top of page
Search
Writer's pictureMyat Tun Oo

စွေစောင်းပြောတိုင်း အာဏာသိမ်းရင် ဘာဖြစ်သွားမလဲ?


၂၀၂၀ ဟာ အာဏာသိမ်းဖို့အကောင်းဆုံးအချိန်ကို ကျော်ခဲ့ပါပြီ။ ခေတ်ကောင်းစဉ် ၂၀၁၇ ဘင်္ဂါလီအရေးအချိန်မှာတောင် အာဏာမသိမ်းခဲ့လို့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အာဏာသိမ်းဖို့ မဖြစ်နိုင်တော့ပါ။ ဖြစ်နိုင်ချေ အများဆုံးက ၂၀၂၀ ရွေးကောက်ပွဲကို အဘတို့က နည်းမျိုးစုံသုံးပြီးနိုင်အောင်ကြိုးစားမယ်ဆိုတာပါ။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးကိုလဲ မိမိလူပြောင်းခန့်ပြီးပါပြီ။

ဒီနေရာမှာ အာဏာသိမ်းဖို့ပြောတာ အာဏာသိမ်းခိုင်းတာဟာ လက်ရှိ ၂၀၀၈ ခြေဥကို ချိုးဖောက်နေတယ်ဆိုတာ ပြောနေသူတွေသိဖို့လိုပါတယ်။ ၂၀၀၈ ခြေဥမှာတောင် ကာလုံကို သမ္မတကခေါ်ပြီးမှအာဏာလွှဲပြောင်းတာပါ။ ဒါကြောင့် ကာလုံကိုသမ္မတကမခေါ်ရင် ၂၀၀၈ ခြေဥအရ အာဏာလွှဲလို့အာဏာသိမ်းလို့မရပါ။

ဒီကြားထဲက အာဏာသိမ်းရင် နိုင်ငံတော်သစ္စာဖောက်မှုပါ။ ဒါကို ဘယ်လိုကာကွယ်မလဲ။ ဒီနေရာမှာအဘသား ငပိန်းတွေကိုပြောလိုတာက အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ တုန့်ပြန်မလဲပြောတာက တရားဝင်အစိုးရကို ကာကွယ်တာဖြစ်လို့ နိုင်ငံတော်သစ္စာဖောက်မှု မဟုတ်ဘူးဆိုတာပါ။

ယခုမြန်မာပြည်ဟာ ICJ ကိုရောက်နေပါတယ်။ ဒီအမှုက တစ်နှစ်အနည်းဆုံးကြာပါမယ်။ ဒါကအာဏာသိမ်းသူတွေကို ချက်ချင်းထကျပ်နိုင်တယ့်နေရာပါ။ အဆိုးထဲက အကောင်းလို့ပြောလဲရပါတယ်။ ICC ကလဲ စုံစမ်းနေပါတယ်။ အာဏာသိမ်းခဲ့ရင် ICC ကို ကြားထဲမှာ အစိုးရမခံဘဲ ထိပ်တိုက်တွေ့ပါမယ်။ ပြီးရင် စီးပွါးရေးပိတ်ဆို့မှုတွေလာပါမယ်။ အဘတို့ပိုင်တဲ့ အိမ်စျေး၊ မြေစျေး အကုန်ထိုးကျပါမယ်။ ယခင် ဒေါ်လာ ၁၀ သန်းပိုင်သူအဘဟာ ၁ သိန်းတောင် အနိုင်နိုင်ဖြစ်သွားပါမယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါ။ ပြည်သူကလဲ ဆန့်ကျင်ပါမယ်။ နေပြည်တော်မှာကတော့ အစိုးရနေရာနဲ့ လွှတ်တော်ကိုဝိုင်း၊ စည်ပင်ရိပ်သာကို ဝိုင်း၊ အသံလွှင့်မြေအောက်ကြိုးကို တပ်ကုန်းကနေ ပိတ်လိုက်တာနဲ့ ပွဲပြီးပါတယ်။ ဒါကြောင့် လက်ရှိအစိုးရအနေနဲ့က မိမိတို့ခံစစ်ကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကနေ ပြင်ထားရပါမယ်။ ဖြစ်နိုင်ရင် တိုင်းရင်းသားဒေသအပါအဝင် တစ်တိုင်းပြည်လုံးမှာ ပြင်ထားရပါမယ်။ ရန်ကုန်လွှတ်တော်လို ဝန်ကြီးချုပ်အိမ်လိုနေရာကို ပြည်သူက လူသားဒိုင်းသုံးပြီးကာကွယ်တာ ရန်ကုန်မြို့ထဲကို အာဏာသိမ်းတပ် ဝင်မရအောင် ကာကွယ်တာတွေ လုပ်ထားရပါမယ်။

