top of page
Search
Writer's pictureMyat Tun Oo
စီးပွားရေးမကောင်းဘူးပြောသူများ၏နောက်ကွယ်
Unicode version
စီးပွားရေးမကောင်းဘူးပြောသူများ၏နောက်ကွယ်
ဒီလိုစီးပွားရေးမကောင်းဘူးဆိုတဲ့စကားကိုပြောသူများကတော့ခေါင်းဆောင်မှုသင်တန်းပို့ချသူမန္တလေးTechnology ဇော်နိုင်ကစလို့NLD အမတ်ဒေါက်ခိုင်၊အဖေဦးပိုင်ထွက်နဲ့ရန်ဖြစ်သူမင်းသားလေးပိုင်ပိုင်၊ခရိုနီများ၊ဖွတ်အုန်းမြင့်တို့တွေ့ရပါတယ်။ယခင်ကငွေမဲကငွေဖြူလုပ်တဲ့နေရာမှာသုံးခဲ့တဲ့ရုပ်ရှင်၊ဗီဒီယိုတွေကလဲNLD အစိုးရတက်လို့အခွန်ကျပ်၊ငွေမဲချိန်မှာဆက်မလုပ်ကြတာတွေ့ရပါတယ်။ဟိုအောင်မြင်နေတဲ့အဘသမီးပိုင်ရုပ်ရှင်ကုမ္ပဏီကလွဲလို့ပေါ့။သူတို့တစ်ဦးချင်းထံမှာတပ်နဲ့နွယ်ပြီးချမ်းသာလာခဲ့တဲ့ဇတ်လမ်းလေးတွေရှိပါတယ်။သိချင်ရင်ဇော်နိုင်ကအစရေးပြလို့ရပါတယ်။ယခုတော့လိုရင်းကိုသာရေးပါ့မယ်။
မနေ့ကNLD အစိုးရတက်အပြီးနိုင်ငံတော်ရဲ့ပို့ကုန်တွေ၊ဝင်ငွေတွေကိုလေ့လာကြည့်ပါတယ်။ထူးခြားတာကNLD အစိုးရလက်ထက်မှာပို့ကုန်ကရတဲ့ဝင်ငွေများလာခဲ့ပါတယ်။တစ်ဦးချင်းဖျှမ်းမျှဝင်ငွေကလဲတက်လာခဲ့ပါတယ်။ရင်းနီးမြုပ်နှံမှုကလဲတိုးတက်လာခဲ့ပါတယ်။ကုန်သွယ်ရေးလိုငွေပြမှုဟာ၂၀၁၄ကထက်လဲနည်းလာခဲ့ပါတယ်။ငွေကြေးဖောင်းပွမှုဟာဘစိန်လက်ထက်ကအတိုင်းသာရှိခဲ့ပြီးအိမ်မြေစျေးတွေရဲ့ငွေကြေးဖောင်းပွမှုဟာကျလာခဲ့ပါတယ်။စားသောက်ကုန်စျေးကတက်ပေမယ့်တက်နှုန်းကယခင်အစိုးရလက်ထက်ကထက်ပိုမသွားခဲ့ပါ။ယခုအချိန်အိမ်ဝယ်နိုင်ဖို့ကဘစိန်လက်ထက်ကထက်ပိုအဆင်ပြေလာ(affordable) ဖြစ်လာခဲ့ပါတယ်။ဥပမာယခင်ကသိန်း၁၀၀၀တန်တဲ့တိုက်ခန်းဟာသိန်း၈၀၀ဖြစ်လာခဲ့ပါတယ်။မြေကွက်တွေလဲဒီလိုပါဘဲ။
အိမ်တစ်အိမ်အနေနဲ့တိုင်းပြည်ကိုကြည့်ရင်ဝင်ငွေများလာပြီးချေးရတာနည်းလာခဲ့ပါတယ်။အကြွေးနည်းလာခဲ့ပါတယ်။ဒါကြောင့်သုံးစွဲနိုင်မှုများလာခဲ့ပါတယ်။
