top of page
Search
Writer's pictureMyat Tun Oo

ခရိုနီနဲ့အချောင်လိုချင်စိတ်


ခ႐ိုနီနဲ႔အေခ်ာင္လိုခ်င္စိတ္

ဘဏ္ကိစၥကိုေဇႀကီးကဖြအၿပီးမွာဘာမွန္းမသိေသးခင္ဘေမာင္ျမင့္ကလႊတ္ေတာ္မွာေရလာေျမာင္းေပးစိုးရိမ္ျပခ်ိန္မွာဘာအကြက္လဲဆိုတာသိလာခဲ့ရပါတယ္။

ဘာေၾကာင့္ဒီျပႆနာျဖစ္ရတာလဲ။ဒါေတြဟာဘဏ္ထဲမွာေငြအပ္ၿပီးအတိုးစားေနတယ့္သာမန္ျပည္သူေတြကိုထိခိုက္ႏိုင္လားေလ့လာၾကည့္ရေအာင္။

ပံုမွန္မွာဘဏ္ကေငြေခ်းရင္အေပါင္ခံရပါတယ္။ပံုမွန္အရပ္ထဲမွာအေပါင္ခံရင္ေတာင္ေပါက္ေစ်းရဲ႕တစ္ဝက္ထက္ပိုမေပးပါ။ဘဏ္ေတြကိုေတာ့ေပါက္ေစ်းရဲ႕၃၀% ေလာက္သာေခ်းခြင့္ေပးထားတာပါ။ဒါကစည္းမ်ဥ္းပါ။သိန္းတစ္ေထာင္တန္ရင္သိန္း၃၀၀ေခ်းေပးတာေပါ့။

အေမရိကန္မွာအိမ္ေပါင္ၿပီးေငြေတြေခ်းၾကၿပီးလူေတြကတစ္ခ်ိန္ထဲမွာျပန္မဆပ္ႏိုင္လို႔ဘဏ္ေတြက၂၀၀၈မွာေဒဝါလီခံရတာပါ။ဒီဘဏ္ေတြနဲ႔ကအသက္အာမခံေတြ၊အေႂကြးဝယ္ကဒ္ေတြပါဆက္စပ္ေနေတာ့အကုန္ထိတာပါ။ေနာက္သူတို႔မွာက လူအေပၚမူတည္ၿပီး(credit rating)နဲ႔ပစၥည္းအေပါင္မထားဘဲအေႂကြးေပးစနစ္ကလဲရွိေတာ့ထိရင္အကုန္ပါသြားခဲ့ပါတယ္။ဒါေၾကာင့္လူေတြမထိေအာင္အေမရိကန္အစိုးရကဝင္ကယ္ရပါတယ္။

ျမန္မာျပည္မွာကအေႂကြးဝယ္ကဒ္စနစ္ကယခုမွစတာပါ။လူတိုင္းမသံုးႏိုင္ပါ။ေနာက္ျမန္မာျပည္မွာကသာမန္လူေတြအေႂကြးဝယ္စနစ္ကအေနာက္ႏိုင္ငံေတြေလာက္မထြန္းကားေသးပါ။ေနာက္အိမ္ေပါင္တာ။ဘယ္သူအိမ္ေပါင္ေပါင္အေႂကြးယူရင္ျပန္ဆပ္ရပါတယ္။ဒါကသာမန္လူ႔က်င့္ဝတ္ပါ။

ဒီေနရာမွာမေန႔ကဗဟိုဘဏ္ကလာေျပာတာကိုၾကည့္ရာမွာဘဏ္ေတြဟာ၂၀၁၇အထိစာရင္းမရွိစည္းကမ္းမရွိေခ်းခဲ့ၾကလို႔၂၀၁၇ဇူလိုင္၇ရက္မွာစာထုတ္ၿပီးပိုက္ဆံေတြျပန္ဆပ္ခိုင္းထားတာဒီစက္တင္ဘာေနာက္ဆံုးလို႔ေျပာသြားပါတယ္။

