ဒါဟာပံုမွန္ဆိုရင္ေမးစရာမလိုတဲ့ေမးခြန္းလို႔ထင္ပါတယ္။ဒါေပမယ့္ဒီေျခဥကိစၥဟာမိမိနဲ႔မဆိုင္ဘူးလို႔ထင္သူမ်ားအတြက္စဥ္းစားစရာေလးေတြခ်ျပခ်င္ပါတယ္။
ျမစ္ဆံုစီမံကိန္းရပ္ခ်င္တယ္။ဒါဆိုရင္သင္ဟာလက္ရွိအစိုးရေအာက္မွာတပ္ေရာက္ဖို႔လိုပါတယ္။ဒါမွေနာက္ေက်ာလံုၿပီးျပည္သူေတြအတြက္ဆံုးျဖတ္ခ်က္ေတြကိုခ်မွတ္ႏိုင္မွာပါ။ၫႊန္ခ်ဳပ္ကျပည္ပႏိုင္ငံမွာတမ်ိဳးျပည္တြင္းမွာတစ္မ်ိဳးခေလာက္ဆန္မွာမပူရလို႔ဆံုးျဖတ္ခ်က္ကိုလြယ္ကူစြာခ်ႏိုင္ပါမယ္။ဒါေၾကာင့္သင္ျမစ္ဆံုရပ္ခ်င္ရင္ေျခဥျပင္ဖို႔ေထာက္ခံပြဲကိုလာတက္ဖို႔လိုပါတယ္။
တိုင္းရင္းသားမ်ားကခ်င္၊ကယား၊ကရင္၊ခ်င္း၊မြန္၊ဗမာ၊ရခိုင္၊ရွမ္းမိမိနယ္မွာမိမိဖာသာဖယ္ဒရယ္စနစ္နဲ႔အုပ္ခ်ဳပ္ဖို႔ဒီေျခဥျပင္ဖို႔လိုပါတယ္။သင္တို႔လိုခ်င္တဲ့ၿငိမ္းခ်မ္းေရးဟာၫႊန္ခ်ဳပ္ကကန္႔လန္႔လုပ္ႏိုင္တဲ့လက္ရွိေျခဥအရအလွမ္းေဝးေနပါတယ္။ဒါေၾကာင့္သင္တို႔ဖယ္ဒရယ္ရဖို႔ဒီေျခဥျပင္ဖို႔သင္တို႔ရဲ႕နယ္ေတြမွာလမ္းေပၚထြက္ၿပီးေျခဥျပင္ဖို႔ေထာက္ခံဖို႔လိုပါတယ္။အစိုးရကိုေဖာင္းထုၿပီးႏိုင္ငံေရးအျမတ္ထုတ္တာဟာေရတိုမွာမိမိလူမ်ိဳးႀကိဳက္သလိုရွိေပမယ့္ျပႆနာကိုေျဖရွင္းတဲ့နည္းလမ္းအမွန္မဟုတ္ပါ။ရခိုင္မွာတရားမွ်တဖို႔၊ကခ်င္၊ရွမ္းမွာတရားမွ်တဖို႔ဘာေၾကာင့္ျဖစ္ျဖစ္ေျခဥျပင္ဖို႔လိုပါတယ္။
လယ္သမားေတြေျမသိမ္းခံရလို႔တရားမွ်တမႈလိုခ်င္ရင္ဒီေျမသိမ္းတာကိုအားေပးေနတဲ့ေျခဥကိုျပင္ဖို႔လိုပါတယ္။ဒါဆိုလဲလယ္သမားမ်ားဟာေျခဥျပင္ဖို႔ေထာက္ခံပြဲတက္ဖို႔လိုပါတယ္။
အလုပ္သမားမ်ားလစာနည္းလို႔စိတ္ပ်က္ေနလား၊ေနစရာအိမ္မရွိလို႔စိတ္ပ်က္ေနလား? ဒီေျခဥျပင္ႏိုင္ခဲ့ရင္လူ႔အခြင့္အေရးေဖာက္ဖ်က္တဲ့လက္နက္ကိုင္ေတြကိုအေရးယူလာႏိုင္မွာျဖစ္လို႔ကမ႓ာႀကီးကပိတ္ဆို႔မႈနည္းလာမွာျဖစ္သလိုပိုၿပီးရင္းႏွီးျမဳပ္ႏွံလာပါမယ္။အလုပ္ေတြယခုထက္ပိုမ်ားလာၿပီးအေျခခံလုပ္ခလစာပိုတက္လာပါမယ္။ေျမေတြကိုလက္ရွိေျခဥအရမတရားသိမ္းထားသူေတြထံကျပန္ယူႏိုင္မွာမိုလို႔အိမ္ေတြဟာသာမန္အလုပ္သမားဝယ္ႏိုင္တဲ့အေျခအေနကိုေရာက္လာပါမယ္။