ဘစိန်လက်ထက်၂၀၁၄-၂၀၁၅လိုငွေဒေါ်လာ၄.၁ဘီလီယံ၊၂၀၁၇-၂၀၁၈မှာလိုငွေဟာဒေါ်လာ၃ဘီလီယံသာရှိခဲ့ပါတယ်။ယခု၂၀၁၈-၂၀၁၉ဇွန်လအထိပို့ကုန်တန်ဖိုးဒေါ်လာ၁၁.၈ဘီလီယံရှိပြီးသွင်းကုန်တန်ဖိုးက၁၂.၉ဘီလီယံရှိပါတယ်။ဒါကြောင့်လိုငွေဟာဒေါ်လာ၁.၁ဘီလီယံသာရှိပါတယ်။နောက်လေးလောက်လတော့်ဘတ်ဂျက်နှစ်ပြီးဖို့ကျန်ပါသေးတယ်။ဒါပေမယ့်လိုငွေဟာယခင်နှစ်ကထက်စာရင်ထပ်နည်းလာဖို့သာရှိပါတယ်။အရပ်သားစကားနဲ့ပြောရရင်ရငွေ-သုံးငွေမျှလာတဲ့သဘောပါ။အမျိုးသားထုတ်လုပ်မှုပမာဏGDP ဟာဘစိန်လက်ထက်ကဒေါ်လာ၆၅.၄၅ဘီလီယံရှိရာမှ၂၀၁၈မှာဒေါ်လာရ၂.၂၁ဘီလီယံအထိတိုးတက်လာပါတယ်။လိုငွေပြတာဟာအစိုးရကတိုင်းပြည်အတွက်ကျောင်းတွေ၊ဆေးရုံတွေဆောက်၊လမ်းတွေဖောက်၊တံတားဆောက်ပြီး၊တပ်မတော်အတွက်လေယဉ်တွေ၊ရဟတ်ယဉ်တွေ၊ရေငုပ်သင်္ဘောဝယ်ပေးနေတဲ့ကြားထဲကပါ။ဒါတွေဝယ်ရင်လဲတိုင်းပြည်ထဲကငွေထွက်ပါတယ်။ဒါတွေကိုဝယ်ပေးနေတဲ့ကြားထဲကလိုငွေနည်းလာတာပါ။ခိုးတာနည်းလို့အလေအလွင့်နည်းလာတာဆိုရင်လဲမှန်ပါတယ်။
ဒါဆိုဘာလို့ပြိုင်တူအော်နေကြတာလဲ။ဟိုOrchid Hôtel ပိုင်ရှင်ယခုအစိုးရကိုဒိုင်ခံဝေဖန်နေသူဦးဌေးအောင်ကိုဥပမာအနေနဲ့ကြည့်ပါ။သူဟာသူ့ကိုယ်သူယခင်ဗိုလ်ချုပ်ကျော်ဘလက်ထက်ကထဲကရင်းနှီးမြုပ်နှံလာသူလို့ပြောပါတယ်။သူကကျော်ဘနဲ့ထိုင်နေချိန်မှာအခြားညွှန်ချုပ်တွေကမတ်တပ်ရပ်နေရတယ်လို့ဆိုပါတယ်။ကျော်ဘ၊ထွန်းကြည်အကြောင်းအားလုံးသိပြီးသားမိုလို့သူဟာဘယ်လိုလူမျိုးဖြစ်နိုင်လဲဆိုတာမှန်းကြည့်လို့ရနိုင်ပါတယ်။နောက်သူကယခင်ကလက်ရှိဒုသမ္မတဦးမြင့်ဆွေဝန်ကြီးချုပ်ဖြစ်ခဲ့စဉ်ကသူဆောက်မယ့်အဆောက်အအုံကိုရန်ကုန်မှာဘယ်လိုခွင့်ပြုခဲ့ပုံ၃၈ဖြာနဲ့ညီအောင်အထပ်မြင့်ကနေ၃၈ထပ်ပြောင်းခိုင်းတာတွေပါရေးထားပါတယ်။ဒါမျိုးအဆောက်အအုံကိုဒေါက်ခိုင်တို့လင်မယားလဲဆောက်ဖို့ကြိုးစားတာမှတ်မိမှာပါ။ဒုသမ္မတဦးမြင့်ဆွေတောင်ပုန္နက်ရိုက်ပေးခဲ့သလိုပါ။
သူ့အထပ်မြင့်အဆောက်အအုံဟာယခုအစိုးရသစ်တက်ချိန်မှာဝန်ကြီးအဖွဲ့အဆုံးအဖြတ်နဲ့ညှိနေလို့ဒုသမ္မတဦးမြင့်ဆွေကိုအကူအညီတောင်းတာလားသတိပေးတာလားတော့သူတို့သာသိမှာပါ။အဲ့ဒါကနေဘာကိုပြသလဲဆိုတော့ယခင်ကစည်းကမ်းမရှိလုပ်လို့ရပြီးယခုအစိုးရလက်ထက်မှာစည်းကမ်းနဲ့လုပ်ရအခွန်ပေးရမယ်ဆိုတော့အော်ကြပုံပါ။သူနဲ့နွယ်တဲ့အင်ဂျင်နီယာတို့၊အလုပ်သမားတွေတော့ထိခိုက်နိုင်ပါတယ်။ဒါပေမယ့်ဒါကြောင့်သူစည်းကမ်းမဲ့လုပ်တာကိုပြည်ထောင်စုအစိုးရကခွင့်ပြုမှာမဟုတ်ပါ။
