top of page
Search

ခရမ်းအထိရောက်လာပြီအဘ

Writer's picture: Myat Tun OoMyat Tun Oo

တော်လှန်ရေးအစပိုင်းမှာ မုံရွာ နမခနယ်ထဲ မအလတပ်တွေမိုင်းဆွဲခံရပြီး အသေအပျောက်များခဲ့ပါတယ်။ အစပိုင်းမှာPDF က မိုင်းဆွဲရင်ထိပေမယ့် သူတို့ကသတင်းကို ဖုံးဖိပါတယ်။ Facebook ပေါ်မှာ ခေတ်သစ်ကတင်ရင်လဲ ဒီသတင်းက မဟုတ်ဘူး သေရင်အလောင်းပြရမှာပေါ့ ဘာညာဆိုပြီးဝိုင်းလိမ်ခဲ့ပါတယ်။ စစ်ရေးအရလဲ ပြန်လည်ပြင်ဆင်ခြင်းမရှိခဲ့ပါ။ ဗျူဟာမှူးကိုဖမ်း ရာထူးချတာလောက်သာ လုပ်ခဲ့ပါတယ်။ ထိုအချိန်လောက်မှာ ဘူးလက်တို့ မောင်မြင့်တို့က စအော်နေပါပြီ။ ဖုံးဖုံးဖိဖိရှင်းဖို့လုပ်ရာကနေ ဖုံးမရဘဲ တိုင်းမှူးပြုတ်သွားတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ နောက်တိုင်းမှူးအသစ်တက်အပြီး ရွာတွေကို မီးရှို့တာ ယင်းမာပင်နဲ့ ပုလဲကဌာနချုပ်ကို ဒလန်အကူအညီနဲ့ ရဟတ်ယာဉ်နဲ့ ဝင်စီးတာတွေလုပ်ခဲ့ပြီး အစပိုင်းမှာ အောင်မြင်သလိုရှိခဲ့ပါတယ်။နောက်ပိုင်းမှာ ဒေသခံ PDF တွေက ဗျူဟာပြောင်းပြီး မီးရှို့တဲ့အဖွဲ့ကို ဝိုင်းတိုက်တာ မိုင်းဆွဲတာတွေလုပ်လာနိုင်လို့ အသေများခဲ့ပါတယ်။ PDF တွေရဲ့ လက်နက်က NUG က ထောက်ပံ့လို့ အတန်အသင့်ကောင်းလာတာလဲ ပါပါတယ်။ နေရာတိုင်းတော့ မဟုတ်သေးပါ။ ဒါပေမယ့် မိသူတွေ သေသူတွေဓာတ်ပုံကို PDF ကမတင်လို့ လော်ဘီများက ဘယ်မှာလဲပုံဆိုပြီး ဆိုက်ဝါးဆက်လုပ်ခဲ့ပါတယ်။

ဒါပေမယ့် KNU က သူတို့မိတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေရဲ့ ပုံတွေကိုတင်တာ ပင်လည်ဘူးမှာ အဖမ်းခံရတာအသတ်ခံရတာတွေ လူသိရှင်ကြားလိုင်းပေါ်တက်လာချိန်မှာ မအလတပ်ထဲနဲ့ လော်ဘီတွေကြားမှာဂယက်အကြီးကြီး ထသွားခဲ့ပါတယ်။ ကုဋေဖြိုးအောင် လမ်းမတော်မှာ အသတ်ခံရပြီးသေတာကို ဇော်မဲလုံးက မသေသေးဘူးလို့ အင်တာဗျူးမှာ ဗြောင်လိမ်သွားရတဲ့အထိ တပ်ထဲကလူတွေ စိတ်ဓာတ်မကျအောင် ထိန်းနေရပါတယ်။ ခေတ်သစ်က ဇော်မဲလုံးမသေဘူးလိမ်ထားသူကို အလောင်းပုံတင်လို့တပ်ထဲမှာ ဇော်မဲလုံးကိုဆဲတဲ့အထိ ဖြစ်လာနေပါပြီ။

နောက်ရက်ပိုင်းအတွင်း ခရမ်းမှာ မအလတပ်ကို ဝိုင်းတိုက်တာကလဲ အော်တိုသေနတ်တွေနဲ့ပါ။ နယ်စပ်မှာ စစ်ဖြစ်သလို ဝင်တိုက်တာကို ခံလိုက်ရတာပါ။ ဒါကတော့ ရန်ကုန်တပ်အသိုင်းအဝိုင်းမှာပါရိုက်ခတ်သွားပြီး မလုံခြုံတော့ဘူးဆိုတာကို ပြနေပါတယ်။ လုံခြုံရေးအမြင်အရပြောရရင် ရန်ကုန်ထဲမှာ အော်တိုရှိနေလို့ ၁၀၇ မမ ရှိနေလို့ ဘယ်အချိန်မဆို မအလရုံးများက ပစ်မှတ်ဖြစ်လာနိုင်နေပါပြီ။ဟိုက အရပ်သားအိမ်တွေကို ရှောင်နေလို့သာပါ။

