top of page
Search
Writer's pictureMyat Tun Oo

စိတ်ဓာတ်စစ်ဆင်ရေးသတိထားရန်


ယခုအချိန် အုပ်ကြီးအသတ်ခံရရ တပ်ထဲမှာ အပစ်ခံရရ ပေါက်ကွဲမှုဖြစ်ဖြစ် လုပ်သူကို မမိပါ။ဖက်ဆစ်တပ်ကသေရင် မကြေညာပါ။ အုပ်ကြီးသေရင်သာ ကြေညာပါတယ်။ ဒါဆိုမိနေတာကဘယ်သူတွေလဲ?

ဥပမာ ဖက်ဆစ်တပ်ယဉ်တန်း အပစ်ခံရတယ်ဆိုပါစို့။ သူက ထိုအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြတ်သွားတဲ့ကား လူတွေကို ရမ်းပစ် ရမ်းဖမ်းပါတယ်။ ပြီးရင်အဆိုပါလူတွေကို PDF ဆိုပြီး တပ်ထဲက ယခင်တိုက်ပွဲမှာ ဖမ်းထားတဲ့ သေနတ်တွေနဲ့ ဓာတ်ပုံရိုက်ပါတယ်။ ဆန္ဒပြသူတွေ ဖမ်းမိရင်လဲ PDF ဆိုပြီး သူတို့လက်နက်ရှေ့ချပြီး ဓာတ်ပုံရိုက်ပါတယ်။ သူတို့အထက်က လူကြီးကလဲ PDF မိတယ်ဆိုပြီး အထက်ကို အဆင့်ဆင့်တင်ပြပါတယ်။ တကယ်လုပ်သူကို မမိလို့ ဆက်လုပ်နေနိုင်ပါတယ်။

နောက်ကျောင်းတွေကို ဖက်ဆစ်တပ်နဲ့ ပျူစောထီးက ရှို့ပြီး PDF လို့ ခေါင်းစဉ်တပ် ပုံရိပ်ဖျက်တာပါ။ သူမီးရှို့တဲ့ မြို့တွေကိုကြည့်ရင် ဒီမိုအမာခံနယ် CDM အားကောင်းတဲ့နေရာပါ။ ကျောင်းသား၁၀၀% လာမတက်တဲ့နေရာကို ပျူစောထီးက အပြစ်ပေးသလို မီးရှို့ပြီး သူတို့က PDF က ရှို့သလိုသတင်းထုတ်ပြန်တာပါ။

ဖက်ဆစ်တပ်ကို ပစ်သတ်သူဆိုရင် မမိတာ အများစုပါ။ အကြောင်းက စရဖနဲ့ သတင်းတပ်ဖွဲ့ဟာNLD ပါတီကိုသာ အဓိက စောင့်ကြည့်ခဲ့လို့ ယခုလုပ်နေတာက သာမန်ပြည်သူဆိုရင် သူ့ရဲ့ထောက်လှမ်းရေးကွန်ရက်က လိုက်မမှီတော့ပါ။

နောက်ဆိုက်ဝါးက PDF တွေ လက်နက်သယ်တာ မိတယ်ဆိုပြီး သတင်းထုတ်ပြန်တာပါ။ သူကPDF တွေက လက်နက်ကို ကုန်ကားကြီးတွေနဲ့ နယ်စပ်က သယ်လာတာကို မိတယ်ဆိုပါတယ်။လက်နက်တွေက အတော်ကောင်းပါတယ်။ အဆိုပါလက်နက်တွေဟာ ရှမ်းပြည်မှာမိလဲ ဒီလက်နက် ကရင်ပြည်မှာလဲ ဒီလက်နက်ပါ။ လက်နက်တွေကို Photoshop လုပ်ပြီး တိုင်းစစ်ဌာနအလိုက် အပြိုင်တင်ကြတာပါ။ ယခင်က အဘလာစစ်ရင် ကြက် ဝက် ဘဲတွေ တပ်အချင်းချင်းချေးငှါးသလို စျေးထဲက ချေးငှါးပြသလို ပုံစံမျိုးပါ။

လွန်ခဲ့တဲ့ရက်ပိုင်းက မန္တလေးဖြစ်စဉ်ဆိုရင် သူတို့ကိုလာတိုက်သူကို ဖက်ဆစ်တပ်က လိုက်ဖမ်းလို့ကားကဓာတ်တိုင်ဝင်တိုက်လို့ ကားပေါ်ပါ လူငယ်လေးဦး သေဆုံးလို့ ဖက်ဆစ်အဖွဲ့က ထုတ်ပြန်ပါတယ်။ သူတို့အလောင်းကောက်ချိန်မှာ လက်နက်မရှိပါ။ သူတို့က အဆိုပါကားက ထွက်ပြေးလို့ရန်သူ့ကားဆိုပါတယ်။ မြဝတီကလဲ ထိုအတိုင်း ဆက်ကြေညာပါတယ်။ ဘယ်သူမဆို ဖက်ဆစ်ကိုကြောက်ပြီး ပြေးမှာပါ။ ယခုအချိန်မှာတော့ အဆိုပါကားဟာ သာမန်ပြည်သူတွေရဲ့ ကားသာဖြစ်ကြောင်း တရုတ်လူမျိုးတစ်ယောက်ပါကြောင်း သိလာရပါပြီ။ PDF က အစထဲက သူတို့လူမဟုတ်ကြောင်း ကြေညာပြီးသားပါ။ ဖက်ဆစ်တပ်က လိမ်ပြောခဲ့တာဟာ ယခုပေါ်လာပါပြီ။ကင်းမရွာကို ဖက်ဆစ်တပ်က မီးရှို့ပြီး သူက ရိုဟင်ဂျာနဲ့ ရခိုင်ရွာတွေကို ဖက်ဆစ်တပ်က မီးရှို့ပြီးသူတို့ဖာသာရှို့တာဆိုတဲ့ အင်ကိုတော့ ပြည်သူတွေက ချက်ခြင်းအလွယ်တကူ သိခဲ့ပါတယ်။