သူရေးထားတဲ့အဖြစ်အပျက်ကယခင်အစိုးရလက်ထက်အလုပ်လုပ်ပုံနဲ့သူတို့နဲ့နွယ်သူများအကြားဆက်ဆံရေးကိုလဲပြနေပါတယ်။
ယခုဟာကစီးပွားရေးဟာတရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ၊ဘင်္ဂါလီအရေးကြားနဲ့လက်နက်ကိုင်ပေါင်းစုံကဘိန်းဆေးပြားမရောင်းရလို့ဒုက္ခမျိုးစုံပေးနေတဲ့ကြားထဲကပို့ကုန်တွေတိုးတက်နေပေမယ့်သူတို့လိုဘစိန်ခေတ်ကကောင်းစားသူများကမကောင်းဘူးလို့မိုက်ကိုင်အော်နေတော့ယုံထင်ကြောင်ထင်ဖြစ်လာပါတယ်။သူတို့ကလဲမီဒီယာတွေနဲ့တွေ့ကိုယ်တိုင်လဲပြောဆိုတော့အပြောများရင်လူတွေကယုံလာနိုင်ပါတယ်။ဝန်ထမ်းတွေလာဘ်မစားရလို့လဲဝန်ထမ်းကတော့အော်နိုင်ပါတယ်။သူတို့ပြောတာမမှန်ဘူးလားဆိုတော့ယခင်ကလိုအဘနဲ့နှစ်ကိုယ်တူလုပ်မရလို့ယခင်လိုဂွင်တွေအဆင်မပြေတာဖြစ်နိုင်ပါတယ်။သူတို့နဲ့နွယ်သူများဟာလဲစီးပွားရေးကျလာနိုင်ပါတယ်။ဥပမာသူတို့ကစီးပွားကျတော့ဓာတ်ပုံဆရာဆီမှာယခင်လိုမရိုက်နိုင်တာ၊မုန့်ပုံးမဝယ်နိုင်လို့မကန်တော့်ရလို့ထိုသူတွေစီးပွားကျတာမျိုးပေါ့။သစ်သမားတွေ၊ကျောက်မျက်လဲရပ်လိုက်လို့ကျနိုင်ပါတယ်။ဝန်ထမ်းကိုတော့ထွက်ပေါက်ပေးရမှာပါ။ဒါကိုတော့အစိုးရကလုပ်နေပုံပါ။
ဒါပေမယ့်စက်ရုံတွေမှာအလုပ်သမားများစွာကိုNLD အစိုးရတက်အပြီးမှာအလုပ်ပေးနိုင်ခဲ့သလိုတစ်ဦးချင်းဝင်ငွေဟာတက်လာနေပါတယ်။ဒါတွေဟာအထောက်အထားမဲ့ပါးစပ်ထဲရှိတာလျှောက်ပြောနေတာမဟုတ်ပါ။ယခင်ဘစိန်လက်ထက်ကုန်ခါနီးအထိအချက်အလက်data အသေးစိတ်မရှိဘူးဆိုရင်စာဖတ်သူများယုံချင်မှယုံမှာပါ။ယခုဟာကworld bank , IMF, Myanmar central statistical organisation တို့ကသတင်းအချက်အလက်တွေအပေါ်မှာအထောက်အထားနဲ့ရေးထားတာပါ။
သူတို့နောက်ကွယ်ကအကြောင်းကိုသိရင်သူတို့ဘာကြောင့်ပြောနေရတာလဲဆိုတာနားလည်နိုင်အောင်ပါ။ဒီအချိန်မှာနားလည်သင့်ပါပြီ။
Ref: https://www.csostat.gov.mm/Write%20up/FTNote.doc
2,128 views0 comments
Recent Posts
See All
လူညီရင်
ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...
コメント
bottom of page