ျမန္မာျပည္မွာေျမာက္ဒဂံုကေျမေစ်းဟာ၂၀၁၃ေလာက္မွာသိန္း၅၀ေလာက္သာရွိခဲ့ၿပီးယခုကေတာ့သိန္းတစ္ေထာင္ေလာက္တက္သြားခဲ့ပါတယ္။လူတစ္ေယာက္ရဲ႕တစ္ႏွစ္ဝင္ေငြကတစ္လသံုးသိန္းနဲ႔အသားတင္မစားဘဲဆုရင္ေတာင္၃၆သိန္းသာရပါမယ္။၁၀ႏွစ္ေတာင္မဝယ္ႏိုင္ပါ။ဒီေနရာမွာယခင္ဖြတ္အမတ္တစ္ေယာက္ရဲ႕သားေခ်းထားတဲ့ပိုက္ဆံေတြသိန္းေထာင္ခ်ီတာကိုတိုးရင္းမဆပ္တာ၊နံနံပင္ကပိုက္ဆံေခ်းၿပီးအတိုးေရာအရင္းပါျပန္မဆပ္တာေတြၾကားၾကမယ္လို႔ထင္ပါတယ္။ယခုသူတို႔ေတြကဆပ္ရမွာမိုလို႔သူတို႔အက်ပ္အတည္းျဖစ္လာတာကိုျပည္သူ႔အက်ပ္အတည္းျဖစ္သလိုထင္ေရာင္ထင္မွားျဖစ္ေအာင္ဝိုင္းေအာ္တာပါ။သာမန္ျပည္သူကကန္စြန္းရြက္စားေနတာပါ။

သူတို႔ေတြျပန္မဆပ္ရင္ဘာျဖစ္မလဲ။ျပႆနာကခ႐ိုနီနဲ႔ဖြတ္ေတြရဲ႕ေလာဘႀကီးေနတဲ့ျပႆနာပါ။ပံုမွန္ကြန္ဒိုယခင္ကသိန္း၃၀၀၀ရွိၿပီး KL နဲ႔ဘန္ေကာက္မွာအလားတူကြန္ဒိုကသိန္း၁၀၀၀ေလာက္သာရွိပါတယ္။အေႂကြးရွိရင္ရတဲ့ေစ်းနဲ႔ေရာင္းၿပီးျပန္ဆပ္ရမွာပါ။ဒါေပမယ့္ခ႐ိုနီနဲ႔ဖြတ္ေတြေလာဘကမိမိရွိတာကိုေလွ်ာ့မေရာင္းဘဲဘဏ္ကိုလဲအတိုးမွန္မွန္မေပးဘဲမင္းတို႔လုပ္ရဲရင္လုပ္ၾကည့္ဆိုၿပီးလူမိုက္အခ်ိဳးခ်ိဳးတာပါ။သူတို႔သတ္မွတ္ခ်ိန္ကုန္ဆံုးလို႔မဆပ္ႏိုင္ရင္သူတို႔ပိုင္တာေတြကိုတရား႐ံုးကတဆင့္သိမ္းၿပီးေလလံပစ္ရင္ေငြျဖဴရွိတဲ့အမ်ားဆံုးေလလံေအာင္တဲ့ျပည္သူကရပါမယ္။သိန္း၃၀၀၀တန္ဟာသိန္း၁၅၀၀ျဖစ္ခ်င္ျဖစ္ပါမယ္။ပစၥည္းမရွိရင္သူတို႔ေထာင္က်ႏိုင္ပါတယ္။ခ႐ိုနီေတြ၊ဖြတ္ေတြေထာင္ထဲေရာက္လို႔ဘယ္ျပည္သူကမွမငိုႏိုင္ပါ။