သင့္တို႔အေနနဲ႔မုဒိမ္းမႈေတြမ်ားလို႔စိတ္ညစ္ေနပါသလား၊ေလးေလာင္းၿပိဳင္၊ငါးေလာင္းၿပိဳင္အမႈေတြမေပၚလို႔စိတ္ပ်က္ေနပါသလား၊ေက်ာင္းသားေတြအေနနဲ႔မိမိတို႔တကၠသိုလ္ေက်ာင္းဝန္းအတြင္းမွာတရားဥပေဒစိုးမိုးမႈမရွိဘူးလို႔ခံစားေနရပါလား၊ဝရမ္းေျပးေအာင္ဝင္းခိုင္တို႔၊ဝီဝီတို႔ကိုမမိလို႔စိတ္ပ်က္ေနပါလား? ဘိန္းေတြ၊ေဆးျပားေတြေနရာတိုင္းမွာေတြ႕လို႔စိတ္ပ်က္ေနလား? ဒါဟာလဲျပည္ထဲေရးဟာဒီေျခဥအရအစိုးရေအာက္မွာမရွိဘဲၫႊန္ခ်ဳပ္ေအာက္ေရာက္ေနလို႔ပါ။ျပည္ထဲေရးဝန္ႀကီးကိုျပည္သူကအရပ္သားစစ္စစ္ခန္႔ႏိုင္ဖို႔ေျခဥျပင္ဖို႔ေထာက္ခံပြဲတက္ရမွာပါ။
ဒီေနရာမွာထိုင္းကလိုရွပ္နီ၊ရွပ္ဝါကိစၥျဖစ္မွာကိုစိုးရိမ္သူမ်ားရွိပါတယ္။ထိုင္းမွာရွပ္ဝါကဘုရင္စနစ္လိုလားသူပါ။အနီကသက္ဆင္ေပါ့။အေမရိကန္မွာအနီကရီပတ္ပလီကန္၊အျပာကဒီမိုကရက္ျဖစ္ၿပီး၊အဂၤလန္မွာကအနီကေလဘာပါတီျဖစ္ၿပီအျပာကကြန္စားေဗးတစ္ပါ။သူတို႔မွာကဘယ္ပါတီတက္တက္မခိုးဘဲတိုင္းျပည္ေကာင္းေအာင္လုပ္ခဲ့ပါတယ္။ျမန္မာျပည္မွာကေနဝင္း၊ဘေရႊ၊ဘစိန္တို႔အားလံုးဟာအဓမၼဝါဒီမ်ားပါ။သူခိုးမ်ားပါ။ဒါေၾကာင့္နိႈင္းစရာမလိုပါ။
ျမန္မာျပည္မွာကအစိမ္း၊အနီဆိုၿပီးပါတီေပၚမူတည္ရမယ့္အခ်ိန္ေတာင္မေရာက္ေသးပါ။ဒီမွာကဓမၼနဲ႔အဓမၼအဆင့္သာရွိေနပါေသးတယ္။သင္ဓမၼဘက္ကရပ္မလားအဓမၼဘက္ကရပ္မလားစဥ္းစားရမွာပါ။ေနာက္ျမန္မာျပည္မွာလူထုေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ရွိပါတယ္။ေျခဥျပင္ဖို႔ေထာက္ခံတာဟာသူမဒီမိုအစိုးရနဲ႔လႊတ္ေတာ္ကိုေထာက္ခံတာျဖစ္သလိုအဓမၼဝါဒီေတြကိုလဲသတိေပးရာၾကပါတယ္။
ေထာက္ခံပြဲမွာျပႆနာမတက္ေအာင္ေတာ့ပြဲစီစဥ္သူေတြကထိန္းမွာပါ။သူတို႔စကားကိုနားေထာင္ပါ။
