top of page
Search

စောချစ်သူရဲ့ သုံးပွင့်ဆိုင်ဇတ်လမ်း

Writer: Myat Tun OoMyat Tun Oo

တရုတ်ဟာ ရှမ်းမြောက်က ကျားဖြန့်အပြီးမှာ မအလကို အမြီးကုတ်အောင်လုပ်နိုင်ခဲ့သလို သူမွေးထားသူတွေကိုလဲ သူရပ်ဆိုရင် ရပ်အောင်လုပ်နိုင်ကြောင်း ဩဇာပြခဲ့ပါတယ်။ ဒါက မြန်မာပြည်ထဲမှာရှိတဲ့ မကောင်းဆိုးရွား တရုတ်နဲ့ အ‌နောက်ဩဇာခံ သတင်းတွေရဲ့ လွှမ်းမိုးမှုပါ။ သူမထင်မှတ်ဘဲ မအလတပ်က လားရှိုးအထိ ကျသွားတာကတော့ တရုတ်စစ်ထောက်လှမ်းရေးရဲ့ မအလတပ်အပေါ် အထင်ကြီးပြီး မှားတွက်မိသွားလို့ပါ။ ဒီအချိန်မှာ တရုတ်ဟာ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ကိုပါ နှိမ်နင်းဖို့ ကြိုးစားလာပါတယ်။ ဥရောပနိုင်ငံအချို့မှာ သူ့ကမ္ဘာလှည့်ခရီးသွားတွေ လုံခြုံရေးဆိုပြီး တရုတ်ရဲတွေကို ချထားဖို့ ကြိုးစားခဲ့လို့ ဥရောပ သမဂ္ဂနဲ့ ပြဿနာတက်ခဲ့ပါတယ်။ ထိုင်းမှာလဲ ဒီလိုလုပ်ဖို့ကြိုးစားနေပြီး ထိုင်းကို ကျားဖြန့်နှိမ်နင်းဖို့ ဖိအားပေးပေမယ့် ထိုင်းက အမေရိကန်လက်အောက်ခံဖြစ်နေလို့ တရုတ်အနေနဲ့က စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေခဲ့ပါတယ်။


တရုတ်ဟာ မအလကို စောချစ်သူကိုဖမ်းပြီး BGF နှိမ်နင်းဖို့ နေပြည်တော်လာ ပြောခဲ့ပါတယ်။ မအလကလဲ တရုတ်ကိုကြောက်လို့ စောချစ်သူတို့ကို ဖမ်းဖို့ကြံစည်ခဲ့ပေမယ့် စောချစ်သူက ခွဲထွက်ပြီး လက်ဦးသွားခဲ့ပါတယ်။ စောချစ်သူအလုပ်လုပ်ရာမှာ ယခင်က မအလတိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူးအထိ လာဘ်ပေးပြီးလုပ်တာပါ။ ထိုင်းမှာဆိုလဲ ထိုင်းခရိုင်ရဲ၊ ထိုင်းစစ်တပ် အားလုံးကို လိုင်းဝင်ပြီး လုပ်ထားတာပါ။ စောချစ်သူထိန်းချုပ်ရာနယ်တွေကို မီးပေးထားတာက သိပ်ချစ်လွန်းလို့မဟုတ်ဘဲ ပိုက်ဆံရလို့ပါ။


စောချစ်သူဟာ KNU ရဲ့ မြဝတီစစ်ဆင်ရေးကနေ အမြတ်ထွက်ခဲ့ပါတယ်။ စစ်တပ်ဟာ စောချစ်သူကို မာန်တောင်မထောင်နိုင်တော့ပါ။ ထို့အတူပါဘဲ စောချစ်သူဟာ KNU ကို မြဝတီထဲ ပေးမဝင်ဘဲ သူသာ။အုပ်ချုပ်ခွင့်ရသလို ဖြစ်သွားခဲ့ပါတယ်။ မအလတပ် မြဝတီစစ်ကူကိုလဲ KNU/NUG တပ်က တိုက်ထားလို့ သူက အချောင်ကောက်စားရသလို မြဝတီမှာ အဆင်ပြေနေခဲ့ပါတယ်။ မြဝတီမှာ သူအုပ်ချုပ်တာမြင်တိုင်း ရင်နာရပါတယ်။


