top of page
Search
Writer's pictureMyat Tun Oo
ဂျပုလေးရေထပါတော့တိုင်းပြည်နာလှပေါ့
Unicode version
ဒါကတော့အဘပုကိုရည်ရွယ်ပါတယ်။အဘပုဟာရှေ့မှာတော့အမြဲပြုံးနေတတ်ပါတယ်။မဟုတ်တာတွေလဲလျှောက်ပြောတတ်ပါတယ်။သူ့ရဲ့အပြောင်မြောက်ဆုံးဟာသများကတော့ပြည်သူ၉၀% ကျော်ကခြေဥကိုထောက်ခံတာနဲ့တပ်တွင်းဒီမိုကရေစီတို့ဖြစ်ပါတယ်။
ယခုတလောအဘပုနဲ့တရုတ်ကြီးနဲ့ကအဆင်မပြေပါ။မပြေတဲ့အကြောင်းကDASSK တရုတ်ပြည်မသွားခင်မှာဘရွှေလက်မှတ်ထိုးခဲ့တဲ့မြစ်ဆုံကိုရပ်ဖို့တောင်းဆိုတာကိုမြှောက်ပေးတာနိုင်ငံရေးအမြတ်ထုတ်ဖို့ုကြိုးစားတာကိုတရုတ်ကသိသွားလို့ပါ။သူကတရုတ်မှာရေကာတာတွေကိုအားကျကြောင်းဘာညာပြောလေ့ရှိပါတယ်။သူ့ထုံးစံအတိုင်းသတင်းသမားတွေနဲ့တွေ့ရင်ရိုက်တာသတင်းသမားဖမ်းတာဘဲသူကလွှတ်ဖို့သဘောတူသလိုပြောလေ့ရှိခဲ့ပြီးတရုတ်ကိုလဲမြစ်ဆုံကိုသူကလက်ရှိအစိုးရဆုံးဖြတ်ချက်အတိုင်းကန့်ကွက်ရန်မရှိမျိုးပြောထားခဲ့ပါတယ်။ဒါပေမယ့်ဖွတ်အမတ်ဦးစိုးသိန်းတို့ကမိမိပါတီက လက်မှတ်ထိုးခဲ့တာကိုအရူးကွက်နင်းပြီးနိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်ပညာရှင်များကိုမြှောက်ပေးပြီးမြစ်ဆုံရပ်အတွက်ပွဲထုတ်ခဲ့တာကိုတရုတ်ကသိသွားပါတယ်။
ဒါပေမယ့်အဓိကသူနဲ့တရုတ်ပြဿနာကယခုတရုတ်ကစစ်ပွဲရပ်ဖို့သူ့ကိုဖိအားပေးနေလို့ပါ။ဒါကြောင့်တရုတ်ကိုယ်စားလှယ်Mr Sun Guoxiang ကိုသူကိုယ်တိုင်မတွေ့ဘဲဒုတပ်ချုပ်ကိုသာတွေ့ခိုင်းပါတော့တယ်။တရုတ်သံအမတ်အသစ်ကိုလဲသူကအတွေ့မခံဘဲဒုတပ်ချုပ်ကသာတွေ့ပါတယ်။နှစ်ရက်စလုံးသူအားပါတယ်။နေပြည်တော်မှာရှိပါတယ်။ဒါကြောင့်တရုတ်သံအမတ်ဟာအမေရိကန်၊အင်္ဂလိပ်နဲ့ကုလအမတ်တွေလိုအဘပုမတွေ့လိုသူစာရင်းထဲဝင်သွားပါပြီ။ဒါပေမယ့်လဲတရုတ်ကိုအာမခံရဲပါ။တရုတ်ကသာICC ကိစ္စကိုကုလမှာကာကွယ်ပေးမယ့်သူဖြစ်နေလို့ပါ။သူ့ဘဝကမချစ်သော်လဲအောင့်ကာနမ်းနေရတယ့်အဖြစ်ပါ။
အဘပုအနေနဲ့ဂန်ဒူးနိုင်ငံရေးမလုပ်ဘဲမိုက်ရူးရဲအိမ်မက်ကနိုးထပါလို့ပြောလိုပါတယ်။တိုင်းပြည်ကနာလှပါပြီ။တရားဝင်ဒီမိုအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပါလို့သာပြောလိုပါတယ်။
1,284 views0 comments
Comments
bottom of page