top of page
Search
Writer's pictureMyat Tun Oo

ေျခဥကမိမိထံေရာက္လာေသာအခါ



စာေရးသူရဲ႕အသိတစ္ေယာက္ကဘုရင့္ေနာင္ပြဲ႐ံုမွာဆိုင္ရွိပါတယ္။သူကစီးပြားေရးသမား။ႏိုင္ငံေရးလဲစိတ္မဝင္စား။ေျခဥျပင္ေရးလဲစိတ္မဝင္စားပါ။ကိုယ္လုပ္မွကိုယ္စားရမယ္လို႔ခံယူထားသူပါ။ၿမိဳ႕သစ္တည္တာလဲစိတ္မဝင္စားခဲ့ပါ။သူကကြီးၿဖိဳးကိုေတာ့ေက်းဇူးတင္ပါတယ္။သူ႔ရဲ႕YBS နဲ႔အိမ္ကေနဘုရင့္ေနာင္ကိုသြားလို႔ရေနလို႔ယခင္ကလိုTaxi မစီးရလို႔ပိုက္ဆံကုန္သက္သာတာရယ္YBS ကေလေအးေလးနဲ႔ေႏြရာသီဆိုပိုေတာင္အဆင္ေျပလို႔ပါ။သူကတိုင္းရင္းသားပါ။

ဒါေပမယ့္သူဟာသူ႔ရဲ႕ဘုရင့္ေနာင္ႀကီးေျပာင္းရမလိုျဖစ္ခ်ိန္မွာေတာ့အပူလံုးႂကြလာခဲ့ပါၿပီ။ဒါအစိုးရကလုပ္တာမိုလို႔ဆႏၵျပမယ္လို႔ျပင္ေပမယ့္တပ္ပိုင္ေျမမွန္းသိလာခဲ့ခ်ိန္မွာအိပ္မေပ်ာ္ေတာ့္ပါ။ဘာလို႔လဲဆိုေတာ့တပ္ပိုင္ေျမကိုဆႏၵျပသူမ်ားဘာျဖစ္သြားႏိုင္လဲဆိုတာသူသိပါတယ္။ဒါတင္ဘဲလား? သူစဥ္းစားပါတယ္။တပ္သာအစိုးရေအာက္မွာရွိခဲ့ရင္အစိုးရကတပ္ကိုျပန္မေပးေတာ့ဘူးရန္ကုန္စည္ပင္ကိုလႊဲလိုက္လို႔ေျပာလိုက္႐ံုပါဘဲ။ဒါေပမယ့္၂၀၀၈ေျခဥအရအစိုးရကတပ္ေျမကိုစီရင္ခြင့္မရွိတာကိုယခုအခ်ိန္မွာသိလိုက္ရပါတယ္။ဒီအခ်ိန္မွာသူကငါေျခဥျပင္ဆင္ေရးကိုမေထာက္ခံခဲ့တာမွားၿပီဆိုတာသိလိုက္ပါတယ္။

ဒါဆိုရင္ဘုရင့္ေနာင္နားမွာေျမဝယ္မလား? ယခုေျမေစ်းကအေတာ္ႀကီးႀကီးေနပါတယ္။ေျမအမ်ားစုကလဲတပ္နဲ႔ခ႐ိုနီေတြလက္ထဲမွာပါ။သူတို႔ခ်ေပးမွရမယ့္ဘဝဆိုတာသိလိုက္ပါတယ္။အဲ့ဒီအခ်ိန္မွာဘဲကြီးၿဖိဳးရဲ႕ၿမိဳ႕သစ္ႀကီးသာယခုအခ်ိန္အေကာင္အထည္ေဖာ္ႏိုင္ရင္ေျမေစ်းေတြက်လာၿပီးငါလဲဒီဘုရင့္ေနာင္ဆိုင္ခန္းျပန္အပ္ရရင္ေတာင္ငါ့ဖာ့သာေျမဝယ္ႏိုင္မယ္ဆိုတာသိလာရပါတယ္။

ဒါဟာလက္ရွိေျခဥျပင္ဖို႔စိတ္မဝင္စားခဲ့တဲ့သာမန္ႏိုင္ငံေရးစိတ္မဝင္စားတဲ့စီးပြားေရးသမားတစ္ေယာက္ရဲ႕ရလိုက္တဲ့သံေဝဂပါ။

ဒီလိုပါဘဲတိုင္းရင္းသားေတြအေနနဲ႔လဲDASSK ကိုသိကၡာက်ေအာင္ေျပာလိုက္မယ္ဆိုလိုက္မယ္ဆိုၿပီးၿငိမ္းခ်မ္းေရးကိုစိတ္မဝင္စားရင္ေျခဥျပင္ဖို႔စိတ္မဝင္စားခဲ့ရင္အဲ့ဒီေျခဥႀကီးကမိမိတို႔အိမ္ေရွ႕ကိုက်ည္ဆန္အျဖစ္ဒါမွမဟုတ္တပ္ေျမအျဖစ္ေရာက္လာႏိုင္ပါတယ္။

ဒါေၾကာင့္ေျခဥျပင္ဖို႔ကို NLDနဲ႔ပူးေပါင္းလုပ္ၾကပါ။မိမိနဲ႔မဆိုင္ဘူးဆိုၿပီးမေနပါနဲ႔။ႏိုင္ငံေရးဟာေျခဥႀကီးဟာသင့္ထံကိုဒုကၡေပးဖို႔ေရာက္လာပါလိမ့္မယ္။