ရလာဒ်က တပ်ထဲကလူတွေ ခေတ်သစ်မဖတ်အောင် ယခင်ကထက် ကြပ်မတ်လုပ်ဆောင်ဖို့ မိုးမြင့်ထွန်းက အမိန့်ထုတ်လာတာပါ။ နောက်ပိုင်း တပ်ထဲကလူတွေကို တပ်ပြင်ပ မိသားစုတွေနဲ့ တွေ့ဆုံတာပါ အဆက်ဖြတ်ဖို့ လုပ်လာတာပါ။ ဘာလို့လဲဆိုတော့အချို့က မိမိရွာနဲ့ စကားပြောချိန်မှာ မိဘအိမ်မီးထဲပါသွားတာတွေသိလာသလို အချို့ကလဲ ဖုန်းခေါ်ချိန် မိဘတွေ အမျိုးတွေရဲ့အဆဲတွေ စခံနေရပါပြီ။အားလုံးသိထားရမှာက အဆိုပါတပ်တွေရဲ့ အမာခံနယ်တွေက အညာဒေသ ဗမာဒေသပါ။

နောက်ပိုင်းတိုက်ပွဲတွေမှာ PDF တွေရဲ့ လက်နက်က တိုးတက်လာပြီး ပစ်မှတ်တွေကလဲ ယခင်ကထက်ပိုထိရောက်လာသလို နည်းပညာကလဲ ပိုအဆင့်မြင့်လာတာ တွေ့ရပါတယ်။ မအလက ရန်ကုန်မှာ ကိုဂျင်မီကိုဖမ်းလဲ တော်လှန်ရေးက မရပ်သွားပါ။ ယခုအချိန် မန္တလေးမှာလဲ ဒလန်အချို့ကြောင့်အဖမ်းခံခဲ့ရပေမယ့် တိုက်ပွဲတွေက ဆက်ဖြစ်နေမှာပါ။ ယခုလက်ရှိမှာ တပ်ထဲမှာ ဖိအားကတိုးလာနေပြီး တပ်မိသားစုအားလုံး အကျယ်ချုပ်စဖြစ်လာနေပါပြီ။ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်ကနေ ဘယ်သူခွဲခွဲမကွဲကွဲ ဒို့က ကွဲတော့မည်ဖြစ်လာနေပါပြီ။ တပ်ထဲမှာ စပေါက်ကွဲလာရင်တော့ ပေါက်ကွဲမှုတွေကမြန်ဆန်လာမှာပါလို့ ပြောပါရစေ။ အချို့ကိစ္စက ငွေကြိုက်သူကို ငွေ၊ အခွင့်အရေးကြိုက်သူကို အခွင့်အရေး၊ ကြောက်တတ်သူကို ကြောက်အောင်လုပ်ပြလိုက်ရင် တော်လှန်ရေးက အမြန်အောင်မြင်မှာပါ။အထဲမှာတော့ ခရမ်းအထိရောက်လာပြီအဘရေလို့ စအော်လာနေပါပြီ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

5 comentários


Aye Cho
Aye Cho
15 de abr. de 2022

မြို့သိမ်းကအချိန်တော့ယူရပါမည်။

Curtir

Maung Chit Khaing
Maung Chit Khaing
15 de abr. de 2022

တပ်က ကွဲနေတာကတော့ 1948 ကထဲကပါ

Curtir

kmnyo2
15 de abr. de 2022

အဖိုးလေး ကတပ် ကပါ မရှိတော့ ပါ။ မကွယ် လွန်မီ က ပြောခဲ့ တာက တပ် က အချင်းချင်းကွဲ မှ တကယ်ကွဲ မယ် တဲ့ ဆရာ။ အဲဒီ ကတည်းက စောင့်နေ ရတာ ကြာပါ ပြီ

Curtir

Nay Nann myint
Nay Nann myint
15 de abr. de 2022

ရှောင်လေဝေးဝေး

စကစ မ‌ေ_ပေး လို့

စကားပုံ အသစ်ထွက်လါပ့ါသည်

Curtir

Nay Nann myint
Nay Nann myint
15 de abr. de 2022

တပ်ထဲကဘဲ စကွဲမည်


ကွဲနေတာကတော့ နေဝင်းခေတ်ကထဲကပါ

ဖုံးဖိထါးနိုင်တာ

အပျောက်ရှင်းလိုက်ထါရယ်

ငရွှေကြီးခေတ်မှာ အာဏာနဲ့ ငွေဖန်ခွင့်

ရပီး အာဏာနဲ့ ငွေမန်းဖမ်းသွားပီး

မူရင်း တပ်မတော် ရဲ့အဓိဌာန်တွေ

ကနံရံပေါ်မှာဘဲရှိပီး သူခိုးဒါးပြဂိုဏ်း

သက်သက်ဖြစ်သွားပါတယ်

အတ္တသမားများအကြိုက်

Butterlifeဖြစ်သွားပါတယ်


ပြည်သူ့အမုန်း ခံရသူ မည်သူမဆို

စကစနဲ့အပေါင်းပါများလို

ဒါဏ်ခတ်ခံရမည်မလွဲပါ။


ရှောင်လေဝေးဝေး

စကစ မ‌ေ_ပေး လို့

စကားပုံ

Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page