စာဖတ်သူများနားလည်အောင်
Unicode version
စာရေးသူကပိုးဖြူနဲ့တပ်ပတ်သက်မှုကိုရေးသားပြီးနောက်မှာပိုးဖြူနဲ့ပတ်သက်သူတပ်နဲ့ပတ်သက်သူရိုးသားစွာထောက်ခံသူများကစာရေးသူထံနည်းမျိုးစုံနဲ့ရေးကြပါတယ်။လေးစားပါတယ်။
ဒီနေရာမှာမပိုးဖြူကအကောင့်သစ်နဲ့ထွက်လာပြီးသူမရှိတယ်ဆိုတာပြပါတယ်။သူမရှိတာမရှိတာစိတ်မဝင်စားပါဘူး။သူမရဲ့အကောင့်ကFacebook team ကပိတ်သွားတာမဟုတ်ပါ။သူမဖာသာD သွားတာပါ။ဘာမှအကောင့်ဟောင်းကိုD ပြီးအကောင့်သသ်ကနေစွာနေစရာမရှိပါဘူး။ဒါကြောင့်စာဖတ်သူများရေလိုက်မလွဲစေချင်ပါ။
သူမအကောင့်ဟောင်းထဲမှာတပ်နဲ့နွယ်တာတွေ၊တပ်နဲ့ပတ်သက်တာတွေများစွာရှိပါတယ်။အင်္ဂလိပ်လိုdigital footprint တွေပေါ့။မြန်မာလိုတော့လိုင်းပေါ်ကတပ်နွယ်သဲလွန်စတွေပေါ့။အဲ့ဒီအထဲမှာမတပ်ကအကောင့်တု၊page တုလုပ်သူတစ်ကောင်တောင်ပါလာပါသေးတယ်။ဒါမျိုးတွေကိုဖျောက်ဖို့အဓိကပါ။သူမနဲ့တပ်ကဆူပူမှုဖန်တီးဖို့အစိုးရကိုအပုပ်ချဖို့ဖန်တီးထားတဲ့စစ်ဗိုလ်တွေနဲ့အကောင့်ဟောင်းမှာဆက်နွယ်နေတာပါ။တိုက်ဆိုင်တာလား? ဒါကတော့စာဖတ်သူများသာစဉ်းစားပါ။စာရေးသူရဲ့လူမသိသေးတဲ့ဒီအကောင့်ကိုတောင်ချက်ချင်းလာတိုက်ခိုက်နေပါပြီ။တိုက်ဆိုင်တာလား?
ဒီနေရာမှာစစ်သားမိန်းမမိုလို့တရားမျှတမှုအတွက်မလုပ်ရတော့ဘူးလားဆိုပြီးစောဒကတက်သူဖွတ်များ၊ခရိုနီမား၊ဒီမိုခွထိုင်များ၊ဒီမိုစစ်စစ်များရှိပါတယ်။စာရေးသူအနေနဲ့စစ်သားမိန်းမတွေကတရားမျှတမှုရှိဖို့၊ရဖို့ကြိုးစားလာတယ်ဆိုရင်တပ်တွင်းဒီမိုကရေစီရလာတာဖြစ်လို့ကြိုဆိုပါတယ်။
ဒါပေမယ့်စစ်သားမိန်းမပိုးဖြူဟာအခြားမုဒိမ်းမှုတွေမှာမပါဘဲဒီအမှုမှာမပါလာတာဟာစိတ်ဝင်စားစရာပါ။ယခုအကောင့်နာမည်အသစ်နဲ့ပြန်တက်လာတယ်လို့သိရပါတယ်။ဒါပေမယ့်ယခင်အကောင့်မှာပါဝင်နေတဲ့စစ်ထောက်လှမ်းရေးမှဗိုလ်မှူးတစ်ယောက်နဲ့အခြားဗိုလ်များကသူတို့ဘယ်သူပါ။ဘာအလုပ်လုပ်ပါတယ်။သူမနဲ့ဘယ်လိုပတ်သက်တယ်ဆိုတာရှင်းပြရပါမယ်။ဒီစစ်ဗိုလ်ထဲကအနည်းဆုံးတစ်ယောက်ဟာအစိုးရကိုဝေဖန်တဲ့အကောင့်တုများကိုကိုင်တွယ်ရသူပါ။အားလုံးတိုက်ဆိုင်တာလား။
ယခင်ကပြောခဲ့သလိုပါဘဲ။ပိုင်သူဖွတ်နွယ်၊ဖွသူတပ်နွယ်၊ရေးသူခွထိုင်နဲ့အမြဲသမ္မတအောက်မှာမရှိတဲ့ပြည်ထဲရေးကြောင့်ဖြစ်တဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့ပြဿနာပါ။အမြန်ဆုံး၂၀၀၈ခြေဥပြင်နိုင်ခဲ့ရင်ယခုလိုမျိုးပြဿနာတွေကနေရှင်းသွားမှာပါ။တပ်တွင်းမှာတကယ့်ကိုဒီမိုကရေစီရပြီဆိုရင်တော့ရခိုင်ကစလို့တစ်တိုင်းပြည်လုံးငြိမ်းချမ်းပါပြီ။Victoria မှသည်ကချင်ကဆရာမလေးများအဆုံးတရားမျှတမှုရရှိပါစေ။
စာရေးသူကိုယ်တိုင်တပ်ထဲကနေတပ်မကောင်းကြောင်းရေးပေမယ့်ဘယ်လိုရေးရတယ်ဆိုတာအားလုံးသိမှာပါ။ဒီအကောင့်ကျရင်ဘယ်အကောင့်လာရမလဲဆိုတာအားလုံးသိမှာပါ။မသိရင်message ပို့ထားပါ။တပ်ထဲမှာကဒီမိုကရေစီရဖို့ဆိုတာလက်ရှိအစိုးရကိုဝေဖန်ရင်သာရပေမယ့်အဘကိုဝေဖန်ရင်တော့-----
Comments