တပ်တစ်ခုလုံးအစိုးရဘက် ပါလာတာ မဖြစ်နိုင်ပေမယ့် တပ်ရင်းတစ်ခု လေယဉ်တစ်စင်းလောက်သင်္ဘောတစ်စင်းလောက် အစိုရဘက် ပါလာတာကတော့ ဖြစ်နိုင်ပါတယ်။ ရဲအချို့လဲ ပါလာနိုင်ပါတယ်။ သူတို့ကို ဘယ်လိုညွှန်ကြားမလဲ ဒီမိုအစိုးရမှာ စီမံချက်ရှိရပါမယ်။ အဓိကကတော့ ပြည်သူ့အားကို သုံးဖို့ပါ။ နိုင်ငံခြားအစိုးရတွေရဲ့ အကူအညီလဲ လိုနိင်ပါတယ်။ ဒီနေရာမှာ လက်ရှိဝန်ကြီးချုပ်တွေနဲ့အီးယူသံအမတ်ကြီးတွေ၊ အမေရိကန်သံအမတ်ကြီးတွေရဲ့ ဆက်ဆံရေးက အရေးကြီးလာနိုင်ပါတယ်။သူတို့သံရုံးထဲကနေ ခိုလှုံခွင့်တောင်းပြီး နိုင်ငံခြားတပ်ခေါ်နိုင်ပါမယ်။

ဒီလိုအာဏာသိမ်းခဲ့ရင် လက်ရှိဝန်ကြီးချုပ်တွေဟာ နိုင်ငံခြားတပ်ကို ဖိတ်ခေါ်နိုင်တယ်ဆိုတာနိုင်ငံတကာ ဥပဒေအရ သိနားလည်ထားဖို့လိုသလို အသုံးချဖို့လဲ လိုလာနိုင်ပါတယ်။

အာဏာသိမ်းတာဟာ မဖြစ်နိုင်ပေမယ့် ဖြစ်ခဲ့ရင် ပြည်သူရော အစိုးရရောက ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုပါတယ်။

ထို့အတူပါဘဲ တိုင်းရင်းသားဒေသတွေက ဝန်ကြီးချုပ်တွေ လက်နက်ကိုင်အဖွဲ့တွေဟာလဲ အာဏာသိမ်းခဲ့ရင် ဘာလုပ်မလဲဆိုတာ ပြင်ထားရပါမယ်။ ဥပမာ အမေရိကန်တပ်ကို ရန်ကုန်ကခေါ်ရင် အနည်းဆုံးရန်ကုန်လောက်တော့ ဝင်လို့ရပါတယ်။ တရားဝင်ပါတယ်။ တရုတ်က ကုလမှာကန့်ကွက်ရင် အမေရိကန်က တရားဝင် ဝန်ကြီးချုပ်ကခေါ်တာပြောရင် ကန့်ကွက်လို့မရပါ။ နိုင်ငံခြားတပ်မခေါ်စေချင်ရင်တရုတ်အနေနဲ့ အာဏာမသိမ်းရဲအောင် ကျပ်ထားရပါမယ်။

အဘသားများကို ပြောလိုတာက ဆီးရီးယားမှာ အာဆတ်က ဒီမိုသမားတွေကို နှိပ်ကွပ်နိုင်တာဟာ သူကအစိုးရဖြစ်နေပြီး ရုရှားကို ခေါ်လို့ပါ။ မြန်မာပြည်မှာက လက်ရှိပြည်သူတင်တဲ့အစိုးရက တရားဝင်အစိုးရဖြစ်လို့ သူက နိုင်ငံခြားတပ်ကို ခေါ်ချင်ရင် တရားဝင် ကုလလုံခြုံရေးကောင်စီမလိုဘဲ ခေါ်လို့ရတယ်ဆိုတာပါ။ တရားမဝင်အာဆတ်တောင် ရုရှားတပ်ကို ခေါ်ခဲ့ပါတယ်။

ဒီစာကို ရေးရတာက စွေစောင်းပြောတိုင်း အရူးမထအောင်ပါ။ နောက်ပြီး အာဏာသိမ်းတာကို ဘယ်လိုပြန်တိုက်ရမလဲ တုန့်ပြန်ရမလဲလို့ ပြည်သူနဲ့ ပြည်သူ့အစိုးရကို နည်းလမ်းပြတာဟာ ဥပဒေချိုးဖောက်တာ မဟုတ်ကြောင်း ငပိန်းများကို ကြိုပြောထားပါရစေ။

ယခုအချိန်အထိ အဘတ နိုင်ငံရေးအကဲခတ်များ သုခမိန်များ ပြောလေ့ရှိတာက ခြေဥကို သွားမပြင်နဲ့ မထိနဲ့ အာဏာသိမ်းသွားမယ်ဆိုပြီး ခြိမ်းခြောက်တာများလို့ ရေးပြတာပါ။ ထို့အတူပါဘဲ ပြည်သူကညီရင် တပ်ကလက်နက်အင်အားသာလွန်လဲ တိုက်ရခက်တယ်ဆိုတာ ရခိုင်ဒေသက စစ်ပွဲတွေက ပြည်သူတွေကို သက်သေပြနေပါတယ်။

အပေါ်မှာရေးခဲ့သလိုပါဘဲ အာဏာသိမ်းဖို့ အချိန်ကောင်းက လွန်သွားခဲ့ပါပြီ။ စွေစောင်းပြောတိုင်းအရူးမထအောင်နဲ့ ဒီမိုနဲ့ပတ်သက်သူတွေ ဘာလုပ်နိုင်တယ်ဆိုတာကို အလင်းပြတာပါ။

အမြင်မှန်ပြီး အမှန်ကို လုပ်ဆောင်နိုင်ပါစေ။

2,038 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page