သင့္အေနနဲ႔စဥ္းစားရမွာကသင့္ရင္ေသြးကိုလံုျခံဳမႈရွိတဲ့ပတ္ဝန္းက်င္မွာ၊တရားမွ်တမႈရွိတဲ့ပတ္ဝန္းက်င္မွာ၊တရားဥပေဒစိုးမိုးတဲ့ပတ္ဝန္းက်င္မွာ၊ဘယ္လက္နက္ကိုင္မဆိုဥပေဒေအာက္မွာတေျပးညီရွိတဲ့ပတ္ဝန္းက်င္မွာႀကီးပ်င္းေစခ်င္တယ္ဆိုရင္ေျခဥျပင္တဲ့ေထာက္ခံပြဲကိုမိမိၿမိဳ႕မွာတက္ေရာက္ၿပီးအဓမၼဝါဒီေတြကိုငါတို႔ဟာဓမၼဘက္မွာရွိေၾကာင္းျပၾကပါ။အထဲကလႊတ္ေတာ္ထဲမွာလႊတ္ေတာ္အမတ္ေတြကလုပ္သလိုအျပင္ကလဲၿငိမ္းခ်မ္းစြာအင္အားျပၾကပါ။
၁၇/၇မွာမိမိတို႔ၿမိဳ႕မွာေျခဥျပင္တာကိုေထာက္ခံၿပီးအဓမၼဝါဒီေတြကိုၿငိမ္းခ်မ္းစြာအင္အားျပၾကရင္ကမ႓ာႀကီးကလဲသင္တို႔ကိုလိုအပ္ရင္ကူညီမွာပါ။
အခ်ိဳ႕ကလႊတ္ေတာ္အမတ္ေတြသာလုပ္လိမ့္မယ္ဆိုသူေတြရွိပါတယ္။ဒုတိယကမ႓ာစစ္မွာဖက္စစ္ကိုတိုက္ဖို႔တပ္ကိုတင္အားကိုးတာမဟုတ္ဘဲျပည္သူေတြလဲပါခဲ့ပါတယ္။ဒါေျကာင့္ျပည္သူ႔အားကိုအမ်ားႀကီးလိုပါတယ္။
ေျခဥျပင္မွတိုင္းျပည္ခ်မ္းသာရာရမွာပါ။
အနာဂတ္ကေလးေတြၿငိမ္းခ်မ္းဖို႔ဒီေျခဥကိုျပင္ၾကစို႔လို႔တိုက္တြန္းလိုက္ပါတယ္။
Unicode version
ခြေဥပြင်ဖို့ထောက်ခံပွဲတက်သင့်လား
ဒါဟာပုံမှန်ဆိုရင်မေးစရာမလိုတဲ့မေးခွန်းလို့ထင်ပါတယ်။ဒါပေမယ့်ဒီခြေဥကိစ္စဟာမိမိနဲ့မဆိုင်ဘူးလို့ထင်သူများအတွက်စဉ်းစားစရာလေးတွေချပြချင်ပါတယ်။
မြစ်ဆုံစီမံကိန်းရပ်ချင်တယ်။ဒါဆိုရင်သင်ဟာလက်ရှိအစိုးရအောက်မှာတပ်ရောက်ဖို့လိုပါတယ်။ဒါမှနောက်ကျောလုံပြီးပြည်သူတွေအတွက်ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာပါ။ညွှန်ချုပ်ကပြည်ပနိုင်ငံမှာတမျိုးပြည်တွင်းမှာတစ်မျိုးခလောက်ဆန်မှာမပူရလို့ဆုံးဖြတ်ချက်ကိုလွယ်ကူစွာချနိုင်ပါမယ်။ဒါကြောင့်သင်မြစ်ဆုံရပ်ချင်ရင်ခြေဥပြင်ဖို့ထောက်ခံပွဲကိုလာတက်ဖို့လိုပါတယ်။
တိုင်းရင်းသားများကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်းမိမိနယ်မှာမိမိဖာသာဖယ်ဒရယ်စနစ်နဲ့အုပ်ချုပ်ဖို့ဒီခြေဥပြင်ဖို့လိုပါတယ်။သင်တို့လိုချင်တဲ့ငြိမ်းချမ်းရေးဟာညွှန်ချုပ်ကကန့်လန့်လုပ်နိုင်တဲ့လက်ရှိခြေဥအရအလှမ်းဝေးနေပါတယ်။ဒါကြောင့်သင်တို့ဖယ်ဒရယ်ရဖို့ဒီခြေဥပြင်ဖို့သင်တို့ရဲ့နယ်တွေမှာလမ်းပေါ်ထွက်ပြီးခြေဥပြင်ဖို့ထောက်ခံဖို့လိုပါတယ်။အစိုးရကိုဖောင်းထုပြီးနိုင်ငံရေးအမြတ်ထုတ်တာဟာရေတိုမှာမိမိလူမျိုးကြိုက်သလိုရှိပေမယ့်ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းအမှန်မဟုတ်ပါ။ရခိုင်မှာတရားမျှတဖို့၊ကချင်၊ရှမ်းမှာတရားမျှတဖို့ဘာကြောင့်ဖြစ်ဖြစ်ခြေဥပြင်ဖို့လိုပါတယ်။
လယ်သမားတွေမြေသိမ်းခံရလို့တရားမျှတမှုလိုချင်ရင်ဒီမြေသိမ်းတာကိုအားပေးနေတဲ့ခြေဥကိုပြင်ဖို့လိုပါတယ်။ဒါဆိုလဲလယ်သမားများဟာခြေဥပြင်ဖို့ထောက်ခံပွဲတက်ဖို့လိုပါတယ်။
အလုပ်သမားများလစာနည်းလို့စိတ်ပျက်နေလား၊နေစရာအိမ်မရှိလို့စိတ်ပျက်နေလား? ဒီခြေဥပြင်နိုင်ခဲ့ရင်လူ့အခွင့်အရေးဖောက်ဖျက်တဲ့လက်နက်ကိုင်တွေကိုအရေးယူလာနိုင်မှာဖြစ်လို့ကမ႓ာကြီးကပိတ်ဆို့မှုနည်းလာမှာဖြစ်သလိုပိုပြီးရင်းနှီးမြုပ်နှံလာပါမယ်။အလုပ်တွေယခုထက်ပိုများလာပြီးအခြေခံလုပ်ခလစာပိုတက်လာပါမယ်။မြေတွေကိုလက်ရှိခြေဥအရမတရားသိမ်းထားသူတွေထံကပြန်ယူနိုင်မှာမိုလို့အိမ်တွေဟာသာမန်အလုပ်သမားဝယ်နိုင်တဲ့အခြေအနေကိုရောက်လာပါမယ်။
သင့်တို့အနေနဲ့မုဒိမ်းမှုတွေများလို့စိတ်ညစ်နေပါသလား၊လေးလောင်းပြိုင်၊ငါးလောင်းပြိုင်အမှုတွေမပေါ်လို့စိတ်ပျက်နေပါသလား၊ကျောင်းသားတွေအနေနဲ့မိမိတို့တက္ကသိုလ်ကျောင်းဝန်းအတွင်းမှာတရားဥပဒေစိုးမိုးမှုမရှိဘူးလို့ခံစားနေရပါလား၊ဝရမ်းပြေးအောင်ဝင်းခိုင်တို့၊ဝီဝီတို့ကိုမမိလို့စိတ်ပျက်နေပါလား? ဘိန်းတွေ၊ဆေးပြားတွေနေရာတိုင်းမှာတွေ့လို့စိတ်ပျက်နေလား? ဒါဟာလဲပြည်ထဲရေးဟာဒီခြေဥအရအစိုးရအောက်မှာမရှိဘဲညွှန်ချုပ်အောက်ရောက်နေလို့ပါ။ပြည်ထဲရေးဝန်ကြီးကိုပြည်သူကအရပ်သားစစ်စစ်ခန့်နိုင်ဖို့ခြေဥပြင်ဖို့ထောက်ခံပွဲတက်ရမှာပါ။