ယခုအချိန်မှာ သတင်းတွေကို လေ့လာပါ။ ယုံသင့်မှ ယုံပါ။ ဖက်ဆစ်တပ်ကပြောရင် ၉၉% ကသတင်းလိမ်လို့သာ မှတ်ပါလို့ ပြောပါရစေ။ သူတို့လိမ်တာက ကြားလူတွေ အပြစ်မဲ့သူတွေ အဖမ်းခံရပေမယ့် တကယ်လုပ်သူက ဆက်လွတ်နေလို့ တော်လှန်ရေးက ဆက်လုပ်နိုင်မှာပါ။ ဆက်လိမ်နေရင် ဒီဟာက သူတို့ကိုယ့်ရူး ကိုယ်ပတ်ပြီး ဖက်ဆစ်အဖွဲ့ ပြုတ်ကြဖို့သာ ဖြစ်လာမှာပါလို့ပြောပါရစေ။

433 views1 comment

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

1 comentario


Myint Soe Oo
Myint Soe Oo
27 jun 2021

ဦးမြတ်!!ဆောင်းပါးဖတ်အပြီး ငယ်စဥ်က နား ယဥ်ခဲ့သောစကား ပြန်ပြောပါရစေ။

**ညည်းမိုလို့အေ ၊ ကိုမဲစကား ယုံစားနေလိုက်တာ၊ သူ့စကားက သုံးခွက် တစ်ခွက် တင် ရယ်**။ ရွှီး​ပြော ဖြီးပြောသဖြင့် လူပေါကြီးအဖြစ်သတ်မှတ် အရေး အမှတ် မထားကြပါ။

တချိန်က ပြောစကားများ ၊ ဝဋ်ကြွေးတုံ့တင်ပြန်ခံစားနေရပါပြီ ။ တဖက်သားကို မနာလို ဝန်တိုစိတ်နဲ့ ရာနှူန်းပြည့်ပြောခဲ့သည့်အကျိုး။

~BBC လိမ်နေသည်၊ VOA ညာနေသည်။

~မိုးလုံးပြည့် မုသာများ

~လေလှိုင်းပေါ်က အဖျက်သမား သတိ ထား

~ပြည်ပအားကိုး ပုဆိန်ရိုး ၊ အဆိုးမြင် ဝါဒီများအား ဘဲုံ ရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။

~ဘေး ပြောတာကို မယုံနဲ့ ၊ သွေး ပြောတာကိုယုံ (သွေးကပြောတာကို ယုံကြလွန်းလို့ MRTV:MWD ကြည့်သူ မရှိ)

~ပြည်တွင်း အားသည် ၊ ပြည်တွင်းမှာသာ ရှိသည်။ (ခုလက်တွေ့ပါ ၊ ပြည်တွင်းအားကြောင့် ပြည်တွင်းမှာ အကြောက်တရားတွေ ပျောက်လာပါသည်။)

သူတို့ပြောခဲ့တဲ့ စကားတွေ သူတို့ပြန်ခံစားနေရပါပြီ။

MAH & SW အကွဲအပြဲ ဇာတ်လမ်း ဆင်ယင်သော်လည်း လူထု၏ ဦးတည်ချက် မယိုင်မလဲ မပြိုကွဲသွား။ ကလိမ်စေ့ ငြမ်းဆင်မည်မို့ ပို၍သတိထားကြရန်လိုကြောင်း စာမျက်နှာ ဆောင်းပါးတချို့မှာ ဖော်ပြလာပါသည်။

စက်ခေါင်း ပြောင်းလည်း ၊ သည်တွဲဆိုင်းက သည်တွဲဆိုင်းပဲ။ လမ်းရှင်းလက်မှတ်ရထားသည့်အတိုင်း ခရီးဆုံး ဘူတာထိ သွားမှာပဲ ဟူသောအမြင် ရှိပြီးသူတွေ ပမာဏ များကြပါသည်။

ဆိုက်ဝါး ဆိုက်ဝါးနဲ့ အမိုက်စားတွေ မဖြစ်တော့ပြီမို့ တခါတရံများ ငြိ လေမလား? ငြိ လို ငြိငြား ၊ ငြိသွားလည်းအမြတ်!!စသည့် ခံယူချက်များဖြင့် ဆက်လက်ထုတ်လွှင့်​ေနဦးမည်လား။


Me gusta
bottom of page