ဒါဆိုဘဏ္ေတြကေငြစုသူေတြကိုအတိုးေပးႏိုင္ပါ့မလား? သာမန္ျပည္သူဟာသိန္း၅၀၀၀အထက္မစုထားႏိုင္ပါ။အေနာက္ႏိုင္ငံနဲ႔ျမန္မာျပည္မတူတာကဘဏ္ကေခ်းထားတာဟာသာမန္ျပည္သူအမ်ားစုမဟုတ္ဘဲခ႐ိုနီေတြပါ။ဒါေၾကာင့္ခ႐ိုနီေတြရဲ႕toxic assets လို႔ေခၚတဲ့ပိုင္ဆိုင္မႈကိုကိုင္လို႔လြယ္ပါတယ္။ဒီဘဏ္ေတြဟာဗဟိုဘဏ္ေအာက္မွာမိုလို႔သာမန္ျပည္သူေတြကိုအစိုးရကအာမခံေပးထားလို႔ရပါတယ္။ဥပမာသိန္း၃၀၀၀အထိ၊သိန္း၅၀၀၀အထိအာမခံေပးတာမ်ိဳးေပါ့။သာမန္စာေရးသူလိုျပည္သူကေတာ့သိန္းတစ္ရာေတာင္အႏိုင္ႏိုင္ပါ။ဒါမ်ိဳးေတြကအမ်ားစုျဖစ္လို႔အစိုးရကေအးေဆးရွင္းႏိုင္ပါတယ္။သိန္းတစ္ေသာင္းဆိုရင္ေတာ့အစိုးရကစစ္မွာပါ။အေနာက္ႏိုင္ငံေတြမွာလဲယူ႐ိုတစ္သိန္း၊ေပါင္းငါးေသာင္းအစရွိသျဖင့္သာအစိုးရကအာမခံေပးပါတယ္။လူအမ်ားစုႏိုင္တဲ့ပမာဏပါ။

အက်ဥ္းခ်ဳပ္ရရင္ယခုလိုေႂကြးျပန္ေတာင္းတာဟာလူ႔စည္းကမ္းအျပင္ကိုေရာက္ေနသူေတြကိုလူ႔စည္းကမ္းအတြင္းေရာက္လာေအာင္လုပ္လိုက္တာပါ။ျပည္သူကဘာမွမထိခိုက္ပါဘူး။

အစိုးရကပိုင္လို႔႐ိုက္တာပါ။အစိုးရအကြက္ကဘယ္သူ႔ကိုထိလဲဆိုတာခ႐ိုနီနဲ႔မင္းကင္းကထအေအာ္မွာသိလိုက္ရပါၿပီ။သာမန္ျပည္သူေတြကိုအစိုးရကလိုအပ္ရင္အတိုးေပးႏိုင္ပါတယ္။ျပည္သူစုထားတဲ့ပိုက္ဆံကိုအစိုးရကအာမခံႏိုင္ပါတယ္။ခ႐ိုနီေတြအေခ်ာင္လိုခ်င္စိတ္မရွိဘဲေႂကြးဆပ္တတ္ေအာင္သင္ေပးေနတာပါ။သူတို႔ကလဲအဘလက္ထက္ကလိုသူတို႔အေႂကြးမ်ားဆိုင္းငံ့မလားလို႔လုပ္ၾကည့္တာပါ။

ျပည္သူကေတာ့ဘာမွပူစရာမရွိပါ။အစိုးရမွာျပည္သူကိုလိုရင္ကူဖို႔ေငြအျပည့္ရွိပါတယ္။

Unicode version

ခရိုနီနဲ့အချောင်လိုချင်စိတ်

ဘဏ်ကိစ္စကိုဇေကြီးကဖွအပြီးမှာဘာမှန်းမသိသေးခင်ဘမောင်မြင့်ကလွှတ်တော်မှာရေလာမြောင်းပေးစိုးရိမ်ပြချိန်မှာဘာအကွက်လဲဆိုတာသိလာခဲ့ရပါတယ်။

ဘာကြောင့်ဒီပြဿနာဖြစ်ရတာလဲ။ဒါတွေဟာဘဏ်ထဲမှာငွေအပ်ပြီးအတိုးစားနေတယ့်သာမန်ပြည်သူတွေကိုထိခိုက်နိုင်လားလေ့လာကြည့်ရအောင်။

ပုံမှန်မှာဘဏ်ကငွေချေးရင်အပေါင်ခံရပါတယ်။ပုံမှန်အရပ်ထဲမှာအပေါင်ခံရင်တောင်ပေါက်စျေးရဲ့တစ်ဝက်ထက်ပိုမပေးပါ။ဘဏ်တွေကိုတော့ပေါက်စျေးရဲ့၃၀% လောက်သာချေးခွင့်ပေးထားတာပါ။ဒါကစည်းမျဉ်းပါ။သိန်းတစ်ထောင်တန်ရင်သိန်း၃၀၀ချေးပေးတာပေါ့။