ဒီနေရာမှာထိုင်းကလိုရှပ်နီ၊ရှပ်ဝါကိစ္စဖြစ်မှာကိုစိုးရိမ်သူများရှိပါတယ်။ထိုင်းမှာရှပ်ဝါကဘုရင်စနစ်လိုလားသူပါ။အနီကသက်ဆင်ပေါ့။အမေရိကန်မှာအနီကရီပတ်ပလီကန်၊အပြာကဒီမိုကရက်ဖြစ်ပြီး၊အင်္ဂလန်မှာကအနီကလေဘာပါတီဖြစ်ပြီအပြာကကွန်စားဗေးတစ်ပါ။သူတို့မှာကဘယ်ပါတီတက်တက်မခိုးဘဲတိုင်းပြည်ကောင်းအောင်လုပ်ခဲ့ပါတယ်။မြန်မာပြည်မှာကနေဝင်း၊ဘရွှေ၊ဘစိန်တို့အားလုံးဟာအဓမ္မဝါဒီများပါ။သူခိုးများပါ။ဒါကြောင့်နှိုင်းစရာမလိုပါ။
မြန်မာပြည်မှာကအစိမ်း၊အနီဆိုပြီးပါတီပေါ်မူတည်ရမယ့်အချိန်တောင်မရောက်သေးပါ။ဒီမှာကဓမ္မနဲ့အဓမ္မအဆင့်သာရှိနေပါသေးတယ်။သင်ဓမ္မဘက်ကရပ်မလားအဓမ္မဘက်ကရပ်မလားစဉ်းစားရမှာပါ။နောက်မြန်မာပြည်မှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရှိပါတယ်။ခြေဥပြင်ဖို့ထောက်ခံတာဟာသူမဒီမိုအစိုးရနဲ့လွှတ်တော်ကိုထောက်ခံတာဖြစ်သလိုအဓမ္မဝါဒီတွေကိုလဲသတိပေးရာကြပါတယ်။
ထောက်ခံပွဲမှာပြဿနာမတက်အောင်တော့ပွဲစီစဉ်သူတွေကထိန်းမှာပါ။သူတို့စကားကိုနားထောင်ပါ။
သင့်အနေနဲ့စဉ်းစားရမှာကသင့်ရင်သွေးကိုလုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်မှာ၊တရားမျှတမှုရှိတဲ့ပတ်ဝန်းကျင်မှာ၊တရားဥပဒေစိုးမိုးတဲ့ပတ်ဝန်းကျင်မှာ၊ဘယ်လက်နက်ကိုင်မဆိုဥပဒေအောက်မှာတပြေးညီရှိတဲ့ပတ်ဝန်းကျင်မှာကြီးပျင်းစေချင်တယ်ဆိုရင်ခြေဥပြင်တဲ့ထောက်ခံပွဲကိုမိမိမြို့မှာတက်ရောက်ပြီးအဓမ္မဝါဒီတွေကိုငါတို့ဟာဓမ္မဘက်မှာရှိကြောင်းပြကြပါ။အထဲကလွှတ်တော်ထဲမှာလွှတ်တော်အမတ်တွေကလုပ်သလိုအပြင်ကလဲငြိမ်းချမ်းစွာအင်အားပြကြပါ။
၁၇/၇မှာမိမိတို့မြို့မှာခြေဥပြင်တာကိုထောက်ခံပြီးအဓမ္မဝါဒီတွေကိုငြိမ်းချမ်းစွာအင်အားပြကြရင်ကမ႓ာကြီးကလဲသင်တို့ကိုလိုအပ်ရင်ကူညီမှာပါ။
အချို့ကလွှတ်တော်အမတ်တွေသာလုပ်လိမ့်မယ်ဆိုသူတွေရှိပါတယ်။ဒုတိယကမ႓ာစစ်မှာဖက်စစ်ကိုတိုက်ဖို့တပ်ကိုတင်အားကိုးတာမဟုတ်ဘဲပြည်သူတွေလဲပါခဲ့ပါတယ်။ဒါကြောင့်ပြည်သူ့အားကိုအများကြီးလိုပါတယ်။
ခြေဥပြင်မှတိုင်းပြည်ချမ်းသာရာရမှာပါ။
အနာဂတ်ကလေးတွေငြိမ်းချမ်းဖို့ဒီခြေဥကိုပြင်ကြစို့လို့တိုက်တွန်းလိုက်ပါတယ်။
コメント