာခံတွေရဲ့တွေးပုံဟာမိုင်ပေါင်းကုဋေလောက်ဝေးပါတယ်။ဒါကလက်တွေ့အရှိတရားပါ။အိုင်စီစီကဝရမ်းထုတ်တာလောက်အထိဖြစ်နိုင်ပေမယ့်နိုင်ငံခြားတပ်ဝင်ဖို့ကယခုဟောင်ကောင်နဲ့ဇင်ကျန်ပြည်နယ်မှာဖြစ်နေတာတွေကြည့်ရင်မလွယ်ပါ။ထို့အတူပါဘဲအဘတို့အနေနဲ့လဲဆူဒန်မှာဖြစ်တာ၊ဟောင်ကောင်မှာဖြစ်တာကိုကြည့်ပြီးပြည်သူတွေလမ်းပေါ်ထွက်လာရင်မလွယ်ဘူးဆိုတာသိထားပါ။

အကောင်းဆုံးကလက်တွေ့ကျကျအပေးအယူလုပ်ပါ။အဘတို့တောင့်ခံနေရင်၂၀၂၀မှာလဲNLD ဘဲဆက်နိုင်မှာပါ။နှစ်ကြာလေမိမိဘက်ကရှုံးလေပါအဘ။DASSK လွန်ကာလကိုလဲမတွေးပါနဲ့။ဒီမိုဘက်မှာကိုမင်းကိုနိုင်တို့၊ကွီးဖြိုးတို့ရှိနေပါသေးတယ်။ယခုအချိန်မှာအမြန်အပေးအယူလုပ်နိုင်ရင်တိုင်းပြည်အတွက်အဆင်ပြေပါမယ်။

အားလုံးကိုချစ်လို့ပြောတယ်မှတ်ပါ။

1,951 views0 comments

Comments


bottom of page