ယခုအချိန်မှာတော့ တရုတ်ဟာ ထိုင်းကို ပိုဖိအားပေးလာနေပြီး ဖိအားက စီးပွားရေးအရပါ။ ထိုင်းမှာလဲ စစ်တပ်က လုံခြုံရေးကိုကိုင်ထားပြီး အစိုးရက တကယ့် လုံခြုံရေးအာဏာမရှိပါ။ ဒါကြောင့် ထိုင်းအရပ်သားအစိုးရက ကူမင်းက ကျားဖြန့်တိုက်ဖျက်ရေးဆွေးနွေးပွဲကို သူ့တပ်ကလူ လွှတ်ခဲ့တာပါ။ ယခင်က ရဲချုပ်သာတက်ပေမယ့် ဒီပွဲမှာတော့ ထိုင်းက စစ်တိုင်းအရာရှိနဲ့ ကြည်းတပ်အရာရှိကြီးကိုပါ တက်စေခဲ့ပါတယ်။ မအလတပ်ဘက်ကတော့ သူ့မှာနယ်မြေစိုးမိုးမှုမရှိကြောင်း စောချစ်သူဟာ သူ့အမိန့်မနာခံတော့ကြောင်း ထိုင်းက လျှပ်စစ်ကအစ အကုန်ထောက်ပံ့နေကြောင်း တရုတ်ကို တိုင်ခဲ့ပါတယ်။


ယခုစောချစ်သူရဲ့အခြေအနေဟာ ထိုင်းထဲဝင်ရင်လဲ ထိုင်းကဖမ်းမှာဖြစ်သလို မအလကလဲ တရုတ်ကိုကြောက်လို့ ဖမ်းရမှာပါ။ စောချစ်သူအတွက်က မြဝတီမှာနေလို့ရနေတာက KNU က ကြားဖြတ်တိုက်ထားလို့ပါ။


ယခု နယ်စပ်က ကရင်ဒုက္ခသည်တွေအတွက် အကူအညီကို အမေရိကန်ကဖြတ်လိုက်လို့ အမျိုးသားရေးအတွက် မိမိလူမျိုးကိုကူညီဖို့ စောချစ်သူက ဘာလုပ်မလဲ KNU က ဘာလုက်မလဲဆိုတာက အရေးကြီးလာသလို ကရင့်နိုင်ငံတော်ပိုင်မြေထဲက ကျားဖြန့်တွေကိုလဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ အဖွဲ့တွေက ဘာလုပ်မလဲ စဉ်းစားရပါတော့မယ်။ စောချစ်သူက မြဝတီကိုတိုက်နေတဲ့ KNU/PDF တပ်တွေကို မအလက မင်းကူရင် မင်းကျားဖြန့်ကို ဗုံးကျဲမယ်ဆိုချိန်က ပြန်ဆုတ်စေခဲ့ပါတယ်။ ယခုက သူ့ကျားဖြန့်က ဘာကြောင့်ဖြစ်ဖြစ် နှိမ်နင်းခံရမှာပါ။


ယခုအချိန်ဟာ KNU အတွက်လဲ မြဝတီလောက်တော့ သိမ်းပြဖို့ အခွင့်အရေးပါ။ ဘယ်ကိုမှ မတိုက်ရင်တောင် မြဝတီလောက်တော့ တိုက်ပြသင့်ပါတယ်။ စောချစ်သူရဲ့ သုံးပွင့်ဆိုင်အရှုတ်ထဲမှာ မိမိဩဇာကို တည်ဆောက်နိုင်ပါစေ။

 
 
 

Recent Posts

See All

အခြေအနေ

အခြေအနေမကောင်းဘူး။ အပျက်အစီး အသေအပျောက်ရှိပါတယ်။ ဘုရားရိုက်တာလို့ ပြောရမလား? စစ်ရုံးဟာ ပြည်သူကို ဗုံးကြဲတာ ပြန်ခံရတာပေါ့။

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page