အမေရိကန်မှာအိမ်ပေါင်ပြီးငွေတွေချေးကြပြီးလူတွေကတစ်ချိန်ထဲမှာပြန်မဆပ်နိုင်လို့ဘဏ်တွေက၂၀၀၈မှာဒေဝါလီခံရတာပါ။ဒီဘဏ်တွေနဲ့ကအသက်အာမခံတွေ၊အကြွေးဝယ်ကဒ်တွေပါဆက်စပ်နေတော့အကုန်ထိတာပါ။နောက်သူတို့မှာက လူအပေါ်မူတည်ပြီး(credit rating)နဲ့ပစ္စည်းအပေါင်မထားဘဲအကြွေးပေးစနစ်ကလဲရှိတော့ထိရင်အကုန်ပါသွားခဲ့ပါတယ်။ဒါကြောင့်လူတွေမထိအောင်အမေရိကန်အစိုးရကဝင်ကယ်ရပါတယ်။

မြန်မာပြည်မှာကအကြွေးဝယ်ကဒ်စနစ်ကယခုမှစတာပါ။လူတိုင်းမသုံးနိုင်ပါ။နောက်မြန်မာပြည်မှာကသာမန်လူတွေအကြွေးဝယ်စနစ်ကအနောက်နိုင်ငံတွေလောက်မထွန်းကားသေးပါ။နောက်အိမ်ပေါင်တာ။ဘယ်သူအိမ်ပေါင်ပေါင်အကြွေးယူရင်ပြန်ဆပ်ရပါတယ်။ဒါကသာမန်လူ့ကျင့်ဝတ်ပါ။

ဒီနေရာမှာမနေ့ကဗဟိုဘဏ်ကလာပြောတာကိုကြည့်ရာမှာဘဏ်တွေဟာ၂၀၁၇အထိစာရင်းမရှိစည်းကမ်းမရှိချေးခဲ့ကြလို့၂၀၁၇ဇူလိုင်ရရက်မှာစာထုတ်ပြီးပိုက်ဆံတွေပြန်ဆပ်ခိုင်းထားတာဒီစက်တင်ဘာနောက်ဆုံးလို့ပြောသွားပါတယ်။

မြန်မာပြည်မှာမြောက်ဒဂုံကမြေစျေးဟာ၂၀၁၃လောက်မှာသိန်း၅၀လောက်သာရှိခဲ့ပြီးယခုကတော့သိန်းတစ်ထောင်လောက်တက်သွားခဲ့ပါတယ်။လူတစ်ယောက်ရဲ့တစ်နှစ်ဝင်ငွေကတစ်လသုံးသိန်းနဲ့အသားတင်မစားဘဲဆုရင်တောင်၃၆သိန်းသာရပါမယ်။၁၀နှစ်တောင်မဝယ်နိုင်ပါ။ဒီနေရာမှာယခင်ဖွတ်အမတ်တစ်ယောက်ရဲ့သားချေးထားတဲ့ပိုက်ဆံတွေသိန်းထောင်ချီတာကိုတိုးရင်းမဆပ်တာ၊နံနံပင်ကပိုက်ဆံချေးပြီးအတိုးရောအရင်းပါပြန်မဆပ်တာတွေကြားကြမယ်လို့ထင်ပါတယ်။ယခုသူတို့တွေကဆပ်ရမှာမိုလို့သူတို့အကျပ်အတည်းဖြစ်လာတာကိုပြည်သူ့အကျပ်အတည်းဖြစ်သလိုထင်ရောင်ထင်မှားဖြစ်အောင်ဝိုင်းအော်တာပါ။သာမန်ပြည်သူကကန်စွန်းရွက်စားနေတာပါ။

သူတို့တွေပြန်မဆပ်ရင်ဘာဖြစ်မလဲ။ပြဿနာကခရိုနီနဲ့ဖွတ်တွေရဲ့လောဘကြီးနေတဲ့ပြဿနာပါ။ပုံမှန်ကွန်ဒိုယခင်ကသိန်း၃၀၀၀ရှိပြီး KL နဲ့ဘန်ကောက်မှာအလားတူကွန်ဒိုကသိန်း၁၀၀၀လောက်သာရှိပါတယ်။အကြွေးရှိရင်ရတဲ့စျေးနဲ့ရောင်းပြီးပြန်ဆပ်ရမှာပါ။ဒါပေမယ့်ခရိုနီနဲ့ဖွတ်တွေလောဘကမိမိရှိတာကိုလျှော့မရောင်းဘဲဘဏ်ကိုလဲအတိုးမှန်မှန်မပေးဘဲမင်းတို့လုပ်ရဲရင်လုပ်ကြည့်ဆိုပြီးလူမိုက်အချိုးချိုးတာပါ။သူတို့သတ်မှတ်ချိန်ကုန်ဆုံးလို့မဆပ်နိုင်ရင်သူတို့ပိုင်တာတွေကိုတရားရုံးကတဆင့်သိမ်းပြီးလေလံပစ်ရင်ငွေဖြူရှိတဲ့အများဆုံးလေလံအောင်တဲ့ပြည်သူကရပါမယ်။သိန်း၃၀၀၀တန်ဟာသိန်း၁၅၀၀ဖြစ်ချင်ဖြစ်ပါမယ်။ပစ္စည်းမရှိရင်သူတို့ထောင်ကျနိုင်ပါတယ်။ခရိုနီတွေ၊ဖွတ်တွေထောင်ထဲရောက်လို့ဘယ်ပြည်သူကမှမငိုနိုင်ပါ။

ဒါဆိုဘဏ်တွေကငွေစုသူတွေကိုအတိုးပေးနိုင်ပါ့မလား? သာမန်ပြည်သူဟာသိန်း၅၀၀၀အထက်မစုထားနိုင်ပါ။အနောက်နိုင်ငံနဲ့မြန်မာပြည်မတူတာကဘဏ်ကချေးထားတာဟာသာမန်ပြည်သူအများစုမဟုတ်ဘဲခရိုနီတွေပါ။ဒါကြောင့်ခရိုနီတွေရဲ့toxic assets လို့ခေါ်တဲ့ပိုင်ဆိုင်မှုကိုကိုင်လို့လွယ်ပါတယ်။ဒီဘဏ်တွေဟာဗဟိုဘဏ်အောက်မှာမိုလို့သာမန်ပြည်သူတွေကိုအစိုးရကအာမခံပေးထားလို့ရပါတယ်။ဥပမာသိန်း၃၀၀၀အထိ၊သိန်း၅၀၀၀အထိအာမခံပေးတာမျိုးပေါ့။သာမန်စာရေးသူလိုပြည်သူကတော့သိန်းတစ်ရာတောင်အနိုင်နိုင်ပါ။ဒါမျိုးတွေကအများစုဖြစ်လို့အစိုးရကအေးဆေးရှင်းနိုင်ပါတယ်။သိန်းတစ်သောင်းဆိုရင်တော့အစိုးရကစစ်မှာပါ။အနောက်နိုင်ငံတွေမှာလဲယူရိုတစ်သိန်း၊ပေါင်းငါးသောင်းအစရှိသဖြင့်သာအစိုးရကအာမခံပေးပါတယ်။လူအများစုနိုင်တဲ့ပမာဏပါ။

အကျဉ်းချုပ်ရရင်ယခုလိုကြွေးပြန်တောင်းတာဟာလူ့စည်းကမ်းအပြင်ကိုရောက်နေသူတွေကိုလူ့စည်းကမ်းအတွင်းရောက်လာအောင်လုပ်လိုက်တာပါ။ပြည်သူကဘာမှမထိခိုက်ပါဘူး။

အစိုးရကပိုင်လို့ရိုက်တာပါ။အစိုးရအကွက်ကဘယ်သူ့ကိုထိလဲဆိုတာခရိုနီနဲ့မင်းကင်းကထအအော်မှာသိလိုက်ရပါပြီ။သာမန်ပြည်သူတွေကိုအစိုးရကလိုအပ်ရင်အတိုးပေးနိုင်ပါတယ်။ပြည်သူစုထားတဲ့ပိုက်ဆံကိုအစိုးရကအာမခံနိုင်ပါတယ်။ခရိုနီတွေအချောင်လိုချင်စိတ်မရှိဘဲကြွေးဆပ်တတ်အောင်သင်ပေးနေတာပါ။သူတို့ကလဲအဘလက်ထက်ကလိုသူတို့အကြွေးများဆိုင်းငံ့မလားလို့လုပ်ကြည့်တာပါ။

ပြည်သူကတော့ဘာမှပူစရာမရှိပါ။အစိုးရမှာပြည်သူကိုလိုရင်ကူဖို့ငွေအပြည့်ရှိပါတယ်။

2,357 views0 comments

Kommentit


bottom of page