Unicode version

ခြေဥကမိမိထံရောက်လာသောအခါ

စာရေးသူရဲ့အသိတစ်ယောက်ကဘုရင့်နောင်ပွဲရုံမှာဆိုင်ရှိပါတယ်။သူကစီးပွားရေးသမား။နိုင်ငံရေးလဲစိတ်မဝင်စား။ခြေဥပြင်ရေးလဲစိတ်မဝင်စားပါ။ကိုယ်လုပ်မှကိုယ်စားရမယ်လို့ခံယူထားသူပါ။မြို့သစ်တည်တာလဲစိတ်မဝင်စားခဲ့ပါ။သူကကွီးဖြိုးကိုတော့ကျေးဇူးတင်ပါတယ်။သူ့ရဲ့YBS နဲ့အိမ်ကနေဘုရင့်နောင်ကိုသွားလို့ရနေလို့ယခင်ကလိုTaxi မစီးရလို့ပိုက်ဆံကုန်သက်သာတာရယ်YBS ကလေအေးလေးနဲ့နွေရာသီဆိုပိုတောင်အဆင်ပြေလို့ပါ။သူကတိုင်းရင်းသားပါ။

ဒါပေမယ့်သူဟာသူ့ရဲ့ဘုရင့်နောင်ကြီးပြောင်းရမလိုဖြစ်ချိန်မှာတော့အပူလုံးကြွလာခဲ့ပါပြီ။ဒါအစိုးရကလုပ်တာမိုလို့ဆန္ဒပြမယ်လို့ပြင်ပေမယ့်တပ်ပိုင်မြေမှန်းသိလာခဲ့ချိန်မှာအိပ်မပျော်တော့်ပါ။ဘာလို့လဲဆိုတော့တပ်ပိုင်မြေကိုဆန္ဒပြသူများဘာဖြစ်သွားနိုင်လဲဆိုတာသူသိပါတယ်။ဒါတင်ဘဲလား? သူစဉ်းစားပါတယ်။တပ်သာအစိုးရအောက်မှာရှိခဲ့ရင်အစိုးရကတပ်ကိုပြန်မပေးတော့ဘူးရန်ကုန်စည်ပင်ကိုလွှဲလိုက်လို့ပြောလိုက်ရုံပါဘဲ။ဒါပေမယ့်၂၀၀၈ခြေဥအရအစိုးရကတပ်မြေကိုစီရင်ခွင့်မရှိတာကိုယခုအချိန်မှာသိလိုက်ရပါတယ်။ဒီအချိန်မှာသူကငါခြေဥပြင်ဆင်ရေးကိုမထောက်ခံခဲ့တာမှားပြီဆိုတာသိလိုက်ပါတယ်။

ဒါဆိုရင်ဘုရင့်နောင်နားမှာမြေဝယ်မလား? ယခုမြေစျေးကအတော်ကြီးကြီးနေပါတယ်။မြေအများစုကလဲတပ်နဲ့ခရိုနီတွေလက်ထဲမှာပါ။သူတို့ချပေးမှရမယ့်ဘဝဆိုတာသိလိုက်ပါတယ်။အဲ့ဒီအချိန်မှာဘဲကွီးဖြိုးရဲ့မြို့သစ်ကြီးသာယခုအချိန်အကောင်အထည်ဖော်နိုင်ရင်မြေစျေးတွေကျလာပြီးငါလဲဒီဘုရင့်နောင်ဆိုင်ခန်းပြန်အပ်ရရင်တောင်ငါ့ဖာ့သာမြေဝယ်နိုင်မယ်ဆိုတာသိလာရပါတယ်။

ဒါဟာလက်ရှိခြေဥပြင်ဖို့စိတ်မဝင်စားခဲ့တဲ့သာမန်နိုင်ငံရေးစိတ်မဝင်စားတဲ့စီးပွားရေးသမားတစ်ယောက်ရဲ့ရလိုက်တဲ့သံဝေဂပါ။

ဒီလိုပါဘဲတိုင်းရင်းသားတွေအနေနဲ့လဲDASSK ကိုသိက္ခာကျအောင်ပြောလိုက်မယ်ဆိုလိုက်မယ်ဆိုပြီးငြိမ်းချမ်းရေးကိုစိတ်မဝင်စားရင်ခြေဥပြင်ဖို့စိတ်မဝင်စားခဲ့ရင်အဲ့ဒီခြေဥကြီးကမိမိတို့အိမ်ရှေ့ကိုကျည်ဆန်အဖြစ်ဒါမှမဟုတ်တပ်မြေအဖြစ်ရောက်လာနိုင်ပါတယ်။

ဒါကြောင့်ခြေဥပြင်ဖို့ကို NLDနဲ့ပူးပေါင်းလုပ်ကြပါ။မိမိနဲ့မဆိုင်ဘူးဆိုပြီးမနေပါနဲ့။နိုင်ငံရေးဟာခြေဥကြီးဟာသင့်ထံကိုဒုက္ခပေးဖို့ရောက်လာပါလိမ့်မယ်။

928 views0 comments

Comments


bottom of page